Monday, July 13, 2020

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၆)


လူမျိုးစုရေးရာ ပဋိပက္ခများအား ဖြေရှင်းနိုင်သော နိုင်ငံရေးအစီအမံများ
 
(၁) Consociational Democracy
 
Consociational Democracy ဆိုတာက တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်တဲ့ နိုင်ငံတွေနဲ့ အခြားသော ယဉ်ကျေးမှူဓလေ့ထုံးစံ ကွဲပြားခြားနားမှုရှိနေတဲ့ နိုင်ငံတွေမှာ နိုင်ငံရေး လူ့အဖွဲ့အစည်း တရပ် ထူထောင်တဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေကို ကျော်လွှားနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေအကောင်အထည်ဖော်တဲ့ နိုင်ငံရေးအစီအမံ (political arrangement) တခုပါ။
 
ဒီသဘောတရားဟာ လူမျိုး၊ စာပေ၊ ကိုးကွယ်မှုနဲ့ ယုံကြည်ချက်တွေမှာ နက်နက်ရှိုင်းရှိုင်း ခြားနားမှုရှိနေတဲ့ လူ့အဖွဲ့အစည်းတွေအတွက် သင့်လျော်မယ့် democratic rule ပုံစံကို ဖော်ညွှန်းထားပါတယ်။ အဲဒီမှာ ကွဲပြားနေတဲ့ လူ့အဖွဲ့အစည်းတွေကို ညှိနှိုင်းစေ့စပ်ပေးနိုင်မယ့် political institutions တွေရဲ့ အခန်းကဏ္ဍဟာ အရေးပါသလို၊ ဒီမိုကရက်တစ် အုပ်ချုပ်မှုရဲ့ ဖွဲ့စည်းပုံမှာလဲ flexibility ရှိရမှာ ဖြစ်ပါတယ်။ ဒီအထဲမှာ အရေးကြီးတာကတော့ ကွဲပြားတဲ့ လူ့အဖွဲ့အစည်းတိုင်းကို ဒီဂရီမြင့်မားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးအပ်ရေးပါ။ ဒီလိုလုပ်ခြင်းအားဖြင့် အတွင်းစည်းမှာ အခြေခံအားဖြင့် integration ရှိလာပါတယ်။
 
 
တကယ်တော့ ဒီသဘောတရားဟာ ကွဲပြားခြားနားမှု (diversity) ရှိနေတဲ့ နိုင်ငံတွေမှာ political arrangements တွေ တည်ဆောက်ခဲ့စဉ်က အောင်မြင်ခဲ့တဲ့ သာဓကတွေ အပေါ်မှာ အခြေခံပြီး ပေါ်ပေါက်လာခဲ့တာပါ။ ဥပမာအားဖြင့်– ဘယ်လဂျီယံနိုင်ငံမှာဆိုရင် Flemings နဲ့ Walloonsတို့အကြားက ကွဲပြားခြားနားမှုတွေ၊ ဟော်လန်မှာဆိုရင် အမြစ်တွယ်နေတဲ့ religious cleverages တွေ၊ သြတတြီးယားမှာဆိုရင် anti-clerical socialistsနဲ့ catholic bourgeoisie တို့အကြားက ပြင်းထန်တဲ့ antagonism တွေစတဲ့ ကွဲပြားခြားနားမှုတွေဖြစ်ပါတယ်။
 
ဒီလိုကွဲပြားခြားနားတဲ့ တိုင်းရင်းသားလူမျိုးစုတွေ စုပေါင်းနေထိုင်နေတဲ့ နိုင်ငံတွေရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွေအတွက် အသင့်လျော်ဆုံးဖြစ်တဲ့ consociational democracy သဘောတရားမှာ အခြေခံစည်းမျဉ်းနှစ်ချက် ရှိပါတယ်။ ပထမဆုံးလိုအပ်တဲ့ အခြေခံစည်းမျဉ်းကတော့ သက်ဆိုင်ရာနိုင်ငံမှာရှိတဲ့ နိုင်ငံရေးအမြင်နဲ့ အတွေးအခေါ်အများစုကို ခြုံငုံဖွဲ့စည်းထားတဲ့ ပါဝါရှယ်ယာ အဖွဲ့အစည်း (executive power-sharing institutions) (သို့မဟုတ်) ညွှန့်ပေါင်း အဖွဲ့အစည်း (grand coalition institutions) တွေဖြစ်ပါတယ်။ ဒုတိယလိုအပ်တဲ့ စည်းမျဉ်းကတော့ တိုင်းရင်းသားလူမျိုးစု အားလုံးအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဖြစ်ပါတယ်။ ဒီလိုလုပ်ရာမှာ လူဦးရေအပေါ်မှာ မူတည် တွက်ချက်ပြီး public offices တွေကို ခွဲဝေဖို့ လိုအပ်ပါတယ်။ proportionality အပေါ် အခြေခံရမှာဖြစ်ပါတယ်။
 
နိုင်ငံရေးသိပ္ပံပညာရှင်များက ဒီလိုအခြေခံစည်းမျဉ်းတွေအပြင် multi-ethnic political system တွေအတွက် အသုံးဝင်လှတဲ့ preconditions တွေကို ဖော်ထုတ်ရေးသားခဲ့ကြပါတယ်။ အဲဒီအထဲမှာ အရေးကြီးတဲ့ အချက်ကတော့ လူမျိုးကြီးဝါဒ ကျင့်သုံးနေတဲ့ လူမျိုးစုတခု မရှိဖို့ပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးစုတွေ စုပေါင်းနေထိုင်တဲ့ နိုင်ငံတရပ်မှာ လူမျိုးကြီးဝါဒ ကျင့်သုံးတဲ့ လူမျိုးစုတခု ရှိနေရင်၊ ဒါမှမဟုတ် ဒီဝါဒကို အားပေးနေတဲ့ နိုင်ငံအုပ်ချုပ်ရေးစနစ်တရပ် ရှိနေရင် ဒီနိုင်ငံက ပြည်သူတွေဟာ ပြည်တွင်းစစ်ရဲ့ သားကောင်တွေ ဖြစ်ရတတ်ပါတယ်။ ဒီလိုအဖြစ်တွေကို ရှောင်ကြဉ်ဖို့ အကောင်းဆုံးစနစ်တခုကတော့ စစ်မှန်သော ပြည်ထောင်စုစနစ်ပါပဲ။ ဒီစနစ် မပေါ်ပေါက်နိုင်သရွေ့ ပဋ္ဋိပက္ခတွေဟာ မပြေလည်နိုင်ပါဘူး။ စစ်ရေးအင်အား၊ စီးပွားရေးအင်အား ချိန်ခွှင်လျှာမညီချိန်မှာ ခေတ္တငုပ်လျှိုးနေခဲ့ရင်တောင် မီးပွားတွေဟာ မငြိမ်းတာကြောင့် မီးတောက်တွေ အဖြစ် အချိန်မရွေး ပြန်ပေါ်လာနိုင်ပါတယ်။
 
နောက်ထပ်အရေးကြီးတဲ့ အချက်တချက်ကတော့ လူမှုစီးပွားကွာဟမှု (socio-economic inequality) တွေဖြစ်ပါတယ်။ လူမျိုးစုတွေအကြားမှာ ဒီလိုကွာဟမှုတွေ သိပ်ကြီးနေရင် နိုင်ငံတခုလုံးရဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ဖွံ့ဖြိုးတိုးတက်မှုတွေကို ထိခိုက်စေတော့တာပါပဲ။ ဒါကြောင့် ဒေသတခုချင်းစီအလိုက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပရောဂျက်တွေ ချမှတ်ရေးဆွဲပေးဖို့ လိုအပ်ပါတယ်။ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုတွေဟာ ဒီမိုကရေစီအသွင် ကူးပြောင်းမှုတွေအတွက် အထူးပဲ အရေးကြီးလှတဲ့ explanatory factors တွေဖြစ်တာကြောင့် အထူးအာရုံစိုက်ပြီး စနစ်တကျ ပြုလုပ်ဖို့ လိုအပ်ပါတယ်။
 
(ဆက်လက်ဖော်ပြပါမည်)
ခင်မမမျိုး (၂၀၁၃)

1 comment:

  1. Under 3.5 in betting | Shootercasino matchpoint matchpoint 우리카지노 마틴 우리카지노 마틴 m88 m88 6354best mlb bets tonight

    ReplyDelete

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...