ခြင်္သေ့မြို့တော်သည် တဖြည်းဖြည်း ရွှေရောင်လွှမ်းလာနေသည်ကို တွေ့နေရသည်။ ရှေးယခင်ကတည်းက အာရှတိုက်ရှိ အရောင်အသွေးစုံနှင့် ကျော်ကြားသော ဤမြို့နိုင်ငံငယ်တွင် ယခင်ရှိနှင့်ပြီးသား အရောင်များထဲမှပင် ထူးထူးခြားခြား ပိုမိုလင်းလက်လာသည့် ရွှေရောင်ကို သတိမထား၍မရတော့။
စင်္ဂ ဆိုသည်က ပါဠိလို ခြင်္သေ့ဟု အဓိပ္ပါယ်ရသည်။ ပူရ ဆိုသည်ကမြို့။ ဒီလိုနည်းနှင့် ခြင်္သေ့မြို့တော်ဟု အဓိပ္ပါယ်ရသည့် စင်ကာပူနိုင်ငံဖြစ်လာသည်ဟု ဆိုသည်။ အနှီ စင်ကာပူသို့ ရေကြည်ရာ မြက်နုရာ ရွေ့ပြောင်းလာသည့် လူမျိုးများ များစွာရှိပါသည်။ ထိုအထဲတွင်မှ ဖြတ်ထိုးဉာဏ်အလွန်ကောင်းသော၊ စိတ်ညစ်စရာများကို ပျော်စရာ ဟာသများအဖြစ် ပြောင်းတတ်သော၊ ငွေရှာသော်လည်း ငွေမမက်တတ်သော၊ လူမျိုးခြားနှင့်ဆက်ဆံသည့်အခါ မကျေနပ်သည့်တိုင် အောင့်ခံတတ်သော၊ ကိုယ့်အချင်းချင်းဆိုလျှင် နည်းနည်းလေးမှ သေးသေးတင်မခံတတ်သော လူမျိုးတစ်မျိုးလည်း ပါလာလေသည်။
သူတို့၏ ဘာသာစကားသည် အင်္ဂလိပ်စကားလောက်မရှင်း။ စကားလုံးတစ်လုံးလျှင် အဓိပ္ပါယ်မြောက်များစွာထွက်ရသည့်ကြားထဲ သူတို့ချင်းပြောသည့် အီဒီယံများသည်လည်း အမျိုးမျိုးအပြားပြားရှိလေ၏။ ဆဲရေးသော ဖရုဿဝါစာချင်း ယှဉ်လျှင်သော်မှ ဤလူမျိုး၏ အသုံးအနှုန်းများသည် အခြားသောလူမျိုးများထက် သာသည်ဟု ဆိုရပေမည်။ လက်မခံချင်သူများ ဆက်လက်လေ့လာ ငြင်းခုံနိုင်ပါသည်။ အပေါ်ယံကြောကြည့်လျှင် သူတို့ဘာသာစကားသည် ပြောရလွယ်သည်ဟု ထင်ရသော်ငြား အကယ်အန္တု မလွယ်ရေးချ မလွယ်တကား။

လုပ်ငန်းခွင်ထဲရောက်လျှင် ထိုလူမျိုးသည် အလွန်ကြိုးစား၏။ လာဘ်လည်း မြင်၏။ လာဘ်ပေးလာဘ်ယူ ထွန်းကားသောနိုင်ငံမှ လာခြင်းကြောင့် လာဘ်မြင်ခြင်း ဖြစ်နိုင်၏။ ပေါင်းတတ် သင်းတတ်၏။ မည်မျှပင် အနိမ့်ဆုံးအဆင့်နှင့်လာလာ၊ လုပ်အားခမည်မျှပင်နည်းနည်း ပညာကို လိုလားသော လူမျိုးများဖြစ်သည့်အလျှောက် အခွင့်အရေးရသည်နှင့် ကျောင်းတက်ဖို့ ကြိုးစားကြသူတွေထဲတွင်လည်း ထိုလူမျိုးသည် ထိပ်ဆုံးကဖြစ်၏။ ကျောင်းတက်သည့်အခါတွင်လည်း ဘာမှပြန်မပြောရဲသော ပညာရေးစနစ်ဖြင့် ကြီးပြင်းလာရခြင်း၏ ကျေးဇူးကြောင့် နားမလည်သော်ငြား ဘာမျှမေးလေ့ မရှိသောလူမျိုးလည်းဖြစ်၏။ သို့သော် အချိန်တန်လျှင် စာမေးပွဲနားနီးမှ သူတို့အချင်းချင်း လူစု၍ လေ့လာရုံမျှနှင့် သူများရှေ့ကအောင်မြင်တတ်သော လူမျိုးများဖြစ်၏။ ပညာရှာပမာ သူဖုန်းစား ဟူသည့် စကားပုံသည် သူတို့လက်သုံးစကားဖြစ်၏။ ပညာရေးနှင့်ပတ်သက်လျှင် ထမင်းအငတ်ခံနိုင်သော လူမျိုးများဖြစ်သည့်အတွက် အောင်မြင်ကြခြင်းလည်းဖြစ်နိုင်၏။ နားမလည်သော်လည်း ဘာမျှပြန်မမေးဘဲ စာမေးပွဲရောက်လျှင် အလိုလိုတော်သောလူမျိုးကား ကမ္ဘာပေါ်တွင် များများစားစား ရှိမည်မထင်။
ပညာရေးကိုအားပေးသော ပညာနိုင်ငံ စင်ကာပူတွင် ပညာကိုတန်ဖိုးထားသော ဤလူမျိုးတို့ အောင်မြင်ကြတာဘာမှမဆန်း။ ထို့ကြောင့်ပင် ၄င်းတို့ထဲတွင် ဟိုးအောက်ခြေဝန်ထမ်းက စ အရာရှိအကြီးကြီးများအထိ ရှိနေခြင်းဖြစ်သည်။ အထူးသဖြင့် လျှပ်စစ်နှင့် ဆက်နွယ်သောအလုပ်များတွင် ထူးချွန်ကြ၏။ အကြောင်းမူကား သူတို့၏ ချစ်လှစွာသော ရွှေပြည်ကြီးသည် လျှပ်စစ်မီးမကြာခဏ ပြတ်လေ့ရှိခြင်းကြောင့် ဖြစ်လေ၏။ အသို့နည်း။ လျှပ်စစ်မီးပြတ်သည်နှင့် လျှပ်စစ်အတတ် ကျွမ်းကျင်တာ ဘာဆိုင်သနည်း။ ရှင်းပါအံ့။ သူတို့ဆီမှ လျှပ်စစ်မီးကား ပြတ်ရုံမည်ကာ မတ ္တမဟုတ်။ Clarke Quay မှ လောက်လွှဲကဲ့သို့ အတက်အကျ အလွန်ကြမ်း၏။ လာလိုက် ပြတ်လိုက်လည်း ဖြစ်၏။ ထို့ကြောင့်ပင် ဤနိုင်ငံမှ လူကြီးကလေး ယောင်္ကျား၊ မိန်းမ ပုပုရွရွ ဟူသမျှတို့သည် အယုတ်အလတ်အမြတ်မရွေး အတက်အကျကြမ်းသော လျှပ်စစ်ကို အပြုံးမပျက် မည်သို့ထိန်းရမည်ကို သိ၏။ မီးအားကျသလား။ မီးအားမြှင့်စက်ရှိ၏။ မီးပျက်သလား။ အင်ဗာတာရှိ၏။ ကိုယ်ပိုင်မီးစက်ရှိ၏။ တစ်ခုခုမှားယွင်း၍ ဖျူးပြတ်သလား။ သိမ်းထားသော ဝါယာကြိုးအတိုအစ ကို အတွင်းမှကြေးကြိုးဆွဲထုတ် လိမ်လိုက်ရုံပ။ ဤနည်းဖြင့် လူမျိုးနှင့် ချီ၍ လျှပ်စစ်အကြောင်း နောကြေကြ၏။ ဒီလိုလူမျိုးမှ လျှပ်စစ်မကျွမ်းလျှင် မည်သည့်လူမျိုးကျွမ်းမည်နည်း။
ကုမ္ပဏီပိုင်ရှင်များထဲတွင်လည်း ရွှေလူမျိုးတို့ ဒုနဲ့ဒေး။ ဝန်ထမ်းများထဲတွင်ပင်လျှင် တချို့သူဌေးသူကြွယ်များသည် အတွေ့အကြုံရရန်သာ အဓိကထားလာရောက် လုပ်ကိုင်ကြခြင်းဖြစ်လျှက် စင်ကာပူမှလုပ်အားခကို မုန့်ဖိုးမျှသဘောထားသူများလည်း ရှိပေခြိမ့်။ ရွှေပြည်မှ ၄င်းတို့၏ပိုင်ဆိုင်မှုများကား အမှန်စင်စစ် စ လုံးသားတို့ကို ပျင်းသနားဘိ၏။ မယုံမရှိနှင့်။ ကိုယ်တွေ့။ (ဤကဲ့သို့ သူဌေးတစ်ဦးနှင့် လက်ရှိအလုပ် အတူတူလုပ်နေခြင်းဖြစ်သည်..။ ။ ဤကားစကားချပ်..)
ထိုထိုသော ထူးခြားလှသည့် ရွှေလူမျိုးကား ရေမြေ့သနင်းများ ချာတူးလန်သောကြောင့် သူများတိုင်းပြည်တွင် လာရောက်အခြေချလျှက် သူများတိုင်းပြည်ကို အလုပ်အကျွေးပြုနေရခြင်းကား မိခင်တိုင်းပြည်အတွက် များစွာဝမ်းနည်းဖွယ်ရာဖြစ်၏။ သို့သော် ဝမ်းနည်းရကောင်းမှန်းမသိသော ရေမြေ့သနင်းအူကြောင်ကြားများကား ကိုယ့်လူမျိုးကိုယ် တိုးတက်အောင် မြေတောင်မြှောက်သည့်အနေနှင့် အခွန် ၁၀% ကို အားမနာလျှာမကျိုးကောက်လေ၏။ သို့သော် အလွန်တရာ သဘောထားပြည့်ဝသော လူမျိုးဖြစ်လေရကား ဒီလောက်နှင့် မမှု။ အခွန်ပေးခွင့် ပြုပါမည့် အကြောင်း ရိုသေစွာ လျှောက်ထားပေးဆောင်ပြလိုက်သေး၏။ ရဲရဲတောက် တိုင်းပြည်ချစ်သူများပါတကား။ ဂုဏ်ယူဖွယ်ကောင်းလေစွ။
အချုပ်အားဖြင့်ဆိုရသော် ဤထူးခြားသောရွှေလူမျိုးတို့ လာရောက်အခြေချမှု များပြားလာခြင်းကြောင့် အာရှတိုက်၏စီးပွားရေးကျားဟု သမုတ်အပ်သော ခြင်္သေ့မြို့တော်သည် (ကျားဖြစ်လိုက် ခြင်္သေ့ဖြစ်လိုက်…တကယ်က ခြင်္သေ့အောက်မှာ ငါး က ပါသေးတော့… ဘာကောင်မှန်းကို မသိတော့ပါဘူးဂျာ..) တဖြည်းဖြည်း ရွှေခြင်္သေ့များ ဖြစ်လာနေသည်မှာ ငြင်း၍မရ။ ထင်ရှားတွေ့နေရ၏။
အကယ်၍များ သင်းတို့ရွှေပြည်ကြီး တကယ်ပြောင်းလဲတိုးတက်သွားခဲ့သော်………….
ခြင်္သေ့ကြီး ရွှေရောင်ပျယ်မည့်နေ့ တစ်နေ့တော့ ရောက်လာပါလိမ့်မည်......
တစ်ခါတစ်ရံ စိတ်ကူးယဉ်ခြင်းသည် မိုက်ပါသည် ခင်ဗျာ…..
(ဓါတ်ပုံများကို Google မှ ယူသည်။)

No comments:
Post a Comment