နိဒါန်း
အမှန်တရားတစ်ခု ပေါ်ထွန်းလာစေဖို့ အငြင်းအခုန် လိုအပ်တယ်ဆိုတာ လက်ခံပေမဲ့ ဘာမဟုတ်တာနဲ့ အချိန်ကုန်ခံပြီး စကားအနိုင်ရဖို့ ပြောရဆိုရတာတွေကို စိတ်ပျက်လို့ အငြင်းအခုန် မလုပ်တာပါ။ ငြင်းစရာ၊ ခုန်စရာတွေကို တတ်နိုင်သမျှ လက်ရှောင်ပေမဲ့ ဆိုရေးရှိတော့လည်း ဆိုရတာပါပဲ။ အချိန်မရတဲ့ကြားက ဝါသနာအရ စာရေးပါတယ်ဆိုမှ ဒီအတောအတွင်း လက်တစ်ဖက် ကိုက်ခဲနေတာနဲ့ ဘာမှ မရေးဖြစ်ဘူး။ အခုတော့ နည်းနည်းသက်သာလာတာရယ်၊ ရေးစရာကလည်း ခေါင်းထဲမှာ ပြည့်လာတာရယ်ဆိုတော့ နည်းနည်း နည်းနည်းနဲ့ တစ်ပုဒ်ဖြစ်အောင် ရေးလိုက်တယ်။
ဒီစာကို ဖတ်ရင်းနဲ့ ဆန့်ကျင်တဲ့ အတွေးတွေ၊ ချေပတဲ့အတွေးတွေ ဝင်လာမဲ့ သူငယ်ချင်းတွေ ရှိကြမယ်ဆိုတာ သိနေပေမဲ့ ဘယ်လိုပဲတွေးတွေး တွေးကြည့်စေချင်လို့ကို တမင်ရေးလိုက်တာပါ။ ကျွန်တော့်အယူအဆ မှန်ပါတယ်လို့ မပြောသလို၊ စကားအနိုင်ရဖို့ ငြင်းဖို့ခုန်ဖို့ အစဆွဲတာ မဟုတ်ပါ။ အတွေ့အကြုံနဲ့ တွေးမိသမျှကို share တာပါပဲ။ တစ်ခုပြောချင်တာက စိတ်အနှောက်အယှက် ဖြစ်စေလိုတဲ့ ဆန္ဒမရှိပါကြောင်းနဲ့ မနှစ်သက်ပါက အပြစ်တော်မယူဘဲ ခွင့်လွှတ်နားလည် မေ့ပျောက်ပါစေကြောင်း နိဒါန်းသွယ်လိုက်ပါရစေလား။