Monday, July 13, 2020

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)


(၂) Federalism
 
ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း ပညာရှင်အများစုက လက်ခံထားကြပါတယ်။ သုတေသီပညာရှင်တယောက်က ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုချက် (၂၆၇) မျိုးရှိကြောင်း ဆိုထားခဲ့ပါတယ်။ ဒီစာတမ်းမှာ ဖယ်ဒရယ်ဝါဒ ဆိုတာကို နိုင်ငံရေးအစုအဖွဲ့တခုမှ နိုင်ငံရေးအရ ပေါင်းစပ်မှုနဲ့ နိုင်ငံရေးအရ လွတ်လပ်ခွင့်များကို အသုံးပြုပြီး၊ အချို့ပြည်သူ့ရေးရာများမှာ စုပေါင်းအုပ်ချုပ်ခြင်း၊ အချို့ပြည်သူ့ ရေးရာများမှာ သီးခြားခွဲဝေအုပ်ချုပ်ခြင်းများ ပြုလုပ်မှုဆိုင်ရာ ဒဿနိကအတွေးအမြင် တခုအဖြစ် ရှုမြင် ရေးသားထားပါတယ်။
 
ဖယ်ဒရယ် ပြည်ထောင်စုစနစ်ဆိုတာက သီးခြားနိုင်ငံရေးစနစ်တခုဖြစ်ပြီး၊ အချုပ်အခြာအာဏာပိုင် နိုင်ငံတခုမှာ ဖယ်ဒရယ်အစိုးရနဲ့ ဒေသဆိုင်ရာ အစိုးရဆိုပြီး အနည်းဆုံး အစိုးရနှစ်ခု ရှိနေတဲ့ စနစ်တခုဖြစ်ပါတယ်။ 
 

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၈)


(၃) ကိုယ်ပိုင်အုပ်ချုပ်ခွင့် (Autonomy)
 
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတာကို ကွဲပြားခြားနားမှုများအား အပြန်အလှန် အသိအမှတ်ပြုလက်ခံပြီး၊ စည်းလုံးညီညွတ်ရေးကို ထိန်းသိမ်းထားပေးနိုင်စေတဲ့ နိုင်ငံရေးအစီအမံတခုအဖြစ် အသုံးပြုလေ့ ရှိကြပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတဲ့ စကားလုံးဟာ ဂရိဘာသာ auto (အဓိပ္ပာယ်– ကိုယ်ပိုင်) နဲ့ nomos (အုပ်ချုပ်ခြင်း) စတာတွေကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ ဒီသဘောတရားကို ယနေ့ခေတ်ကာလမှာ ဒဿနိကဗေဒ၊ သဘာဝသိပ္ပံနဲ့ နိုင်ငံရေးသိပ္ပံစတဲ့ ဘာသာရပ်နယ်ပယ် သုံးခုမှာ အသုံးပြုကြပါတယ်။
 
ဒဿနိကဗေဒပညာရှင်များက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတာကို ကိုယ့်ကြမ္မာ ကိုယ်စီရင်ခွင့်ရှိတဲ့ တဦးချင်းပါဝါအဖြစ် သတ်မှတ်ထားကြပါတယ်။ သဘာဝသိပ္ပံပညာရှင်များကတော့ organic independence အဖြစ် သတ်မှတ်ထားကြပြီး၊ နိုင်ငံရေးသိပ္ပံဘာသာရပ်နယ်ပယ်မှာတော့ အုပ်ချုပ်ရေး၊ နိုင်ငံရေးရှုထောင့်ကနေ ရှုမြင်လေ့လာကြပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတာကို အချို့သော အင်စတီကျူးရှင်းများမှာ နိုင်ငံတော်ရဲ့ ဝင်ရောက်စွက်ဖက်မှုကို ကန့်သတ်ပြီး၊ လူနည်းစု များကို စောင့်ရှောက်ပေးတဲ့ နိုင်ငံရေးအစီအမံတခုအဖြစ် ရှုမြင်ထားကြပါတယ်။
 

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၅)


(၄) Competition over Resources Approach
 
ethnic identities များအပေါ် အခြေခံပြီး၊ နိုင်ငံရေးလှုပ်ရှားမှုများ ပြုလုပ်ခြင်းဟာ လူမျိုးစုရေးရာ သည်းခံနိုင်စွမ်းလျော့နည်းမှုနဲ့ အရင်းအမြစ်များနှင့် အခွင့်အရေးများအပေါ် ပြိုင်ဆိုင်မှုများကို တိုးမြင့်စေပါတယ်။ စနစ်တကျမဖြေရှင်းခဲ့ရင် လက်နက်ကိုင်ပဋိပက္ခများကို ဦးတည်သွားတတ်ပါတယ်။ အထူးသဖြင့် အရင်းအမြစ်များ ရှားပါးချိန်တွေမှာ နိုင်ငံရေးဇာတ်ကောင်းအချို့က ပဋိပက္ခဖြစ်နိုင်ချေ မြင့်မားအောင် ပုံဖော်ဆောင်ရွက်သွားလို့ ရတတ်ပါတယ်။ Organization for Economic Cooperation and Development (OECD) နဲ့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီတို့ရဲ့ အစီရင်ခံစာများအရ အခွင့်အလမ်းနဲ့ အရင်းအမြစ်များ ဆုံးရှုံးနေတဲ့ လူမျိုးစု အဖွဲ့အစည်းများ အကြားမှာ လက်နက်ကိုင်ပဋိပက္ခအတွက် စည်းရုံးခံရနှုန်း ပိုမိုမြင့်မားလေ့ရှိကြောင်း လေ့လာတွေ့ရှိရပါတယ်။
 

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၆)


လူမျိုးစုရေးရာ ပဋိပက္ခများအား ဖြေရှင်းနိုင်သော နိုင်ငံရေးအစီအမံများ
 
(၁) Consociational Democracy
 
Consociational Democracy ဆိုတာက တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်တဲ့ နိုင်ငံတွေနဲ့ အခြားသော ယဉ်ကျေးမှူဓလေ့ထုံးစံ ကွဲပြားခြားနားမှုရှိနေတဲ့ နိုင်ငံတွေမှာ နိုင်ငံရေး လူ့အဖွဲ့အစည်း တရပ် ထူထောင်တဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေကို ကျော်လွှားနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေအကောင်အထည်ဖော်တဲ့ နိုင်ငံရေးအစီအမံ (political arrangement) တခုပါ။
 
ဒီသဘောတရားဟာ လူမျိုး၊ စာပေ၊ ကိုးကွယ်မှုနဲ့ ယုံကြည်ချက်တွေမှာ နက်နက်ရှိုင်းရှိုင်း ခြားနားမှုရှိနေတဲ့ လူ့အဖွဲ့အစည်းတွေအတွက် သင့်လျော်မယ့် democratic rule ပုံစံကို ဖော်ညွှန်းထားပါတယ်။ အဲဒီမှာ ကွဲပြားနေတဲ့ လူ့အဖွဲ့အစည်းတွေကို ညှိနှိုင်းစေ့စပ်ပေးနိုင်မယ့် political institutions တွေရဲ့ အခန်းကဏ္ဍဟာ အရေးပါသလို၊ ဒီမိုကရက်တစ် အုပ်ချုပ်မှုရဲ့ ဖွဲ့စည်းပုံမှာလဲ flexibility ရှိရမှာ ဖြစ်ပါတယ်။ ဒီအထဲမှာ အရေးကြီးတာကတော့ ကွဲပြားတဲ့ လူ့အဖွဲ့အစည်းတိုင်းကို ဒီဂရီမြင့်မားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးအပ်ရေးပါ။ ဒီလိုလုပ်ခြင်းအားဖြင့် အတွင်းစည်းမှာ အခြေခံအားဖြင့် integration ရှိလာပါတယ်။
 

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၄)


(၃) Political Entrepreneurs Approach
 
ရုတ်ခြည်းနိုင်ငံရေးပြောင်းလဲမှုကနေ ပေါ်ထွက်လာတဲ့ မတည်ငြိမ်မှုနဲ့ မရေရာမှု အခြေအနေတွေ၊ လူမျိုးစုများအကြား ဆက်ဆံရေးကို ကောင်းမွန်စွာ ဖော်ဆောင်နိုင်ခြင်းမရှိသေးတဲ့ အင်စတီကျူးရှင်း ဆိုင်ရာ အားနည်းချက်တွေ ရှိနေတဲ့ အခြေအနေတွေကို အမြတ်ထုတ်ပြီး၊ နိုင်ငံရေးအရ ပါဝါတည်ဆောက်လိုတဲ့ နိုင်ငံရေးဇာတ်ကောင်တွေ ရှိလာခဲ့ရင် လူမျိုးစုရေးရာ ပဋိပက္ခတွေ ကြီးထွားလာတတ်ပါတယ်။ အတိတ်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ၊ အာဃာတတွေကနေ လူမျိုးစုများ အကြား အမုန်းတရားတွေ ဖြစ်ပွားလာအောင် လုပ်ဆောင်မှုတွေ ပေါ်ထွက်လာတဲ့အခါ inter-ethnic security dilemma ဖြစ်လာတတ်ပါတယ်။
 

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၃)

(၂) Institutional Approach
 
လူမျိုးစုရေးရာ ပဋိပက္ခဖြစ်နိုင်ချေကို ဆန်းစစ်ရာမှာ အင်စတီကျူးရှင်းတွေရဲ့ အခန်းကဏ္ဍက အလွန်အရေးကြီးပါတယ်။ လူမျိုးစုများအကြား ပူးပေါင်းဆောင်ရွက်ရေးကို အားပေးခြင်း (သို့မဟုတ်) ကန့်သတ်ခြင်းများ ပြုလုပ်ပြီး လူမျိုးစုများအကြား ဆက်နွယ်ပတ်သက်မှုတွေကို ဖော်ကျူးပေးနိုင်တာက အင်စတီကျူးရှင်းများ ဖြစ်ပါတယ်။ နိုင်ငံရေးပညာရှင် Crawford ဆိုသူက အင်စတီကျူးရှင်းများအနေနဲ့ ပူးပေါင်းဆောင်ရွက်ရေး၊ စည်းမျဉ်းများ၊ ဓလေ့ထုံးစံများ၊ လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာ ဆောင်ရွက်ရေး၊ ကိုယ်စားပြုရေး၊ တာဝန်ခံမှုရှိရေး စတာတွေကို အားပေးဖော်ဆောင်လို့ ရကြောင်း အကြံပြုထားခဲ့ပါတယ်။ identity politics မှ ပဋိပက္ခအဖြစ် မပြောင်းလဲ သွားစေရေးအတွက် နိုင်ငံတော် အင်စတီကျူးများပေါ်မှာ မူတည်ကြောင်း သူမက ဆိုထားခဲ့ပါတယ်။
 

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၂)

(ကျေးဇူးတင်လွှာ။            ။ အမ ခင်မမမျိုး၏ Facebook မှ လေးစားစွာ ကူးယူဖော်ပြပါသည်။)

လူမျိုးစုရေးရာ ပဋိပက္ခများ ဖြစ်ပွားရတဲ့ အကြောင်းရင်းတွေကို ပညာရှင်များက ချဉ်းကပ်မှုနည်းလမ်း (approaches) လေးခုနဲ့ ဖော်ထုတ်ခဲ့ကြပါတယ်။
 
(၁) Primordialist Approach
 
ဒီနည်းလမ်းက လူမျိုးစုတွေအကြားမှာ ရှေးပဝေသဏီကတည်းက ရှိနေခဲ့တဲ့ အာဃာတတွေကို အာရုံစိုက် လေ့လာခဲ့ပါတယ်။ လူမျိုးစုတခုကို ဖော်ထုတ်ပြသနိုင်ဖို့အတွက် အခြားလူတွေကို ခွဲခြား ဆက်ဆံမှုဟာ ဘိုးစဉ်ဘောင်ဆက် လူသားပတ်သက်ဆက်နွယ်မှုတွေကို အခြေခံပါတယ်။ ရံဖန်ရံခါ လူသားမဟုတ်ပဲ အခြားသတ္တဝါတွေလဲ ဖြစ်နေတတ်ပါတယ်။ ဒီအမြင်အရ အစွန်းရောက်မှုနဲ့ သည်းခံနိုင်စွမ်းနည်းပါးမှုတွေက လူ့အဖွဲ့အစည်းရဲ့ သဘောသဘာဝဖြစ်နေပြီး၊ နိုင်ငံရေးအကျိုးစီးပွား ထက် ပိုမိုကျော်လွန်နေတတ်ပါတယ်။
 
ဒီချဉ်းကပ်နည်းလမ်းဟာ လူမျိုးရေးပဋိပက္ခတွေနဲ့ လူမျိုးရေးရာ ပဋိပက္ခဖြစ်နိုင်ချေတွေရဲ့ အခန်းကဏ္ဍကို ရှင်းလင်းတင်ပြပေးထားပါတယ်။ လူမျိုးစုရေးရာ ခံစားချက်တွေဟာ primordial ဖြစ်လာတဲ့အခါ၊ အတိတ်က တရားမမျှတမှုများနဲ့ အာဃာတတွေကို အခြေခံတဲ့ လူမှုရေးနဲ့ နိုင်ငံရေးရာ constructed reality ရှိလာတတ်ပါတယ်။ နိုင်ငံရေးပညာရှင် Suny ဆိုသူက ဒါနဲ့ ပတ်သက်ပြီး national identities နဲ့ ethnic identities တွေဟာ သင်ကြားမှု၊ ထပ်ဖန်တလဲလဲ ပြောဆိုမှု၊ ပြန်လည် ဖော်ထုတ်မှုတွေကြောင့် ပေါ်ထွက်လာတဲ့ ခံစားမှုများအပေါ် အခြေခံကြောင်း ရေးသား ဖော်ပြထားပါတယ်။
 

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၁)

  (ကျေးဇူးတင်လွှာ။            ။ အမ ခင်မမမျိုး၏ Facebook မှ လေးစားစွာ ကူးယူဖော်ပြပါသည်။)

ဒီမိုကရေစီဆိုတာ ပြည်သူလူထုက အုပ်ချုပ်ခြင်း (rule by the people)နဲ့ ပြည်သူလူထုအတွက် အုပ်ချုပ်ခြင်း (rule for the people) ဆိုတဲ့ စည်းမျဉ်းတွေအပေါ်မှာ အခြေခံထားတဲ့ နိုင်ငံရေးစနစ်တခု ဖြစ်ပါတယ်။ ပြည်သူလူထုဆိုတာကတော့ ဟုတ်ပါတယ်။ ဒါပေမယ့် မေးစရာတခုက ရှိလာပါတယ်။ ပြည်သူလူထုဆိုတာ ဘယ်သူတွေလဲ။ ဒီမေးခွန်းဟာ တိုင်းရင်းသားလူမျိုးစုများ စုပေါင်းနေထိုင်တဲ့ တိုင်းပြည်နိုင်ငံတွေအတွက်ဆိုရင် အလွန်ကို အရေးကြီးတဲ့ မေးခွန်းဖြစ်ပါတယ်။
 
multi-ethnicity ဆိုတဲ့ အကြောင်းအရာကို ကြိုတင်စဉ်းစားတွေးခေါ်မှု၊ ပြင်ဆင်မှုမရှိရင် ဒီမိုကရေစီ လူ့အဖွဲ့အစည်းတရပ် ဖွံ့ဖြိုးတိုးတက်လာမှုနဲ့ နိုင်ငံတနိုင်ငံရဲ့ နိုင်ငံရေးတည်ငြိမ်မှု (political stability) တွေဟာ အခက်အခဲတွေ ဖြစ်လာစေတတ်ပါတယ်။ multi-ethnic context ပေါ်မှာ အခြေခံတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုတရပ် အောင်မြင်စွာ ဖြစ်ပေါ်လာနိုင်ရေးအတွက် လိုအပ်တဲ့ အခြေအနေ (conditions) တွေနဲ့ ဒါတွေရှိအောင် ပြုလုပ်ဖန်တီးထားရတဲ့ ကွန်စတီကျူးရှင်းတွေ၊ စစ်မှန်သော ပြည်ထောင်စုစနစ် စတာတွေ ရှိရပါတယ်။
 

Friday, May 1, 2020

အကြံပြုစာ (သို့) မိဘတ‌ယောက်ရဲ့ ပညာရေးမျှော်လင့်ချက်

မင်္ဂလာပါ ခင်ဗျာ။ ကျနော်တို့ရဲ့ အကြံပြုချက်လေးကို တခြားဖေဖေ မေမေတွေလည်း ဖတ်လို့ရအောင် ဝေမျှပါရစေ။

ပထမဆုံး အနေနဲ့ မိဘများ၏ အကြံပြုချက် တောင်းခံသည့် အစီအစဉ်အတွက် ကျေးဇူးတင်ကြောင်း အရင်ပြောပါရစေ။ တခြား ဖေဖေ မေမေ တွေလိုပဲ ကျနော်တို့မှာလည်း အပြုသဘော အကြံပြုစရာလေးတွေ ရှိပါတယ်။ အခု အောက်မှာ ပြောသွားမဲ့ အချက်ကလေးတွေကို ပြုပြင်လိုက်ရင် ပိုမိုကောင်းမွန်လာမယ်လို့ ယုံကြည်ပါတယ် ဆရာမတို့ ခင်ဗျား။ အတတ်နိုင်ဆုံး လက်တွေ့အလုပ်ဖြစ်နိုင်မဲ့ အချက်လေးတွေကို ဂရုတစိုက် အကြံပြုလိုက်ပါတယ်။

Tuesday, May 30, 2017

ယုံကြည်ခဲ့ဖူးသလား

ကိုယ့္ဘဝ

အောင်မြင်တဲ့ Team Work ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုက ယုံကြည်မှု (Trust) ဖြစ်ပြီး Team Work ကို ကျရှုံးစေတဲ့ ပြဿနာတစ်ခုက Suspect (သံသယ) ပါ။ ဘယ်စာအုပ်ထဲကမှ မဟုတ်တဲ့ ကိုယ်တွေ့အတွေ့အကြုံ သေးသေးလေး တစ်ခုကို ပြောပြပါရစေ။


တစ်ရက်တော့ Client တွေနဲ့ အင်ဒိုနီးရှား Batam anchorage မှာ ရပ်ထားတဲ့ Barge တွေကို Inspection ဝင်ပါတယ်။ ရပ်ထားတဲ့နေရာက ရေလယ်မှာဆိုတော့ သင်္ဘောကျင်းက စီစဉ်တဲ့ Nemo boat လို့ခေါ်တဲ့ Service boat ကို အားကိုးရပါတယ်။ ဒါပေမဲ့ ပြဿနာက အဲဒီ Nemo တစ်စီးတည်းနဲ့ အဲဒီနားက ရှိရှိသမျှ သင်္ဘောပေါင်းစုံကို သွားကြပြန်ကြဆိုတော့ တခါတရံ အခန့်မသင့်ရင် တစ်နာရီ၊ နှစ်နာရီလောက်ထိ စောင့်ရတတ်ပါတယ်။ ရေထဲမှာ အလုပ်လုပ်ရတာ ကုန်းပေါ်မှာလို စိတ်သွားတိုင်း ကိုယ်မပါ ပါဘူး။ တစ်နေရာနဲ့ တစ်နေရာ မြင်နေရပေမဲ့ ကူးဖို့ လှေမရှိရင် ဘာမှ လုပ်မရဘဲ ငုတ်တုတ် အချိန်ကုန်တဲ့ကိစ္စပါ။

ကျနော့အတွက် အချိန်က အရေးကြီးသမို့ တစ်မျိုးကြံရပါတယ်။ အဲဒီ ရေလယ်ခေါင် သောင်ထွန်း Teras ကျွန်းမှာ ကျနော်တို့ Teras ကုမ္ပဏီပိုင် Tug boat တချို့လည်း ရပ်ထားတာ ရှိပါတယ်။ ဒါနဲ့ သင်္ဘောကျင်းကို ခွင့်တောင်းပြီး ကျနော်တို့ Tug boat တစ်စီး က Workboat လို့ခေါ်တဲ့ စက်တပ်ရာဘာလှေကို ကျနော်တို့ အသွားအပြန်အတွက် စီစဉ်ရပါတယ်။ (မမြင်ဖူးသူတွေအတွက် ပုံလေးတွေ ထည့်ပေးထားပါတယ်။)

Tuesday, March 7, 2017

ခံစစ် (သို့) လုပ်ငန်းခွင် နိုင်ငံရေး (အပိုင်း ၁)


စစ်တုရင် ကစားသည့်အခါ အဖြူဘက်ကို တိုက်စစ်ဟု ခေါ်၍ အမဲကို ခံစစ်ဟု ခေါ်သည်။ အဓိက ကွာခြားချက်က အဖြူမှ စတင် ရွေ့ရသော ကစားပွဲစည်းမျဉ်းကြောင့် ဖြစ်သည်။ အဖြူဘက်မှ စတင်၍ ရွေ့ခြင်းကို ရည်ရွယ်၍ တိုက်စစ်ဟု ခေါ်ခြင်း ဖြစ်သည်။ လက်ဦးမှုရသည့်ဘက်ဟု ဆိုကြပါစို့။ အမဲဘက်မှ ကစားသူက တစ်ကွက်နောက်ကျ ရွေ့သောကြောင့် ခံစစ်ပြင်သည်ဟု ခေါ်သည်။
ဒါက စစ်တုရင်ပွဲတစ်ခုရဲ့ စည်းမျဉ်းနဲ့ သဘော။
တကယ်တော့ တိုက်စစ်နဲ့ ခံစစ် ကွာဟမှုက တစ်ကွက်တည်းသာ ဖြစ်သည်။ ထိုတစ်ကွက်အသာကြောင့်ပင် တိုက်စစ်နဲ့ ခံစစ်ဟူ၍ ကွဲပြားရသည်။ 

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...