Monday, December 26, 2011

သံသရာစမ်းရေ (အပိုင်း ၅)

(အမှန်တော့ သံသရာစမ်းရေသည် သမီးလေးတစ်ယောက်ရပြီးသည့်နောက် သားသမီးနေရာမှ ဖခင်ဖြစ်လာသူတစ်ဦး၏ အတွေးစများကို ဝေမျှခြင်းသာဖြစ်ပါသည်။ အဆိုတော် ဇော်ဝင်းထွဋ္ဋ်၏ သံသရာစမ်းရေသီချင်းလေးကို ယခု ကိုယ်တိုင် ဖခင်နေရာရောက်လာသောအခါမှ ပိုပြီးခံစားတတ်လာသောကြောင့် ဤအခန်းဆက်ဆောင်းပါးရှည်ကို သံသရာစမ်းရေဟု အမည်ပေးလိုက်ပါသည်။ အချိန်လုပြီးရေးရသဖြင့်လည်းကောင်း၊ ရောက်တတ်ရာရာ မပြတ်သော စိတ်ကူးအလျှင်ကို ပျောက်ပျက်သွားမည် စိုးသောကြောင့်လည်းကောင်း၊ ကြုံသလိုရေးခြင်းဖြစ်သောကြောင့် လည်းကောင်း၊ အကြောင်းအရာ အစီအစဉ်မကျ၊ တောင်ရောက်မြောက်ရောက် ဖြစ်နေခြင်းကို နားလည်ခွင့်လွှတ်ပေးစေလိုပါသည်။)

စိတ်ရင်းမိတ်ဆွေ၊ ရှားသလေ….

အပေါင်းအသင်း…တဲ့။ သူငယ်ချင်း…တဲ့။ မိတ်ဆွေ…တဲ့။ အဆွေခင်ပွန်း…တဲ့။ ဘော်ဒါ….တဲ့။ ဘော်ဒါဘော်ဂျွတ် ဆိုတာတောင်ပါသေး။ အရက်မူးသမားချင်းကျတော့ သယ်ရင်း….တဲ့။ တရားသမားချင်းကျတော့ ကလျာဏမိတ္တ…တဲ့။ ရဲဘော်ရဲဘက်…တဲ့။ ယောက်ဖရေ…ယောင်းမရေ…ဆိုတာလည်းရှိရဲ့။ ဒါတောင် မေ့နေတဲ့ ဝေါဟာရတွေ ရှိသေးတယ်။ အင်္ဂလိပ်စကား Friend ကို မြန်မာလိုပြန်ရင် ရတဲ့ ဝေါဟာရတွေပြောပါတယ်။ မြန်မာတွေ ခင်တတ်မင်တတ်ပုံများ ခင်မင်မှုအတိုင်းအတာပေါ်မူတည်ပြီး ဝေါဟာရတွေ အတော်များပါတယ်။

လူပဲဖြစ်ဖြစ်၊ တိရိစ္ဆာန်ပဲဖြစ်ဖြစ်၊ ဘက်တီးရီးယားပဲဖြစ်ဖြစ် အသိုင်းအဝန်းဆိုတာ ရှိတယ်။ အခြွေအရံဆိုတာရှိတယ်။ အခြွေအရံဆိုတဲ့ စကားလုံးကို နှိမ့်ချပြီးခေါ်တယ်လို့ အထင်ရောက်တာမျိုးလည်း ရှိတတ်ကြတယ်။ ခြွေမှ ရံတယ် လို့လည်း ဆိုကြသေးတယ်။ ဘာပဲဖြစ်ဖြစ် ဝန်းကျင်ဆိုတာရှိတယ်။ ကိုယ့်ထက် ဂုဏ်အားဖြင့်၊ သီလအားဖြင့်၊ ပညာအားဖြင့် ကြီးမြတ်တဲ့ဝန်းကျင်လည်း ရှိတယ်။ ကိုယ်နဲ့တန်းတူရည်တူတွေလည်း ရှိတယ်။ လေးလေးစားစား တန်ဖိုးထားရတယ်။ ကိုယ့်ထက်ငယ်ရွယ်သူတွေ၊ ကိုယ့်ထက်နိမ့်ပါးသူတွေနဲ့ကျတော့လည်း ဖေးမရတယ်။ ဝေမျှရတယ်။


Wednesday, November 30, 2011

သံသရာစမ်းရေ (အပိုင်း ၄)

(အမှန်တော့ သံသရာစမ်းရေသည် သမီးလေးတစ်ယောက်ရပြီးသည့်နောက် သားသမီးနေရာမှ ဖခင်ဖြစ်လာသူတစ်ဦး၏ အတွေးစများကို ဝေမျှခြင်းသာဖြစ်ပါသည်။ အဆိုတော် ဇော်ဝင်းထွဋ္ဋ်၏ သံသရာစမ်းရေသီချင်းလေးကို ယခု ကိုယ်တိုင် ဖခင်နေရာရောက်လာသောအခါမှ ပိုပြီးခံစားတတ်လာသောကြောင့် ဤအခန်းဆက်ဆောင်းပါးရှည်ကို သံသရာစမ်းရေဟု အမည်ပေးလိုက်ပါသည်။ အချိန်လုပြီးရေးရသဖြင့်လည်းကောင်း၊ ရောက်တတ်ရာရာ မပြတ်သော စိတ်ကူးအလျှင်ကို ပျောက်ပျက်သွားမည် စိုးသောကြောင့်လည်းကောင်း၊ ကြုံသလိုရေးခြင်းဖြစ်သောကြောင့် လည်းကောင်း၊ အကြောင်းအရာ အစီအစဉ်မကျ၊ တောင်ရောက်မြောက်ရောက် ဖြစ်နေခြင်းကို နားလည်ခွင့်လွှတ်ပေးစေလိုပါသည်။)


မျဉ်းတစ်ကြောင်း

 ဟိုးရှေးရှေးတုန်းက ပညာရှိတဲ့ ဘုရင်ကြီးတစ်ပါး ရှိသတဲ့။ တစ်နေ့တော့ သူ့ရဲ့ မှုးမတ်တွေကို ပညာစမ်းတဲ့အနေနဲ့ မေးခွန်းတစ်ခုမေးပါသတဲ့။ ပျဉ်တစ်ချပ်ပေါ်မှာ မျဉ်းကြောင်းတစ်ကြောင်းကို ဆွဲလိုက်သတဲ့။ (ဟိုတုန်းက White Board တွေ Marker တွေ မရှိသေးတော့ ပျဉ်ချပ်ပေါ့ဗျာ။) ပြီးတော့မေးတယ်။ အဲဒီ မျဉ်းကို မဖြတ်ဘဲနဲ့ တိုသွားအောင် လုပ်ပြနိုင်ရင် ဆုတော်လာဘ်တော်တွေ ပေးမယ် ဆိုပဲ။ အမတ်တွေလည်း အမျိုးမျိုးစဉ်းစားပေမဲ့ သိဘူးပေါ့ဗျာ။ နောက်ဆုံး အငယ်ဆုံးအမတ်ငယ်တစ်ယောက်က ထ လာပြီး အဲဒီမျဉ်းရဲ့ဘေးမှာ ကပ်လျက် မျဉ်းအရှည်တစ်ချောင်း ဆွဲလိုက်သတဲ့။ အဲဒါနဲ့ မဖြတ်ဘဲတိုသွား သတဲ့ (ဘုရင်ကြီးရဲ့ မျဉ်းကို ပြောတာ။)
ဟုတ်ကဲ့။ ပုံပြင်လေးက ဒီမျှပါပဲ။

ကျွန်တော်တို့ ခင်ဗျားတို့ အားလုံးရဲ့ ရင်ထဲမှာ မျဉ်းတစ်ကြောင်းစီတော့ ရှိကြစမြဲပါ။ ကျွန်တော်ပြောချင်တဲ့ မျဉ်း ဆိုတာ ကျွန်တော်တို့ သိထားတဲ့ အသိတရား၊ ဗဟုသုတ နဲ့ ကျင့်သုံးတဲ့ ကိုယ်ကျင့်သီလ စံ တစ်ခုကို ပြောချင်တာပါ။ တစ်ယောက်နဲ့ တစ်ယောက် ပိုင်ဆိုင်ကြတဲ့ မျဉ်းတွေကလည်း အတိုအရှည် မတူကြပါဘူး။ အဲဒီ မျဉ်းတစ်ကြောင်းကို ကျွန်တော်တို့ ဘယ်လိုသုံးသလဲ သိလား။

Sunday, November 20, 2011

သံသရာစမ်းရေ (အပိုင်း ၃)

(အမှန်တော့ သံသရာစမ်းရေသည် သမီးလေးတစ်ယောက်ရပြီးသည့်နောက် သားသမီးနေရာမှ ဖခင်ဖြစ်လာသူတစ်ဦး၏ အတွေးစများကို ဝေမျှခြင်းသာဖြစ်ပါသည်။ အဆိုတော် ဇော်ဝင်းထွဋ္ဋ်၏ သံသရာစမ်းရေသီချင်းလေးကို ယခု ကိုယ်တိုင် ဖခင်နေရာရောက်လာသောအခါမှ ပိုပြီးခံစားတတ်လာသောကြောင့် ဤအခန်းဆက်ဆောင်းပါးရှည်ကို သံသရာစမ်းရေဟု အမည်ပေးလိုက်ပါသည်။ အချိန်လုပြီးရေးရသဖြင့်လည်းကောင်း၊ ရောက်တတ်ရာရာ မပြတ်သော စိတ်ကူးအလျှင်ကို ပျောက်ပျက်သွားမည် စိုးသောကြောင့်လည်းကောင်း၊ ကြုံသလိုရေးခြင်းဖြစ်သောကြောင့် လည်းကောင်း၊ အကြောင်းအရာ အစီအစဉ်မကျ၊ တောင်ရောက်မြောက်ရောက် ဖြစ်နေခြင်းကို နားလည်ခွင့်လွှတ်ပေးစေလိုပါသည်။)



  လွန်ခဲ့တဲ့ (၁၀) စုနှစ် နှစ်ခုလောက်အထိက ကမ္ဘာ့တစ်နေရာရာမှာ တစ်ခုခုဖြစ်ခဲ့တယ်ဆိုတာကို ကျွန်တော်တို့က အချိန်တစ်ခုကြာပြီးမှ သိရတာပါ။ ဆုံးဖြတ်ချက်တစ်ခုချဖို့ဆိုတာ အချက်အလက်တွေ လိုပါတယ်။ ဟိုတုန်းကတော့ အချက်အလက်တစ်ခုရဖို့ တော်တော်အားထုတ်ရပါတယ်။ အချက်အလက် စုံနိုင်သမျှ စုံအောင် စုဆောင်းရတာ အဲဒီတုန်းက ပြဿနာပါ။ ကျွန်တော်တို့ရဲ့ လေ့လာမှုအတွက် အချိန်တစ်ခု ပေးရပါတယ်။ ဒါကြောင့် အဲဒီခေတ်ကို ဗဟုသုတခေတ် လို့ ပြောတာပါ။ အခုချက်ချင်းဖြစ် အခုသိတာမျိုးကျတော့ ဗဟုသုတမဟုတ်တော့ဘဲ သတင်းဖြစ်လာပါတယ်။ အခုတော့ ကမ္ဘာ့ ဘယ်နေရာမှာ ဘာလေးပဲဖြစ်ဖြစ် အချိန်မရွေး၊ နေရာမရွေး သိချင်ရင် သိနိုင်တဲ့ခေတ်ပါ။ ဖြစ်သရွေ့၊ ပျက်သရွေ့ အချိန်မရွေး သိနိုင်နေပါပြီ။ ဖြစ်ပျက်ပြောင်းလဲတာတွေ မြန်ဆန်သလောက် သိနိုင်တဲ့ နည်းပညာကလည်း မယုံနိုင်စရာ ကောင်းလောက်အောင် တိုးတက်နေတာပါ။ ဒါကြောင့် သတင်းနည်းပညာခေတ်လို့ ဆိုတာပါပဲ။ ဒီနေ့ ဟော့ (Hot) နေတဲ့ သတင်းတစ်ပုဒ်ဟာ နောက်နေ့မှာ တန်ဖိုးရှိချင်မှ ရှိတော့မှာပါ။

Sunday, November 13, 2011

သံသရာစမ်းရေ (အပိုင်း ၂)

(အမှန်တော့ သံသရာစမ်းရေသည် သမီးလေးတစ်ယောက်ရပြီးသည့်နောက် သားသမီးနေရာမှ ဖခင်ဖြစ်လာသူတစ်ဦး၏ အတွေးစများကို ဝေမျှခြင်းသာဖြစ်ပါသည်။ အဆိုတော် ဇော်ဝင်းထွဋ္ဋ်၏ သံသရာစမ်းရေသီချင်းလေးကို ယခု ကိုယ်တိုင် ဖခင်နေရာရောက်လာသောအခါမှ ပိုပြီးခံစားတတ်လာသောကြောင့် ဤအခန်းဆက်ဆောင်းပါးရှည်ကို သံသရာစမ်းရေဟု အမည်ပေးလိုက်ပါသည်။ အချိန်လုပြီးရေးရသဖြင့်လည်းကောင်း၊ ရောက်တတ်ရာရာ မပြတ်သော စိတ်ကူးအလျှင်ကို ပျောက်ပျက်သွားမည် စိုးသောကြောင့်လည်းကောင်း၊ ကြုံသလိုရေးခြင်းဖြစ်သောကြောင့် လည်းကောင်း၊ အကြောင်းအရာ အစီအစဉ်မကျ၊ တောင်ရောက်မြောက်ရောက် ဖြစ်နေခြင်းကို နားလည်ခွင့်လွှတ်ပေးစေလိုပါသည်။)
  

အကျင့်၊ ဝါသနာ၊ စရိုက် နဲ့ ပါရမီ

ဗီဇနဲ့ ဝန်းကျင် အညမညဖြစ်ကြောင်း ဆက်ပြောပါရစေဦး။ ကလေးတစ်ယောက်ရဲ့ မွေးရာပါဗီဇဆိုတာက ကျွန်တော်တို့ စီမံခန့်ခွဲနိုင်တဲ့ ဘောင်ထဲမှာ မရှိတာမို့ ကျွန်တော်တို့ လုပ်နိုင်တဲ့ကိစ္စဖြစ်တဲ့ ဝန်းကျင်ကိုပဲ အဓိက focus ထားတာ ပိုမှန်မှာပါ။ ကလေးရဲ့ ကောင်းခြင်း ဆိုးခြင်းကို ကိုယ်မတတ်နိုင်တဲ့ ဗီဇဆိုတာချည်းပဲ ပုံချပြီး ကိုယ့်ကိုယ်ကို ညာဖို့မသင့်ပါဘူး။ မကောင်းတဲ့ဗီဇကို ကောင်းတဲ့ဝန်းကျင်နဲ့ ထိန်းသိမ်းရမှာ ဖြစ်ပြီး ကောင်းတဲ့ဗီဇကို ကောင်းတဲ့ဝန်းကျင်နဲ့ပဲ မြေတောင်မြှောက်ပေးရမှာ ဖြစ်ပါတယ်။ ကောင်းတဲ့ ဗီဇပါလာပေမဲ့ မကောင်းတဲ့ ဝန်းကျင်ကြောင့်လည်း ဗီဇကောင်းလေး တိမ်မြှပ်သွားမှာပါပဲ။ ဒါကြောင့် ကလေးတစ်ယောက်အတွက် ဝန်းကျင်ကောင်းဆိုတာ အရမ်းအရေးကြီးပါတယ်။
ဒီနေရာမှာ အကျင့်၊ ဝါသနာ၊ စရိုက် နဲ့ ဗီဇပါရမီ ဆိုတာကို ပြောပြပါရစေ။

Wednesday, November 2, 2011

သံသရာစမ်းရေ (အပိုင်း ၁)

(အမှန်ကတော့ ဒီအကြောင်းအရာကို တစ်ပုဒ်တစ်ပုဒ်နဲ့ ရေးထားတာ အတော်များနေပါပြီ။ ဒါပေမဲ့ တစ်ပိုင်းချင်းစီပဲ တင်သွားပါ့မယ်။ အမှားအယွင်း နည်းနိုင်သမျှ နည်းဖို့ရယ်၊ စာအများကြီး တစ်ခါတည်းဖတ်ရတာထက် တစ်ခါတစ်ရံ အပိုင်းလိုက် အကန့်လိုက် ဖတ်ရတာ ပိုကောင်းလို့ပါပဲ။)

အသင်စာရှုသူ

စာရှုသူဟာ စင်ကာပူမှာ အလုပ်လုပ်ရင်း အခြေကျနေသူလား။

ဇနီးသည်ကရော သင်နဲ့အတူ စင်ကာပူမှာပဲလား။

လူမမယ် သားလေး သို့မဟုတ် သမီးလေး တစ်ယောက်လောက်များ မရှိဘူးလား။

တကယ်လို့များ အခြေအနေတူမယ်ဆိုရင် ဒီစာစုလေးကို ပိုပြီးစိတ်ဝင်စားနိုင်မယ်ထင်တာပါပဲ။ မရှိသေး၊ မသိသေးသူတွေနဲ့ စိတ်ကူးလေး တယဉ်ယဉ် အစီအစဉ်လေး တပြင်ပြင် ဖြစ်နေသူတွေအတွက်တော့ တွေးစရာလေးတစ်ခုပေါ့။ တကယ်တော့ စင်ကာပူမှ မဟုတ်ပါဘူး။ မြန်မာနိုင်ငံ အပြင်ရောက်နေသူတွေ အများစု ကြုံနေရတဲ့ ပြဿနာပါ။ နိုင်ငံရပ်ခြားမှာ အနေကျ၊ အခြေချ၊ လုံးဝသဟဇာတ ဖြစ်နေသူများအတွက် မရည်ရွယ်ပါခင်ဗျာ။ ဒီအကြောင်းအရာဟာ လူတွေအများကြီး ရေးကြပြောကြပြီးသားပါပဲ။ ဒါပေမဲ့ လူအမျိုးမျိုး ရှုထောင့်အမျိုးမျိုးပါပဲ။ ဒီစာစုလေးကလည်း ကျွန်တော်ကြုံရတာလေးတွေ ပေါ်မူတည်လို့ ဉာဏ်မီသလောက် တွေးမိသလောက် နောက်ဆုံးနားက ရှုထောင့်လေးတစ်ခုပါပဲ။ မှန်တဲ့အတိုင်း ပြောရရင် ကျွန်တော့်ဖာသာ ကျွန်တော် လက်လှမ်းမှီတဲ့ အချက်လေးတွေ စုဆောင်းဖတ်ရှုရင်း စဉ်းစားဖို့ ရည်ရွယ်တာပါ။ ဒါပေမဲ့ သူငယ်ချင်း မိတ်ဆွေတွေကိုလည်း ဝေမျှလိုက်ခြင်းအားဖြင့် အကျိုးမယုတ်တန်ရာလို့ တွေးမိတာနဲ့ ဘလော့ဂ်ပေါ် တင်လိုက်တာပါ။ ဝေမျှခြင်းသာ ဖြစ်ပါတယ်ခင်ဗျား။ ကြိုက်တာယူ၊ မကြိုက်တာ မယူနဲ့ပေါ့ဗျာ…နော်။ အမြင်ကတ်ပြီး comment နဲ့ ဆော်ပလော်တီးမသွားရင်ပဲ ကျေးဇူးတင်ပါကြောင်း။

Saturday, October 15, 2011

သာမာန်ကွန်ပျူတာ၊ ပုံမှန်ဆော့ဖ်ဝဲ (Security System)

ကွန်ပျူတာတစ်လုံးကို ဝယ်လာပြီးရင် ပထမဆုံး Recovery Disc တွေ အရင်ကူးရပါမယ်။ ဒုတိယအဆင့် လုပ်ရမှာက Internet Security ဒါမှမဟုတ် Anti-Virus Software တစ်ခုခုကို Install လုပ်သင့်ပါတယ်။ အင်တာနက် သုံးမယ် ဆိုရင်ပေါ့။ တကယ်ကတော့ ဒီခေတ်ကြီးမှာ အင်တာနက်မသုံးရင်လည်း အဲဒီကွန်ပျူတာ ဘာလုပ်ဖို့လဲလို့ မေးရမှာပါ။ အဲဒီတော့ လူတိုင်းတွင် ကွန်ပျူတာရှိ၍ ကွန်ပျူတာမှန်လျှင် အင်တာနက်ရှိသည် လို့ ယူဆပြီး ရေးရ၊ ပြောရမှာပါပဲ။ Free ရတဲ့ Software တွေ၊ Pirate Software တွေ အများကြီး ရှိပေမဲ့ ကျွန်တော့်သဘောပြောရရင် Security Software တွေကိုတော့ တတ်နိုင်ရင် အမှန်အကန် သုံးတာအကောင်းဆုံးပါ။ ကိုယ့်အတွက် လုံခြုံချင်လို့ ထည့်ထားတဲ့ လုံခြုံရေး Software ကိုယ်၌က မမှန်မကန်ဆိုရင် ကိုယ့်အတွက် လုံခြုံပါ့မယ်လို့ ဘယ်လိုယုံရမှန်း မသိပါဘူး။ ကိုယ်က အရမ်းကျွမ်းကျင်ပြီး ဆရာကြီးဆိုရင်တော့ တစ်မျိုးပေါ့လေ။ အခုကျွန်တော်ရည်ရွယ်တာက ဆရာကြီးတွေ အတွက်မဟုတ်ကြောင်း ထပ်လောင်း ပြောပါရစေ။


Monday, October 10, 2011

သာမာန်ကွန်ပျူတာ၊ ပုံမှန်ဆော့ဖ်ဝဲ (Recovery System)

ကျွန်တော့်ကို ကွန်ပျူတာဝယ်ချင်တဲ့ သူငယ်ချင်းတွေကလည်း လိုက်ဝယ်ပေးဖို့ ခေါ်တတ်သလို ကွန်ပျူတာတစ်ခုခု ဖြစ်ရင်လည်း လှမ်းမေးကြ၊ ကျွန်တော့်အိမ်ထိ အဝေးကြီးကလာပြီး အကူအညီတောင်းကြပါတယ်။ တကယ်တော့ ကျွန်တော်တတ်တာ သာမာန် User အဆင့်ပါ။ ဘာမှမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်သူငယ်ချင်းတွေထဲမှာ တချို့က အကြောင်းအမျိုးမျိုးကြောင့် လေ့လာအားနည်းတာရယ်၊ စာဖတ်ပျင်းတာရယ်ကြောင့် ကျွန်တော့်ဆီလာပြီး ခဏခဏအပူကပ်တတ်ကြပါတယ်။ ညနေစာကောင်းကောင်းတော့ မကြာခဏ တီးရတာပေါ့ခင်ဗျာ။ အဲဒါနဲ့ ကျွန်တော်မအားတဲ့အခါ သူငယ်ချင်းတွေလည်း အဆင်ပြေအောင်၊ တကယ်လို့များ ကိုယ့်ဘာသာကိုယ် ကလိချင်ရင်လည်း ကလိကြစေ ဆိုပြီးဒီစာလေးကို ရေးတာပါပဲ။ စာဖတ်ပျင်းတဲ့ ဆရာတွေကတော့ ဒီစာကိုလည်း ဖတ်မှာ မဟုတ်တဲ့အတွက် ကျွန်တော့်အတွက် ညနေစာ ကောင်းကောင်းတွေကတော့ မတိမ်ကောနိုင်သေးပါဘူးဗျ… ဟီး…ဟီး….



Thursday, September 22, 2011

ရွှေရောင်ခြင်္သေ့များ

ခြင်္သေ့မြို့တော်သည် တဖြည်းဖြည်း ရွှေရောင်လွှမ်းလာနေသည်ကို တွေ့နေရသည်။ ရှေးယခင်ကတည်းက အာရှတိုက်ရှိ အရောင်အသွေးစုံနှင့် ကျော်ကြားသော ဤမြို့နိုင်ငံငယ်တွင် ယခင်ရှိနှင့်ပြီးသား အရောင်များထဲမှပင် ထူးထူးခြားခြား ပိုမိုလင်းလက်လာသည့် ရွှေရောင်ကို သတိမထား၍မရတော့။

စင်္ဂ ဆိုသည်က ပါဠိလို ခြင်္သေ့ဟု အဓိပ္ပါယ်ရသည်။ ပူရ ဆိုသည်ကမြို့။ ဒီလိုနည်းနှင့် ခြင်္သေ့မြို့တော်ဟု အဓိပ္ပါယ်ရသည့် စင်ကာပူနိုင်ငံဖြစ်လာသည်ဟု ဆိုသည်။ အနှီ စင်ကာပူသို့ ရေကြည်ရာ မြက်နုရာ ရွေ့ပြောင်းလာသည့် လူမျိုးများ များစွာရှိပါသည်။ ထိုအထဲတွင်မှ ဖြတ်ထိုးဉာဏ်အလွန်ကောင်းသော၊ စိတ်ညစ်စရာများကို ပျော်စရာ ဟာသများအဖြစ် ပြောင်းတတ်သော၊ ငွေရှာသော်လည်း ငွေမမက်တတ်သော၊ လူမျိုးခြားနှင့်ဆက်ဆံသည့်အခါ မကျေနပ်သည့်တိုင် အောင့်ခံတတ်သော၊ ကိုယ့်အချင်းချင်းဆိုလျှင် နည်းနည်းလေးမှ သေးသေးတင်မခံတတ်သော လူမျိုးတစ်မျိုးလည်း ပါလာလေသည်။



Wednesday, September 14, 2011

တီထွင်ဖန်ဆင်း ကြုံသလိုရှင်း

 “မင်းက Electronic နဲ့ ကျောင်းတက်နေတာဆိုတော့ TV ပြင်တတ်ပလားကွ……”

ကျွန်တော့်လို AGTI (EC) ကျောင်းသား အတော်များများ ဒီမေးခွန်းမျိုး အမေးခံရလေ့ ရှိပါတယ်။ တော်တော်ဂွကျတဲ့ မေးခွန်းမျိုးပါပဲ။ ပြန်ရှင်းပြဖို့ဆိုရင်လည်း တော်တော်ရှည်ရှည်ဝေးဝေး ရှင်းရမဲ့ကိန်းဗျ။ ကျွန်တော် TV ပြင်တတ်ပါတယ်။ ဒါပေမဲ့ ဒီမေးခွန်းက Yes or No ပြင်တတ်တယ် မပြင်တတ်ဘူး ဖြေရုံနဲ့ ပြီးမဲ့ မေးခွန်းမျိုးမဟုတ်။ ပြင်တတ်ပါတယ်လို့ ပြောပြန်ရင်လည်း ကျွန်တော့် ဒီပလိုမာကြီးက TV ပြင်တဲ့ ဒီပလိုမာကြီး ဖြစ်သွားဖို့ရှိနေပါတယ်။ အီလက်ထရွန်းနစ် အင်ဂျင်နီယာဆိုတာ TV, Video, အသံချဲ့စက်ပြင်တာကိုး…လို့ အဓိပ္ပါယ်ပေါက်သွားမှာပေါ့ဗျာ။ မပြင်တတ်ဘူး ပြောပြန်တော့ “ဟင်…မင်းတို့ ၃ နှစ်တောင် သင်ရပြီး ဒါလေးတောင် မလုပ်တတ်ဘူးလား……” လို့ အပြောခံရပြန်ရော။

“ကျွန်တော်တို့တက်နေတာ TV ပြင်တဲ့ သင်တန်း မဟုတ်ဘူးဗျ… TV, Video ပြင်ချင်ရင် TV, Video ပြင်တဲ့ သင်တန်းတွေသွားတက်…၆ လ သင်ရင် ပြင်တတ်တယ်…” လို့ ဘုတောတော့ ကြီးကျယ်ရန်ကောဆိုတဲ့ မျက်လုံးနဲ့ ကြည့်တဲ့အပြင်
ကျောင်းသားတွေ အလကား…ဘာမှလည်းမတတ်ဘူး…TV လေးတောင် မပြင်တတ်ဘူး… ဆိုတဲ့ နောက်ဆက်တွဲလေးနဲ့ပါ ချီးမွမ်းသွားသေးတာ။ တယ်လေ……….

Saturday, September 3, 2011

မွေးနေ့

မွေးတဲ့ အချိန်ကနေ သေတဲ့အချိန်အထိ ကြားကာလကို ဘဝလို့ ခေါ်သတဲ့ဗျ။ အချိန်တစ်ခုတည်းမှာပဲ မွေးတဲ့လူတွေမွေး သေတဲ့လူတွေသေနေကြတာ အတိအကျမပြောတတ်ပေမဲ့ နည်းမှာမဟုတ်ဘူး ဆိုတာလောက်တော့ မှန်းမိပါရဲ့။ သာမန်အားဖြင့်တော့ မွေးနေ့ကို ပျော်ရွှင်စရာဖြစ်ကြစေကြောင်း ဝိုင်းဝန်းဆုတောင်းပေးကြတာ ချစ်စရာကောင်းတဲ့ အလေ့တစ်ခုပါ။

တစ်ချို့ ပိုက်ဆံရှိတဲ့လူတွေကျတော့ ပွဲတွေလမ်းတွေကျင်းပပြီး ပျော်ကြပါတယ်။ မွေးနေ့ကိတ်တွေလှီး၊ သီချင်းတွေဆိုကြ၊ သောက်ကြစားကြ၊ ပျော်ကြပါးကြ။ တစ်ချို့က ဘုရားသွား၊ ဘုန်းကြီးကျောင်းသွား၊ အလှုအတန်းလုပ် ကုသိုလ်ယူကြ။ တစ်ချို့က မိဘတွေကို ကန်တော့၊ အလေးအမြတ်ပြုလို့။ မွေးနေ့ဆိုတာ ကိုယ့်ကို မွေးခဲ့တဲ့မိဘတွေရဲ့ ကျေးဇူးကို သတိရအောက်မေ့လို့ အကောင်းဆုံး အချိန်လို့ ပြောရင်ရနိုင်ရဲ့။ သာမန်အချိန်မှာရော မအောက်မေ့ရဘူးလားဆိုတော့.. ဒီလိုတော့မဟုတ်ဘူးပေါ့။ ကျွန်တော်တို့မှာ ပုံမှန်အားဖြင့်တော့ ပူပင်သောကတွေ၊ ပြဿနာတွေနဲ့ ဖုန်းလွှမ်းရုန်းကန်နေရတာ။ ဘဝရဲ့ အနှစ်သာရတွေက ငွေအောက်မှာ စုံးစုံးမြုပ်လို့။ တရားအသိရှိသူတွေရဲ့ မွေးနေ့ကတော့ မရဏာနုဿတိခေါ်တဲ့ သေခြင်းနဲ့ တစ်နှစ်ပိုနီးလာခြင်းပေါ်မှာ တရားသတိနဲ့ ရှုလို့ ပျော်စရာရှာတွေ့မယ်မထင်။ ပိုပြီးအားထုတ်ကြိုးစားဖို့ မှတ်တိုင်တစ်ခုလောက်တော့ ဖြစ်နိုင်ရဲ့။

Friday, August 26, 2011

ချစ်သောဘောစိ

(ဒီ post ကို AGTI Society အတွက်ရည်စူးပြီး ရေးတာပါ။ AGTI Society မှာတော့ စာသိပ်ရှည်မှာစိုးလို့ နှစ်ပိုင်း ခွဲတင်ပါတယ်။ ကျွန်တော့် “မျှော်လင့်ခြင်းခရီးသည်” Blog မှာတော့ တစ်ဆက်တည်းပဲ တင်လိုက်ပါတယ်။)

အလုပ်ရှင်နဲ့ အလုပ်သမားဆိုတာ အပြန်အလှန် အမှီသဟဲ ပြုပြီးနေကြရတာပေမဲ့ တစ်ယောက်ကိုတစ်ယောက် အကောင်းပြောခဲတယ်ဗျ။ ကိုယ်က သူများဆီမှာ ဝန်ထမ်းလုပ်ပြီဆိုကတည်းက ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် နေရာတိုင်းမှာ မဖြစ်နိုင်တော့ဘူးပေါ့။ လိုက်နာရမဲ့ ဝန်ထမ်းစည်းကမ်းတွေ ရှိမယ်။ ဝန်ထမ်းစည်းကမ်း ဆိုတာမျိုးကလည်း အားလုံးအတွက် ခြုံပြီးထုတ်ရတာမျိုးဆိုတော့ တစ်ခါတစ်ရံ ကိုယ်နဲ့ ကီးမကိုက်တာတွေကလည်း အများကြီးရှိတတ်တာမျိုးကိုး။ အဲဒီအခါကျရင် စည်းကမ်းထုတ်တဲ့ လူကိုပါကြည့်မရတော့တာ။ အဲဒီတော့ စိတ်တိုင်းမကျ ဖြစ်တာတွေရှိလာတာ ဘာဆန်းမလဲလေ။

အလုပ်ရှင်ဆိုတာမျိုးကလည်း စီးပွားတွက် တွက်တတ် မြင်တတ်လို့ အလုပ်ရှင်ဖြစ်လာတာ။ ဒါပေမဲ့ လောဘကြီးတဲ့ အလုပ်ရှင်မျိုး၊ စနစ်မရှိတဲ့ အလုပ်ရှင်မျိုးနဲ့တွေ့ရင် အလုပ်သမားတော့ ဘုရားတရားသာ တ ပေတော့ပဲ။ ပိုဆိုးတာက Rich man, No standard ဆိုတဲ့ ပိုက်ဆံရှိပြီး အဆင့်မရှိတဲ့ အလုပ်ရှင်မျိုး။ အမြန်ဆုံးသာ အလုပ်က ထွက်ပေတော့ပဲ။ စိတ်ပျက်စရာ အကောင်းဆုံး အမျိုးအစားပေါ့ဗျာ။
အခုကျွန်တော် ပြောပြချင်တာက ကျွန်တော့်ဘဝနဲ့ ချီပြီးတော့ကို လေးစားရတဲ့ အလုပ်ရှင်တစ်ယောက်အကြောင်းပါ။ အလုပ်ရှင် Boss ကို ကျွန်တော်တို့ မြန်မာတွေက ချစ်စနိုးနဲ့ ဘောစိလို့ ခေါ်တယ် မဟုတ်လား။ ဒါကြောင့် ချစ်သောဘောစိ လို့ ခေါင်းစဉ်တပ်လိုက်တာ။

Saturday, August 20, 2011

ကျောက်ခဲစွပ်ပြုတ်

ပုံပြင်တစ်ပုဒ် ပြောပြပါမည်။ ဟိုးရှေးရှေးတုန်းကပေါ့ဗျာ…..ကပ်စေးနဲသော အဖွားကြီးတစ်ဦး ရှိခဲ့သည်..တဲ့။ တစ်နေ့ သူ့ဆီကို လူတစ်ယောက် ရောက်လာပြီး ပြောသည်။

"စားစရာ တစ်ခုခုလေးများ ရနိုင်မလား ခင်ဗျာ.."

အဖွားကြီးက "ဘာမှမရှိဘူး" ဟု တိုတိုပြတ်ပြတ်ပြောသည်။

ထိုလူက အဖွားကြီးရဲ့ ပန်းခြံထဲမှ ကျောက်ခဲတစ်လုံးကို လက်ညှိးထိုးပြရင်း

"အဲဒီကျောက်ခဲလေး ကျွန်တော့်ကို ပေးပါလား အဖွားရယ်...." ဟု တောင်းသည်။
အဖွားကြီးက
"ဘာလုပ်ဖို့လဲ..." ဟု မေးသည်။
"ကျောက်ခဲစွပ်ပြုတ် လုပ်သောက်ဖို့ပါ...." ဟု ပြောသည်။

အဖွားကြီး အံ့သြစိတ်ဝင်စားသွားသည်။ ကျောက်ခဲစွပ်ပြုတ်ဆိုတာ သူမကြားဖူးပေ။ 
 
 
"ဘယ်လိုလုပ်ရသလဲ...."ဟု မေးသည်။
 "အရမ်းကောင်းတာ အဖွားရဲ့။ အဖွားမသောက်ဖူးဘူးလား…" ဟု ပြန်မေးသည်။
ဒါနဲ့ အဖွားကြီးလည်း ကျောက်ခဲစွပ်ပြုတ် သောက်ချင်လာသည်။ ထိုလူကို အိမ်ထဲခေါ်သည်။
 "ကဲ…ပြော ဘယ်က စ လုပ်ရမလဲ…" အဖွားကြီးကမေးသည်။

Thursday, August 18, 2011

ထူးထွေဆန်းပြား Blue Stars (သို့) တစ်လနို့တစ် (အပိုင်း-၃)

ကျွန်တော့ရဲ့ တစ်လနို့တစ် (အပိုင်း-၂) က Jurong Island အဆောင်အကြောင်းကို ဆန့်ကျင်ဘက်ပြောရင် Blue Stars ဖြစ်နိုင်ရာတယ်လို့ ဆိုရမယ်။ Blue Stars ရဲ့ တည်နေရာက အဆောင်ပတ်လည် သာယာတယ်ဗျ။ ကျွန်တော်တို့ ရောက်စ က အဆောင်ကအသစ်ကြီးရယ်။ ချက်စားလို့လည်း ရတယ်။ ဝင်တာထွက်တာ ကဒ်ရိုက်ပြီး ဝင်ရထွက်ရပေမဲ့ လုံခြုံရေးက အတော်နားလည်မှု ရှိတယ်ဗျ။

 အနောက်ဘက်မှာ Kian Teck အဆောင်ရှိတယ်။ အဲဒီအဆောင်ကနေ ဘယ်ဘက်ကို ချိုးပြီး မနေ္တလးတစ်ပြလောက် လျှောက်သွားရင် ကျွန်တော်တို့အခေါ် တရုပ်မကန်းတက် (Kian Teck) လို့ခေါ်တဲ့ တရုပ်မတွေနေတဲ့ အဆောင်တစ်ခုရှိတယ်။ တရုပ်မတွေချည်း နေတာတော့ ဟုတ်ဘူးလေဗျာ။ ကျန်တဲ့ဟာတွေလည်း ရှိသပေါ့။ ထူးခြားမှုကတော့ ယောင်္ကျားလေးဆောင်နဲ့ မိန်းကလေးဆောင် ခြံစည်းရိုးလေးခြားပြီး အတူထားတာဗျ။ ဝင်ပေါက် ထွက်ပေါက်က တစ်ခုတည်းပဲ။ အထဲကျမှ ခွဲသွားတာ။ ကျွန်တော်တို့ဆီက ဆရာတွေပျင်းပျင်းရှိရင် ကိုယ့်အဆောင်က ကင်တင်းမှာမထိုင်ဘဲ တကူးတက သွားထိုင်ရတဲ့ ကင်တင်းတစ်ခုလည်းရှိတယ်။

အစားအသောက် စားတဲ့အခါ စားနည်း ၃ နည်းရှိတယ်ဗျ။



Monday, August 15, 2011

GTI ပုံပြင်များ (အပိုင်း-၁)

(AGTI SOCIETY အတွက်ရေးသော post ကို အမှတ်တရအဖြစ် တင်ဆက်ပါသည်။)

ဇီးရိုးပဲ

 တစ်ခါက GTI တွင် ဖြစ်သည်။ ကျွန်တော်တို့ ဆရာနှင့် ကျွန်တော်တို့အုပ်စု ကျောင်းထိပ်မှ လက်ဖက်ရည်ဆိုင်တွင်ထိုင်ရင်း စကားပြောနေကြသည်။ စကားပြောနေကြသည် ဆိုသော်လည်း ဆရာ့စကားမှာ မျောနေကြခြင်းဖြစ်သည်။ ဆရာက လူပျိုကြီးဖြစ်သလို အလွန်အပြောကောင်းသည်။ ထိုစဉ် ဆရာမလေးတစ်ယောက် အနားမှ ဖြတ်လျှောက်လာသည်ကိုတွေ့ရာ…
ဆရာ   ။ ။ “ ဆရာမ၊ ဆရာမကို ကျွန်တော် လက်ဖက်ရည်တိုက်ချင်တဲ့ ဆန္ဒတွေ အရမ်းဖြစ်ပေါ်နေတယ်။”
ဆရာမ ။ ။ “ ကျွန်မကလည်း သောက်ချင်တဲ့ ဆန္ဒလုံးဝ မရှိဘူး။”

ထိုအခါ ဆရာပြန်ပြောပုံက လွန်စွာကျောင်းဆရာ ပီသလှသည်။

Sunday, August 14, 2011

ဟဲဟဲ..ဟီးဟီး..ဟားဟား…..

ကလေးဘဝကတည်းက ငိုတဲ့ကိစ္စပြီးရင် ဒုတိယမြောက် အလိုလိုတတ်တာ (ရီ)ရယ်တဲ့ကိစ္စပဲ။ ကလေးတွေ အိပ်နေရင်း အလိုလိုပြုံးနေတတ်တယ်။ သူငယ်နတ် ဖမ်းစားတယ် ခေါ်တာပေါ့။ တစ်ခုခုကို သဘောကျရင်၊ တစ်ခုခုကို လှောင်ချင်ပြောင်ချင်ရင် လူတွေ(ရီ)ရယ်ကြပါတယ်။ ဟင်း…ဟင်း…ဟင်း….လို့ မြည်တယ်။ တချို့က လောကဝတ်အရ (ရီ)ရယ်တယ်။ စိတ်ညစ်တဲ့လူလည်း (ရီ)ရယ်တာပဲ။ မချိသွားဖြဲလို့ ခေါ်တယ်။ ကြောက်လို့ (ရီ)ရယ်တဲ့လူလည်း ရှိတယ်။ တချို့ ဘာမှန်းမသိဘဲ သူများ(ရီ)ရယ်လို့ လိုက်(ရီ) ရယ်တာ။ (တော်ပြီဗျာ… ညောင်းတယ်။ ကျွန်တော် “ရယ်” လို့ပဲ စာလုံးပေါင်းအမှန်အတိုင်း ရေးမယ်။ အားလုံး “ရီ”လို့ ဖတ်ကြဗျာ..နော်။)
သူများကို ကြောက်အောင် ခြောက်ချင်ရင်လည်း ရယ် သေးတယ်။ သမိန်ပေါသွပ်နဲ့ အာတာလွတ်မြို့စားကြီး ရယ်သလို ဝူး…ထွား…ဟား…ဟား… ပေါ့ဗျာ။ ကြားဖူးလား….အဲလေ….ဖတ်ဖူးလား။ မဖတ်ဖူးသေးတဲ့မျိုးဆက်သစ်တွေကို ဖတ်ဖူးတဲ့ မျိုးဆက်ဟောင်းကြီးတွေက ပြောပြပေါ့ဗျာ။ သူများဒုက္ခရောက်တာကို ရယ်တဲ့လူတွေလည်း ရှိတယ်။ အားရလွန်းရင် အံကြိတ်ပြီး ဟီး..ဟီး..ဟီး.. နဲ့ အသံထွက်အောင်ကို ရယ်တာ။ ရှက်ရင်လည်း ရယ်သဗျ။ သေချာတာကတော့ ရယ်ရင်ပါးစပ်ပြဲတယ်။ သိပ်ရယ်လွန်းရင် တချို့သေးပါထွက်သတဲ့။ ဘာပဲဖြစ်ဖြစ် ရယ်တာ အသက်ရှည်တယ်တဲ့ဗျ။

Thursday, August 11, 2011

တစ်ကျွန်းအတွေ့အကြုံ (သို့) တစ်လနို့တစ် (အပိုင်း -၂)

တစ်ကျွန်းဆိုလို့ ကြီးကြီးကျယ်ကျယ် မထင်ပါနဲ့ဗျာ။ ရေပတ်လည် ဝိုင်းလျှက်ရှိတဲ့ ကုန်းမြေကို ကျွန်းဟုခေါ်သည်ဆိုတဲ့ သီအိုရီကိုတည်ပြီး ပြောမယ်ဆိုရင် ကမ္ဘာပေါ်မှာ ရှိတဲ့လူတွေ အားလုံးကျွန်းသူ ကျွန်းသားတွေပါပဲ။ ရေမဝိုင်းတဲ့ ကုန်းမြေဆိုတာ ကမ္ဘာပေါ်မှာ ရှိလို့လားဗျာ။ ကျွန်းကြီးရင် တိုက် လို့ခေါ်တာပေါ့။ စင်ကာပူကတော့ နဂိုကတည်းက ကျွန်းနိုင်ငံငယ်လေး မဟုတ်လား။ Jurong Island က ကျွန်းကြီးပေါ်က ကျွန်းကလေးဗျ။ Singapore က ကျွန်းကြီး၊ ကျွန်းကလေး၊ ကျွန်းသားလေး၊ ကျွန်းပိစိကွေးလေးတွေနဲ့ တည်ထားရတဲ့ နိုင်ငံပါ။ ထားပါတော့။

 

Monday, August 8, 2011

SAFETY STARTS WITH ME........

SAFETY နဲ့ ပါတ်သက်ရင် စင်ကာပူဟာ အတော်တင်းကြပ်တဲ့ နိုင်ငံပါ။ SAFETY နမူနာ စံပြပုံလေးတွေပါ။

သင့်မျက်လုံးကို ကာကွယ်ပါ (Eye Protection)

တစ်လနို့တစ် (အပိုင်း-၁)


စ လုံးမှာနေရတဲ့ ကျွန်တော့်လို ဘဝတူသူငယ်ချင်းတွေ အများစုကြုံရတဲ့ ဒုက္ခ၊ သုခလေးတွေထဲက ကြုံနေကျ၊ စကားဝိုင်းဖွဲ့တဲ့အခါ ဖလှယ်နေကျ အတွေ့အကြုံလေးတချို့ကို နည်းနည်းလောက် ဝေမျှပါရစေလား။

Singapore မှာ ကျွန်တော်တို့ လူမျိုးဟာ အလွှာစုံကို ရောက်တယ်လို့ ပြောရမှာပါ။ အောက်ခြေဝန်ထမ်းက စ လို့ တစ်လဝင်ငွေ ဒေါ်လာ သုံးသောင်းလောက်ရတဲ့ အရာရှိအကြီးကြီးတွေ အထိ ပေါက်ရောက်ကြပါတယ်။ Business မှာဆိုရင်လည်း ကိုယ်ပိုင်လုပ်ငန်းရှင် အငယ်တွေက စ လို့ အရမ်းချမ်းသာတဲ့ မီလီယံနာတွေထဲမှာလည်း မြန်မာတွေရှိပါတယ်။ ဒါတောင် ကျွန်တော်နဲ့ သိနေတဲ့ ဝန်းကျင်ထဲကပါ။ ကျွန်တော်လက်လှမ်း မမီတဲ့ အသိုင်းအဝန်းတွေရှိဦးမှာပါ။
 

Friday, July 29, 2011

ဗိုလ်အောင်ဒင်များနှင့် တွေဆုံခြင်း

( facebook တွင် ကျွန်တော်ရေးခဲ့ဘူးသော စာစုတစ်ခုကို ပြန်လည်မွမ်းမံ အသက်သွင်းပါသည်။)

အကောင်းမြင် ဝါဒသမားက လူသားတွေ သွားရေးလာရေး လွယ်ကူစေဖို့ လေယဉ်ပျံကို တီထွင်သည်ဟု ဆိုပါသည်။ အဆိုးမြင် ဝါဒသမားက လေယဉ်ပျံပျက်ကျရင် ဘယ့်နှယ်လုပ်မတုန်းဟု တွေးကာ လေထီးကို ထွင်သည်…တဲ့။ တကယ်လိုလို အဟုတ်လိုလိုပါပဲ။
သို့သော် ဒီနေရာမှာ တကယ်ဟုတ်တယ် မဟုတ်ဘူး ငြင်းဖို့မဟုတ်ပါ။ အကောင်းပဲမြင်မြင် အဆိုးပဲမြင်မြင် အကျိုးရှိအောင် တွေးဖို့၊ လုပ်ဖို့လိုရင်းဖြစ်သည်။

တကယ်တော့ ဘာလုပ်လုပ် အကောင်းချည်းမြင်ခြင်း အဆိုးချည်းမြင်ခြင်းသည် အစွန်းရောက်ခြင်းသာ ဖြစ်သည်။ ကျွန်တော်တို့မှာ အကောင်းဘက်က ကြည့်ဖို့မျက်လုံးတစ်လုံး၊ အဆိုးဘက်က ကြည့်ဖို့မျက်လုံးတစ်လုံးပါသည်ဟု ဆိုနိုင်သည်။ ကောင်းတာလေးတွေ နားထောင်ဖို့နားတစ်ဖက်၊ ဆိုးတာတွေနားထောင်ဖို့ နားတစ်ဖက်လည်း ပါသည်။

သို့သော် ပြောဖို့ပါးစပ်ကတော့ တစ်ပေါက်သာပါသည်ပဲ။ ကောင်းတာပြောလည်း ဒီပါးစပ်၊ ဆိုးတာပြောလည်း ဒီပါးစပ်ပါပဲ။ တကယ်တော့ အကောင်းအဆိုး မျှမျှတတကြည့်၍ မှန်မှန်ကန်ကန် မြင်တတ်လျှင် အကောင်းဆုံးဖြစ်သည်။ ဒါကလည်း ပြောသလောက်တော့ မလွယ်။ အမှား အမှန် ရောထွေးနေတတ်တာ လောကသဘာဝပါ။ မှန်တိုင်းပြောလို့မဖြစ်တာတွေကလည်း အများသားကိုး။

Tuesday, July 26, 2011

ကြိုး ၃ ချောင်းရဲ့ ရာဇဝင်

စကားကြွယ်သော ကျွန်တော့် မန်နေဂျာတစ်ဦးက ပြောဘူးသည့် စကားတစ်ခွန်းကို ကျွန်တော်ခုထိမမေ့ပါ။ သူပြောသည်က

“ငါတို့ Cable တွေကို Megger ရိုက်သလို ငါကမင်းတို့ကိုလည်း Megger ရိုက်နေတာ… RYB လိုင်းတစ်လိုင်း Megger ကျတာနဲ့ ကြိုးတစ်ချောင်းလုံး လဲပစ်ရသလို Safety, Discipline နဲ့ Performance မှာ တစ်ခုခု ညံ့တာနဲ့ မင်းတို့လည်းသွားတာပဲ…”

ဟူ၏။ သိပြီးသား အကြောင်းအရာတစ်ခုကိုပင် ထူးထူးခြားခြား စကားဥပမာများနှင့် ပြောတတ်ခြင်းက သူ့အရည်အချင်းတစ်ရပ်ဖြစ်သည်။
သူပြောချင်သည့် ဆိုလိုရင်းကို စာရှုသူနားလည်ပါသလား။ လျှပ်စစ်နှင့် ပတ်သက်လုပ်ကိုင်နေသူ ဆိုလျှင်တော့ နားလည်နိုင်ပါလိမ့်မည်။ မပတ်သက်သူများအတွက် ကျွန်တော်ရှင်းပြပါ့မည်။

Saturday, July 23, 2011

ကြိုက်ပါဘူးဆို…


“မစားဘူးသေးတဲ့ အစားတစ်ခုကို သုံးခါတော့စားကြည့်…၊ အဲဒါမှ မကြိုက်ရင် မကြိုက်လို့ပဲ..၊ ကြိုက်ရင်များများစား… မကြိုက်ရင်နည်းနည်းစား၊ မစားဘူးဆိုတာ ဘာမှမရှိစေနဲ့…..”။ အဲဒါ ကျွန်တော့် အမေရဲ့ လက်သုံးစကားဖြစ်သည်။
ကျွန်တော်ငယ်ငယ်က ဂေါ်ဖီထုပ်မစား။ အမေက ပါးပါးလေးတွေလှီး၍ ထမင်းနဲ့ရောနယ်ပြီးကျွေးသည်။ ကျွန်တော်ကလည်း ဂေါ်ဖီတစ်မျှင်ချင်း ဖယ်၍စားသည်။ မစားမချင်း နေ့တိုင်းကျွေးသည်။ ကြာတော့ တော်တော်စိတ်ရှည်သော ကျွန်တော်စိတ်မရှည်တော့။ Complain တက်လျှင်လည်း အတီးခံရမှာ သေချာသလောက်ရှိသည်။ နောက်ဆုံးတော့ စိမ်းစိမ်းစိုစို ဂေါ်ဖီကြော်သည် ကျွန်တော်နှစ်သက်သည့် အစားအသောက်တစ်ခု ဖြစ်လာခဲ့သည်။

Thursday, July 21, 2011

လိုင်းတူသူငယ်ချင်းတွေအတွက် Software လက်ဆောင်

Electrical Control Techniques Simulator (EKTS)



ကျွန်တော်တို့ Electrical နဲ့ Automation သမားတွေအတွက် အရမ်းအသုံးဝင်တဲ့ Software လေးတစ်ခု သူငယ်ချင်းတွေအတွက် တင်ပေးလိုက်ပါတယ်။ Circuit Maker နဲ့မတူတာက ဒီ Software မှာပါတဲ့ Timer function ပါ။ Circuit Maker ရဲ့ Timer က 555/556 Timer ပါ။ အလွယ်တကူ သုံးလို့ မရပါဘူး။ EKTS ရဲ့ Timer က အရမ်းသုံးရလွယ်ပါတယ်။ သုံးကြည့်လိုက်ပါ။

Download here.

Wednesday, July 20, 2011

အားအားယားယား

 ကျွန်တော် facebook မှာ သမီးကို အကြောင်းပြုပြီး post တချို့ရေးဖြစ်ရာမှ စိတ်ကူးပေါက်ပြီး Blog လေးတစ်ခု ဖန်တီးမိသည့်အခါ မိတ်ဆွေအချို့က “အားနေလား” ဟု နောက်ပြောင်ကြသည်။ အမှန်တော့ Shipyard Engineer တစ်ယောက်ရဲ့ ဘဝမှာ ကိုယ်ပိုင်အချိန်ရယ်လို့ သတ်သတ်မှတ်မှတ် မရှိလှပါ။ အထူးသဖြင့် သွားသုတ်သုတ် လာသုတ်သုတ် Singapore တွင် ကျွန်တော်များမှာ အချိန်အတော် ဆင်းရဲကြပါသည်။
 
သို့သော် ဆရာကိုတာ ပြောသလိုပင်… သူငယ်စဉ် ကျောင်းတက်သည့်အခါ ကျောင်းနဲ့အိမ် အဝေးကြီးသွားရသည်..တဲ့။ ကားပေါ်မှာတင် အချိန်တွေ ကုန်ခဲ့သည်။ စာအုပ်စာပေကလည်း ရှားသေးသမို့ မုန့်ထုပ်တဲ့စက္ကူကအစ သိမ်းထားပြီး ကားပေါ်မှာဖတ်ရသည်..တဲ့။ နောက်ဆုံး ဆရာပြောသည့် “….အဲဒီလိုနည်းနဲ့ ကျွန်တော့အချိန်တွေ ကျွန်တော်ပြန်ရခဲ့ပါတယ်..”
ဆိုသည့် စကားတစ်ခွန်းကတော့ ကျွန်တော်မမေ့။ 

 

ခေါင်းတစ်လုံးကျောခြင်း

“သူများထက် ခေါင်းတစ်လုံးကျောချင်ရင် ဘာလုပ်ရမလဲ” ဆိုသည့် မေးခွန်းကို ကျွန်တော် GTI တက်စဉ်တုန်းက သူငယ်ချင်းတွေနဲ့ ဆွေးနွေးခဲ့ဘူးသည်။ တကယ်လည်း ကျွန်တော်တို့သည် ကျွန်တော်တို့ ဝန်းကျင်မှလူများထက် ကျော်နိုင်လျှင်ခေါင်းတစ်လုံးသာဖြစ်လိမ့်မည်။ ဒါ့ထက် မပို။ ဒါ့ထက် ပိုလာရင်ရော။ ရှင်းပါသည်။ အဲဒီဝန်းကျင်မှ ခင်ဗျားအလိုလို ထွက်သွားပြီးဖြစ်ပါလိမ့်မည်။
 
ကျွန်တော်ပြောလိုသည်မှာ ငွေကြေးဥစ္စာနှင့် သိပ်အများကြီးမဆိုင်ပါ။ နည်းနည်းတော့ဆိုင်နိုင်ပါသည်။ ပညာမတတ်သည့် သို့မဟုတ် ပညာရေးကို စိတ်မဝင်စားသည့် လူတစ်ယောက်ကို Engineer ကျောင်းသားတွေ စကားဝိုင်းထဲ ထည့်ကြည့်ပါ။ နည်းနည်းကြာသည်နှင့် ထ ပြေးမှာသေချာပါသည်။ အဘယ်ကြောင့်ဆိုသော် ပြောသောစကားအများစုသည် သူ့အတွက် ဘောင်မဝင်သောကြောင့် ဖြစ်သည်။ နောက်ဆုံး သူနဲ့လိုင်းတူတွေဆီ ပြေးပါလိမ့်မည်။ အခန့်မသင့်လျှင် ပညာတတ်များကိုပင် “ဘာကောင်တွေမှန်း မသိပါဘူး။ ဘာတွေပြောမှန်းလည်း မသိဘူး။ ကြီးကြီးကျယ်ကျယ်နဲ့” ဟု အတင်းပြောခံရနိုင်သည်။

ဘဝဟူသည် တိုက်ပွဲဟု အဓိပ္ပါယ်ဖွင့်ကြသည်။ ပြိုင်ပွဲဟုလည်း ဆိုကြသည်။ တခြားပုံစံများဖြင့်လည်း ဖွင့်ဆိုကြတာ အများကြီးရှိပါသည်။ ကျွန်တော်ကတော့ ပြေးပွဲ တစ်ခုဟု သမုတ်ချင်သည်။ ဘဝကို ခပ်ကြမ်းကြမ်း ရင်ဆိုင်ရသူအတွက် တိုက်ပွဲ ဆိုသော ဖွင့်ဆိုချက်က ပိုမှန်နိုင်ဖွယ်ရှိသည်။ အပြိုင်စိတ်ရှိသူအတွက် ပြိုင်ပွဲ ဟု ပြောခြင်းသည် ပိုမိုသင့်လျှော်ပါမည်။
 

Monday, July 18, 2011

မျှော်လင့်ခြင်းမိတ်ဆက်


မျှော်လင့်ခြင်းဆိုသည့် စကားလုံး၏နောက်ကွယ်တွင် အားသစ်မာန်သစ်များပါသလို မသေချာ မရေရာခြင်းများလည်း ပါသည်။ ဤသို့ မသေချာခြင်း မရေရာခြင်းများကို ရင်ဆိုင်ဖြေရှင်းရခြင်းသည်ပင် ဘဝ၏သဘော ဖြစ်တော့သည်။ မသေမချာများကို ဖြေရှင်းအောင်မြင်သည့်အခါ ပျော်ရွှင်ရသည်။ မာန်မာနတွေ တက်ကြသည်။ ကျရှုံးသွားသည့်အခါ၊ အဆင်မပြေမှုတွေဖြစ်သည့်အခါ ဝမ်းနည်းရသည်။ ဒေါသတွေဖြစ်ရသည်။

သို့သော် အောင်မြင်သည့်အခါဖြစ်စေ၊ ရှုံးနိမ့်သည့်အခါဖြစ်စေ ရှေ့ဆက်သွားဖို့တော့လိုသည်။ ဤသို့ရှေ့ဆက်ဖို့ရာ မဖြစ်မနေလိုအပ်တာ တစ်ခုတော့ရှိသည်။ အဲဒါကတော့ မျှော်လင့်ချက်ပင်ဖြစ်တော့သည်။

မျှော်လင့်ချက်သာမရှိခဲ့လျှင်…………………..


(ဓါတ်ပုံများကို Google မှ ယူသည်။)

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...