Friday, February 20, 2015

Dragon Blade၊ ဂျက်ကီချမ်း၊ ဟစ်တလာနဲ့ အမျိုးသားရေး




 အခုရုံတင်ထားတဲ့ Dragon Blade ဆိုတဲ့ ဂျက်ကီချမ်းကားသစ်ကို မနေ့က သွားကြည့်ဖြစ်ပါတယ်။ ဇာတ်လမ်းရော၊ ရိုက်ကူးတင်ဆက်ပုံတွေပါ ကောင်းလွန်းသလို အဲဒီ နည်းပညာတွေ၊ တင်ဆက်ပုံတွေထက် ရင်ကိုစွဲငြိစေတာကတော့ ငြိမ်းချမ်းရေးကို ရှေးရှုတဲ့ ဂျက်ကီချမ်းရဲ့ အိုင်ဒီယာနဲ့ စိတ်ဓါတ်ပါ။ အဲဒီဇာတ်ကားကို ကြည့်ပြီးအပြန်မှာ တွေးစရာတွေ ပါလာခဲ့ပါတယ်။

ဇာတ်လမ်းအရ ရောမနန်းတွင်းအရှုပ်တော်ပုံကြောင့် ရောမ စစ်သူကြီး Lucius (John Cusack) နဲ့ အသက်အရွယ်ငယ်ရွယ်လွန်းသေးတဲ့ အပြင် အစ်ကိုဖြစ်သူရဲ့ လုပ်ကြံမှုကြောင့် မျက်စိ ၂ လုံးစလုံး ကွယ်နေရှာတဲ့ မင်းသားလေးဟာ သူတို့မြို့ကနေ ထွက်ပြေးလာကြရင်း စားနပ်ရိက္ခာနဲ့ ဆေးဝါး လိုအပ်ချက်တွေကြောင့် ခပ်ညံ့ညံ့အရာရှိတစ်ယောက် ဦးဆောင်တဲ့ တရုတ်နယ်စပ်မြို့သစ်ကို သိမ်းယူဖို့ ကြိုးစားကြပါတယ်။ တရုတ်အရာရှိဟာ ရောမတွေ လက်ထဲကို အလွယ်တကူနဲ့ ကျသွားပေမဲ့ အဲဒီမြို့သစ်တည်ဆေက်ရေးကို ရဲဘက်အဖြစ် အပို့ခံရတဲ့ Huo An (ဂျက်ကီချမ်း) က ဦးဆောင်ပြီး ရောမစစ်သူကြီးနဲ့ တစ်ယောက်ချင်း တိုက်ကြပါတယ်။ တိုက်နေကြတုန်း သဲမုန်တိုင်းကျလာတာမို့ Huo An က မတိုက်ကြဘဲ ငြိမ်းငြိမ်းချမ်းချမ်း လက်နက်ချပြီး မြို့ထဲဝင်လိုက်ခဲ့ရင် လိုအပ်တဲ့အကူအညီတွေ ပေးမယ်လို့ ကမ်းလှမ်းပါတယ်။

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...