Skip to main content

ယုံကြည်ခဲ့ဖူးသလား

ကိုယ့်ဘဝ
အောင်မြင်တဲ့ Team Work ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုက ယုံကြည်မှု (Trust) ဖြစ်ပြီး Team Work ကို ကျရှုံးစေတဲ့ ပြဿနာတစ်ခုက Suspect (သံသယ) ပါ။ ဘယ်စာအုပ်ထဲကမှ မဟုတ်တဲ့ ကိုယ်တွေ့အတွေ့အကြုံ သေးသေးလေး တစ်ခုကို ပြောပြပါရစေ။

တစ်ရက်တော့ Client တွေနဲ့ အင်ဒိုနီးရှား Batam anchorage မှာ ရပ်ထားတဲ့ Barge တွေကို Inspection ဝင်ပါတယ်။ ရပ်ထားတဲ့နေရာက ရေလယ်မှာဆိုတော့ သင်္ဘောကျင်းက စီစဉ်တဲ့ Nemo boat လို့ခေါ်တဲ့ Service boat ကို အားကိုးရပါတယ်။ ဒါပေမဲ့ ပြဿနာက အဲဒီ Nemo တစ်စီးတည်းနဲ့ အဲဒီနားက ရှိရှိသမျှ သင်္ဘောပေါင်းစုံကို သွားကြပြန်ကြဆိုတော့ တခါတရံ အခန့်မသင့်ရင် တစ်နာရီ၊ နှစ်နာရီလောက်ထိ စောင့်ရတတ်ပါတယ်။ ရေထဲမှာ အလုပ်လုပ်ရတာ ကုန်းပေါ်မှာလို စိတ်သွားတိုင်း ကိုယ်မပါ ပါဘူး။ တစ်နေရာနဲ့ တစ်နေရာ မြင်နေရပေမဲ့ ကူးဖို့ လှေမရှိရင် ဘာမှ လုပ်မရဘဲ ငုတ်တုတ် အချိန်ကုန်တဲ့ကိစ္စပါ။
ကျနော့အတွက် အချိန်က အရေးကြီးသမို့ တစ်မျိုးကြံရပါတယ်။ အဲဒီ ရေလယ်ခေါင် သောင်ထွန်း Teras ကျွန်းမှာ ကျနော်တို့ Teras ကုမ္ပဏီပိုင် Tug boat တချို့လည်း ရပ်ထားတာ ရှိပါတယ်။ ဒါနဲ့ သင်္ဘောကျင်းကို ခွင့်တောင်းပြီး ကျနော်တို့ Tug boat တစ်စီး က Workboat လို့ခေါ်တဲ့ စက်တပ်ရာဘာလှေကို ကျနော်တို့ အသွားအပြန်အတွက် စီစဉ်ရပါတယ်။ (မမြင်ဖူးသူတွေအတွက် ပုံလေးတွေ ထည့်ပေးထားပါတယ်။)

Nemo Boat လေးကို အားပြုကြရတယ်

အရေးထဲ ကပ္ပတိန်က သူ့ Workboat ကို ပေးမသုံးချင်ဘူး။ ဘာကြောင့်လဲလို့ မေးလိုက်တော့ မြန်မာပြည်က အထာမျိုး လာလုပ်နေတာ။ Inspection လာရင် ပြဖို့ ဆိုပဲ။ စိတ်ပေါက်ပေါက်နဲ့ တုပ်ထည့်လိုက်မှ အချိုးပြေသွားတယ်။ အယူအဆတွေ လွဲတယ်ဆိုတာ အဲဒါပါပဲ။ တကယ်တော့ အဲဒီ အသက်ကယ် ပစ္စည်းတွေ၊ မိုးထဲလေထဲ သုံးဖို့ ပစ္စည်းတွေဟာ အမြဲကောင်းနေဖို့ဆိုတာ အမြဲ ဂရုစိုက်နိုင်မှ တော်ကာ ကျတာမျိုး။ ခက်တာက အရေးအကြောင်း မဟုတ်ဘဲ နေ့စဉ် သုံးနေတာ မဟုတ်လေတော့ တိတ်တိတ်ကလေး ပျက်နေရင်လည်း ဘယ်သူမှ မသိနိုင်ဘူး။ တကယ့် မိုးထဲလေထဲ သေရေးရှင်ရေး ထုတ်လည်းသုံးရော ပွဲတွေ ပြတ်ကုန်ရော။ စပ်မိလို့ နည်းနည်းကလေး ပြောပြပါရစေ။
တကယ်တော့ သင်္ဘောပေါ်မှာ ရှိသမျှ equipment တွေ ပစ္စည်းတွေ အားလုံး ကောင်းကောင်းမွန်မွန် အလုပ် လုပ်နေဖို့ ဂရုစိုက်ရမှာ ကပ္ပတိန်နဲ့ စက်ချုပ်ရဲ့ တာဝန်ပါ။

ဒါပေမဲ့ ကောင်းနေဖို့ မသုံးဘဲသိမ်းထားရမယ် ဆိုတဲ့ သီအိုရီကတော့ အတော်သောက်မြင်ကပ်ဖို့ကောင်းတဲ့ အတွေးအခေါ်ပါ။ အဲဒီလို ဟန်ပြလုပ်ရပ်တွေကြောင့် တစ်နိုင်ငံလုံး ပျက်ဆီးခြင်း ၅ ပါး တိုင်သွားတဲ့ နိုင်ငံကလာတဲ့ မြန်မာစူပါဗျ။ အဲဒီလို အကျင့်တွေကို တယ်ချဉ်တယ်။
နောက်တစ်ချက် ရာဘာဘုတ်တွေရဲ့ သဘောက ဖိနပ်လိုပဲဗျ။ မသုံးဘဲထားတာကြာရင် ကော်တွေကွာပြီး ပျက်စီးသွားတတ်တယ်။ အရေးအကြောင်းရှိလို့ တကယ်သုံးမယ်လည်းဆိုရော အင်ဂျင်က နှိုးမရတာနဲ့၊ ရေထဲလည်း ချလိုက်ရော ရေတွေ ဝင်လာရတာနဲ့၊ နည်းနည်းမြန်မြန်လေးလည်း မောင်းလိုက်ရော တစ်စစီဖြစ်ပြီး မျိုးပါကန်းရော။
Workboat ကို စ တင် နှိုးကြရာဝယ်...

Maintenance plan တွေ ရှိပေမဲ့ သင်္ဘောပေါ်က system တွေကို တကယ် plan အတိုင်း စစ်ဆေးနေတဲ့ သင်္ဘောမျိုးက နည်းတယ်ဗျ။ အများစုက on paper ပဲ လုပ်နေကြတာ။ အဲဒါကြောင့် သင်္ဘောသားတွေကို အမြဲသတိပေးရတယ်။ တစ်ခုခုဆို မလုပ်ရပြီးရော၊ သက်သာရင် ပြီးရော မတွေးပါနဲ့။ နောက်တက်တဲ့ crew တွေ လုပ်လိမ့်မပေါ့လို့ မတွေးပါနဲ့။ တကယ်တမ်း မိုးထဲလေထဲကျမှ ဒုက္ခဖြစ်ရင် ငါက အလုပ်ပြုတ်ရုံကလွဲလို့ ဘာမှ မဖြစ်နိုင်ဘူး။ ရုံးထဲမှာ ငုတ်တုတ်ကြီး မသေဘူး။ တကယ် အသက်နဲ့ ရင်းရမှာ မင်းတို့ပဲ လို့ ပြောရတယ်။

ကိုယ့်ဆရာတွေက တခါတရံ စူပါကို မပြောဘဲ ဖုံးထားဖိထားတာတွေ လုပ်တတ်တယ်။ ပြောလိုက်ရင် သူတို့ လုပ်ရမှာ စိုးလို့။ ခေါင်းစား မခံချင်ဘူးလေ။ မလုပ်ရပြီးရောလို့ တွေးတာ။ ပြီးတော့ သင်္ဘောတွေရဲ့ သဘောက crew တွေကို Short contract နဲ့ တင်တာဆိုတော့ ဒီ ၂လ ၃လ လောက်အတွင်း ဘာမှ မဖြစ်ရင် ပြီးရောဆိုတဲ့သဘော။ နောက်လူတက်လာမှ လုပ်လိမ့်မယ် ဆိုတာမျိုး။ နောက်လူကလည်း သူ့လက်ထဲ မလုပ်ရပြီးရော။ နောက်လူလာမှ လုပ်လိမ့်မယ် လုပ်ပြန်ရော။ အဲဒါနဲ့ပဲ ချာလပတ်လည်ပြီး ဖုံးမရမှ ပေါ်တဲ့အခါကျတော့ အပ်နဲ့ ထွင်းရမဲ့ကိစ္စ အမြှောက်နဲ့ ထုရတဲ့အဆင့် ရောက်ကရော။
တကယ်တမ်း ဒီသင်္ဘောအကြောင်းကို ဒီသင်္ဘောပေါ်လိုက်နေတဲ့ သင်္ဘောသားလောက် ကျနော်က ဘယ်လိုသိမလဲဗျာ။ သူတို့သင်္ဘောအကြောင်း သူတို့ အသိဆုံးပဲ။ ကားတွေလိုပဲ… သင်္ဘောတစ်စီးနဲ့ တစ်စီးလည်း မော်ဒယ်တူတာတောင် အထာ မတူတာလေးတွေ ရှိတယ်။
ဒါပေမဲ့ သူတို့အပြစ်ချည်းပဲတော့လည်း မဟုတ်ပြန်ဘူး။ စူပါတွေကလည်း တစ်ယောက်တစ်မျိုးရယ်။ ပုံမှန် လုပ်ရိုးလုပ်စဉ်သဘောတစ်ခု ပြောရရင် သင်္ဘောပေါ်က ပစ္စည်းတွေ တစ်ခုခု ဖြစ်ရင် Crew တွေလုပ်လို့ရတဲ့ကိစ္စမျိုးဆို Crew ကို လုပ်ခိုင်းရတယ်။ Crew တွေ လုပ်လို့ မရရင် အပြင် Contractor ကို ခေါ်ရတယ်။
ဤသို့ တက်ကြရသည်

ပြဿနာက တချို့စူပါတွေက ကိုယ့် crew ကိုယ် မယုံဘူး။ Crew က လုပ်မရလို့ အပြင်ကို ခေါ်ပေးဖို့ ပြောတာနဲ့ အကျိုးအကြောင်း သေချာ နားမထောင်ဘူး။ ဘယ်သူလုပ်တာလဲ… ဘာဖြစ်လို့ လုပ်တာလဲ.. တွေနဲ့ အသားကုန်ကောရော။ Crew က ကြိုးစားပြီး လုပ်ရင်း တစ်ခုခု အမှားအယွင်းဖြစ်လို့ ပြဿနာပိုဆိုးသွားတာမျိုးဆို မပြီးနိုင်မစီးနိုင် fxxx တော့တာ။ အဲဒီမှာတင် crew တွေကလည်း နည်းနည်းပါးပါး ဝတ္တရားကျေလေး လုပ်ကြည့်ပြီးတာနဲ့ မရဘူးလို့ ပြောရော။ လုပ်လိုက်လို့ ပိုဆိုးသွားရင် အကြီးကြီး စိတ်ညစ်ရမှာကိုး။ သူတို့နေရာမှာ ကိုယ်ဆိုရင်လည်း အဲဒီလိုပဲ တွေးမှာပဲ။ အဲဒီမှာတင် စူပါကလည်း ကြိုးစားပြီး မလုပ်ဘဲ သူ့ဆီ တင်ရပါ့မလားဆိုပြီး ဒေါသူပုန် ထပြန်ရော။ အဲဒါနဲ့ပဲ ပြဿနာရှင်းဖို့ထက် crew နဲ့ စူပါ Fxxxing သံသရာက မပြီးဆုံးနိုင်တော့ဘူး။

ကျနော်ကတော့ Crew တွေကို အမြဲပြောတယ်။ ငါက ဒီသင်္ဘောရဲ့ စူပါ။ ငါ့မှာ Vendor/Maker ကိုခေါ်ဖို့ လုပ်ပိုင်ခွင့် ရှိပြီးသား။ နောက်ဆုံး မရရင် ခေါ်မယ်။ မင်းတို့ အရင်လုပ်ကြည့်။ တစ်ခုခု ဖြစ်မှာကို မကြောက်နဲ့။ နောက်ဘိတ်ဆုံး Vendor ကို ခေါ်ရရင်တောင် မင်းတို့အတွက် အတွေ့အကြုံ ရလိုက်တာ အမြတ်ပဲ။ ပြီးတော့ ဒီသင်္ဘောနဲ့ လိုက်နေတဲ့ သင်္ဘောသားတွေဟာ ဒီသင်္ဘောရဲ့ စံနစ်တွေကို နားလည်ရင်းနှီးနေဖို့ လိုတယ်.. ဒါမှ အရေးအကြောင်းဆို မင်းတို့ကို မင်းတို့ ကယ်နိုင်မှာ… လို့ ပြောထားတယ်။
Tug boat နဲ့ Barge တွေ စီတန်းရပ်ထားသော anchorage

နောက်တစ်ချက်က ကျနော့်ကို လိမ်ပြောရင် မကြိုက်ဘူး။ အဲဒီအတွက် စကားကို လှည့်ပတ်ပြောတာ၊ အစ်တာ အောက်တာ မလုပ်ဘူး။ ကိုယ်တိုင်လည်း သူတို့ကို ရိုးရိုးသားသား ပြောတယ်။ လိမ်စရာ မလိုအောင် နားလည်မှု ပေးပါတယ်။ ကြောက်လို့ ထွက်လာတဲ့ အမှန်တရားထက် လိုလိုလားလား ပေးတဲ့ feedback အမှန်ကို ပိုယုံကြည်ပါတယ်။ အဲဒီအတွက် လက်တွေ့ ရလာဒ်လည်း တကယ် ကောင်းပါတယ်။
ပြီးတော့ သင်္ဘောက Middle East တို့ ဘာတို့ ရောက်နေရင်တော့ email နဲ့ ဖုန်းကို အားပြုပြီး ပြဿနာကို အရင်ရှင်းကြည့်တယ်။ နောက်ဆုံး မရရင်တော့ ရောက်နေတဲ့အရပ်ကို ထ လိုက်ရတာပါပဲ။

ဒါပေမဲ့ အင်ဒိုနီးရှားလောက်မှာ ရှိနေတဲ့ သင်္ဘောဆိုရင်တော့ သိပ်အများကြီး ပြောမနေဘူး။ ကိုယ်တိုင် သွားကြည့်လိုက်တယ်။ ပြီးရင် crew တွေနဲ့ တိုင်ပင်ပြီး အတူတူ ရှင်းကြတယ်။ အတူတူ ကလိကြတယ်။ ဘေးကနေ ကော်ဖီသောက်ပြီး သူတို့ကို လုပ်ခိုင်းတယ်။ စိတ်ပါရင် ကိုယ်တိုင်ဝင် နှိုက်တယ်။ မှားသွားရင်လည်း တဟားဟား တဝါးဝါး နဲ့ ဟာသလုပ်ပြီး နောက်တစ်နည်း ကြိုးစားကြတယ်။ အဲဒါကြောင့် သူတို့ ကျနော့ကိုဆို အကုန်ပြောရဲကြတယ်။ သူတို့ လုပ်မရတဲ့ကိစ္စ၊ မရှိတဲ့ ပစ္စည်းကို ထောက်ပံ့စီစဉ်ပေးဖို့က ကျနော့တာဝန်ပဲလေ။ အနည်းဆုံးတော့ သူတို့ လုပ်ဖူးသွားတယ်။ ကျနော်နဲ့လည်း ရင်းရင်းနှီးနှီး ဖြစ်သွားတယ်။

စောစောက Workboat ကိစ္စ ပြန်ပြောလိုက်ဦးမယ်။ 

Workboat ကို တကယ်သုံးဖို့ ရေထဲလည်း ချရော ထင်တဲ့အတိုင်း အင်ဂျင်က နှိုးမရ၊ ကော်တွေက ကွာနဲ့ ပြဿနာတက်ကြရော။ အဲဒါတွေ ပြန်ပြင်ကြတာ တစ်ပတ်လောက် ကြာသွားတယ်။ ပြီးတော့ မောင်းမယ်ဆိုပြန်တော့ Chief Engineer (စက်ချုပ်) တစ်ယောက်ပဲ ကျွမ်းကျွမ်းကျင်ကျင် မောင်းတတ်တယ်။ ကျနော် သွားတိုင်း သူ့ကို မောင်းခိုင်းဖို့ ကျပြန်တော့လည်း သူဌေးကို ခွေးမောင်းခိုင်းရသလိုပဲ။ သူကတော့ အားတက်သရော လိုက်ပို့ မောင်းပေးရှာပါတယ်။ ဒါပေမဲ့ သူ့ရဲ့ တကယ်လုပ်ရမဲ့ အလုပ်တွေမှာ လစ်ဟင်းမှာစိုးလို့ ဒီ boat မောင်းတဲ့ကိစ္စ တခြား Crew တွေကို လေ့ကျင့်ပေးဖို့ ပြောရတယ်။ ဒါနဲ့ သူနဲ့ တွဲမောင်းရင်း သင်္ဘောက ဆီလောင်း ပါ မောင်းတတ်သွားတယ်။ ဒါပေမဲ့ ဆီလောင်း မအားရင် မောင်းဖို့ နောက်ထပ် အရန်အနေနဲ့ လူသစ် AB တစ်ယောက်ကို ထပ်ပြီး လေ့ကျင့်ခိုင်းပါတယ်။
နောက်ဆုံးတော့ အောင်မြင်စွာ အသုံးပြုနိုင်ခဲ့၍ အလုပ်ပြီး ခရီးတွင်ခဲ့ပါသည်

အဲဒါနဲ့ တစ်ရက်တော့ ကျနော်ရယ် Client တွေရယ်ကို လူသစ် AB လေးက Workboat လေးမောင်းပြီး ပို့ပေးပါတယ်။ ဒါပေမဲ့ မကျွမ်းကျင်တော့ လှေက ဝူး ဆို ဆောင့်ထွက်သွားလိုက်၊ ရေလယ်မှာ စက်က ရပ်သွားလိုက်၊ သင်္ဘောနားကပ်တော့လည်း အရှိန်နဲ့ ဝင်သွားလိုက်နဲ့ ရေစီးကလည်း ကြမ်းတော့ နည်းနည်း ဗျာများသွားပါတယ်။ ကျနော့်အပြင် Client တွေကလည်း အမေရိကန်တွေဆိုတော့ သူ့စိတ်ထဲမှာ စိုးရိမ်တာလည်း ပါမှာပေါ့လေ။ ချွေးတွေဘာတွေတောင် ပြန်လို့။

ကျနော့ barge ကနေ သူတို့ သင်္ဘောကို Workboat လေးနဲ့ ကူးရတာကိုး။ သူ့သင်္ဘောနားလည်း ရောက်ရော စက်ချုပ် နဲ့ ဆိလောင်းကို လှမ်းအော်ပါတော့တယ်။ မင်းတို့ လာမောင်း… ငါ အဆင်မပြေဘူး.. တဲ့။ အမှန်တော့ ကျနော်တို့ ဆူမှာပြောမှာကိုလည်း ကြောက်တာပေါ့လေ။

အဲဒါနဲ့ ဝင်အော်လိုက်တယ်။ ဘယ်ကောင်မှ လာမမောင်းနဲ့။ မင်းပဲ မောင်း။ ပြဿနာ မရှိဘူး။ ရအောင်မောင်း လို့ ရယ်ကာမောကာနဲ့ ပြောလည်းပြော သင်္ဘောပေါ်က ဆင်းလာမလို့ လုပ်နေတဲ့ CE ရော ဆီလောင်း ကိုပါ အပေါ် ပြန်တက်ခိုင်းလိုက်တယ်။ CE က သင်္ဘောကျင်းက Service Boat ခေါ်ပေးရမလားတဲ့။ မလိုဘူး… သင်္ဘောကျင်းက Service Boat ကို မယုံဘူး။ ငါ့ crew ပဲ ငါယုံတယ်… ဆိုတော့… အားလုံး ရယ်ကြတယ်။ 

အဲဒီမှာ ချီးကျူးစရာ ကောင်းတာက အမေရိကန် Client တွေပဲ။ ကျနော် အဲဒီလို ပြောတာကို နောက်ကနေ ရယ်ရင်းမောရင်း အော်ဟစ် ထောက်ခံကြတယ်။ ဟုတ်တယ်… မင်းပဲမောင်းပါ.. တဲ့ … ဆိုပြီး AB လေးကို ပြုံးပြီး အားပေးကြ၊ လက်မ ထောင်ပြ ကြတယ်။ 

ဒါနဲ့ အဲဒီ AB လေးမောင်းတဲ့ Workboat နဲ့ပဲ ကျနော်တို့ ဘေးမသီ ရန်မခ ကမ်းကို ပြန်ရောက်ခဲ့ကြတယ်။ ကမ်းကိုဆင်းတော့ အမေရိကန်တွေက သူ့ကို လက်မတွေ ထောင်ပြရင်း ပြောသွားတာက “Keep trying… Practice makes perfect…” တဲ့။  နောက်နေ့ မနက်ကျတော့ ပြုံးပြုံး ပြုံးပြုံးနဲ့ Jetty မှာ လာစောင့်နေတဲ့ AB လေးကို Workboat နဲ့ အတူ တွေ့ရပါတော့တယ်။ တကယ်လေ့ကျင့်ရင် ဒါတွေက သိပ်ကြာတဲ့ ကိစ္စတွေမှ မဟုတ်ဘဲဗျာ… လုပ်ချင်စိတ် ရှိဖို့ပဲ လိုပါတယ်။

စက်ချုပ်ကြီးလည်း သူ့အလုပ်သူ ဖြောင့်ဖြောင့်တန်းတန်း လုပ်လို့ ရသွားတာပေါ့လေ။

တစ်ခုလေးပဲ ပြောဖို့ကျန်သွားတာက …..
ဒါမျိုး ဆိုတာ Life vest လေးတော့ ဝတ်ထားရတာပေါ့နော်။ ကျနော် ရေမကူးတတ်ဘူးဂျ။

(သရုပ်ဖေါ် ပုံများမှာ တကယ့်လုပ်ငန်းခွင် ကိုယ်တိုင်ရိုက်ပုံများ ဖြစ်ပြီး ကုမ္ပဏီ ပေါ်လစီနှင့် မငြိလောက်သော ပုံများကိုသာ သုံးထားခြင်း ဖြစ်ပါသည်။)

Comments

Popular posts from this blog

စကြာဝဠာအတွင်းရှိ ဂြိုလ်သား (Alien) များနှင့် ပတ်သက်၍ (ရေးသူ- Andrew Soe)

နာဆာ (NASA) နှင့် အခြား ကမ္ဘာမှသက်ရှိများ



၂၀ ဇူလိုင် ၁၉၆၉ ခုနှစ်မှာ အမေရိကန် အာကာသယဉ်မှူးနှစ်ဦး ဖြစ်တဲ့ Neil Armastrong နှင့် Edwin "Buzz" Aldrin တို့လကမ္ဘာပေါ် ပထမဆုံးခြေချသည့် လူသား နှစ်ဦး ဖြစ်လာခဲ့ပါသည်။ လပေါ် ပထမဆုံး ခြေလှမ်းချ ခဲ့သည့် Armastrong က "ဒီခြေလှမ်းဟာ ခြေလှမ်းငယ် တခုဖြစ်ပေမဲ့ လူသားထု တစ်ရပ်လုံးရဲ့ ကြီးမားတဲ့ အောင်မြင်မှုကြီး" လို့ အမွှန်းတင်ခဲ့ပါတယ်။ ဒုတိယ ဆင်းတဲ့ Buzz ရဲ့ မှတ်ချက်ကတော့ "ကျွန်ုပ်တို့နိုင်ငံခြားသားများဟာ ၂၀ ဇူလိုင် ၆၉ မှာ အံ့မခန်း လူသား အစွမ်းအစကြောင့် ရုတ်တရက် ဧဒင်ဥယဉ်ထဲ ရောက်ရှိခဲ့ပါပြီ" လို့ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အဲဒီ့ သူရဲကောင်း နှစ်ယောက် လပေါ်ရောက်ရှိဖို့မြေပြင်ပေါ်မှာ လူပေါင်း ထောင်ပေါင်းများစွာကြိုးပမ်း အားထုတ်ခဲ့ကြရပါတယ်။ နည်းပညာဆိုင်ရာ တီထွင်မှုများအပြင် လပေါ်
ဆင်းသက်မည့် အချိန်နေရာ အစီအစဉ် အတိအကျရေးဆွဲ ပုံစံချပြီး ပြိုင်တူ ဝိုင်းမတင်လိုက်ကြတာလည်းဖြစ်သလို သိပ္ပံပညာ၏ အံ့မခန်းတိုးတက် မြင့်မားမှုလို့ဆိုရင်လည်း မှားမည်မဟုတ်ပါ။ သူတို့ နှစ်ယောက် လမျက်နှာပြင်ပေါ် နှစ် နာရီခွဲကြာအောင်နေခဲ့ကြပြီး လပေါ် လမ်းလျှောက်ပြေးလွှားတာ ကျောက်တုံး ကျော…

ပုဏ္ဏက တိုက်သည် ဆိုရာဝယ် (၁)

ဘိုဘိုဟန်ရဲ့ ပီကေသီချင်းတွေ ရေးပေးတဲ့ တေးရေး ပုဏ္ဏက ကို ပြောချင်တာမဟုတ်။ အခုပြောမဲ့ ပုဏ္ဏက က လိုင်းတစ်မျိုး။ အခြားဘီလူးတွေက ဒါမျိုးတွေနဲ့ နာမည် မပျက်ဘူးဗျ။ ပုဏ္ဏကဘီလူးဆိုတာ ဘုရားအလောင်းတော်ရဲ့ ဇာတ်ကြီး ၁၀ ဘွဲ့ထဲက ဝိဓူရဇာတ်မှာ နဂါးမချောချောလေးကို ဖွန်ကြောင်ချင်တာနဲ့ အလောင်းတော် ဝိဓူရအမတ်ကြီးကို မြင်းနောက်မှာတင်ပြီး မသေသေအောင် လုပ်ကြံခဲ့တဲ့ ဘီလူးဗျ။ 

တကယ်တော့ နဂါးမကြီးက Clear Instruction မပေးလို့ သူလည်း သူထင်ရာလုပ်တယ် ထင်တာပါပဲ။ 

ဝိဓူရကို ခေါ်ပေးဆိုလည်း ပြီးတဲ့ဟာကို ဝိဓူရရဲ့ နှလုံးသားကို စားချင်ပါတယ်ဆိုတော့ ဘီလူးကလည်း ခပ်ပိန်းပိန်း.... နားမလည် ပါးမလည်နဲ့ ကသမ်းကရမ်းတွေ လုပ်လိုက်တာ ဘုရားအလောင်းခင်မျာ ကံကောင်းလို့ မသေတယ်။ နောက်ဆုံးတော့ နဂါးမလေးလည်း ဘီလူးနဲ့ ညားပြီး အဖတ်တော့ တင်တာပေါ့လေ။ နဂါးမကလည်း မျိုးမစောင့်ဘူး… အဟုတ်။ 

သူတို့ လင်မယားက ဘာလေးမွေးလည်းတော့ ဇာတ်တော်ထဲမှာ မပါတော့ မသိဘူး။ ဒီမှာတော့ ထစ်ကနဲရှိ ပုဏ္ဏက… ပုဏ္ဏက… နဲ့။ ဘီလူးထဲမှာ ဒီဘီလူးကတော့ အတော်နာမည်ပျက်နဲ့ လူသိပေမဲ့ ဝိဓူရရဲ့ တရားကို နာဖူးတဲ့ ဘီလူးဆိုတော့ ပုဏ္ဏက ကိုယ်တိုင်က ဒီလောက် ဆိုးတော့မယ် မထင်ပါဘူး။ ခုဟာတွေက ဘာဘီလူးတွေလည်းတော့ မသိ။ ကြမ…

အနုမြူ နှင့် ဂြိုလ်သား ပတ်သက်မှု (ရေးသူ - Andrew Soe)

(ဆရာ Andrew Soe ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖေါ်ပြပါသည်။ အပိုင်းမခွဲဘဲ တစ်ဆက်တည်း ဖေါ်ပြသွားမည်ဖြစ်ပြီး ဆရာထပ်ရေးသ၍ ထပ်ပေါင်းထည့်သွားမည် ဖြစ်ပါသည်။)


၁၆ ဇူလိုင် ၁၉၄၅ မနက်လင်းအားကြီး မှာ သဲဖြူဖျာခင်းသကဲ့သို့ ဖြစ်နေတဲ့ အယ်လ်မ်မက်ဂေါ်ဒိုး ၊ နယူးမက္ကဆီကို က သဲကန္တာရ မှာ အင်အားအပြင်းဆုံး လက်နက် ဖောက်ခွဲစမ်းသပ် တာ စောင့်ကြည့်ရန် သိပ္ပံပညာရှင်များ နှင့် စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ် များ စုရုံးရောက်ရှိနေကြတယ်။ အချို့ က စမ်းသပ်မှု လုံးဝ အောင်မြင်မည် မဟုတ် ဟု ယုံကြည်ကြသလို အချို့ က နယူးမက္ကဆီကို ပြည်နယ်တစ်ခုလုံး ပျက်စီးနိုင်တယ် လို့ ယုံကြည်တယ်။

ဘာတစ်ခု မှ မသေချာ မရေရာတာမို့ ဖောက်ခွဲစောင့်ကြည့် စခန်းကိုတောင် ၁၀ မိုင် မှ မိုင် ၂၀ အတွင်းမှာ ဆောက်တည်ထားရှိတယ်။ အချိန် အတိအကျ ပြောရရင် လင်းအားကြီးမနက် ၅-နာရီ ၂၉ မိနစ် ၄၅ စက္ကန့် တိတိမှာ ကမ္ဘာ့ ပထမဆုံး အနုမြူဗုံးစံနက်တန် ကို ၃ , ၂ , ၁ ဖိုင်းယား ဆိုပြီး မီးရှို့လိုက်တော့တယ်။

တီအန်တီ ယမ်း ၂၀, ၀၀၀ ပြင်းအားနဲ့ ညီမျှ တဲ့ ပေါက်ကွဲမှုဟာ ပေ ၆၀၀-ကျော်ကျယ် တဲ့ မီးလုံးကြီး ကို စတင်ထုတ်လွှတ်လောင်ကျွမ်းပြီး မှိုပွင့်သဏ္ဌန် မီးခိုးလုံး မိုးတိမ်ကြီး တစ်ခု အမြင့် ၇-မိုင် ထိ ကောင်းကင်ကို ထိုးဖောက်တ…