Wednesday, April 29, 2015

ဆူနာမီနှင့် ပြင်ပ ဂြိုလ်သား (ရေးသူ- Andrew Soe)



(ဆရာ Andrew Soe ၏ ခွင့်ပြုချက်ဖြင့် ဖေါ်ပြပါသည်။)


၁၁ မတ်လ ၂၀၁၁
သောကြာနေ့၊ ဂျပန် နိုင်ငံ။

အရှေ့မြောက်ဖက် ဂျပန် ကမ်းရိုးတန်းမှ ၄၃-မိုင် အကွာ ပင်လယ်ကြမ်းပြင်မှ ရုတ်တရတ် ကြီးမားစွာ ပေါက်ကွဲမှုကြောင့် ၈. ၉ မဂ္ဂနီကျူဒ် ပြင်းအားရှိ မြေငလျင်ကို ဖြစ်ပေါ် စေခဲ့ပါတယ်။ မိုင် ၂၀၀ အကွာအဝေးမှာ ရှိသော တိုကျိုမြို့ရှိ အဆောက်အဦးများ ပြင်းပြင်းထန်ထန် လှုပ်ခါခဲ့တယ်။
မြေငလျင်လှုပ်ပြီး မိနစ် (၃၀) အကြာမှာ ဂျပန် မြောက်ဖက် ကမ်းခြေကို ပေ ( ၃၀ ) အမြင့်ရှိ ဆူနာမီ ရေလှိုင်း ရိုက်ခတ်ခြင်းခံခဲ့ရပြီး ကုန်းမြေ အတွင်းပိုင်း ( ၆ ) မိုင် အထိ ရေလှိုင်း ရောက်ရှိခဲ့၍ ရေလမ်းကြောင်းဖြတ်ရာအတွင်း ရှိသမျှ အရာ အားလုံး လူနေ တိုက်တာ အဆောက်အဦး အစ သင်္ဘောကြီးငယ်မော်တော်ကား၊ လေယဉ်ပါမချန်
တံမြက်စီး လှဲသလို ရှင်းလင်း ဖျက်ဆီးပစ်ခဲ့တယ်။ တရားဝင် သတင်း ထုတ်ပြန်ချက် အရ လူပေါင်း ၁၉,၀၀၀ ဦး အသက် ဆုံးရှုံးခဲ့ရပါတယ်။

ကျိုတို သတင်း အေဂျင်စီ အရ ဆူနာမီ ဖြစ်ပြီး ရက်ပိုင်း အတွင်းမှာ ထောင် နှင့် ချီသော UFO (သို့) အမျိုးအမည်မသိ ပျံသန်းနေသော ယဉ်များ ဂျပန်နိုင်ငံ ကောင်းကင်ယံမှာ မြင်ရတယ်လို့ ထုတ်ပြန်ခဲ့တယ်။ အကယ်၍ အဲဒီ သတင်းမှန်ခဲ့လျင် ဘာကိုဆိုလိုချင်တာလဲ၊ တွေးတော သိချင်စရာပါ။
အခြား ကမ႓ာမှ ဂြိုလ်သားများက မိမိတို့ လူသားများ ဒုက္ခရောက် သေကျေပျက်စီး နေတာတွေကို စိတ်ဝင်တစား ကျေကျနပ်နပ်ကြီး လာကြည့်တာလား၊ စပ်စပ်
စုစု စူးစမ်း လေ့လာတာလား၊ ဒါမှမဟုတ် သူတို့ကိုယ်တိုင်ဘဲ သေစေချင်လို့ ဆူနာမီ ဖြစ်အောင် ဖန်တီးခဲ့တာလား၊ လူသားတွေ လိုက်မမီ နိုင်တဲ့ အဆင့်မြင့်
ပညာစွမ်းအားတွေ ရှိကြသည်မို့ မဖြစ်နိုင်ဘူး ပြောရန်လည်း ခက်သလို ဟုတ်တယ်ဆိုပြန်လျင်လည်း လူရီစရာ ဖြစ်နိုင်တာမို့ဒီထက်ပြည့်စုံပြီး ထင်သာမြင်
သာ ရှိသောသက်သေတွေ ရှိ မရှိ ရှာဖွေ ကြည့်ကြရအောင်ပါ။


Tuesday, April 28, 2015

စကြာဝဠာအတွင်းရှိ ဂြိုလ်သား (Alien) များနှင့် ပတ်သက်၍ (ရေးသူ- Andrew Soe)




နာဆာ (NASA) နှင့် အခြား ကမ႓ာမှသက်ရှိများ



၂၀ ဇူလိုင် ၁၉၆၉ ခုနှစ်မှာ အမေရိကန် အာကာသယဉ်မှူးနှစ်ဦး ဖြစ်တဲ့ Neil Armastrong နှင့် Edwin "Buzz" Aldrin တို့လကမ႓ာပေါ် ပထမဆုံးခြေချသည့် လူသား နှစ်ဦး ဖြစ်လာခဲ့ပါသည်။ လပေါ် ပထမဆုံး ခြေလှမ်းချ ခဲ့သည့် Armastrong က "ဒီခြေလှမ်းဟာ ခြေလှမ်းငယ် တခုဖြစ်ပေမဲ့ လူသားထု တစ်ရပ်လုံးရဲ့ ကြီးမားတဲ့ အောင်မြင်မှုကြီး" လို့ အမွှန်းတင်ခဲ့ပါတယ်။ ဒုတိယ ဆင်းတဲ့ Buzz ရဲ့ မှတ်ချက်ကတော့ "ကျွနု်ပ်တို့နိုင်ငံခြားသားများဟာ ၂၀ ဇူလိုင် ၆၉ မှာ အံ့မခန်း လူသား အစွမ်းအစကြောင့် ရုတ်တရက် ဧဒင်ဥယဉ်ထဲ ရောက်ရှိခဲ့ပါပြီ" လို့ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အဲဒီ့ သူရဲကောင်း နှစ်ယောက် လပေါ်ရောက်ရှိဖို့မြေပြင်ပေါ်မှာ လူပေါင်း ထောင်ပေါင်းများစွာကြိုးပမ်း အားထုတ်ခဲ့ကြရပါတယ်။ နည်းပညာဆိုင်ရာ တီထွင်မှုများအပြင် လပေါ်
ဆင်းသက်မည့် အချိန်နေရာ အစီအစဉ် အတိအကျရေးဆွဲ ပုံစံချပြီး ပြိုင်တူ ဝိုင်းမတင်လိုက်ကြတာလည်းဖြစ်သလို သိပ္ပံပညာ၏ အံ့မခန်းတိုးတက် မြင့်မားမှုလို့ဆိုရင်လည်း မှားမည်မဟုတ်ပါ။ သူတို့ နှစ်ယောက် လမျက်နှာပြင်ပေါ် နှစ် နာရီခွဲကြာအောင်နေခဲ့ကြပြီး လပေါ် လမ်းလျှောက်ပြေးလွှားတာ ကျောက်တုံး ကျောက်ခဲတွေစုဆောင်းတာအပြင် အမေရိကန် အလံ စိုက်ထူတာက အစ ဗီဒီယိုကတဆင့် ကမ႓ာကို ပြခဲ့ပေမဲ့ ကင်မရာအကွယ်မှာတော့သူတို့ရဲ့ Top Secret Mission အရ ဘာတွေ လုပ်ခဲ့သလဲ မပြခဲ့ပါ။



Monday, April 27, 2015

အနုမြူ နှင့် ဂြိုလ်သား ပတ်သက်မှု (ရေးသူ - Andrew Soe)

 (ဆရာ Andrew Soe ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖေါ်ပြပါသည်။ အပိုင်းမခွဲဘဲ တစ်ဆက်တည်း ဖေါ်ပြသွားမည်ဖြစ်ပြီး ဆရာထပ်ရေးသ၍ ထပ်ပေါင်းထည့်သွားမည် ဖြစ်ပါသည်။)


၁၆ ဇူလိုင် ၁၉၄၅ မနက်လင်းအားကြီး မှာ သဲဖြူဖျာခင်းသကဲ့သို့ ဖြစ်နေတဲ့ အယ်လ်မ်မက်ဂေါ်ဒိုး ၊ နယူးမက္ကဆီကို က သဲကန္တာရ မှာ အင်အားအပြင်းဆုံး လက်နက် ဖောက်ခွဲစမ်းသပ် တာ စောင့်ကြည့်ရန် သိပ္ပံပညာရှင်များ နှင့် စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ် များ စုရုံးရောက်ရှိနေကြတယ်။ အချို့ က စမ်းသပ်မှု လုံးဝ အောင်မြင်မည် မဟုတ် ဟု ယုံကြည်ကြသလို အချို့ က နယူးမက္ကဆီကို ပြည်နယ်တစ်ခုလုံး ပျက်စီးနိုင်တယ် လို့ ယုံကြည်တယ်။

ဘာတစ်ခု မှ မသေချာ မရေရာတာမို့ ဖောက်ခွဲစောင့်ကြည့် စခန်းကိုတောင် ၁၀ မိုင် မှ မိုင် ၂၀ အတွင်းမှာ ဆောက်တည်ထားရှိတယ်။ အချိန် အတိအကျ ပြောရရင် လင်းအားကြီးမနက် ၅-နာရီ ၂၉ မိနစ် ၄၅ စက္ကန့် တိတိမှာ ကမ႓ာ့ ပထမဆုံး အနုမြူဗုံးစံနက်တန် ကို ၃ , ၂ , ၁ ဖိုင်းယား ဆိုပြီး မီးရှို့လိုက်တော့တယ်။

တီအန်တီ ယမ်း ၂၀, ၀၀၀ ပြင်းအားနဲ့ ညီမျှ တဲ့ ပေါက်ကွဲမှုဟာ ပေ ၆၀၀-ကျော်ကျယ် တဲ့ မီးလုံးကြီး ကို စတင်ထုတ်လွှတ်လောင်ကျွမ်းပြီး မှိုပွင့်သဏ္ဌန် မီးခိုးလုံး မိုးတိမ်ကြီး တစ်ခု အမြင့် ၇-မိုင် ထိ ကောင်းကင်ကို ထိုးဖောက်တက် သွားသလို မိုင် ၁၀၀ အကွာအဝေး က တောင် ပေါက်ကွဲမှုအရှိန် ကို ခံစားသိရှိရတယ်။

ကမ႓ာကြီး ဟာ အားအပြင်းဆုံး လက်နက် အသစ်အဆန်း တစ်ခု ကို လက်ခံရရှိလိုက်ပါပြီ။ ဒီလို ကြောက်စရာကောင်းလှတဲ့ လက်နက်ကြီး ကို ဖန်တီးခဲ့တဲ့ သူကတော့ ဒေါက်တာ ရောဘတ် အိုပင်ဟိုင်းမား ( Dr. Robert Oppenheimer ) ဖြစ်ပြီး သူကိုယ်တိုင် အံ့ဩထိတ်လန့် တုန်လှုပ်စွာ နဲ့ "လူအချို့ရီ(ရယ်)တယ် ၊ အချို့ ငိုကြတယ် ဒါပေမဲ့ အများစုက တော့ တိတ်ဆိတ် ငြိမ်သက် လျှက်ရှိတယ်" လို့ မှတ်ချက်ချခဲ့တယ်။

Sunday, April 26, 2015

ပြောရင်းရောင်းရင်း Marketing MLM (နောက်ဆက်တွဲ နိဂုံး)




တိမ်ပြာပြာနေ့တစ်နေ့ ဆန်းဒေးမှာ ဖြစ်ပါသည်။

စင်ကာပူ Keppel သင်္ဘောကျင်းအတွင်း မိုးရွာလျှင်အလွန်အေး၍ နေပူလျှင် အလွန်ပူသော သဘာဝနှင့် နီးစပ်အောင် ဒီဇိုင်းလုပ်ထားသည့် အဆင့်မြင့် အဲယားကွန်း ကွန်တိန်နာရုံးခန်းလေး တစ်ခုထဲ၌ မြန်မာ အင်ဂျင်နီယာ ၂ ဦး ချွေးလေးတစိုစိုနှင့် မကောင်းတတ်၍ လုပ်ရသော အချိန်ပိုအလုပ်များကို လုပ်ရင်း အချိန်ပိုနေကြသဖြင့် ရောက်တတ်ရာရာ ပြောနေကြလေသည်။ သူတို့ ၂ ဦးအနက် တစ်ဦးမှာ သင်္ဘောသားဘဝမှ သင်္ဘောကျင်းအရာရှိ ဖြစ်လာသော သင်္ဘောနွယ်ဝင် သူဋ္ဌေးမင်းတစ်ယောက် ဖြစ်လျှက် မြို့တော် မဟာရန်ကုန်တဝိုက်ရှိ မြေအတော်များများကို ပိုင်ဆိုင်ရုံမက စီးတော်ယဉ် အများအပြားကိုပါ ထည်လဲမထပ်စီးနိုင်သော ခရိုမနီတနီ ခရိုပန်းရောင် တစ်ယောက် ဖြစ်လေသည်။ သူနှင့် စကားပြောနေသော အင်ဂျင်နီယာကား အလွန်တရာမှ တောင်စပ်စပ် မြောက်စပ်စပ် လုပ်တတ်၍ ဘာမှ ဖြစ်ဖြစ်မြောက်မြောက်မရှိသော ဘလော့ဂါတစ်ယောက် ဖြစ်လေသည်။

အခုလည်း သူကြုံဖူးသော MLM တစ်ခုအကြောင်းကို သူဋ္ဌေးအင်ဂျင်နီယာအား ပြောပြနေခြင်း ဖြစ်လေသည်။ သူပြောသမျှအားလုံးမှာ စာရှုသူများ ရှေ့အပိုင်းများတွင် ဖတ်ခဲ့ပြီးဖြစ်၍ ပြန်မပြောတော့ပါ။

“MLM တွေ တွေ့ဖူးသမျှထဲမှာတော့ လိမ်စရာရှိ အကြီးကြီးလိမ် ဆိုတာ အခုကျနော်ပြောတဲ့ ကုမ္ပဏီမှ အစစ်ဗျ…”..


“အေးဗျ…. ကျနော်လည်း မြန်မာပြည်မှာ ကြုံဖူးသေးတယ်…. အဲဒါ ဒီကုမ္ပဏီပဲ ထင်တယ်ဗျ….”

“ဟုတ်လား… ကျနော် ကြားတော့ ကြားတယ်ဗျ…. မြန်မာပြည်က Summit Parkview Hotel မှာ Seminar တွေဘာတွေ ကြီးကြီးကျယ်ကျယ် လုပ်ပြီး လူတစ်ယောက်ကို သိန်း ၁၅၀ နှုန်းနဲ့ လူ ၃၀ ကို ဆိုလား ၄၀ ကို ဆိုလား လိမ်သွားတယ်ဆိုတာတော့ ကြားလိုက်သေးတယ်…”

 

Tuesday, April 7, 2015

ပြောရင်းရောင်းရင်း Marketing MLM (အပိုင်း-၇)





ပျောက်ဆုံးသွားသော Thumb drive ထဲတွင် ကြိုးစားပမ်းစားရေးထားသော အပိုင်း-၇ တစ်ပိုင်းလုံးပါသွားသဖြင့် ငုတ်နေသောဖီးလ်ကို အတော်ပင် ကြိုးစားနှိုးပြီးဆက်ရေးလိုက်ပါသည်။

ပြီးခဲ့သောအပိုင်း (၆) တွင် အဆုံးသတ်ခဲ့သော ...သို့သော်… ကပင် ပြန်စပါမည်။

သို့သော်….
မရိုးမသားဖမ်းစားမှုတွေ ဒင်းကြမ်းဖြစ်နေသောသူတို့ထဲမှ ပြန်ရုန်းထွက်ဖို့ရာပြောသလောက် မလွယ်ပါ။ ပြီးခဲ့သည့် တစ်လတာအတွင်းရခဲ့သော ဒေတာတွေက ဤကိစ္စသည် ဥပဒေကို လက်တစ်လုံးခြား စံနစ်တကျ လိမ်လည်နေသည်ကို ညွှန်ပြနေသည်။ လူတွေကိုအရှိန်အဝါတွေ အမျိုးမျိုးသုံးပြီးမရိုးသားမှုတွေကိုမမြင်နိုင် ဝေဝါးအောင် အမျိုးမျိုးဖန်တီးထားသော တကဲ့ပင့်ကူအိမ် (Network) တစ်ခုမှန်းကျနော် သိပြီဆိုသော်လည်း ကျနော့သူငယ်ချင်းလင်မယားက မမြင်နိုင်သေး။ အဲဒီအချိန်မှာ ပြောလို့လည်း လက်ခံမည် မဟုတ်မှန်း ကျနော်သိသည်။

သို့တည်းမဟုတ် မြင်လျှင်သိလျှင်တောင်မှ ဒေါ်လာတစ်သောင်းလေးထောင်တည်းဟူသော ချွေးနည်းစာကို ပြန်ရဖို့အရေး သူတို့ရနိုင်သ၍ ကြိုးစားသည်ကို နားလည်ပေးနိုင်ပါသည်။ မည်မျှ ပူပန်လိုက်မည်နည်း။ ကျနော့အတွက် ပြန်လည်ဆုတ်ခွာရေးမှာ အဟန့်အတားဖြစ်နေတာကလည်းသူတို့ လင်မယား၏ မျက်နှာတွေ ဖြစ်သည်။

MLM စံနစ်၏ အဆိုးရွားဆုံးနှင့် အယုတ်မာဆုံးဟု ကျနော်ယူဆသော အပိုင်းကလည်း မိတ်ဆွေများ၏ ခင်မင်မှုအပေါ် ဝင်ပြီး အမြတ်ထုတ်သည့်ကိစ္စဖြစ်သည်။ ဥပမာအားဖြင့် ကျနော်ယခု ကြုံတွေ့နေရသည့် အခြေအနေကို ခံစားကြည့်ပါ။

ကျနော့သူငယ်ချင်းလင်မယားသည် ကျနော့အပေါ် လိမ်လည်ဖို့ ကြံစည်နေခြင်း မဟုတ်ပါ။ သူတို့စိတ်ထဲတွင် တရားသဖြင့်လုပ်သော စီးပွားရေးတစ်ခုဟု ယုံကြည်နေမှာ သေချာသလောက် ဖြစ်ပါသည်။ မရိုးမသားကိစ္စများ ပါလာသည်ကို တွေ့သည့်အခါလည်း စီးပွားရေးလုပ်တယ်ဆိုတာ ဒီလောက်တော့ ရှိမှာပေါ့ဟုတွေးကောင်းတွေးနိုင်ပါသည်။ ဤကဲ့သို့ တွေးအောင်လည်း အခြေအနေတွေက တွန်းပို့ထားသည်ပဲ။

 ပထမအချက်က ကိုယ့်ကိုယ်ကို တကဲ့ လူငယ်စီးပွားရေးသမားတစ်ယောက်အဖြစ် အထင်ရောက်စေအောင် ပုံဖေါ်ထားသည်။ အချိန်တိုနှင့် သူဋ္ဌေးဖြစ်မည်ဆိုသည့် ယုံကြည်ချက်ကိုထည့်ပေးထားသည်။ Sport type ကားများ၊ ဟိုတယ်ကြီးများနှင့် ဇိမ်ခံပစ္စည်းများကို မကြာခင် လက်လှမ်းမီတော့မည့် အရာများအဖြစ် ထင်အောင် ဖန်တီးထားသည်။ ဒီလိုတွေ ဖြစ်ဖို့ ဒီလောက်တော့ ရင်းရမှာပေါ့ဆိုသည့် အတွေးမျိုးနှင့် စိတ်ကူးလေးတယဉ်ယဉ် ဖြစ်အောင် ဖန်တီးပြထားသည်။ ကိုယ်လုပ်နေတာမှန်တယ်ဟုယုံကြည်စေဖို့ ပညာတတ်များ၊ Celebrities များ၊ ချမ်းသာသူများနှင့် ဖွဲ့စည်းပြထားသည်။

မဖြစ်နိုင်တာမရှိ၊ မဖြစ်သေးတာသာရှိသည်မှာမှန်သော်လည်း ဖြစ်အောင်လုပ်မည့် နည်းလမ်းသည် မှန်ကန်ဖို့ လိုပါသည်။ ဖြတ်လမ်းနည်းများသည် အန္တရာယ်များလှသည်ကိုသတိချပ်ရပါလိမ့်မည်။

သူတို့ထဲမှ မျက်နှာချိုချိုနှင့် ရိုးသားဟန်ရှိသောတစ်ယောက်ကို ကျနော် မျက်မှန်းတန်းမိအောင် အနည်းငယ် အားထုတ်လိုက်ပါသည်။ နောက်တော့ သူ့အိမ်အောက်က ကော်ဖီဆိုင်မှာ ချိန်းလိုက်ပါသည်။ အမှန်တော့ ကုမ္ပဏီစည်းကမ်းအရဆိုလျှင် ဒါမျိုးလုပ်လို့ မရပါ။

တစ်ယောက်ကခေါ်လာသောသူဆိုလျှင် နောက်တစ်ယောက်ကအမျိုးအရင်းပင် ဖြစ်လင့်ကစားခေါ်ခွင့်မရှိပါ။
သို့သော် မြန်မာအချင်းချင်းပေပဲ။ အဲဒီမှာသူနှင့်ကျနော် စကားတွေ ပြောကြသည်။ သူ့မျက်နှာသည် ကုမ္ပဏီပွဲများတွင် ရှင်းပြနေတုန်းကလို သွက်လက်မြူးကြွသောဟန် မဟုတ်တော့။ စိတ်ပျက်အားလျော့သော မျက်နှာနှင့် ဖြည်းဖြည်းချင်းရင်ဖွင့်ရှာပါသည်။



“ကျနော်လည်း အစကတော့ ၃ ယောက်ရှာလို့ ရရင်ပြီးပြီလို့ တွက်ပြီးကိုယ့်ရှိတာလေးနဲ့ အမျိုးတွေဆီက လှည့်ပတ်ချေးပြီး ထည့်လိုက်တာပဲဗျာ….”

“အခုဘယ်နှစ်ယောက် ရပြီလဲ….”

“ပြောရရင်တော့ တစ်ယောက်မှ မရသေးပါဘူးဗျာ…”

“ဟမ်…. ဘယ်လောက် ကြာနေပြီလဲ….”

“၆ လ ပြည့်ခါနီးပြီ… အခုလာမဲ့ ၅ ရက်နေ့ဆို ၆ လ ပြည့်ပြီပေါ့ဗျာ…”

“ဟင်…. ဒါဆိုပိုက်ဆံတွေက တစ်ပြားမှ ပြန်မရသေးဘူးပေါ့…. သူတို့ပေးတဲ့ ပစ္စည်းတွေရော ပြန်ရောင်းလို့ မရဘူးလား…..”

“အင်း…. အဲလိုပဲပြောရမှာပဲ… ဒီဈေးနှုန်းတွေနဲ့ ပြန်ရောင်းလို့ ဘယ်သူကဝယ်မှာလဲဗျာ…. တကဲ့တကယ်မှာ Market ရဲ့ ၂၀% တောင် ရောင်းအားမရှိပါဘူးဗျာ…. အများအားဖြင့် သုံးတဲ့သူတွေဆိုတာလည်း ရှုဆေးလောက် ဝယ်ကြတာပါဗျာ… ဧည့်ခန်းထဲ အဲဒီအမွှေးဆီ ပုလင်းကြီး တင်ပြီး ပြထားရင်လည်း ကျနော်တို့ဆီကလူလို့သာ မှတ်ပေါ့ဗျာ… ဘာကြောင့်လည်း ဆိုတော့ တစ်သောင်းခွဲဖိုးကြီး ဝယ်ပြီး ဘယ်မှ ရောင်းစားမရတဲ့နောက်တော့ အိမ်မှာတင်ပြပြီး ကြွားရုံရှိတာပဲလေ…. ကြော်ငြာလိုလို ဘာလိုလိုပေါ့…. ကျနော့ ပိုက်ဆံကတော့ ဆုံးပြီလို့ ပြောရမလိုတောင် ဖြစ်နေပါပြီ…”

“စိတ်မကောင်းလိုက်တာဗျာ…. ကျနော်ကခင်ဗျားတို့ကို ဟိုမှာတွေ့ရင် ပြုံးလို့ပျော်လို့ဆိုတော့ အဆင်ပြေတယ် မှတ်နေတာ….”

သူက ဟက်ကနဲ တစ်ချက်ရယ်သည်။

“အဲဒီလိုမှ ပြုံးပျော်မနေရင် ကျနော် နောက်လူခေါ်လို့ ဘယ်ရတော့မလဲဗျာ….”

စိတ်ထဲက တွေးလိုက်မိသည်။
 “အင်း… ဒါလည်းဟုတ်တာပဲ… လူခေါ်လို့ မရရင် ကိုယ်အရင်းလေးလည်းဘယ်ပြန်လာပါတော့မလဲလေ…”

သူတင်မဟုတ်၊ အားလုံးသောသူတို့ အပြုံးက ဒေါ်လာသောင်းလေးထောင်တန် အပြုံးမှန်းကျနော်ဆိုသည့် ငတုံးကခုမှ ရိပ်စားမိသည်။ သြော်…. ဒါကြောင့် ပျော်ရွှင်နေကြတာကိုး။ ခုတော့ ကျနော်သိပါပြီ။

တကယ်တော့ ကျနော့ကို သူပြောပြတာကလည်း ပြန်မရနိုင်တော့ဟု ယုံကြည်ရသလောက် ဖြစ်နေခြင်းကြောင့် တစ်ကြောင်း၊ ရင်ထဲက အောင့်ထားသမျှကို လွှတ်ချခြင်းလည်း တစ်ကြောင်း ဖြစ်ပါလိမ့်မည်။ ဤကိစ္စက ခံရလျှင်တောင် လူကြားထဲ မပြောဘဲ လျှိုထားပြီး အံကြိတ်ကာ တိတ်တိတ်လေး ခံမည့်သူက အများစုဖြစ်သည်။

အကြောင်းမှာ နောက်ထပ် ကိုယ်လို သားကောင်လောင်းလျာများ မရတော့လျှင် ကိုယ့်အရင်းလေး ဆုံးမည်ကတစ်ကြောင်း၊ လူတို့ရဲ့ သဘောကလည်း အခုလို အစအဆုံး တစ်ထိုင်တည်း ပြောလျှင်သာ ဒါက ဒီလို၊ ဟိုဟာက ဟိုလို နှင့် လိမ်ကွက်တွေကို အာဘောင်အာရင်းသန်သန်နှင့် ပြော၍ ကောင်းမည်ဖြစ်သော်လည်း တစ်ဆင့်ချင်း တကယ်ကြုံနေရသည့်သူအနေနှင့် အဲဒီလောက် ရိပ်မိဖို့ မလွယ်ကြောင်း ကိုယ်တိုင်ကြုံမှ သဘောပေါက်နိုင်ပါလိမ့်မည်။

 နို့မဟုတ်ပါက ဖြစ်စဉ်အစအဆုံး တစ်ထိုင်တည်း နားထောင်ပြီး အ… တာကိုး…. နုံတာကိုး…. လောဘကြီးတာကိုး…. ငါတို့ကို ဒါမျိုးလာလုပ်လို့ ဘယ်ရမလဲ…. ဘယ်အချိန်တုန်းထဲက သိသင့်တာပေါ့….. ဘာပုညာပုနှင့် ခံရ၍ စိတ်မသက်သာရသည့်ကြားထဲ ပွားများပြစ်တင်ခြင်းနှင့် ကိုယ်ရည်သွေးခြင်းများကို ခံရဖွယ် များသည်ကြောင့် ခံရလည်း အံကြိတ်ကာ ဆက်ခံကြခြင်း ဖြစ်ချေသည် တမုံ့။



နောက်တစ်ဖန် အတည်ပြု၍ မရသော သတင်းတချို့ကိုလည်း ရှာရင်းဖွေရင်း မွှေရင်းနှောက်ရင်း သိလာရပါသည်။ ထိုင်ဝမ်အခြေစိုက် ဤကုမ္ပဏီသည် ဗီယင်နမ်တက္ကသိုလ်တစ်ခုမှ ပါမောက္ခနှင့် ကျောင်းသား အယောက် ၄၀ တို့ကို စပွန်ဆာပေးပြီး ဤစံနစ်ကို ဆောက်ခိုင်းသည်ဟု ဆိုပါသည်။ Brain Storming ဟု လူသိများသော ဆရာကျော်ဝင်းဘာသာပြန်သလို ပြောရလျှင် ဦးနှောက်မုန်တိုင်းဆင်လျှက် ပေါ်လာနိုင်သော မေးခွန်းများကို ဝိုင်းဝန်းထုတ်ကြပါသတဲ့။ ထို့နောက်မှ မည်သို့ ဖြေမည်ဆိုသည့် သင့်လျှော်ရာ အဖြေများကို ဝိုင်းဝန်းစဉ်းစား ပြင်ဆင်ကြပါသတဲ့။ 

အချဉ်မဟုတ်သော လူ ၄၀ ဝိုင်းဝန်း စဉ်းစားအဖြေရှာပြီး သေချာစွာပြင်ဆင်ထားသော မေးခွန်းနှင့် အဖြေများကို ဦးဆုံးသော Founder နှင့် Leader များက သေချာစွာ လေ့ကျင့်ပြီးမှ လုပ်ငန်းကို စတင်သည်ဟု ဆိုပါသည်။ ဆိုလိုသည်မှာ မည်သို့မေးလျှင် မည်သို့ဖြေမည်ဆိုသည့် အခြေခံမူများကို လူ ၄၀ မှ ထောင့်စေ့အောင် စဉ်းစားပြင်ဆင်ထားလေရာ သူတို့နှင့် ရင်ဆိုင်ရသော သူများမှာ လူ ၄၀ ခေါင်းနှင့် လူတစ်ယောက်ခေါင်း ယှဉ်ရသည့်သဘောဟု ဆိုနိုင်ပါသည်။

ပိုဆိုးသည်က အစတွင် ကျနော်ပြောခဲ့သလို မိတ်ဆွေများ၏ ခင်မင်မှုနှင့် ယုံကြည်မှုပေါ်တွင် ဤစံနစ်ကို တင်ပြီး Run လိုက်သောအခါ အများစု ဒန်တန့်တန် တွေ ဖြစ်ကုန်တာ မဆန်းတော့ပါ။ တကယ်လည်း Founder များနှင့် ထိပ်သီးများ ချမ်းသာကြမည်မှာလည်း မြေကြီးလက်ခတ်မလွဲပါ။ ထို့ကြောင့်ပင် ခံရသူများကိုလည်း ကျနော် အပြစ်မပြော။

ထားတော့။ အစက သို့သော်.. ကို ဒုတိယအကြိမ် ပြန်ဆက်လိုက်ဦးမည်။
ဤအသိုင်းအဝန်းမှ ပြန်ထွက်ဖို့ရာ နည်းလမ်းရှာရသည်။ အထွက်မတော်လျှင် မိတ်ဆွေအပေါင်းအသင်းကိုပါ ဆုံးရှုံးနိုင်ဖွယ်ရှိသည်။ ပိုဆိုးသည်က ဤသူငယ်ချင်း မိန်းကလေးသည် ကျနော့ကို ကူညီဖူးသော ကျေးဇူးရှိလေရကား ပို၍ပင် မျက်နှာပျက်ဖွယ်ရာ ရှိသည်မဟုတ်လော။ ဤဘာမဟုတ်သော ကိစ္စကြောင့် မိတ်ဆွေတွေ ဆုံးရှုံးရမည့်ကိစ္စကား မတန်မရာကိစ္စသာ ဖြစ်သည်ဟု ယူဆသည့်အလျှောက် သေသေသပ်သပ် ပြန်လည်ဆုတ်ခွါဖို့ နည်းလမ်းရှာရသည်။

ကံအားလျှော်စွာ သူငယ်ချင်းတစ်ယောက်နှင့် တွေ့သည်။ သူ့အဖေက သင်္ဘောသား။ သူ့အဖေ သင်္ဘော စင်ကာပူကိုဝင်တော့ သူ့ကို အမေရိကန်ဒေါ်လာ တစ်သောင်းခွဲ ပေးသွားသည်။ ပေးသည့် ရည်ရွယ်ချက်က မြန်မာပြည်ရှိ သူ့အမေဆီကို ပို့ချင်ပို့၊ ကျောင်းတက်ချင်တက်၊ စီးပွားရေးတစ်ခု လုပ်ချင်လုပ် ဆိုပြီး ပေးသွားသည်တဲ့။ အနှီဆရာသမားကလည်း ပေါ့ပေါ့မဟုတ်။ ပေါ့ပေါ့မဟုတ်ဟု ဆိုခြင်းမှာ လေးသောကြောင့် ဖြစ်လေ၏။ အကြောင်းမူကား ဝတုတ် ဖြစ်သောကြောင့်ဖြစ်လေ၏။ ထိုမှတစ်ပါး မပေါ့သော နောက်တစ်ချက်ကား နောင်သောအခါ ထိုဒေါ်လာတစ်သောင်းခွဲလုံးကို အရက်သောက်၊ ဖဲရိုက်၊ ဖါချ၊ လောင်းကစားလုပ်လျှက် အကျိုးရှိရှိသုံးလိုက်သော အနာဂတ်၏ သားကောင်းရတနာတစ်ယောက်လည်း ဖြစ်ခြင်းကြောင့် ဖြစ်လေ၏။

သူနှင့် ဟိုလင်မယားလည်း ခင်မင်ရင်း ရှိကြပါသည်။ လောလောဆယ်တော့ သူ့ကို ပြောရသည်။

“ဘာမှ လုပ်ဖို့တော့ မဟုတ်ဘူး… ဗဟုသုတတော့ ရတာပေါ့… ငါနဲ့ လိုက်မလား…. Money Game ကစားတဲ့သူတွေကို ပြမလို့….”

“လိုက်မယ်လေ…. ငါ ဘာလုပ်ရမှာလဲ…. ပိုက်ဆံတော့ ရှိတယ်…”

“ငင့်… နေပါ…. မင်းပိုက်ဆံရှိတာ ငါတင်မဟုတ်ဘူး… ကျန်တဲ့သူတွေပါ သိတယ်… တရွရွ လုပ်မနေနဲ့… အခုလည်း မင်းမှာ ပိုက်ဆံရှိတာ သူတို့သိတယ်… ဒါပေမဲ့ ငါမပြောဘဲနဲ့ ပိုက်ဆံတစ်ပြားတစ်ချပ်တောင် မချမိစေနဲ့….”

“ဟေ… အေးပါ…”

ပြောထားမှ တန်ကာကျမည်။ ဟိုကျရင် အသိုင်းအဝိုင်းနဲ့ ဖိညှစ်လိုက်လို့ ရှိသမျှ ထွက်သွားရင် ကိုယ့်စနက် မကင်းသမို့ တစ်သက်လုံး စိတ်မကောင်းစရာတွေ ဖြစ်ကုန်မည်ကို စိုးရသည်။ ကျနော်က မိတ်ဆွေခေါ်လာသည်ဆိုတော့ အထက်လိုင်းဆရာကြီးက လေးနက်စွာဖြင့် မိန့်တော်မူလေ၏။

“ကျနော်တို့ဆီမှာ မန်ဘာမဖြစ်သေးဘဲ လူခေါ်လာခွင့် မရှိဘူးဗျ…..”
ကျနော့ကိုသာ အထူးအခွင့်အရေး ပေးသည့်သဘောနှင့် ခေါ်လာခွင့်ပြုသည် ဟူ၏။

ကျိန်းသေသည့် အချက်ကား ပါးစပ်က ဘာပြောပြော သကောင့်သားပါလာခြင်းကို သူတို့ သဘောကျလေ၏။ အကြောင်းမူကား ကျနော့ထံမှ စ တင်၍ အူကြောင်ကြောင် အင်တင်တင်စကားများ စထွက်လာပြီ ဖြစ်သောကြောင့် နောက်ထပ်ပစ်မှတ်တစ်ခု ဝင်လာခြင်းကို အဘယ်မှာလျှင် သဘောမကျ ရှိအံ့နည်း။ ကျနော့မှာလည်း အမေအဆင်မပြေလို့…. ဘာလို့… ဘာလို့နှင့် တကယ်ရှာတော့ ပိုက်ဆံအဆင်မပြေကြောင်း စကားလှအောင် အမျိုးမျိုးပြောရလေ၏။

တစ်ပတ်လောက် ကြာတော့ ဝတုတ်က ကျနော့ကို ပြောသည်။

“သူတို့က ငါ့ကို ဝင်ဖို့ ပြောနေတယ်ကွ…. ငါ လုပ်လိုက်ရမလား….”

“ဟေ… အေး…. နေနေ… ဟေ့ရောင်…. တစ်ပြားမှ သွားမချနဲ့နော်… ငါက မင်းကို တွေ့ဖူးစေချင်တာပဲ ရှိတာ…”

ကြိုပြောထား၍သာ တော်တော့သည်။ နောက်တစ်ရက်မှာပဲ အထက်ပုဂ္ဂိုလ်နှင့် သူငယ်ချင်းလင်မယားက ပြောလာသည်။

“ဝတုတ်ကတော့ ရင်းချင်နေပြီ... ဒါပေမဲ့ အစ်ကို ဝင်မယ်ဆိုရင် သူက အစ်ကို့အောက်ကို ရောက်ရမှာလေ… အခု အစ်ကိုက မန်ဘာမဟုတ်သေးတော့ ကျနော်တို့ ခေါ်လိုက်လို့လည်း မကောင်းဘူး…. အစ်ကိုဝင်တဲ့အခါ တစ်ယောက်နာသွားမှာစိုးလို့…. သူကလည်း အစ်ကိုက မီးစိမ်းပြဖို့ပဲ လိုတယ်တဲ့...”

“ခေါ်လို့ရရင် ခေါ်ပါ…. ရပါတယ်…. ဒီ ဝတုတ်တစ်ယောက် သွားရင် နောက် ဝတုတ် ၁၀ ယောက် ခေါ်လာလို့ ရပါတယ်….ကျနော်ကတော့ နောက်အဆင်ပြေတာနဲ့ ဝင်မှာပါ..” (လေကတော့ မလျှော့..) ဟု ပြောလိုက်သည်။

“သိတယ်… ယုံတယ်… အစ်ကို့ အပြောအဆိုကို ယုံတယ်…. ဒီအလုပ်က အစ်ကိုလုပ်ရင် ဖြစ်ကို ဖြစ်မှာ…” ............ ဆိုပဲ။

ဒါနဲ့ နည်းနည်းတော့ အထွန့်တက်လိုက်သည်။

“နင်တို့ ဒီကုမ္ပဏီနဲ့ ဒီအလုပ်ကို ယုံတယ် မို့လား……”

“ယုံတာပေါ့… အစ်ကိုရ..”

“ငါလုပ်ရင် ဖြစ်မယ်ဆိုတာလည်း ယုံတယ်မို့လား….”

“ဟာ… ယုံတာပေါ့…”

“ဒါဆို ငါ့ကို အဲဒီလိုတဲ့ပိုက်ဆံ ချေးပါလား….” လို့ ဆိုတော့….

မယုံမရှိပါနှင့် ပရိတ်သတ်ကြီးခင်ဗျာ။ တကယ်ချေးဖို့ လင်မယားတိုင်ပင်ကြပါသေးသည်။ နောက်တော့ ကျနော်ကပဲ အရူးကွက် နင်းပြီး လျှော်လိုက်ရပါသည်။



အခုလည်း ဝတုတ်ကို ခေါ်လိုက်ပါဆိုတော့…
“ဟာ… အဲဒါဆိုရင်တော့ ကျေးဇူးပဲ… ကျနော်တို့ ခေါ်လိုက်မယ်နော်…” တဲ့။ ဝမ်းသာနေသော သူငယ်ချင်းလင်မယားကိုကြည့်ရင်း သံဝေဂလည်းရသည်။ စိတ်ထဲလည်း မကောင်း။
အထက်ပုဂ္ဂိုလ်ကိုတော့ Rich Dad, Poor Dad စာအုပ်တစ်အုပ် ဝယ်ပြီး လက်ဆောင်ပေးလိုက် ပါသေးသည်။ အဲဒီနောက်တော့ သူတို့ပွဲတွေကနေ ကျနော် အပြီးထွက်လိုက်ပါသည်။
ဝတုတ်လား။ ဘယ်နေလိမ့်မလဲ ခင်ဗျာ။ စော်နဲ့ ချိန်းထားလို့တို့၊ ကိစ္စရှိလို့တို့နှင့် အရူးကွက် ၂၀ လောက်ကို မထပ်ရအောင် သုံးပြီး လစ်သွားတာပေါ့ခင်ဗျ။

၂ ပတ်ခန့် ကြာသော်…… ဒန်တန့်တန်…
သူတို့လင်မယားနှင့် အထက်ပုဂ္ဂိုလ်မှ ဖုန်းဆက်လာပါသည်။

တစ်ယောက် ရှာပေးလျှင် ဒေါ်လာတစ်ထောင် ပေးပါ့မည်…တဲ့။

ကျနော့ သူငယ်ချင်းဘေးမှ အထက်ပုဂ္ဂိုလ်၏ ညွှန်ကြားချက်များကိုလည်း ဖုန်းထဲမှ ကြားနေရပါသည်။

“ပေးစရာ မလိုပါဘူးကွာ…. မင်းတို့ အဆင်ပြေရင် ပြီးတာပါပဲ… လူရှာလို့ ရရင် ပြောပါ့မယ်…” ဟု ပြောလိုက်ရသည်။

တိုက်ဆိုင်စွာပင် သူတို့လင်မယားနှင့်လည်း သိ၊ ကျနော်နှင့်လည်း သိသော နောက်သူငယ်ချင်းတစ်ယောက်က ကျနော့ဆီကို ဖုန်းဆက်ပါသည်။

“သူတို့လင်မယားက အဲဒီကို ခေါ်နေတယ် အစ်ကိုရဲ့… အဲဒါ အခြေအနေ ဘယ်လိုရှိလဲ… လုပ်သင့် မလုပ်သင့် သိချင်လို့… KFC ကို လာခဲ့ပါလား…”  ..တဲ့။

ကျနော် သိထားတာတွေ နည်းနည်းလောက် ပြောပြလိုက်ပါသည်။ ပြီးတော့ KFC ကို ကျနော်ကပဲ ကျွေးလိုက်ပါသည်။ ကိုယ့်စေတနာကို ကိုယ့်ဖါသာ သန့်ချင်၍ ဖြစ်ပါသည်။ တစ်ယောက် တစ်ထောင်ဆိုသော အဿပြာသည် တစ်လမှ လစာ $600 ကျော် ရသည့် ကျနော့အတွက် သုံးလောက်စွဲလောက်သော ပမာဏဖြစ်သော်လည်း ငွေကြေးကြောင့်သော်လည်းကောင်း ဘယ်လို အကြောင်းနှင့်မှ မိတ်ဆွေတွေကို ကျနော် ရောင်းမစားပါ။

နောက်တော့ သူတို့လင်မယားလည်း ဆက်မလုပ်နိုင်တော့ဘဲ ရပ်သွားပါသည်။ တစ်သောင်းလေးထောင် ရင်းနှီးပြီး အတွေ့အကြုံတစ်ခုတော့ ထိုက်ထိုက်တန်တန် ရသွားပုံ ပေါ်ပါသည်။ အလိမ်ခံရခြင်းသည် ရှက်စရာမဟုတ်ပါ။ သင်ခန်းစာ ဖြစ်ပါသည်။ အခြားသူများကို ဝေမျှခြင်းဖြင့် ကောင်းမှုတစ်ခု ပြုနိုင်ပါသည်။ ကျနော်နှင့် သူတို့လင်မယား ယခုတိုင် ခင်ခင်မင်မင် ရှိဆဲပါ။ နားထောင်သူများ ငါ့ကိုတော့ ဒါမျိုးလာလုပ်လို့ ဘာရမလဲ... ဟု ကိုယ့်ကိုယ်ကို အထင်မကြီးစေလိုပါ။ ကိုယ့်ကိုယ်ကို အထင်ကြီးခြင်းသည်လည်း အလိမ်ခံရခြင်း၏ အကြောင်းရင်းတစ်ခု ဖြစ်ပါသည်။

မမျှော်လင့်သော နောက်ဆက်တွဲများကိုတော့ အပိုင်း (၈) တွင် ဆက်လက် ဖေါ်ပြပါမည်ခင်ဗျား။
 လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ...။

(သရုပ်ဖေါ်ပုံများကို Google မှ ယူသည်။)

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...