Tuesday, April 28, 2015

စကြာဝဠာအတွင်းရှိ ဂြိုလ်သား (Alien) များနှင့် ပတ်သက်၍ (ရေးသူ- Andrew Soe)




နာဆာ (NASA) နှင့် အခြား ကမ႓ာမှသက်ရှိများ



၂၀ ဇူလိုင် ၁၉၆၉ ခုနှစ်မှာ အမေရိကန် အာကာသယဉ်မှူးနှစ်ဦး ဖြစ်တဲ့ Neil Armastrong နှင့် Edwin "Buzz" Aldrin တို့လကမ႓ာပေါ် ပထမဆုံးခြေချသည့် လူသား နှစ်ဦး ဖြစ်လာခဲ့ပါသည်။ လပေါ် ပထမဆုံး ခြေလှမ်းချ ခဲ့သည့် Armastrong က "ဒီခြေလှမ်းဟာ ခြေလှမ်းငယ် တခုဖြစ်ပေမဲ့ လူသားထု တစ်ရပ်လုံးရဲ့ ကြီးမားတဲ့ အောင်မြင်မှုကြီး" လို့ အမွှန်းတင်ခဲ့ပါတယ်။ ဒုတိယ ဆင်းတဲ့ Buzz ရဲ့ မှတ်ချက်ကတော့ "ကျွနု်ပ်တို့နိုင်ငံခြားသားများဟာ ၂၀ ဇူလိုင် ၆၉ မှာ အံ့မခန်း လူသား အစွမ်းအစကြောင့် ရုတ်တရက် ဧဒင်ဥယဉ်ထဲ ရောက်ရှိခဲ့ပါပြီ" လို့ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အဲဒီ့ သူရဲကောင်း နှစ်ယောက် လပေါ်ရောက်ရှိဖို့မြေပြင်ပေါ်မှာ လူပေါင်း ထောင်ပေါင်းများစွာကြိုးပမ်း အားထုတ်ခဲ့ကြရပါတယ်။ နည်းပညာဆိုင်ရာ တီထွင်မှုများအပြင် လပေါ်
ဆင်းသက်မည့် အချိန်နေရာ အစီအစဉ် အတိအကျရေးဆွဲ ပုံစံချပြီး ပြိုင်တူ ဝိုင်းမတင်လိုက်ကြတာလည်းဖြစ်သလို သိပ္ပံပညာ၏ အံ့မခန်းတိုးတက် မြင့်မားမှုလို့ဆိုရင်လည်း မှားမည်မဟုတ်ပါ။ သူတို့ နှစ်ယောက် လမျက်နှာပြင်ပေါ် နှစ် နာရီခွဲကြာအောင်နေခဲ့ကြပြီး လပေါ် လမ်းလျှောက်ပြေးလွှားတာ ကျောက်တုံး ကျောက်ခဲတွေစုဆောင်းတာအပြင် အမေရိကန် အလံ စိုက်ထူတာက အစ ဗီဒီယိုကတဆင့် ကမ႓ာကို ပြခဲ့ပေမဲ့ ကင်မရာအကွယ်မှာတော့သူတို့ရဲ့ Top Secret Mission အရ ဘာတွေ လုပ်ခဲ့သလဲ မပြခဲ့ပါ။





လ ပေါ် ကို သတ်မှတ်ချိန်၊ နေရာ၊ ဧရိယာနှင့် လတ္တီကျူ့ လောင်ဂျီကျူ့ လမျက်နှာပြင်ညီပေါ် အတိအကျ ရွေးချယ်ပြီး ဆင်းသက်ခဲ့ကြတာဖြစ်ပြီး ဆင်းသက်ခဲ့တဲ့နေရာကတော့ Sea of Tranquility လို့ ခေါ်ပါတယ်။

ဘာဖြစ်လို့ အဲဒီ အချိန် အဲဒီ နေရာ ကို ရွေးရသလဲ ဆိုတော့ Orion's Belt Stars ကြယ်တာ ရာစု မျဉ်းလိုင်းနဲ့တထပ်တည်း ကျရောက်နေလို့ ဖြစ်တယ်။ Orion's Belt ကြယ်တာရာစုမှာ Alnitak, Alnilamand Mintaka ဆိုတဲ့ အတောက်ပဆုံး ကြယ်သုံးလုံး ရှိပြီး ရှေးဟောင်း ဘာသာရေး ယုံကြည်မှုအရ လူသားကို ဖန်ဆင်းတဲ့ထာဝရဘုရားသခင် ဆိုတာ အဲဒီ ကြယ်တစ်လုံးလုံးမှာနေပြီး ကောင်းကင်ဘုံ (နိဗ္ဗာန်) ဆိုတာလည်း အဲဒီမှာရှိတယ်လို့ယုံကြည်ကြသလို ရှေးဟောင်းဂြိုလ်သား ဆိုင်ရာသီအိုရီအရလည်း အနွှန်နာခီတွေဟာ အဲဒီကနေ ကမ႓ာမြေပြင်ပေါ်ထူးဆန်းတဲ့ ယဉ်ပျံတွေနဲ့ ရောက်လာကြတာ ဖြစ်တယ်လို့ဆိုပါတယ်။ အိုရိုင်ယန် ကြယ်တာရာစုဟာ မိမိတို့ ကမ႓ာ နဲ့ အလင်းနှစ် ၁,၅၀၀ အကွာအဝေးမှာ ရှိပါတယ်။


အဲဒီ အချိန်၊ နေရာ အတိအကျ အပြင် အပိုလိုမစ်ရှင် တစ်ခုလုံးကို စီစဉ်ခဲ့သူကတော့ Dr.Farouk El-Bazဖြစ်ပြီး သူနှင့်သူ့အဖေဟာ ရှေးဟောင်း အီဂျစ် ဂြိုလ်နက္ခတ် တွက်ချက်ခြင်းကိုကျွမ်းကျင်ကြသလို ယုံကြည်သူတွေလည်း ဖြစ်တယ်။ Farouk El-Baz ဟာ အီဂျစ်နိုင်ငံ နိုင်းမြစ်ဝှမ်း ဒေသက Zagazig မြို့လေးမှာ၂ ဇန်နဝါရီ ၁၉၃၈ မှာ မွေးဖွားသူဖြစ်ပြီး အီဂျစ်-အမေရိကန် နှစ်နိုင်ငံသား ခံယူထားသူဖြစ်ပါတယ်။ လက်ရှိ Boston University မှာ Research Professor and Director of the Center for Remote Sensing အဖြစ် တာဝန် ထမ်းဆောင်နေပြီး Ain Shams Univer-sity, Cairo, Egypt အတွက်လည်း Adjunct Professor of Geology at the Faculty of Science အဖြစ်လည်းတာဝန်ယူလျှက် ရှိတယ်။ ရှေးဟောင်း အီဂျစ်လူမျိုးတွေ၏ ယုံကြည်မှု အရ Orion's Belt နဲ့ တထပ်တည်းအချိုးကျတယ် ဆိုရင် လူသားနဲ့ရှေးဟောင်း အီဂျစ် နတ်ဘုရား Osiris နဲ့စတင် အဆက် အသွယ်ပြုလုပ်တယ်လို့ အဓိပ္ပါယ်သက်ရောက်ပါတယ်။

 
Osiris ဟာ မြင့်မြတ်တဲ့ နတ်ဘုရားတစ်ပါး ဖြစ်ပြီး သူ့မိန်းမက Sirius နဲ့ ညီမ Isis တို့ဟာ အတူတကွကောင်းကင်ကို စိုးမိုးအုပ်ချုပ်သလို အီဂျစ်ပြည်သူပြည်သားတွေရဲ့ လက်ရှိနဲ့ နောက်ဘဝတွေ ကိုလည်း စီမံအုပ်ချုပ်သူတွေဖြစ်ပါတယ်။ ရှေးဟောင်း အာကာသဆိုင်ရာ သီအိုရီ အရ တကယ်ကတော့ သူတို့ နတ်ဘုရားသုံးပါး ဟာ Orion's Belt က ကြယ်သုံးလုံး သာ ဖြစ်တယ်လို့ ယုံကြည်တယ်။ ဒါကြောင့် Armastrong ခြေချခဲ့တဲ့ နေရာဟာ အဲဒီ ကြယ်သုံးလုံး ရှိတဲ့ Orion's Belt နဲ့ Horizontal အလျားလိုက် တစ်ထပ်တည်းကျတဲ့ အချိန်ကိုရွေးဆင်းခဲ့ကြခြင်းဖြစ်တယ်။ Armastrong ဆင်းပြီး ၃၃-မိနစ် အကြာမှာမှ ဒုတိယယဉ်မှူးဖြစ်တဲ့ Buzz လပေါ် ဆင်းပြီး လမ်းလျှောက်တယ်။ သူဟာ 33 Degree Scottish Rite Free-mason(ဖရီးမေဆင်)ဂိုဏ်းသားတယောက်လည်းဖြစ်တယ်။ ပြီးမှလဆင်းယဉ်ပေါ် နှစ်ဦးသား ပြန်တက်ပြီးဝိုင်အရက်ဖြည့်၊ ပေါင်မုန့်လှီးပြီးအောင်ပွဲ အထိမ်းအမှတ် လုပ်ခဲ့တယ်။ အဲဒါကို A Communication Ceremony လို့ ခေါ်တယ်။ Catholic အယူဝါဒမှာ ထုံးတမ်းစဉ်လာ ရှိသော်လည်း တကယ်တော့ Osiris နတ်ဘုရား ကိုပူဇော်ရာ ဓလေ့က ဆင်းသက်လာခြင်းသာဖြစ်တယ်။

လူအများ မသိခဲ့တဲ့ ထိပ်တန်း လျှို့ဝှက် မစ်ရှင်အရ လ ပေါ်မှ ကမ႓ာမြေပြင်ပေါ် ပြန်မဆင်းခင် သိပ္ပံဆိုင်ရာ စမ်းသပ်ပစ္စည်းအချို့ နဲ့ အမေရိကန်အလံ လွှင့်ထူ ခဲ့ သလို "Here menfrom the planet earth first set foot upon the moonJuly 1969 , AD. We come in peace for all mankind" လို့ ရေးထားသည့်အထိမ်းအမှတ် တခုလည်း ချန်ထားခဲ့တဲ့အပြင် အိတ်တစ်လုံးလည်းထားခဲ့ပြီး အိတ်ထဲမှာ ရွှေရောင်သံလွင်ခက် တခု နဲ့ ဆီလီကွန် ကွန်ပြူတာဓတ်ပြားတချပ်ပါဝင်ပြီးဓတ်ပြား မှာ ကမ႓ာ့ ခေါင်းဆောင် ၇၃-ယောက် ရဲ့နှုတ်ခွန်းဆက် အသံ နှင့် သဝဏ်လွှာတွေ ပါရှိပါတယ်။ ဘာဖြစ်လို့ အဲဒီ ပစ္စည်းတွေ လ ပေါ် ချန်ထားခဲ့တာလဲ ! လပေါ်မှာ ဘယ်သူတွေ နဲ့ တွေ့မယ် လို့ မျှော်လင့်ခဲ့လို့လဲ !


အထက်မှာ ၃၃ ဂဏ္ဏန်း ကို သူတို့ရဲ့ လျှို့ဝှက်အသင်း ဂဏန်း အဖြစ်သတ်မှတ်ထားသလို အဲဒီ ဂဏန်း နှင့် ထူးခြား ဆက်နွယ်မှုအချို့ကိုအနည်းငယ် ရှင်းပါရစေ။
 
ဘုရားဝတ္တက မြေ ( Holy Land ) ရဲ့ အပေါ်ပိုင်းဖြစ်တဲ့ လက်ရှိ လက်ဘနွန်၊ ဆီးရီးယား၊ အစ္စရေးလ် သုံးနိုင်ငံဆုံရာ နယ်စပ် ဒေသရှိ ဂိုလန် ကုန်းမြေမြင့် အထက်မှာ ပေ ၉,၂၃၀ အမြင့် ရှိ ဟာမွန်တောင် (Mount Hermon) ဆိုတာ ရှိတယ်။ အဲဒီ ထူးဆန်း တဲ့ တောင်ပေါ်ကနေ တမန်တော် အီလိုင်ဂျာ (Elijah)၊ မိုးဇက်၊ ယေရှု တို့ဟာ ကောင်းကင်ဘုံကို ကြွမြန်းတယ်လို့ ကျမ်းတွေမှာ ပါသလို နတ်သား၊ နတ်သမီးအပါး ၂၀၀ ကျော် ဆင်းသက် ခဲ့ရာ နေရာဟု Book of Enoch မှာ တမန်တော် အီနော့ခ်ကိုယ်တိုင် ရေးထားတာရှိတယ်။ တမန်တော် အီနော့ခ်ရဲ့ "မြစ်" ဟာ "မဟာရေကြီးမှု" မှ လွတ်မြောက်ခဲ့တဲ့ တမန်တော် နောဧ၊ နှူရ်၊ နိုအား ( Noah )ဆိုတာပဲ ဖြစ်ပါတယ်။ ၎င်း လွတ်မြောက်ပြီးနောက်မှ မိမိတို့လူသားမျိုးနွယ် တရပ်လုံး ယနေ့အထိ ရှိတယ်လို့ ဂျူး၊ ဟိန္ဒူ၊ ၊ ခရစ်ယာန်၊ အစ္စလာမ် ဘာသာဝင်တွေက ယုံကြည်ကြသလို၎င်းတို့၏ ကျမ်းအသီးသီးမှာလည်း ဖော်ပြ ပါရှိပါတယ်။

ဘာဖြစ်လို့ ဟာမွန်တောင် မှာ ထူးခြားမှုတွေရှိနေတာလဲ၊ မိမိတို့ သမိုင်း စကတည်းက အရှေ့အလယ်ပိုင်းဒေသဟာ ဂင်္ဂါဝါလု သဲစုမက တမန်တော် ( ဗမာလို ဘုရား ) တွေမြောက်များစွာ ပွင့်ခဲ့ကြသလို ကြယ်တာရာ သို့ သွားရာ Star Gate တွေ ဖြစ်ပြီး ယနေ့အထိလည်း ထူးခြား ဖြစ်ရပ်ဆန်းတွေနှင့့် အတူ သူတို့ရဲ့ သမိုင်း ကြောင်းတွေကိုလည်းရှာဖွေတွေ့ရှိနေဆဲဖြစ်တယ်။ Sicence of Numerlogy အရ နံပတ် ၃၃ ဟာ အာကာသ ဆိုင်ရာ ဆက်နွယ်မှုမှာ ထူးဆန်းတဲ့ ဂဏ္ဏန်း ဖြစ်သလို ဟာမွန်တောင် တည်နေရာကလည်း အီကွေတာ ရဲ့ လတီကျူ့ ၃၃ ဒီဂရီမြောက် နှင့် ၃၃ ခု- မြောက်ဖက် မျဉ်းပြိုင်လမ်းကြောင်း တစ်ခုဖြစ်ပြီး အဲဒီ မျဉ်းကြောင်းအတိုင်း
ကမ႓ာ့ တစ်ဖက်ခြမ်းကို တည့်တည့် ဆွဲကြည့်လျင် ယနေ့မိမိတို့ခေတ်မှာ ဖြစ်ပွါးခဲ့သည့် ကမ႓ာကျော်ဖြစ်ရပ်ဆန်း တစ်ခု အဖြစ်ကျော်ကြားသည့် နယူးမက္ကစီကိုက ရို့စ်ဝယ်လ် UFO ဖြစ်ရပ်ဆန်း နေရာနှင့် တစ်ထပ်တည်းကျနေတာ အံ့ဩစွာတွေ့ရှိနိုင်ပြီး ဒါဟာ တိုက်ဆိုင်မှု သက်သက် တစ်ခုတော့မဟုတ်ခဲ့ဘူးလို့ ဆိုပါတယ်။


တစ်ကယ်တော့ 33rd latitudinal Line ဟာဂြိုလ်သားတွေ ကမ႓ာမြေပြင်ပေါ် ဆင်းသက်ရာနေရာ တစ်ခု လို့သိပ္ပံ ကတော့ ယုံကြည်လျှက်ရှိပြီး ဘာသာရေးအပိုင်းက နတ်သားတွေဟုသုံးနှုံးသော်လည်း ပညာရှင်များကတော့ ပြင်ပကမ႓ာက လာရောက်တဲ့ ဂြိုလ်သား တွေဟုသာလက်ခံထား ရှိပါတယ်။ ဒိအပြင် အာကာသယဉ် တွေ ဆင်းသက်ရာ Cape Canaveral က လေယဉ်ပြေးလမ်းကိုလည်း အစီအစဉ် စကတည်း ကပြေးလမ်း နံပတ်-၃၃ ကို ရွေးထားသလို ဒုံးပစ်စင် ကိုလည်း ပစ်စင် အမှတ်-၃၃ ကိုဘဲ ရွေးချယ်တာတွေ့ရတယ်။ အပိုလို ၁၁ လပေါ် ဆင်းသက်သည့် နေရာသည် လည်း ၃၃ ဒီဂရီ ဖြစ်သလို အိုရိုင်ယယ် ခါးပတ်ထဲက ကြယ်သုံးလုံးဟာလည်း နာဆာက ယုံကြည်တဲ့
အီဂျစ်ရှေးဟောင်း နတ်ဘုရား အိုဆိုင်းရစ်စ် လာရောက်ရာ ကြယ်တာရာစုသာလျင်ဖြစ်နေပါတယ်။

ဒီထက် ပိုခိုင်မာ တဲ့ သက်သေ တွေထဲ မှာ အပိုလိုစီးရီးစ် တွေနှင့် နောက်ပိုင်း အာကာသသို့ လွှတ်တင်ခဲ့သည့် နာဆာ စပေ့စ် ပရိုဂရမ် အစီအစဉ်တွေမှာ ဒုံးပျံ တည်ဆောက်သည့် ပညာရှင် မာစတာမိုင်း တစ်ဦးဖြစ်တဲ့ နာဇီ အက်စ် အက်စ် အရာရှိ ဟောင်းတစ်ဦးဖြစ်တဲ့ ဝါနာ ဗွန် ဘရောင်း ( Former SS Nazi Officer Wernher Von Braun ) နှင့် အမေရိကန် နာဆာကလဲ ဆက်စပ်လျှက် ရှိပါတယ်။

  အမေရိကန် အာကာသ အေဂျင်စီ ဆိုတာ မရှိသလို ရုရှား အာကာသ အေဂျင်စီ ဆိုတာလည်းမရှိပါ၊ ဂျာမန် အာကာသ အေဂျင်စီ ဆိုတာဘဲ ကမ႓ာမှာ ရှိတယ်လို့ အမေရိကန် သိပ္ပံ ပညာရှင် တစ်ယောက်က စိတ်နာနာ နဲ့ ငြီးငြူဖူးပါတယ်။ ဒုတိယ ကမ႓ာစစ်မှာ ဂျာမန် နာဇီ တွေ လက်နက် ချပြီးနောက် စစ်နိုင်သူ အမေရိကန် နှင့် ရုရှား အာဏာပိုင်တွေ အပူတပြင်း ရှာဖွေခဲ့တာ နာဇီ စစ်တရားခံတွေမဟုတ်ဘဲ ဂျာမန် သိပ္ပံပညာရှင်တွေသာဖြစ်ပါတယ်။ စစ်ခုံရုံးတင်ဖို့ ဝေးစွ မထိ မတို့ အထူးအခွင့်အရေးပေးခံရပြီး ဘိုကေ တသသ ကုတ်အင်္ကျီ အဝတ် မပျက် တဲ့ အဲဒီ သိပ္ပံ ပညာရှင်တွေကို နှစ်ဖက်စလုံးက ရယူခဲ့ကြတဲ့ အထဲမှာ ဗွန်ဘရောင်း နှင့် သူ၏ ပညာရှင်အဖွဲ့အား Operation Paperclip ဟု လူ
သိများသော Under Controversial Classified Program အဖြစ် အမေရိကန် နိုင်ငံသို့ ခေါ်ဆောင်သွားခဲ့ပါတယ်။

ရဖျူးဂျီး စတေးတပ်စ် နဲ့ အမေရိကန်ကို စစ်မဖြစ်သေးမီ ပြေးဝင် ခိုလှုံလာတဲ့ ဂျာမန်-ဂျူး သိပ္ပံပညာရှင် အိုင်းစတိုင်းက ရောက်ပြီး သိပ်မကြာခင် သမ္မတ အိုင်စင်ဟောင်ဝါ ကို ဟစ်တလာ ဆီမှာ ပညာရှင် အမြောက်အများနဲ့ ထူးဆန်းတဲ့ လက်နက်တွေ ရှိကြောင်း အဏုမြူ ကိုလည်း စမ်းသပ်နေကြောင်းနှင့် အကယ်၍အောင်မြင်သွားလျင် ကမ႓ာကြီး မီးလောင်တိုက်သွင်း ခံရနိုင်ကြောင်း သတိပေး ဖောက်သည်ချတာကြောင့် ဒေါက်တာအိုပင်ဟိုင်းမားကို တာဝန်ပေးပြီး အဏုမြူ ကို ကြိုးစားထုတ်လုပ်ကြာရာ နောက်ဆုံးမှာအောင်မြင်ခဲ့ကြတယ်။ နာဇီ ဂျာမန် တွေ လက်နက်ချလို့ ဥရောပမှာ စစ်ကြီးပြီးဆုံးသွားပေမဲ့ တဇောက်ကန်း ခေါင်းမာတဲ့ အရှေ့တိုင်းသား ဂျပန်ကတော့ ခါမီခါဇေ အသေခံ တိုက်ခိုက်နေတာကြောင့် အဏုမြူဗုံး ကြဲချပြီး ဒုတိယကမ႓ာစစ်ကြီးကို လုံးဝ အဆုံးသတ်နိုင်ခဲ့တယ်ဆိုတာမှန်ပေမဲ့ အဏုမြူဗုံး ကြဲချတာကိုတော့ သူတို့ အဖြူ အာရိယာန် အချင်းချင်း မို့ဂျာမဏီကိုမကြဲဘဲ အရှေ့တိုင်းသား လူရိုင်း တွေထဲက ဂျပန်ကို ကြဲချတာ ဖြစ်ကြောင်း သုံးသပ်သူတွေလည်း မနည်းရှိပါတယ်။

စစ်ပြီးနောက် အမေရိကန် နဲ့ ရုရှား ခွေးနှစ်ကောင်လို မာန်ဖီ ရန်စောင် နေတဲ့ ကာလကိုစစ်အေးခေတ် ( Cold War ) လို့ သမိုင်းမှာ ခေါ်ပြီး အဲဒီကာလမှာ တစ်ကောင်နဲ့ တစ်ကောင်အကြော မပေးကြေး ပြိုင်ကြတဲ့ အခါ နည်းပညာပိုင်း အရ ရုရှားက ကမ႓ာ့လေထု အပြင်သို့ ၄ အောက်တိုဘာ ၁၉၅၇ ခုနှစ်မှာ Sputnik 1 ကို လွှတ်တင်နိုင်ခဲ့ပြီး သိပ်မကြာခင်မှာပဲ လူသား တင်ဆောင်၍ အာကာသထဲ ထပ်မံလွှတ်တင် နိုင်တာကြောင့် အမေရိကန်ကျွဲကြီး မျက်ကလူးဆန်ပြာ ဖြစ်ပြီး NASA ကို ၁၉၅၈ မှာ စတင် ဖွဲ့စည်းခဲ့ပါတော့တယ်။ အစပိုင်း နာဆာမှာ နာဇီ အက်စ် အက်စ် အရာရှိဟောင်း ဝါနာ ဗွန်ဘရောင်း မပါသေးတာကြောင့် အမေရိကန်တွေမည်သို့ပင် ကြိုးစား၍ ဒုံးပျံ လွှတ်တင်တာ အကြိမ်ကြိမ်ရှိခဲ့သော်လည်း အောင်မြင်မှု မရခဲ့ပါ။ နောက်ဆုံး ဗွန်ဘရောင်းကို တာဝန်ပေး မှ ဒုံးပျံအပေါ်ကြွတော့တာမို့ သူ့ကို နာဆာရဲ့ မာစတာမိုင်း (သို့) "Father of Rocket Science" လို့ သတ်မှတ်ရပါတော့တယ်။

အင်္ဂလန် နိုင်ငံ
လန်ဒန်မြို့

၈ စက်တင်ဘာ ၁၉၄၄ ခုနှစ်မှာ ၁၃-တန် အလေးချိန်ရှိ ဂျာမန် ပဲ့ထိန်းစံနစ်သုံး ဒုံးပျံ ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သား ၃-ယောက် သေပြီး ၁၇-ဦးဒဏ်ရာရတယ်။
Vengeance Weapon 2 ( V-2 ) လို့လူသိများတဲ့ ဒုံးပျံကို ဂျာမဏီအတွင်းပိုင်း တစ်နေရာကနေပစ်လွှတ်ခြင်းဖြစ်ပြီး ကမ႓ာ့ပထမဆုံး လူသားတီထွင်ပြီး အာကာ
သထဲ ကွန်ပြူတာထိန်းတာဝေးပစ် ဒုံးပျံ တစ်စင်းလည်းဖြစ်တယ်။ တီထွင်သူကတော့ ဂျာမန် လူမျိုး ညဏ်ကြီးရှင် အသက် ၃၂-နှစ် အရွယ်သာ ရှိသေးသည့် ဝါနာ
ဗွန်ဘရောင်းသာ ဖြစ်ပါတော့တယ်။ ဗွန် ဘရောင်းကို ၂၃ မတ် ၁၉၁၂ မှာ မွေးဖွားပြီး ၁၆ ဇွန် ၁၉၇၇ ခုနှစ် အသက် ၆၅-နှစ်အရွယ်မှာ အလက်ဇန်းဒြီးယားမြို့၊ ဗာဂျီးနီးယားပြည်နယ် ၊ အမေရိကန် ပြည်ထောင်စုမှာ ကွယ်လွန်ခဲ့ပါတယ်။

ငယ်ရွယ်စဉ် ဘဝ မှာ H.G Wells နှင့် Jules Verne တို့ရဲ့ စာအုပ်တွေ နှင့် ကြီးပြင်းခဲ့ပြီး ဂြိုလ်တွေကို ထိမ်းသိမ်းနိုင်သော ကောင်းကင်ဘုရားများ နှင့် လူသားတို့၏နည်းပညာရပ်များ ကို စိတ်ဝင်စားခဲ့ တာကြောင့် တစ်နေ့ ဒုံးပျံ တီထွင် ပြီး အာကာသထဲ အရောက်သွားမည် ဟု စိတ်ကူးယဉ်ခဲ့သူ ဖြစ်ပါသည်။ ဘယ်သူမှ မတွေးခင်ကတည်းက အင်္ဂါဂြိုလ်ပေါ်မှာ သက်ရှိတွေ ရှိနေနိုင်ကြောင်း မိမိ တစ်နေ့ရအောင်သွားရှာမည်ဟုစိတ်ပိုင်းဖြတ်ထားသူလည်းဖြစ်ပါတယ်။

*( ဒီနေရာ မှာ အလျင်းသင့်လို့ တစ်ခု ပြောချင်တာက အင်္ဂါဂြိုလ်ပေါ် မှာ သက်ရှိ ရှိကြောင်း နာဆာက တွေ့ရှိထားသော်လည်း ကမ႓ာသို့ ထုတ်ပြန်ခြင်းမရှိကြောင်း NASAs.Unexplained.Files မှာအတိ အလင်း တွေ့ရပါသည်။ ထို့ကြောင့် ၂၀၃၃ တွင်အင်္ဂါဂြိုလ်သို့လူအရောက် ခရီးစဉ်အား ယခု ကတည်းက စတင် ဆောင်ရွက်
နေခြင်းဖြစ်တယ်)။



 

ဗွန် ဘရောင်းသည် ဒုတိယ ကမ႓ာစစ် အတွင်း ဂျာမဏီ ရှိ Peenemünde Army Research Center မှာ နည်းပညာ ဒါရိုက်တာအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး အာကာသသွား ဒုံးပျံ မဟုတ်သေးသော်လည်း အထက်မှာ တင်ပြခဲ့သလို စစ်လက်နက် ဒုံးပျံ တည်ဆောက်သူ ဂျာမန်ဒုံးပျံ အင်ဂျင်နီယာ တစ်ယောက်အဖြစ် တာဝန်ယူခဲ့ပါသည်။

ဂျာမန် အက်စ်အက်စ် အရာရှိ တွေ အကြား ထင်ရှားကျော်ကြားသူဖြစ်ပြီး ဟစ်တလာ ၏ အထူး ယုံကြည် အားထားရသော သိပ္ပံပညာရှင် တစ်ယောက်လည်းဖြစ်ပါတယ်။ ဟစ်တလာ ရဲ့ SS ကိုယ်ရံတော်တပ်ဖွဲ့သည် လျှို့ဝှက် အဖွဲ့တစ်ခု ဖြစ်ပြီး လူသား DNA တွေထဲမှာ အမြင့်မြတ်ဆုံး အာရိယာန်(Aryan Race) ရှိကြသူတွေဟု ယုံကြည်ထားပြီး ကောင်းကင်နတ်များ ဖြစ်သော Isis , Osiris , Horus , Seth တို့မှ တိုက်ရိုက်ဆင်းသက် သွေးသားတော်စပ်သည်ဟု လည်း ယုံ ကြည်ထားကြသူတွေ ဖြစ်ကြပါတယ်။

ဒါကြောင့် ငယ်စဉ် ဘဝကတည်း က အာကာသ ထဲ ရောက်အောင် သွားမည်ဟုအားခဲထားသည့် ဗွန်ဘရောင်းအဖို့ ဟစ်တလာရဲ့ လျှို့ဝှက် အဖွဲ့ထဲရောက်ပြီး မိမိတို့သည် ကောင်းကင် ကြယ်တာရာစု မှ တိုက်ရိုက် ဆင်းသက်လာကြောင်း သွေးသား သန့်စင်သည့် အာရိယာန် လူမျိုးစစ်စစ် ဖြစ်ကြောင်း သိရှိရပြီးနောက် စကြာဝဠာသည် သူ့အားပိုမိုဆွဲဆောင်ခဲ့လေတော့သည်။ နာဆာသို့ ဗွန်ဘရောင်း ရောက်ရှိပြီးနောက် အာကာသဆိုင်ရာ စာအုပ်စာတမ်း အမြောက်အများ ရေးသား ပြုစုခဲ့သလို လူနာ လဆင်း ခရီးစဉ် နှင့် အင်္ဂါဂြိုလ်သွား ခရီးစဉ်များ အပြင် ယနေ့ ISS ဟု လူသိများသော အာကာသထဲရှိ နိုင်ငံတကာ အာကာသ စခန်း ဆိုသည်မှာလည်း သူ၏ တီထွင် ကြံဆမှုများသာ ဖြစ်ပါတော့သည်။ ၎င်းကိုယ်တိုင် အာကာသထဲ၊ လပေါ်၊ အင်္ဂါဂြိုလ်သို့ ကိုယ်တိုင် သွားရောက်ပြီး Aliens တွေကိုသွားရောက် ရှာဖွေချင်သော်လည်း အမေရိကန်
အစိုးရက သူသေဆုံးချိန် အထိ ခွင့်ပြုခြင်း မရှိခဲ့ပါ။

သူ နှင့် လုပ်ဖော်ကိုင်ဖက် အမေရိကန် သိပ္ပံ ပညာရှင်တစ်ယောက်က "ခင်ဗျား ဘယ်လိုဖြစ်လို့ အာကာသ နဲ့ ဒုံးပျံ အကြောင်း တွေ ဒီလောက်တောင် သိရတာလဲ နဲနဲ ပြောပြပါလား" ဟု တိုးတိုးတိတ်တိတ် မေးရာ သူကဘာမှ ပြန်မပြောဘဲ ဘေးနားမှာ ချထားသော"ဂြိုလ်သား" အကြောင်း ရေးထားသော စာအုပ်ကို မျက်စပစ်ပြပြီး ပြုံးပြပါသည်။ ဤကဲ့သို့ ဂြိုလ်သားများ က တယ်လီပသီနည်းဖြင့် သော်လည်းကောင်း၊ Abduction လုပ်၍ သော်လည်းကောင်း ကမ႓ာပေါ် ရှိ လူသား သမိုင်းရာဇဝင်တွေကို ပြောင်းလဲရာမှာ
သခင်ယေရှု အမေ မာသာ မယ်ရီခေါ် Saint Mary or Virgin Mary လည်း မလွတ်ခဲ့ကြောင်း မှတ်သားဖူးပါတယ်။

Andrew Soe
၁၉ မတ် ၂၀၁၅။
(ဆရာ Andrew Soe ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖေါ်ပြပါသည်။)

No comments:

Post a Comment

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...