လူမိုက်သည် လူယုတ်မာ၏ နောက်လိုက် (သို့) အောက်ဆွဲ ဖြစ်သည်။
လူအေးသည် လူယုတ်မာအတွက် ကစားစရာအရုပ် ဖြစ်သည်။
လူယုတ်မာသည် ဉာဏ်များသည်။ မာယာများသည်။ အမှန်အမှားကို ဝေဝါးရှုပ်ထွေးအောင် နည်းလမ်းမျိုးစုံဖြင့် လုပ်သည်။ သို့မှသာ သူယုတ်မာသည်များကို ဖုံးကွယ်နိုင်မည်။ လူတွေ မျက်စေ့လည်မည် ဖြစ်သည်။
အဆောက်အဦးတစ်ခုကို တည်ဆောက်ရာ၌ နည်းပညာသုံးရသည်။ စံနစ်ကျရသည်။ နည်းမှန် လမ်းမှန် တည်ဆောက်ရသည်။ လှပအောင် တည်ဆောက်ရသည်။ ကြံ့ခိုင်အောင် တည်ဆောက်ရသည်။ ထို့အတွက် ရက်ပေါင်း လပေါင်းများစွာ ကြာအောင် ဆောက်ရသည်။ သို့သော်….
ဖျက်ဆီးချင်လျှင် ဗုံးတစ်လုံးတည်းနှင့် မိနစ်ပိုင်းအတွင်း ပြားပြားဝပ်သွားအောင် ဖျက်ဆီးပစ်လို့ရသည်။ လေယာဉ်ဖြင့် ဝင်တိုက်ဖျက်ဆီးခံရသော အမေရိကန် World Trade Center သည် ထင်ရှားသော ဥပမာတစ်ခုဖြစ်သည်။