Saturday, October 15, 2011

သာမာန်ကွန်ပျူတာ၊ ပုံမှန်ဆော့ဖ်ဝဲ (Security System)

ကွန်ပျူတာတစ်လုံးကို ဝယ်လာပြီးရင် ပထမဆုံး Recovery Disc တွေ အရင်ကူးရပါမယ်။ ဒုတိယအဆင့် လုပ်ရမှာက Internet Security ဒါမှမဟုတ် Anti-Virus Software တစ်ခုခုကို Install လုပ်သင့်ပါတယ်။ အင်တာနက် သုံးမယ် ဆိုရင်ပေါ့။ တကယ်ကတော့ ဒီခေတ်ကြီးမှာ အင်တာနက်မသုံးရင်လည်း အဲဒီကွန်ပျူတာ ဘာလုပ်ဖို့လဲလို့ မေးရမှာပါ။ အဲဒီတော့ လူတိုင်းတွင် ကွန်ပျူတာရှိ၍ ကွန်ပျူတာမှန်လျှင် အင်တာနက်ရှိသည် လို့ ယူဆပြီး ရေးရ၊ ပြောရမှာပါပဲ။ Free ရတဲ့ Software တွေ၊ Pirate Software တွေ အများကြီး ရှိပေမဲ့ ကျွန်တော့်သဘောပြောရရင် Security Software တွေကိုတော့ တတ်နိုင်ရင် အမှန်အကန် သုံးတာအကောင်းဆုံးပါ။ ကိုယ့်အတွက် လုံခြုံချင်လို့ ထည့်ထားတဲ့ လုံခြုံရေး Software ကိုယ်၌က မမှန်မကန်ဆိုရင် ကိုယ့်အတွက် လုံခြုံပါ့မယ်လို့ ဘယ်လိုယုံရမှန်း မသိပါဘူး။ ကိုယ်က အရမ်းကျွမ်းကျင်ပြီး ဆရာကြီးဆိုရင်တော့ တစ်မျိုးပေါ့လေ။ အခုကျွန်တော်ရည်ရွယ်တာက ဆရာကြီးတွေ အတွက်မဟုတ်ကြောင်း ထပ်လောင်း ပြောပါရစေ။


အခုခေတ် Software တွေ ဝယ်ရသုံးရတာက စကော့ဈေးတို့ မင်္ဂလာဈေးတို့မှာ ဈေးဝယ်ရသလိုပါပဲ။ ဈေးသိတဲ့သ၊ူ ဈေးဆစ်တတ်တဲ့သူ၊ ဝယ်တတ်တဲ့သူ အတွက်တော့ သက်သက်သာသာဈေးနဲ့ ရနိုင်ပေမဲ့ ကျွန်တော့်လို ထုံပေပေနဲ့ ဈေးမဆစ်တတ်၊ အားနာတတ်၊ ဈေးနှုန်းကပ်ထားမှ …. အဲဒါယူမယ်…ရော့….ပိုက်ဆံ…ပေး..ပစ္စည်း… လုပ်တတ်တဲ့ သူအတွက်ကတော့ ဈေးကြီးမိဖို့ ရာခိုင်နှုန်းများတယ်ခင်ဗျ။ ဈေးသက်သာပြန်ရင်လည်း အင် မိဖို့ သေချာသလောက်ရှိတဲ့ လူစားမျိုးတွေပေါ့ ခင်ဗျာ။ အဲဒါကြောင့် ကျွန်တော်ပြောတာ ၁၀၀% မှန်တယ်၊ အဲဒီအတိုင်းလုပ်လို့ မပြောဝံ့ပါ။ ကျွန်တော့် အတွေ့အကြုံလေးကို Share တာပါပဲ။

Software ဆိုတာ တစ်ခါတစ်ရံ ကိုယ်က ဈေးကြီးပေး ဝယ်သုံးနေရပေမဲ့ အလကားရတဲ့လူက ရနေတတ်တာမျိုးဗျ။ ကျွန်တော့်အမြင်အရတော့ ကိုယ်က ပိုက်ဆံမတတ်နိုင်လို့၊ ဒါမှမဟုတ် ကိုယ်လိုချင်တဲ့ Software က ဆိုင်ပေါ်တင်မရောင်းဘဲ online market မှာပဲ ရောင်းပြီး ကိုယ့်နိုင်ငံ ငွေကြေးစနစ်ကလည်း နိုင်ငံတကာ တန်းမဝင်လို့ Master Card တွေ၊ Visa Card တွေ သုံးမရလို့ ဆိုရင်တော့ တစ်မျိုးပေါ့ဗျာ။ ဒါဆိုရင်တော့ မလွဲမရှောင်သာပဲ ပေါချောင်ကောင်း လိုက်ရမှာပေါ့..နော့။

ကွန်ပျူတာတစ်လုံးရဲ့ လုပ်ဆောင်မှုတွေကို အနှောက်အယှက်ပေး ဖျက်ဆီးတဲ့ ပရိုဂရမ် (Program) တွေထဲမှာ အများအားဖြင့် Virus နဲ့ Spyware က လူသိများ ထင်ရှားပါတယ်။ Malware, Adware နဲ့ Spam ဆိုတာတွေလည်း ရှိပါသေးတယ်။ အဲဒီမှာမှ အသေးစိတ် ထပ်ခွဲရင် Worms, Trojan Horses, Rootkits ဆိုတာတွေ ရှိပါသေးတယ်။ တကယ်တော့ အမျိုးအစားတွေ ဘယ်လိုခွဲခွဲ အားလုံးရဲ့ ဘိုးအေ ကတော့ Virus ပါပဲ။ ဒါကြောင့် တကယ်တမ်းမှာ အကြမ်းဖျင်းအနေနဲ့ အားလုံးကို Virus ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ထည့်သွင်းထားနိုင်ပါတယ်။ ဒုက္ခပေးပုံပေါ် မူတည်ပြီးသာ အမျိုးအစားတွေ ခွဲထားတာပါ။

ပြဿနာရှာတဲ့ Program ဘိုးအေကြီး Virus ကို ၁၉၈၄-ခုနှစ်မှာ Fred Cohen ဆိုတဲ့ ပါမောက္ခတစ်ယောက်က ကွန်ပျူတာလောကကို စတင် မိတ်ဆက်ပေးခဲ့ပါတယ်။ သူကတော့ Virus ရဲ့ အန္တရာယ်ကို ကြိုတင်မြင်လို့ သတိပေးခဲ့တာပါ။ Computer Virus ဆိုတာ Program တစ်ခုသာ ဖြစ်ပြီး သူ့ဘာသာသူ ပွားယူနိုင်တဲ့ Program မျိုးပါ။ အခြား Program တစ်ခုကို ကူးစက်နိုင်စွမ်းလည်း ရှိပါတယ်။ သူ့ဟာသူပွားတော့လည်း ဒုက္ခတစ်မျိုးပေးတယ်။ တခြား Program တွေနဲ့ ပေါင်းတော့လည်း ဒုက္ခတစ်မျိုးပေးပြန်တာပဲ။ ယေဘူယျပြောရင်တော့ သူ့ဟာသူပွားရင်းပွားရင်း ရပ်လို့က မရ၊ Hard Disk ထဲမှာ နေရာလွတ်ကလည်း မရှိတော့ရင် ကိုယ့် Data တွေကိုပါ Overwrite လုပ်တော့တာပါပဲ။ ဒီလိုနည်းနဲ့ ကိုယ်သိမ်းထားတဲ့ ဖိုင်တွေပျက်၊ နောက်ဆုံး Operation System File တွေပါ ပျက်ဆီးသွားရင် ပြီးသွားပြီ။ ကိုယ်က ဘာမှမလုပ်လည်း သူကနောက်ကွယ်ကနေ အလုပ်လုပ်နေတော့ စက်က နှေးသထက်နှေး။ ဒါက အရမ်းရိုးရှင်းတဲ့ Virus တစ်ကောင်ရဲ့ သဘောကို ပြောတာ။

အခုနောက်ပိုင်းဟာတွေက ဆရာကျသထက်ကျလာ၊ မြင့်သထက်မြင့်လာ၊ ရည်ရွယ်ချက်တွေကလည်း စုံသထက် စုံလာလိုက်တာ လိုက်မမီအောင် ဖြစ်နေတော့တာပဲ။ ပင်မ Virus တစ်ကောင်တည်းကနေ နာမည်အမျိုးမျိုး သူ့ဟာသူဖန်တီးပြီး လျှောက်ပွားနေတာမျိုးလည်း ရှိတယ်။ တကယ့်ပင်ရင်း အကောင်ကို မသတ်နိုင်မချင်း မအေးဘူး။ သူပွားထားတာတွေ လိုက်သတ်လို့လည်း မဆုံးနိုင်ဘူး။ ကိုယ်က တစ်ကောင်သတ်ရင် ဒင်းက နှစ်ကောင်ပွားတယ်။ အင်တာနက်ကို ဝင်လို့မရအောင် လုပ်တာမျိုးလည်းကြုံဖူးပါတယ်။ တခြားဟာတွေ သုံးချင်ရာသုံး။ အေးဆေးပဲ။ အင်တာနက် Browser ကို ဖွင့်လိုက်တာနဲ့ ကွန်ပျူတာက Auto Restart ဖြစ်သွားတော့တာ။

 ကြားဖေါက် ခါတော်မီ Virus အငယ်စားတွေရဲ့ ရန်ကလည်း မသေးဘူး။ ကိုယ်က အင်တာနက်ကနေ လိုချင်စရာ အလကားရမဲ့ Program လေးတစ်ခုခု Download လုပ်ရင်းနဲ့ ကိုယ့်ဆရာက တစ်ခါတည်းပါလာတာ။ Install လုပ်မယ်ဆို ကိုယ်လိုချင်တဲ့ဟာအပြင် အပို Program တွေ တွဲပါလာရင် သတိထားပြီး စာကို သေသေချာချာ ဖတ်ရတယ်။ မလိုချင်တဲ့ အပိုတွေပါရင် ဖြုတ်ပစ်ရတယ်။ အဲဒီလိုမဟုတ်ဘဲ တွေ့သမျှ Next တွေ၊ OK တွေ၊ Yes တွေ နှိပ်ချလိုက်လို့ကတော့ ပွဲသိမ်းပဲ။
များသောအားဖြင့်တော့ ထင်ရှားတဲ့ Security Software တချို့ရဲ့ အားနည်းချက်ကလေး တစ်ခုတစ်လေကို အခွင့်ကောင်းယူထားတဲ့ Program အသေးစားတွေ။ ကိုယ့်စက်ထဲက Security Program နဲ့ ဖမ်းရင် မမိဘဲ လွတ်နေတတ်တယ်။ ပြီးတာနဲ့ မင်းရဲ့ ကွန်ပျူတာတော့ ဒုက္ခရောက်နေပြီ….တို့။ အန္တရာယ်ရှိတယ်…တို့….၊ အဲဒီလို ထိတ်လန့်ခြောက်ခြားစရာ သတိပေးချက်ကြီးတွေ ပြူးတူးပြဲတဲ ပေါ်လာပြီး အခမဲ့ စစ်ဆေးပေးပါ့မယ်…ဘာညာနဲ့ ပေါ်လာရော။ အဲဒီစစ်ဆေးတဲ့ Program ကို Download လုပ်ပါပြောရော။ အခုမှ ကွန်ပျူတာ စ သုံးတဲ့သူဆို ကြောက်လန့်ပြီး ပြောတဲ့အတိုင်းတွေ လျှောက်လုပ်ပါလေရော။ ပြီးရင် စစ်ဆေးပြီးပြီဆိုပြီး Scan Result ကို ပြရင် ကိုယ့်စက်ထဲမှာ Virus အကောင် (၂၀၀) လောက် ရှိနေပါတယ်လုပ်ရော။ အဲဒါတွေကို ဖျက်ချင်ရင် Free Version နဲ့ မရဘူး။ ဝယ်ရမယ် ဖြစ်ရော။


အံမာ….အခုဝယ်ရင် Discount ပေးမယ်တောင် လုပ်လိုက်သေးတာ။ တကယ်ကတော့ ဘာမှ မဟုတ်ပါဘူး။ သူ့ဟာသူ ရေးတဲ့ Program ဆိုတော့ သူ့ဟာသူတော့ ဘယ်လိုရပ်ရမလဲ သိတာပေါ့ဗျာ။ ကိုယ်မသိအောင် ခိုးထည့်လိုက်တဲ့ Program လေးကို သူ့ဟာသူပြန်ဖြုတ်လိုက်ရုံပါပဲ။ အခု (၂၀၀) လောက် ပြနေတဲ့ဟာတွေထဲမှာ တစ်ခုတည်းပြဿနာရှိတာ။ ကျန်တာတွေက ဟန်ပြတွေ။ ကိုယ့်စက်ထဲ တကယ်မရှိတဲ့ဟာတွေ။ အဲဒီပြဿနာရှိတဲ့ တစ်ခုကလည်း သူတို့ဖန်တီးထားတဲ့ဟာ..။ ဒါပါပဲ။ မသိနားမလည်သေးတဲ့ User တွေဆီက ပိုက်ဆံကို လိမ်ယူနည်း တစ်ခုပေါ့။ အဆင့် မရှိပါဘူး။ User က အတွေ့အကြုံရှိရင် Scan Result ကို ကြည့်လိုက်တာနဲ့ မြင်နေကျ မဟုတ်တဲ့ ဖိုင်တွေပါနေပြီ ဆိုရင် Root Directory (File ရဲ့ တည်နေရာ) ကို ကြည့်ပြီး Manually သွားဖျက်လိုက်လည်း ပြေလည်သွားတာပါပဲ။

နောက်တစ်ခုက Spyware တွေ အကြောင်း။ သူကတော့ ဒုက္ခပေးတာ တစ်မျိုး။ Virus က ကွန်ပျူတာကို ဒုက္ခပေးရုံပေးတာ။ Spyware က ကိုယ့်ကွန်ပျူတာထဲက အချက်အလက်တွေကိုပါ ခိုးတာ။ ပိုပြီး အန္တရာယ်ကြီးတယ်။ ကိုယ်ရိုက်သမျှ Key Stoke တွေကို Program ရေးတဲ့ Programmer ဆီကို ကိုယ်မသိအောင် တိတ်တိတ်ကလေး ပြန်ပို့နေတတ်တဲ့ သူခိုး Program မျိုးပါ။ ကိုယ်က Credit Card တွေ ဘာတွေသုံးရင် ပြီးရောပဲ။ ကိုယ့်ရဲ့ Credit Card နံပါတ်တွေ၊ စကားဝှက်တွေ (Password) အပြင်ကို ပေါက်ကြားတယ်ဆိုတာ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်း အကြီးကြီးစွပ်တာပဲ။ ပြီးရင် ကိုယ့်စက်ထဲက Folder တွေကို အပြင်ကနေ ဝင်ထိန်းတတ်ပါသေးတယ်။ Spyware ဒုက္ခပေးပုံကတော့ အခန့်မသင့်ရင် စီးပွားပျက်မဲ့ ကိစ္စခင်ဗျ။

အဲဒါကြောင့် Security Software ရောင်းတဲ့ ကုမ္ပဏီကြီးတွေက များသောအားဖြင့် Anti-Spyware ကိုတော့ အခမဲ့ပေးတတ်ပါတယ်။ Nortan Anti-Spyware ကို Yahoo Toolbar ကနေ အခမဲ့ Download ရယူနိုင်ပါတယ်။ Anti-Virus နဲ့ Internet Security Software တွေ ဝယ်ရင်လည်း တစ်ပါတည်းပါ ပါတယ်။ Anti-Spyware ချည်းပဲ သပ်သပ်ရောင်းတာ ရှိတော့ရှိတယ်...ရှားပါတယ်။


ကွန်ပျူတာတစ်လုံး ဝယ်လာပြီဆိုတာနဲ့ Security Software တစ်ခုခုကို Trial Version အနေနဲ့ ပါလာတတ်ပါတယ်။ အများစုကတော့ e-mail နဲ့ Register လုပ်ပြီး (၃) လ အခမဲ့ စမ်းသုံးခွင့် ပြုပါတယ်။ (၃) လ ပြည့်ခါနီးရင်တော့ သတိပေးချက်တွေ တဖျတ်ဖျတ်ထွက်လာပြီး ဝယ်ခိုင်းပါလိမ့်မယ်။ အဲဒီအမျိုးအစားတူ Security Software ကိုပဲ ဆက်သုံးမယ်ဆိုရင်တော့ သတိပေးချက်ပေါ်က Buy Now ဆိုတဲ့ icon ကို နှိပ်ပြီး Master Card ဖြစ်ဖြစ် Visa Card ဖြစ်ဖြစ်သုံးပြီး ဝယ်လိုက်ရုံပါပဲ။ အဲဒီလိုမှ မဟုတ်ဘဲ ဆိုင်ကနေ ဝယ်လာတာရှိရင်လည်း ဝယ်လာတဲ့ Software pack ပေါ်က ကုဒ်နံပါတ်တွေ အကွက်ထဲမှာ ရိုက်ထည့်လိုက်ရုံပါပဲ။ ဒီလိုလည်း မလုပ်ချင်ဘူး။ ပိုက်ဆံကုန်မှာ ကြောက်တယ်။ အန္တရာယ်ကင်းကင်းလည်း ဆက်သုံးချင်တယ်ဆိုရင် စက်ထဲက ကိုယ့်ဒေတာတွေ External Drive တစ်ခု၊ ဒါမှမဟုတ် D: Drive ထဲမှာ သိမ်းပြီး Recovery သာ မောင်းလိုက်ပေတော့ဗျာ။ ဆိုင်က ဝယ်လာတဲ့အတိုင်း ပြန်ဖြစ်ပြီး Security Software ကို (၃) လ အခမဲ့ ထပ်ရပါလိမ့်မယ်။ Register လုပ်ရင် အရင်ပေးခဲ့ဖူးတဲ့ email လိပ်စာတော့ ထပ်မသုံးမိစေနဲ့ပေါ့ဗျာ။ နောက်ထပ် email အသစ်တစ်ခု ထပ်ပေးပေါ့….နော်။

နောက်တစ်နည်းကတော့ (၃) လ အခမဲ့ပေးသုံးတဲ့ Security Software တွေ တစ်မျိုးပြီးတစ်မျိုး လိုက်ပြောင်းသုံးတဲ့နည်းပါ။ Norton (၃) လ သုံးလိုက်၊ Kaspersky (၃) လ သုံးလိုက်၊ McAfee (၃) လ သုံးလိုက်…. အဲဒီလိုပေါ့ဗျာ။ ဒီလိုနည်းနဲ့ တစ်နှစ်ပြည့်တာပါပဲ။ ဝယ်ရင်လည်း တစ်နှစ်ပဲ ရတာပဲဟာ။ 90 days trial internet security လို့ Google မှာ ရိုက်ထည့်ရင် အများကြီး ထွက်လာပါလိမ့်မယ်။ ကိုယ်နဲ့ နည်းနည်းစိမ်းတဲ့ Software တွေ ဆိုရင်တော့ သုံးဖူးတဲ့ လူတွေကို မေးမြန်းပြီးမှ သုံးတာကောင်းပါတယ်။ တစ်ခါတစ်ရံ ကိုယ်နေတဲ့ နိုင်ငံမှာ 90 days trial မပေးဘဲ အမေရိကန်မှာ ပေးထားတာလည်း ရှိတယ်။ တောင်အာဖရိကတို့၊ ယူဂန်ဒါတို့လို နိုင်ငံမျိုးတွေအတွက် ပေးတာမျိုးလည်းရှိတယ်။ အဲဒီနိုင်ငံတွေရဲ့ Server ကနေ ဝင်ယူရတာမျိုးလည်း ရှိပါတယ်။ ကိုယ်မသိတဲ့ ဘာသာစကားတွေ သုံးထားရင်တော့ မတတ်နိုင်ဘူးပေါ့။ ဒါတောင်တစ်ခါတစ်ရံ Google Translator ကို သုံးပြီး ရယူနိုင်ပါသေးတယ်။ အဲဒီလိုလည်း မဟုတ်ပြန်ဘူး ဆိုရင်တော့ နောက်ဆုံးနည်းလမ်းဖြစ်တဲ့ Pirate Software သာ သုံးပေတော့။ ရန်ကုန်မှာ ဆိုရင်တော့ National CD မှာ ဈေးသက်သက်သာသာနဲ့ အများကြီး ရနိုင်ပါတယ်။ Catalog ထဲမှာ ကိုယ်လိုချင်တာ လက်ညှိုးထိုးလိုက်ရုံပါပဲ။

လူသုံးများတဲ့ Security Software တချို့ကို အောက်မှာ ရှာပေးထားပါတယ်။ အားလုံး (၃) လ အခမဲ့သုံးနိုင်တာတွေချည်းပါပဲ။

Norton ကို ထုတ်တဲ့ Symantec Company ဟာ Security Software တွေထဲမှာ အတော်အတွေ့အကြုံရင့်တဲ့ ကုမ္ပဏီပါ။ ဒါပေမဲ့ Norton ကို သုံးရတာ စက်လေးတယ်ဆိုတဲ့ ဝေဖန်ချက်တွေ ကွန်ပျူတာသုံးသူတွေအကြား အတော်ကျယ်ကျယ်လောင်လောင် ထွက်ပြီးတဲ့နောက် အခုနောက်ပိုင်းထွက်တဲ့ Version တွေမှာ ကွန်ပျူတာရဲ့ အမြန်နှုန်းကို မထိခိုက်အောင် ပြုပြင်ထားတာ တွေ့ရပါတယ်။ ဒါပေမဲ့ Software အသုံးပြုခွင့် သက်တမ်းကုန်ခါနီးရင် အခြား Software တွေလို ရိုးရိုးတန်းတန်း ဝယ်ဖို့ သတိပေးရုံမကဘဲ ကိုယ့်စက်ထဲက ကိုယ်သုံးနေကျ အချို့ Software တွေပါ သုံးမရအောင် အနှောက်အယှက်ပေးတာ တွေ့ရပါတယ်။ ဒါကြောင့် Norton ကို သုံးရင် Expired Date မကုန်ခင် စောစောစီးစီး ဝယ်သင့်ဝယ်၊ Update လုပ်သင့်လုပ်ဖို့ မမေ့ပါနဲ့ လို့ သတိလေးပေးပါရစေ။

Download Kaspersky Internet Security 2012
Activation Code: NUS4T-GKF2R-17SCB-4CKPN




Download လုပ်၊ Install လုပ်ပြီး ကုဒ်နံပါတ် တောင်းတဲ့အခါ အပေါ်မှာ ပေးထားတဲ့ နံပါတ်တွေ ရိုက်ထည့်လိုက်ပေတော့ဗျာ။



Download McAfee Internet Security
McAfee ကတော့ ပေးထားတဲ့ link ကို နှိပ်ပြီး Register အရင်လုပ်ဖို့ လိုပါမယ်။



Download Panda Internet Security 2012
Activation Code (1):  IS12PVIP-98464171
Activation Code (2): IS12PVIP-98464172
Panda Internet Security ကိုတော့ (၆) လ သုံးလို့ရတဲ့ ကုဒ်နံပါတ်တွေပါ ထည့်ပေးလိုက်တယ်။ Install လုပ်ပြီးရင် အောက်က ပုံအတိုင်း ပေါ်လာလိမ့်မယ်။  



Activate my pay version now ဆိုတဲ့ Option ကို ရွေးပြီး ပေးထားတဲ့ ကုဒ်နံပါတ် တစ်ခုခုကို ထည့်လိုက်ပေါ့...နော်။ ပြီးရင်တော့ ထုံးစံအတိုင်း Next ပေါ့။
Pirate Software တွေနဲ့ ပတ်သက်လို့ကတော့ အားလုံးသိတော်မူကြတဲ့အတိုင်း ကြုံနေကျ ပြဿနာလေးတွေ ရှိပေမဲ့ Software အမှန်အကန်တွေက ဈေးကြီးတော့လည်း သုံးရတာပါပဲ။ အခြား အသုံးချ ဆော့ဖ်ဝဲ (Application Software) တွေကို Pirate သုံးရတာထက် Security Software တွေကို Pirate သုံးရတာ ပိုပြီး အန္တရာယ်များတယ်လို့ ဆိုချင်ပါတယ်။ Pirate Security Software တွေ ကိုယ်၌က Virus ပါနေတာမျိုးတွေ အတော်များပါတယ်။ ၁၉၉၈-ခုနှစ်က ပေါ်ခဲ့တဲ့ CIH Virus ဆိုရင် Security Software တချို့မှာပါ ပါနေတာကို မှတ်မိကြဦးမယ် ထင်ပါတယ်။ ကွန်ပျူတာရဲ့ BIOS ကိုပါ တိုက်ခိုက်နိုင်တဲ့အတွက် စက်တစ်ခုလုံးကို လုံးဝ Black Out ဖြစ်သွားတဲ့အထိ ပျက်စီးမှု ကြီးမားခဲ့တဲ့ Virus ပါ။ ကမ္ဘာနဲ့ချီပြီးတော့ကို ဆုံးရှုံးမှုပမာဏ များခဲ့ပါတယ်။ အဲဒီ Virus ကို ဖန်တီးတဲ့ ထိုင်ဝမ်က Chen Ing Hau ဆိုတဲ့ ငနဲလေးလည်း ထောင်နန်းစံသွားရပါတယ်။

Security Software တွေ အကြောင်းနဲ့ Virus တွေရဲ့ ရာဇဝင်အူပေါက်ကို လျှောက်ပြောရင် ဆုံးမှာမဟုတ်ပါဘူး။ စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်။ ဒီ့ထက်သိချင်ရင်တော့ ရှာဖွေသာဖတ်ကြပေတော့ဗျာ။ ကိုယ့်စက်ထဲက Security က စာရင်းမရှိသေးတဲ့ Virus ကို မသိနိုင်ပါဘူး။ ဒါကြောင့် Software Update မှန်မှန်လုပ်ဖို့လည်း လိုပါတယ်။ Update မလုပ်နိုင်ရင် Security Software ဆိုတာ အပိုပါပဲ။ အများအားဖြင့် ခိုးကူး (Pirate) Software တွေဟာ Update လုပ်ရင် အင်မတန် ဒုက္ခပေးပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် ဝယ်သုံး၊ မသုံးနိုင်ရင် Trial Version တွေ ပြောင်းပြောင်းသုံးပါလို့ အကြံပေးတာပါ။ ဒါတောင် နောက်ဆုံးထွက်တဲ့ Virus က သူတို့ စာရင်းထဲရောက်မလာသေးရင် ဦးဦးဖျားဖျား ထိတတ်ပါသေးတယ်။


နောက်တစ်ခု ပြောစရာရှိတာက အဲဒီ ပြဿနာ Program တွေ ဘယ်က ဝင်လာသလဲ ဆိုတာပါပဲ။ Thumb Drive တွေ၊ CD တွေ နဲ့ Internet ကနေ ဝင်တာပါပဲ။ Thumb Drive တွေကတော့ ဟိုစက်ထိုး၊ ဒီစက်ထိုး မဟုတ်လား။ စက်တစ်လုံးနဲ့ တစ်လုံး Data တွေတင် မဟုတ်ဘဲ Virus တွေပါ သယ်လာတတ်ပါတယ်။ ကွန်ပျူတာ အများစုမှာ ရွေးထားတဲ့ Option ပေါ်မူတည်ပြီး Thumb Drive လို Portable Device တွေ တပ်လိုက်တာနဲ့ Auto Run လုပ်ပါတယ်။ အဲဒီမှာတင် စက်ထဲမှာရှိတဲ့ Virus က ဝင်သွားခဲ့ပါပြီ။ Worm လို Virus တွေဟာ အဲဒီအမျိုးအစားတွေပါပဲ။ W.32 လို့ လူသိများပါတယ်။ ခိုးကူး Software CD တွေမှာလည်း ပါတတ်ပါတယ်။ ကောင်းတာရော မကောင်းတာရော အစုံရှိတဲ့ Internet ကတော့ သိတဲ့အတိုင်း အဲဒီပြဿနာတွေ အများဆုံးပါပဲ။ အများအားဖြင့် Free Software တွေ Download လုပ်ရင်း ပါတတ်သလို အဆိုးဆုံးကတော့ Porn Site တွေက ဝင်တာပါပဲ။ ပုထုဇဉ်ပီပီ လှတာလေးတွေ မြင်တော့လည်း Click တာပေါ့ဗျာ။ သူတို့ကလည်း Click ချင်စရာတွေ လုပ်ပေးထားတာကိုး။ ကိုယ့်စက်ကလည်း Security ကောင်းကောင်းမရှိ၊ ကိုယ်ကလည်း ဒေါသမထိန်းနိုင်ဆိုရင် ပြီးသွားရောပေါ့ဗျာ။


တစ်ခုတော့ သတိထားပါ။ Security Software နောက်တစ်ခု Install လုပ်မယ်ဆိုရင် ရှိပြီးသား Security ကို အရင်ဆုံး Uninstall လုပ်ဖို့ မမေ့လိုက်ပါနဲ့။ တကယ်လို့ မေ့သွားခဲ့ရင်တော့ ကိုယ့်သောကနဲ့ ကိုယ်ပါပဲ။ စိတ်ပူစရာတော့ မရှိပါ။ Software Conflict ဖြစ်တဲ့ လက္ခဏာအဖြစ် Error Message တွေ တဂွမ်ဂွမ်တက်လာတာလေးရယ်၊ အခန့်မသင့်ရင် ဟမ်းသွားတာလေးရယ်၊ ခဏခဏ Restart လုပ်နေတာလေးတွေရယ်ပါပဲ။ ဒါပေမဲ့ များသောအားဖြင့်တော့ Security System Software (၂) ခု တစ်ပြိုင်တည်းတင်လို့ မရဘူးဆိုပြီး သတိပေးပါလိမ့်မယ်။ အဲဒါကိုမှ စာသေသေချာချာ မဖတ်ဘဲ Continue Anyway ကို နှိပ်ချလိုက်ရင်တော့…..

အတွေ့အကြုံတစ်မျိုးတိုးတာပေါ့လေ…….။


No comments:

Post a Comment

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...