Wednesday, November 30, 2011

သံသရာစမ်းရေ (အပိုင်း ၄)

(အမှန်တော့ သံသရာစမ်းရေသည် သမီးလေးတစ်ယောက်ရပြီးသည့်နောက် သားသမီးနေရာမှ ဖခင်ဖြစ်လာသူတစ်ဦး၏ အတွေးစများကို ဝေမျှခြင်းသာဖြစ်ပါသည်။ အဆိုတော် ဇော်ဝင်းထွဋ္ဋ်၏ သံသရာစမ်းရေသီချင်းလေးကို ယခု ကိုယ်တိုင် ဖခင်နေရာရောက်လာသောအခါမှ ပိုပြီးခံစားတတ်လာသောကြောင့် ဤအခန်းဆက်ဆောင်းပါးရှည်ကို သံသရာစမ်းရေဟု အမည်ပေးလိုက်ပါသည်။ အချိန်လုပြီးရေးရသဖြင့်လည်းကောင်း၊ ရောက်တတ်ရာရာ မပြတ်သော စိတ်ကူးအလျှင်ကို ပျောက်ပျက်သွားမည် စိုးသောကြောင့်လည်းကောင်း၊ ကြုံသလိုရေးခြင်းဖြစ်သောကြောင့် လည်းကောင်း၊ အကြောင်းအရာ အစီအစဉ်မကျ၊ တောင်ရောက်မြောက်ရောက် ဖြစ်နေခြင်းကို နားလည်ခွင့်လွှတ်ပေးစေလိုပါသည်။)


မျဉ်းတစ်ကြောင်း

 ဟိုးရှေးရှေးတုန်းက ပညာရှိတဲ့ ဘုရင်ကြီးတစ်ပါး ရှိသတဲ့။ တစ်နေ့တော့ သူ့ရဲ့ မှုးမတ်တွေကို ပညာစမ်းတဲ့အနေနဲ့ မေးခွန်းတစ်ခုမေးပါသတဲ့။ ပျဉ်တစ်ချပ်ပေါ်မှာ မျဉ်းကြောင်းတစ်ကြောင်းကို ဆွဲလိုက်သတဲ့။ (ဟိုတုန်းက White Board တွေ Marker တွေ မရှိသေးတော့ ပျဉ်ချပ်ပေါ့ဗျာ။) ပြီးတော့မေးတယ်။ အဲဒီ မျဉ်းကို မဖြတ်ဘဲနဲ့ တိုသွားအောင် လုပ်ပြနိုင်ရင် ဆုတော်လာဘ်တော်တွေ ပေးမယ် ဆိုပဲ။ အမတ်တွေလည်း အမျိုးမျိုးစဉ်းစားပေမဲ့ သိဘူးပေါ့ဗျာ။ နောက်ဆုံး အငယ်ဆုံးအမတ်ငယ်တစ်ယောက်က ထ လာပြီး အဲဒီမျဉ်းရဲ့ဘေးမှာ ကပ်လျက် မျဉ်းအရှည်တစ်ချောင်း ဆွဲလိုက်သတဲ့။ အဲဒါနဲ့ မဖြတ်ဘဲတိုသွား သတဲ့ (ဘုရင်ကြီးရဲ့ မျဉ်းကို ပြောတာ။)
ဟုတ်ကဲ့။ ပုံပြင်လေးက ဒီမျှပါပဲ။

ကျွန်တော်တို့ ခင်ဗျားတို့ အားလုံးရဲ့ ရင်ထဲမှာ မျဉ်းတစ်ကြောင်းစီတော့ ရှိကြစမြဲပါ။ ကျွန်တော်ပြောချင်တဲ့ မျဉ်း ဆိုတာ ကျွန်တော်တို့ သိထားတဲ့ အသိတရား၊ ဗဟုသုတ နဲ့ ကျင့်သုံးတဲ့ ကိုယ်ကျင့်သီလ စံ တစ်ခုကို ပြောချင်တာပါ။ တစ်ယောက်နဲ့ တစ်ယောက် ပိုင်ဆိုင်ကြတဲ့ မျဉ်းတွေကလည်း အတိုအရှည် မတူကြပါဘူး။ အဲဒီ မျဉ်းတစ်ကြောင်းကို ကျွန်တော်တို့ ဘယ်လိုသုံးသလဲ သိလား။

Sunday, November 20, 2011

သံသရာစမ်းရေ (အပိုင်း ၃)

(အမှန်တော့ သံသရာစမ်းရေသည် သမီးလေးတစ်ယောက်ရပြီးသည့်နောက် သားသမီးနေရာမှ ဖခင်ဖြစ်လာသူတစ်ဦး၏ အတွေးစများကို ဝေမျှခြင်းသာဖြစ်ပါသည်။ အဆိုတော် ဇော်ဝင်းထွဋ္ဋ်၏ သံသရာစမ်းရေသီချင်းလေးကို ယခု ကိုယ်တိုင် ဖခင်နေရာရောက်လာသောအခါမှ ပိုပြီးခံစားတတ်လာသောကြောင့် ဤအခန်းဆက်ဆောင်းပါးရှည်ကို သံသရာစမ်းရေဟု အမည်ပေးလိုက်ပါသည်။ အချိန်လုပြီးရေးရသဖြင့်လည်းကောင်း၊ ရောက်တတ်ရာရာ မပြတ်သော စိတ်ကူးအလျှင်ကို ပျောက်ပျက်သွားမည် စိုးသောကြောင့်လည်းကောင်း၊ ကြုံသလိုရေးခြင်းဖြစ်သောကြောင့် လည်းကောင်း၊ အကြောင်းအရာ အစီအစဉ်မကျ၊ တောင်ရောက်မြောက်ရောက် ဖြစ်နေခြင်းကို နားလည်ခွင့်လွှတ်ပေးစေလိုပါသည်။)



  လွန်ခဲ့တဲ့ (၁၀) စုနှစ် နှစ်ခုလောက်အထိက ကမ္ဘာ့တစ်နေရာရာမှာ တစ်ခုခုဖြစ်ခဲ့တယ်ဆိုတာကို ကျွန်တော်တို့က အချိန်တစ်ခုကြာပြီးမှ သိရတာပါ။ ဆုံးဖြတ်ချက်တစ်ခုချဖို့ဆိုတာ အချက်အလက်တွေ လိုပါတယ်။ ဟိုတုန်းကတော့ အချက်အလက်တစ်ခုရဖို့ တော်တော်အားထုတ်ရပါတယ်။ အချက်အလက် စုံနိုင်သမျှ စုံအောင် စုဆောင်းရတာ အဲဒီတုန်းက ပြဿနာပါ။ ကျွန်တော်တို့ရဲ့ လေ့လာမှုအတွက် အချိန်တစ်ခု ပေးရပါတယ်။ ဒါကြောင့် အဲဒီခေတ်ကို ဗဟုသုတခေတ် လို့ ပြောတာပါ။ အခုချက်ချင်းဖြစ် အခုသိတာမျိုးကျတော့ ဗဟုသုတမဟုတ်တော့ဘဲ သတင်းဖြစ်လာပါတယ်။ အခုတော့ ကမ္ဘာ့ ဘယ်နေရာမှာ ဘာလေးပဲဖြစ်ဖြစ် အချိန်မရွေး၊ နေရာမရွေး သိချင်ရင် သိနိုင်တဲ့ခေတ်ပါ။ ဖြစ်သရွေ့၊ ပျက်သရွေ့ အချိန်မရွေး သိနိုင်နေပါပြီ။ ဖြစ်ပျက်ပြောင်းလဲတာတွေ မြန်ဆန်သလောက် သိနိုင်တဲ့ နည်းပညာကလည်း မယုံနိုင်စရာ ကောင်းလောက်အောင် တိုးတက်နေတာပါ။ ဒါကြောင့် သတင်းနည်းပညာခေတ်လို့ ဆိုတာပါပဲ။ ဒီနေ့ ဟော့ (Hot) နေတဲ့ သတင်းတစ်ပုဒ်ဟာ နောက်နေ့မှာ တန်ဖိုးရှိချင်မှ ရှိတော့မှာပါ။

Sunday, November 13, 2011

သံသရာစမ်းရေ (အပိုင်း ၂)

(အမှန်တော့ သံသရာစမ်းရေသည် သမီးလေးတစ်ယောက်ရပြီးသည့်နောက် သားသမီးနေရာမှ ဖခင်ဖြစ်လာသူတစ်ဦး၏ အတွေးစများကို ဝေမျှခြင်းသာဖြစ်ပါသည်။ အဆိုတော် ဇော်ဝင်းထွဋ္ဋ်၏ သံသရာစမ်းရေသီချင်းလေးကို ယခု ကိုယ်တိုင် ဖခင်နေရာရောက်လာသောအခါမှ ပိုပြီးခံစားတတ်လာသောကြောင့် ဤအခန်းဆက်ဆောင်းပါးရှည်ကို သံသရာစမ်းရေဟု အမည်ပေးလိုက်ပါသည်။ အချိန်လုပြီးရေးရသဖြင့်လည်းကောင်း၊ ရောက်တတ်ရာရာ မပြတ်သော စိတ်ကူးအလျှင်ကို ပျောက်ပျက်သွားမည် စိုးသောကြောင့်လည်းကောင်း၊ ကြုံသလိုရေးခြင်းဖြစ်သောကြောင့် လည်းကောင်း၊ အကြောင်းအရာ အစီအစဉ်မကျ၊ တောင်ရောက်မြောက်ရောက် ဖြစ်နေခြင်းကို နားလည်ခွင့်လွှတ်ပေးစေလိုပါသည်။)
  

အကျင့်၊ ဝါသနာ၊ စရိုက် နဲ့ ပါရမီ

ဗီဇနဲ့ ဝန်းကျင် အညမညဖြစ်ကြောင်း ဆက်ပြောပါရစေဦး။ ကလေးတစ်ယောက်ရဲ့ မွေးရာပါဗီဇဆိုတာက ကျွန်တော်တို့ စီမံခန့်ခွဲနိုင်တဲ့ ဘောင်ထဲမှာ မရှိတာမို့ ကျွန်တော်တို့ လုပ်နိုင်တဲ့ကိစ္စဖြစ်တဲ့ ဝန်းကျင်ကိုပဲ အဓိက focus ထားတာ ပိုမှန်မှာပါ။ ကလေးရဲ့ ကောင်းခြင်း ဆိုးခြင်းကို ကိုယ်မတတ်နိုင်တဲ့ ဗီဇဆိုတာချည်းပဲ ပုံချပြီး ကိုယ့်ကိုယ်ကို ညာဖို့မသင့်ပါဘူး။ မကောင်းတဲ့ဗီဇကို ကောင်းတဲ့ဝန်းကျင်နဲ့ ထိန်းသိမ်းရမှာ ဖြစ်ပြီး ကောင်းတဲ့ဗီဇကို ကောင်းတဲ့ဝန်းကျင်နဲ့ပဲ မြေတောင်မြှောက်ပေးရမှာ ဖြစ်ပါတယ်။ ကောင်းတဲ့ ဗီဇပါလာပေမဲ့ မကောင်းတဲ့ ဝန်းကျင်ကြောင့်လည်း ဗီဇကောင်းလေး တိမ်မြှပ်သွားမှာပါပဲ။ ဒါကြောင့် ကလေးတစ်ယောက်အတွက် ဝန်းကျင်ကောင်းဆိုတာ အရမ်းအရေးကြီးပါတယ်။
ဒီနေရာမှာ အကျင့်၊ ဝါသနာ၊ စရိုက် နဲ့ ဗီဇပါရမီ ဆိုတာကို ပြောပြပါရစေ။

Wednesday, November 2, 2011

သံသရာစမ်းရေ (အပိုင်း ၁)

(အမှန်ကတော့ ဒီအကြောင်းအရာကို တစ်ပုဒ်တစ်ပုဒ်နဲ့ ရေးထားတာ အတော်များနေပါပြီ။ ဒါပေမဲ့ တစ်ပိုင်းချင်းစီပဲ တင်သွားပါ့မယ်။ အမှားအယွင်း နည်းနိုင်သမျှ နည်းဖို့ရယ်၊ စာအများကြီး တစ်ခါတည်းဖတ်ရတာထက် တစ်ခါတစ်ရံ အပိုင်းလိုက် အကန့်လိုက် ဖတ်ရတာ ပိုကောင်းလို့ပါပဲ။)

အသင်စာရှုသူ

စာရှုသူဟာ စင်ကာပူမှာ အလုပ်လုပ်ရင်း အခြေကျနေသူလား။

ဇနီးသည်ကရော သင်နဲ့အတူ စင်ကာပူမှာပဲလား။

လူမမယ် သားလေး သို့မဟုတ် သမီးလေး တစ်ယောက်လောက်များ မရှိဘူးလား။

တကယ်လို့များ အခြေအနေတူမယ်ဆိုရင် ဒီစာစုလေးကို ပိုပြီးစိတ်ဝင်စားနိုင်မယ်ထင်တာပါပဲ။ မရှိသေး၊ မသိသေးသူတွေနဲ့ စိတ်ကူးလေး တယဉ်ယဉ် အစီအစဉ်လေး တပြင်ပြင် ဖြစ်နေသူတွေအတွက်တော့ တွေးစရာလေးတစ်ခုပေါ့။ တကယ်တော့ စင်ကာပူမှ မဟုတ်ပါဘူး။ မြန်မာနိုင်ငံ အပြင်ရောက်နေသူတွေ အများစု ကြုံနေရတဲ့ ပြဿနာပါ။ နိုင်ငံရပ်ခြားမှာ အနေကျ၊ အခြေချ၊ လုံးဝသဟဇာတ ဖြစ်နေသူများအတွက် မရည်ရွယ်ပါခင်ဗျာ။ ဒီအကြောင်းအရာဟာ လူတွေအများကြီး ရေးကြပြောကြပြီးသားပါပဲ။ ဒါပေမဲ့ လူအမျိုးမျိုး ရှုထောင့်အမျိုးမျိုးပါပဲ။ ဒီစာစုလေးကလည်း ကျွန်တော်ကြုံရတာလေးတွေ ပေါ်မူတည်လို့ ဉာဏ်မီသလောက် တွေးမိသလောက် နောက်ဆုံးနားက ရှုထောင့်လေးတစ်ခုပါပဲ။ မှန်တဲ့အတိုင်း ပြောရရင် ကျွန်တော့်ဖာသာ ကျွန်တော် လက်လှမ်းမှီတဲ့ အချက်လေးတွေ စုဆောင်းဖတ်ရှုရင်း စဉ်းစားဖို့ ရည်ရွယ်တာပါ။ ဒါပေမဲ့ သူငယ်ချင်း မိတ်ဆွေတွေကိုလည်း ဝေမျှလိုက်ခြင်းအားဖြင့် အကျိုးမယုတ်တန်ရာလို့ တွေးမိတာနဲ့ ဘလော့ဂ်ပေါ် တင်လိုက်တာပါ။ ဝေမျှခြင်းသာ ဖြစ်ပါတယ်ခင်ဗျား။ ကြိုက်တာယူ၊ မကြိုက်တာ မယူနဲ့ပေါ့ဗျာ…နော်။ အမြင်ကတ်ပြီး comment နဲ့ ဆော်ပလော်တီးမသွားရင်ပဲ ကျေးဇူးတင်ပါကြောင်း။

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...