ကျွန်တော့်ကို ကွန်ပျူတာဝယ်ချင်တဲ့ သူငယ်ချင်းတွေကလည်း လိုက်ဝယ်ပေးဖို့ ခေါ်တတ်သလို ကွန်ပျူတာတစ်ခုခု ဖြစ်ရင်လည်း လှမ်းမေးကြ၊ ကျွန်တော့်အိမ်ထိ အဝေးကြီးကလာပြီး အကူအညီတောင်းကြပါတယ်။ တကယ်တော့ ကျွန်တော်တတ်တာ သာမာန် User အဆင့်ပါ။ ဘာမှမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်သူငယ်ချင်းတွေထဲမှာ တချို့က အကြောင်းအမျိုးမျိုးကြောင့် လေ့လာအားနည်းတာရယ်၊ စာဖတ်ပျင်းတာရယ်ကြောင့် ကျွန်တော့်ဆီလာပြီး ခဏခဏအပူကပ်တတ်ကြပါတယ်။ ညနေစာကောင်းကောင်းတော့ မကြာခဏ တီးရတာပေါ့ခင်ဗျာ။ အဲဒါနဲ့ ကျွန်တော်မအားတဲ့အခါ သူငယ်ချင်းတွေလည်း အဆင်ပြေအောင်၊ တကယ်လို့များ ကိုယ့်ဘာသာကိုယ် ကလိချင်ရင်လည်း ကလိကြစေ ဆိုပြီးဒီစာလေးကို ရေးတာပါပဲ။ စာဖတ်ပျင်းတဲ့ ဆရာတွေကတော့ ဒီစာကိုလည်း ဖတ်မှာ မဟုတ်တဲ့အတွက် ကျွန်တော့်အတွက် ညနေစာ ကောင်းကောင်းတွေကတော့ မတိမ်ကောနိုင်သေးပါဘူးဗျ… ဟီး…ဟီး….
ကျွန်တော့်လုပ်ဖော်ကိုင်ဘက်တစ်ယောက် ပြောတဲ့ မမေးသင့်တဲ့ မေးခွန်းဆိုတာကို သွားသတိရတယ်။ ဒါပေမဲ့ တကယ်မသိလို့မေးတာကို မပိတ်ပင်သင့်ဘူးဆိုတဲ့ အယူအဆကိုပဲ ယုံကြည်တာမို့ Screensaver နဲ့ Power Option အကြောင်း ရှင်းပြလိုက်ပါတယ်။ ကျွန်တော်တို့ မြန်မာတွေ မေးခွန်းဆင်းရဲတာကို ကျွန်တော်မကြိုက်ပါ။ မေးသင့်မမေးသင့် ချင့်ချိန်နေတာနဲ့ ရင်ထဲမှာပျောက်ဆုံးသွားတဲ့ မေးခွန်းတွေ ကျွန်တော်တို့ဘဝမှာ အများကြီးရှိပါတယ်။ မြန်မာလူမျိုးက မေးခွန်းများရင် သိပ်မကြိုက်ချင်ပါ။ မမေးသင့်တာမေးတယ်ရယ်လို့ သိက္ခာကျသွားမှာလည်း စိုးကြပါတယ်။ ဒီလိုနည်းနဲ့ မြန်မာတွေမှာ နားလည်ချင်ယောင်ဆောင်တဲ့ အကျင့်စွဲလာတာပါပဲ။ အဲဒီတော့ မေးခွန်းမေးတာ အကျင့်မရှိတဲ့ လူမျိုးအတွက် မေးသင့်မမေးသင့် မှန်မှန်ကန်ကန် စဉ်းစားတတ်ဖို့ မလွယ်ပါ။ မေးနေကျ လူတွေသာ ကျွမ်းကျွမ်းကျင်ကျင် ထိထိရောက်ရောက် မေးတတ်ကြမှာပါ။ မေးပါစေ… လို့ စိတ်ကို ဆွဲဆန့်ရပါတယ်။ မသိရကောင်းလားလို့ အပြစ်မဆိုရက်ပါ။
ပြောချင်တာက လူတစ်ဦးတစ်ယောက်အတွက် ဘယ်လောက်ပဲလွယ်လွယ် အခြားတစ်ဦးအတွက် ခက်ချင်ခက်မှာပေါ့ဗျာ။ အဲဒီတော့ ကျွန်တော့်ကို ကွန်ပျူတာနဲ့ ပတ်သက်လို့ ပုံမှန်မေးနေကျ သူငယ်ချင်းတွေအတွက် ပုံမှန်ဖြေနေကျအဖြေတွေ အထောက်အပံ့လေးတွေကို ရေးပေးတာပါ။ ဆရာကြီးများ၊ တတ်သိပညာရှင်များအတွက် မဟုတ်ပါကြောင်း ကြိုတင်ပြောကြား တောင်းပန်အပ်ပါတယ် ခင်ဗျား။
ကွန်ပျူတာတစ်လုံးကို ဝယ်လာပြီးပြီဆိုတာနဲ့ အရင်ဆုံးလုပ်သင့်တာက Recovery Disc အရင်ကူးထားဖို့ပါ။ အခုနောက်ပိုင်းထွက်တဲ့ Acer တို့၊ HP တို့ လို Branded ကွန်ပျူတာတွေမှာ Recovery Disc မပေးတော့ဘဲ စက်ထဲမှာ တစ်ပါတည်း ပါ ပါတယ်။ Acer ကွန်ပျူတာတွေမှာ Disc မလိုဘဲ သူ့ရဲ့ Built-in Software ဖြစ်တဲ့ Empowering ကနေ တစ်ခါတည်း Recovery (Restore) လုပ်လို့ ရပါတယ်။ကျွန်တော် အခုသုံးနေတာ Acer မို့လို့ Acer နဲ့ပဲ ဥပမာထားပြောပါ့မယ်။ တကယ်တော့ တခြား Brand တွေလည်း သိပ်မထူးပါဘူး။ အတူူတူပါပဲ။ နည်းနည်းပါးပါးလေးတွေ ကွဲတာတော့ ရှိမှာပေါ့ဗျာ။ Program ထဲက Acer eRecovery Management ထဲက Restore ကို ကလစ်လိုက်ရင် အောက်က ပုံအတိုင်းပေါ်လာပါလိမ့်မယ်။
Completely Restore System to Factory Defaults နဲ့ သွားရင် ရှိရှိသမျှ အားလုံးရှင်းပြီး ဆိုင်က ဝယ်လာတုန်းကအတိုင်း ပြန်ဖြစ်သွားမှာပါ။ Restore Operating System and Retain User Data ကို ရွေးရင်တော့ ပုံတွေ၊ စာတွေ၊ ကိုယ့်ရဲ့ Data တွေ မပျက်စေဘဲ Software ကိုသာ ပြန်ပြင်ပေးသွားမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ အကောင်းဆုံးကတော့ ကိုယ့်ရဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို သေသေချာချာသိမ်းဆည်း (Backup) လုပ်ပြီးမှ Recovery လုပ်တာ အကောင်းဆုံးပါ။ Recovery System ရဲ့ သဘောက C: Drive ကိုသာ Restore ပြန်လုပ်တာ ဖြစ်လို့ C: Drive ထဲက Data တွေကို Backup လုပ်တဲ့အခါ Partition (၂) ပိုင်းပါတဲ့ ကွန်ပျူတာတွေမှာ D: Drive ထဲကို ပြောင်းရွေ့ သိမ်းဆည်းနိုင်ပါတယ်။ ကိုယ့်မှာ External Drive တစ်ခုခု ရှိရင်တော့ ပိုအဆင်ပြေတာပေါ့ ခင်ဗျာ။ C: Drive မှာ ဘာ Data မှ မသိမ်းတာ အကောင်းဆုံးပါပဲ။ သိမ်းထားရင်လည်း အခါအားလျှော်စွာ Backup လုပ်ထားသင့်ပါတယ်။
နောက်ဆုံး Reinstall Drivers or Applications ကတော့ အကြောင်းအမျိုးမျိုးနဲ့ Hardware တွေရဲ့ Driver Software တွေ အလုပ်မလုပ်တာမျိုး၊ စက်ဖွင့်လိုက်တိုင်း Error message ပေးနေတာမျိုးဆိုရင် သုံးနိုင်ပါတယ်။ အင်တာနက်ကနေ အခမဲ့ရတဲ့ AVG Internet Security တို့ AVG Anti-Virus တို့ သုံးတဲ့စက်တွေမှာ အဲဒီပြဿနာမျိုးတွေ့ရတတ်ပါတယ်။ Virus ဖမ်းရင်း System File တချို့ပါမှားဖျက်မိလို့ ဖြစ်တဲ့ ပြဿနာမျိုးပါ။ တစ်ခါတစ်ရံ Software အချင်းချင်း Conflict ဖြစ်ရင်လည်း ဖြစ်တတ်ပါတယ်။ အများအားဖြင့်တော့ ထွေထွေထူးထူး ဒုက္ခမပေးဘဲ Error message တွေ ပေါ်ပေါ်လာလို့ စိတ်အနှောက်အယှက် ဖြစ်ရတာပါပဲ။
လူအများစုက Recovery System စက်ထဲမှာ ပါပြီးသားမို့ Recovery Disc ကူးထားဖို့ မလိုဘူးလို့ ထင်တတ်ပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံကျရင် Windows ပါ မတက်တော့အောင် အဖြစ်ဆိုးတဲ့အခါနဲ့ Hard Disk (HDD) တစ်လုံး လုံး ပျက်စီးသွားတဲ့ အခါမျိုးတွေမှာဆိုရင်တော့ Recovery Disc သာ အားကိုးရာကျန်ပါတော့တယ်။
အများအားဖြင့် Microsoft က Auto Update လုပ်တဲ့အခါ Do not turnoff or unplug the power ဆိုပြီး စာတန်းလေး ပေါ်လာတတ်ပါတယ်။ သူ့ Updating က တော်တော်နဲ့ မပြီးနိုင်တော့ စိတ်မရှည်တော့ပဲ Power ခလုတ်ကို ဖိပြီးထိုးပိတ်တတ်ကြပါတယ်။ နောက်ပြန်ဖွင့်တဲ့အခါ Windows အကုန်တက်မလာတော့ဘဲ Updating အဆင့်မှာတင် ရပ်နေလိုက်၊ ပြီးရင် Restart ပြန်ဖြစ်လိုက်၊ Updating မှာတင် ရပ်နေလိုက် ဖြစ်တော့တာပါပဲ။ အဲဒီလို အခါမျိုးမှာ Recovery Disc မရှိလို့ကတော့ သေပြီဆရာပဲ။ License Software တွေနဲ့ Branded ကွန်ပျူတာကြီး ဝယ်ထားပြီးမှ တွေ့ကရာ Pirate Windows ကြီး ပြန်တင်ရမှာလည်း ဖီးလ်မလာပါဘူးဗျာ။ ဒီတော့ Service Centre ပို့ရုံပဲ ရှိတော့တာပေါ့။
စက်ကို ဝယ်လာပြီး ပထမဆုံး စ သုံးတာနဲ့ Recovery Disc ကူးဖို့ သတိပေးတတ်ပါတယ်။ စက် Model ပေါ်မူတည်ပြီး DVD (၂) ချပ်ကနေ (၃) ချပ်လောက်ထိ လိုပါလိမ့်မယ်။ ဖြစ်နိုင်ရင် နှစ်စုံလောက်ကူးထားပါ။ DVD တွေက အခန့်မသင့်ရင် အစင်းတွေထင်ပြီး ကောင်းကောင်းမဖတ်နိုင်တာမျိုး ဖြစ်တတ်တာမို့ တော်တော်ကြာ အရေးအကြောင်းရှိလို့ Recovery လည်းမောင်းရော Disc-1 လျှောလျှောရှုရှု Run ပြီး Disc-2 ကျမှ ရှေ့ဆက်မသွားတော့ရင် တန်းလန်းကြီး ဒုက္ခရောက်တတ်လို့ပါဗျ။ Program ထဲမှာ Acer eRecovery Management ထဲက Backup ကို ရွေးလိုက်ပါ။ အဲဒီထဲက Create Factory Default Disc ဆိုတာကို ရွေးပြီး အဆင့်ဆင့်သွားလိုက်ရင် Recovery Disc တွေ ရမှာပါ။ နောက်ဆုံးအဆင့် လိုအပ်လာရင် ထုတ်သုံးဖို့ လက်နက်ကြီးတွေပေါ့ဗျာ။

ASUS တို့ Lenovo တို့မှာဆိုရင် များသောအားဖြင့် Driver Disc ကို သပ်သပ်ပေးထားတတ်ပါတယ်။ Windows Recovery ကသပ်သပ်၊ Driver က သပ်သပ်ပါ။ Windows ပြန်တင်ပြီးပေမဲ့ Driver တွေ မတင်ရသေးရင် အသံမထွက်တာ၊ ရုပ်မကြည်တာတွေ၊ Network မမိသေးတာတွေ ဖြစ်တတ်ပါတယ်။ အဲဒါကြောင့် Windows တင်ပြီးရင် Driver တွေ Install ပြန်လုပ်ဖို့ လိုပါတယ်။ Acer နဲ့ HP မှာ များသောအားဖြင့် အဲဒီပြဿနာ မရှိတတ်ပါ။ ဘာကြောင့် များသောအားဖြင့်လို့ ထည့်ထည့်ပြောရသလဲဆိုတော့ တစ်ခါတစ်ရံ Brand တူပေမဲ့ Model မတူရင် Recovery Disc ပေးတဲ့ Model ကပေးပြီး မပေးတဲ့ Model က မပေးဘူးခင်ဗျ။ ဘာသဘောလဲတော့ မသိပါ။ Europe မှာ ရောင်းတဲ့ Model နဲ့ Asia မှာ ရောင်းတဲ့ Model ချင်းလည်း မတူပါ။ iPhone လိုပါပဲ။ US မှာ ရောင်းတဲ့ iPhone က CDMA ရပါတယ်။ Asia ကို ရောင်းတာတွေက GSM တွေပါ။ ကွန်ပျူတာတွေလည်း အဲဒီလိုပါပဲ။
HP ကတော့ Drive Name တစ်ခုနဲ့ Recovery Backup ကို စက်ထဲမှာ သိမ်းထားတာ မြင်ရတတ်ပါတယ်။ တချို့ကလည်း အဲဒါကို ဘာမှန်းမသိဘဲ မှားဖျက်တာတို့၊ Format လုပ်တာတို့ လုပ်မိပြီး Recovery System Software ကသာ အလုပ်လုပ်ပေမဲ့ Recovery Data တွေ ပျောက်ကုန်တာမျိုး ဖြစ်တတ်ပါသေးတယ်။ Acer ကတော့ Drive Letter ကို ဖျောက်ပြီး Recovery Data သိမ်းထားတဲ့အပိုင်း ကိုဖွက်ထားတတ်ပါတယ်။ Disk Management ကနေ တကူးတက ဝင်မကြည့်ရင် ဘယ်လိုမှ မမြင်ရတဲ့အတွက် မှားဖျက်မိတဲ့ဘေးက တော်တော်ကာကွယ်နိုင်ပါတယ်။ ကွန်ပျူတာသုံးတဲ့လူ အများစုကလည်း ကိုယ့်ကွန်ပျူတာထဲမှာ ဘာမှန်းမသိတာ တစ်ခုခုတွေ့ရင် အင်မတန် Delete ချင်ကြတာကလား။
အဲဒီမှာ ဖြစ်တတ်တာတစ်ခုက DVD Drive ထဲကို Recovery Disc ထည့်ပြီး စက်ကို Restart လုပ်ပေမဲ့ နဂိုရှိပြီးသား Windows ပဲ တက်တက်လာပြီး Recovery System အလုပ်မလုပ်တဲ့ ပြဿနာပါ။ နားလည်တဲ့သူအတွက် ဘာမဟုတ်တဲ့ ပြဿနာပေမဲ့ နားမလည်တဲ့သူအတွက် ရွာလည်နေတတ်ပါတယ်။ ကွန်ပျူတာကို စ ဖွင့်လိုက်တာနဲ့ F2 ကို နှိပ်ပြီး Setup ထဲ ဝင်လိုက်ပါ။ ပြီးရင် Boot Tab ကို သွာပြီး Boot Sequence သို့မဟုတ် Boot Priority ကို သွားပြီး CD/DVD Drive ကို အပေါ်တင်ရပါမယ်။ ပြီးရင် F10 နဲ့ ပြန်ထွက်ရပါမယ်။ ဒါမှသာ ကွန်ပျူတာက စ စခြင်း DVD Drive ကို အရင်သွားဖတ်ပြီး ကိုယ်ထည့်ထားတဲ့ Recovery System Disc ကို အလုပ် စ လုပ်စေမှာဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ Hard Disk (HDD) က ပထမဦးစားပေးမှာ ရောက်နေခဲ့ရင် စက်ဖွင့်လိုက်တာနဲ့ HDD ကို အရင် သွားဖတ်တာမို့ ပုံမှန် Windows ပဲတက်လာမှာ ဖြစ်ပါတယ်။
တတ်သလောက် မှတ်သလောက် ဝေမျှပါတယ်။ အမှားအယွင်းများ ပါရင်လည်း အမိုက်အမဲလေးမို့ ခွင့်လွှတ်ကြပါခင်ညာ..။
(ဓါတ်ပုံများကို Google မှ ယူသည်။)
No comments:
Post a Comment