ကျွန်နော် ခပ်ငယ်ငယ်၊ ၉ တန်း ၁ဝတန်းလောက် ထင်ပါရဲ့။ Mr. Guitar ဆိုင် ရန်ကုန်မှာ စ ဖွင့်ပါတယ်။ ကော်ဖီ ၂၄ မျိုးနဲ့ စ ဖွင့်တယ်လို့တော့ မှတ်မိတယ်။ အဲဒီတုန်းက မြန်မာတစ်ပြည်လုံးမှာ လက်ဖက်ရည်ဆိုင်တွေသာ မှိုလိုပေါက်နေတာ။ ကော်ဖီဆိုင်ရယ်လို့တော့ မကြားဖူးသေးတဲ့အချိန်။ အဆိုတော်နေမျိုးဆေးရဲ့ နေပါရစေသီချင်းက ခေတ်စားနေတုန်း။ ကိုနေမျိုးဆေးက Mr. Guitar ကို စ ဖွင့်တယ်ဆိုတော့ စိတ်ဝင်စားတာပေါ့။ သူ့သီချင်းကို ကြိုက်တာလည်းပါ၊ ကော်ဖီဆိုတာ ကော်ဖီမှုန့်ရယ်၊ သကြားရယ်၊ နို့ဆီရယ် ရောပြီး ရေနွေးနဲ့ ဖျော်တာလောက် သိတဲ့အချိန်ဆိုတော့ ကော်ဖီ ၂၄မျိုးဆိုတာ ဘယ့်နှယ့်ဟာပါလိမ့်ပေါ့။
ကိုယ့်အိမ်စီးပွားရေးနဲ့ သူ့ကော်ဖီဆိုင်လည်း မကပ်နိုုင်ပါဘူးဗျာ။ စဉ်းစားကြည့်လေ၊ သာမာန် လက်ဖက်ရည် တစ်ခွက် ၁၀ ကျပ်လောက်ပဲ ရှိတဲ့အချိန် သူ့ဆိုင်က ကော်ဖီတွေက ၂၅ဝကျပ်တွေ ၁ဝဝဝကျပ်တွေဗျ။ မဂ္ဂဇင်းတစ်ခုမှာ Mr. Guitar နဲ့ အင်တာဗျူးထားတာလေး မှတ်မိပါရဲ့။ မှတ်မိသလောက်လေး ပြန်ပြောပါ့မယ်။
ဒါနဲ့ လွန်ခဲ့တဲ့ ၆ နှစ်လောက်က စင်ကာပူ ROYAL HOTEL ကို သူငယ်ချင်းတစ်ယောက် ကောင်းမှုနဲ့ ရောက်ပါရောဗျ။ အဲဒီမှာ သောက်ချင်ရာသောက်ဆိုပြီး အခွင့်အရေးရလေတော့ MENU တောင်းကြည့်မိတယ်။ အဲဒီမှာတင် Irish Coffee စိတ္တဇက ပြန် ထ ပါလေရော။ ဒကာခံမဲ့လူရှိတုန်း ခပ်တည်တည်နဲ့ မှာပစ်လိုက်တယ်။ ငယ်ငယ်ကတည်းက စိတ်ကူးယဉ်ခဲ့ရတဲ့ Irish Coffee, ဒီတစ်ခါတော့ တွေ့ကြပြီပေါ့ကွာ… ။ ရင်ခုန်စွာနဲ့ စောင့်မျှော်နေတဲ့ Irish Coffee လာပါပြီဗျ။ မျက်လုံးနဲ့ အရင်မြည်းကြည့်လိုက်တယ်။ ကော်ဖီခွက်ရဲ့ အပေါ်ဆုံးမှာ ခရင်မ်လေးတွေ အပုံလိုက်လေး တင်ထားသဗျ။ အနော်ကလည်း ဘယ်ဘဝက အကျင့်လည်း မသိပါဘူး။ ကော်ဖီသောက်ခါနီးရင် အနံ့ကို အရင် နမ်းကြည့်တတ်တယ်ဗျ။ အနံ့ကလေးက တစ်ခါမှ မရဖူးတဲ့ ကော်ဖီနံ့။ မြင်ရတဲ့ အရောင်ကလည်း အပေါ်က ခရင်မ်ဖြူဖြူလေးရဲ့ အောက်မှာ မဲမှောင်နေတဲ့ ကော်ဖီအရောင်က သောက်ချင်စရာ။
တံတွေးတစ်ချက် မျိုချရင်း အပေါ်က ခရင်မ်တွေ နည်းနည်းလောက် စားလိုက်ပြီးမှ ကော်ဖီကို ရွှတ်ကနဲ တစ်ချက် မြည်းလိုက်တယ်။ တစ်ချက်တည်းနဲ့ တို သွားတယ်။ လျှာပြောပါတယ်။ ခါးချက်ဗျာ။ တစ်ခါမှ မသောက်ဖူးတဲ့ အခါး။ ပြီးတော့ အနံ့ကလည်း အီအီမွှေးမွှေးလေးနဲ့ ပါးစပ်ထဲမှာ ခါးတူးပြီး ကျန်ခဲ့တယ်။ နည်းနည်းတော့ လန့်သွားတယ်။
ဒါပေမဲ့ စောစောက ခပ်မှိုင်းမှိုင်းဖြစ်နေတဲ့ စိတ်တွေ ကြည်လင်သွားတာတော့ အမှန်ပဲ။ ကြည်ဆို နားထင်ကြောတွေ ဘာတွေ ထူပူပြီး ဆံပင်တွေတောင် ထောင်သွားတယ် ထင်ရတယ်။ မျက်လုံးတွေဘာတွေ ပြူးပြဲပြီး လန်းဆန်းသွားတယ်။ မျက်နှာလား…. ရှုံ့သွားတာပေါ့…။ ဒါပေမဲ့ ဟော်တယ်မှာ သူများတိုက်တာ သောက်နေတာဗျ။ အိန္ဒြေပျက်လောက်အောင်တော့ ဘယ်အဖြစ်ခံပါ့မလဲ။ မသိရင်တော့ အမြဲသောက်နေကျ အထာနဲ့ ဟန်မပျက်ကလေးပေါ့။ ခဏနေတော့ ပါးစပ်ထဲမှာ ခါးတာလေး လျော့သွားတယ်။ အဲဒါနဲ့ ထပ်သောက်လိုက်တယ်။ မျက်နှာက ထပ်ရှုံ့သွားတယ်။ ပထမ က လောက်တော့ မဆိုးတော့ဘူး။ ဒါနဲ့ပဲ အခါးဓါတ်လေး လျော့သွားလိုက် ထပ်သောက်လိုက်နဲ့ တော်တော်ဟန်ကျသွားတယ်။ ခွက်တစ်ဝက်ကျော်လာတော့ ခေါင်းထဲမှာ ရီတီတီလေး ဖြစ်လာတယ်။ နားထဲမှာ သီချင်းသံလေးဘာလေး ကြားချင်လာတယ်။ ဒါ ကျွန်တော် အပေါင်းအသင်းတွေနဲ့ ကာရာအိုကေစားသောက်ဆိုင်တွေဘာတွေ သွားလို့ အရက်ကလေး နည်းနည်းပါးပါး သောက်မိရင် ဖြစ်နေကျဖီလင်ပဲ။ အဲဒီကျမှ ရိပ်မိတော့တယ်။ ဒီကော်ဖီမှာ အရက်ပါသကိုး။ မိုက်လယ်…. မိုက်လယ်….။
ပြီးတော့ ကျွန်တော်အကျင့်က ကော်ဖီကို ကုန်ခါနီးရင် နှမျောတယ်ဗျ။ ခွက်တစ်ဝက်ကျော်လာရင် နည်းနည်း နည်းနည်းပဲ သောက်တော့တာ။ အဲဒီလို တို့တိတို့တိလေး သောက်ပြီး နောက်ဘိတ်ဆုံး နည်းနည်းလေးကျန်မှ အရသာခံပြီး မော့ချတတ်တာ။ ဒီလိုနည်းနဲ့ Irish Coffee ကော်ဖီတစ်ခွက်ကို စ သောက်သောက်ချင်း ရှုံ့ရှုံ့တွတွနဲ့ သောက်ပြီး ကုန်သွားတဲ့အချိန်မှာ မဲ့မဲ့ရွဲ့ရွဲ့လေးနဲ့ပဲ ကြိုက်သွားပါကြောင်း ဝန်ခံပါရစေဗျ။
ရန်ကုန်ကို အလည်ပြန်တော့ မိသားစုနဲ့ SAKURA အပေါ်ဆုံးထပ်က ရန်ကုန်မြို့ကြီးကို အပေါ်စီးက မြင်ရတယ်ဆိုတဲ့ ဆိုင်မှာ အဖေ့ကို Irish Coffee တစ်ခွက်သောက်ကြည့်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ရန်ကုန်မြို့ကြီးကို အပေါ်စီးက မြင်ရတာတော့ ဟုတ်ပါရဲ့။ အဲဒီအချိန်က ရန်ကုန်ကို မြင်ရတာ ပသာဒမဖြစ်ဘဲ မြို့ပျက်ကြီးလို ဖြစ်နေလို့ စိတ်မကောင်းဖြစ်ခဲ့ရတာ မှတ်မိပါသေးရဲ့။
လာချပေးတဲ့ Irish Coffee က စင်ကာပူမှာ သောက်ခဲ့တဲ့ ကော်ဖီထက် အဆင်အပြင် ပိုသာတယ်လို့ ပြောရမှာပါပဲ။ သူကတော့ အပေါ်မှာ ကရင်မ်တင်ထားတာ မဟုတ်ပါ။ ဖန်ခွက်နှုတ်ခမ်းမှာ သကြားရည်လေးသုတ်ပြီး သကြားပွင့်လေးတွေ ကပ်ထားပါတယ်။ ပြီးတော့ အပေါ်မှာ သစ်ရွက်ပုံကလေး ဖေါ်ထားသေးတော့ အနုပညာတစ်ရပ်ကိုပါ ကော်ဖီထဲထည့်သောက်ရတာကိုးဗျ။ အဖေ ကြိုက်သလားတော့ ကျွန်တော်မသိပါဘူး။ ကျွန်တော့်လိုပဲ ထင်ပါရဲ့။ ကုန်သွားတဲ့ အချိန်မှာတော့ ကြိုက်သွားတယ် ထင်တာပဲ။ သဘောပေါက်လိုက်တာ တစ်ခုကတော့ ကော်ဖီဟာ ခါးပါတယ်။ ကော်ဖီကြိုက်သူများဟာ ကော်ဖီရဲ့ အခါးဓါတ်ကို အရသာခံ သောက်တတ်တာပါပဲ။ အဲဒီလို ခါးတဲ့ကော်ဖီကို ဝီစကီထည့်တော့ ပိုခါးပါတယ်။ အဲဒါကိုမှ အပေါ်က အချိုတစ်ခု တင်ပေးလိုက်တော့ ပါးစပ်ထဲမှာ အချိုအရသာ အရင်စွဲပြီးမှ အခါးကို သောက်တာမို့ အခါးကို မိုင်ကုန်တင်တာပါပဲ။
ခါးတာကြီးများ ကြိုက်ရတယ်လို့ဆိုပြီး တွန့်မသွားပါနဲ့ဗျ။ ခါးတဲ့ အရာတွေဟာ လူတွေကို စွဲမက်စေပါတယ်။ ဆေးလိပ်ဟာ ခါးပါတယ် (ပြောင်းဖူးဖက်ဆေးလိပ်ကို မဆိုလိုပါ။) အရက်ဟာ ခါးပါတယ်။ လက်ဖက်ရည်ကျကျဟာ ခါးပါတယ်။ ဘိန်းဖြူဟာ လျှာတိုအောင် ခါးပါတယ်။ လောကမှာ အချိုစွဲသူထက် အခါးစွဲသူသာ များပါတယ်။ ဒါပေမဲ့ အရမ်းလန်းပါတယ်ခင်ဗျာ။ မယုံရင် စမ်းကြည့်ပါ။ ဒါပေမဲ့ အဲဒီအခါးတွေ တစ်ခုနဲ့တစ်ခု ခါးပုံခါးနည်း မတူဘူးခင်ဗျ။ ပြောပြစရာ စကားလုံးမရှိပါ။ ဘယ်လိုကွာတယ်ဆိုတာ စားကြည့်၊ သောက်ကြည့်မှသာ သိမှာပါပဲ။
စွဲမက်စေတယ်ဆိုတဲ့နောက်တော့ ကောင်းလွန်းလို့နေမှာပေါ့ဗျာ။ မကောင်းရင် ဘယ်စွဲပါ့မလဲ..နော့။ အဲဒီတော့ အခါးမှာ မတူညီတဲ့ ခါးပုံခါးနည်း အရသာတွေ ရှိသလို နှစ်သက်သူတွေ မနည်းလှကြောင်း အရက်ကြော်ငြာ၊ ဘီယာကြော်ငြာ၊ ဆေးလိပ်ကြော်ငြာများနဲ့ ဖြုန်းအားကိုကြည့်ပြီး သိနိုင်ပါရဲ့။
Irish Coffee ဟာ ၁၉၄၀-ခုနှစ် မတိုင်ခင်ကတည်းက ပေါ်ခဲ့တာလို့ ဆိုပါတယ်။ အရမ်းအေးတဲ့ ဆောင်းညတစ်ညမှာ အမေရိကန်သင်္ဘောတစ်စီးဟာ အိုင်ယာလန်နိုင်ငံက Foynes ဆိုတဲ့ ရွာကလေးကို ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။ အရိုးခိုက်အောင် အေးနေတဲ့ သင်္ဘောသားတွေနဲ့ ခရီးသည်တွေဟာ စားသောက်ဆိုင်လေးတစ်ဆိုင်ကို မြင်လိုက်ရတဲ့အခါ ဝမ်းသာသွားကြပါတယ်။ အဲဒီစားသောက်ဆိုင်လေးက စားဖိုမှုးဟာ ဧည့်သည်တွေ ထမင်းစားပြီးတဲ့အခါ ကော်ဖီပူပူလေး ချပေးပါတယ်။ အရမ်းအေးနေကြလေတော့ ကော်ဖီထဲမှာ ဝီစကီနည်းနည်းစီ ထည့်တိုက်ပါသတဲ့။ ဧည့်သည်တွေလည်း အဲဒီကော်ဖီကိုသောက်ပြီးတော့ အချမ်းလည်းပြေ၊ အရသာကိုလည်း အရမ်းကြိုက်သွားကြပါသတဲ့။ ဒီလိုနဲ့ အိုင်ယာလန်ရဲ့ ဆောင်းညတစ်ညမှာ အရမ်းချမ်းအေးနေတဲ့ ခရီးသွားတွေအတွက် စားဖိုမှုးတစ်ယောက်ရဲ့ အချမ်းပြေစေတနာကနေ စ လိုက်တဲ့ Irish Coffee ဟာ ဒီနေ့ခေတ်မှာတော့ စားသောက်ဆိုင်တွေ ဟော်တယ်တွေအတော်များများရဲ့ Menu ထဲမှာ ပါနေခဲ့ပါပြီ။
ကဲ… ပုံပြင်လေးကတော့ ဒီမျှပါပဲ။ Irish Coffee ပုံပြင်တွေ အများအပြားရှိတဲ့ အနက်က တစ်ခုကို ဘာသာပြန်ဖေါ်ပြပေးလိုက်တာပါ။
အောက်မှာ အဆင့် ၈ ဆင့်ပါ Irish Coffee တစ်ခွက် ဖျော်ပုံဖျော်နည်းလေး ရှယ်လိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
*** (၂) ခွက်စာ ဖြစ်ပါသည်။
Espresso ကော်ဖီမှုန့် လက်ဖက်ရည်ဇွန်း (၄) ဇွန်း
Irish whiskey (၂) ပက်
သကြားညို (၂၀) မီလီလီတာ (လက်ဖက်ရည်ဇွန်း ၄ ဇွန်းခန့်)
နို့ကရင်မ် (သင့်တော်ရုံ)
ချောကလက်မှုန့် အနည်းငယ် (ကြိုက်တတ်လျှင်)

ကော်ဖီဖျော်ပုံ အဆင့်ဆင့်
ကျက်ကျက်ဆူနေသော ရေနွေးကို မသုံးရပါ။ ကျက်ကျက်ဆူနေသော ရေနွေးဖြင့် ကော်ဖီကိုဖျော်လျှင် လိုအပ်သည်ထက် ပိုမိုခါးသက်သော ကော်ဖီကို ရပါလိမ့်မည်။ (ခါးပုံခါးနည်း မတူဟု အကြမ်းဖျင်း ဆိုရပါမည်။)
၂။ နို့ကရင်မ်ကို ခွက်ထဲထည့်၍ ကျေညက်နူးညံ့လာသည်အထိ ခေါက်ပါ။
၄။ အပူပေးထားသောခွက်ထဲသို့ သကြားညို လက်ဖက်ရည်ဇွန်း နှစ်ဇွန်းစီခန့် ထည့်ပါ။
၅။ ဝီစကီတစ်ပက်ကို ထည့်၍ သကြားနှင့်ရောမွှေပါ။
၆။ နှပ်ထားသော ကော်ဖီကို ခွက်မပြည့်ခင် လက်တစ်လုံးခန့် အလိုအထိ ဖြည့်လိုက်ပါ။
ဒီနေရာမှာ option လေးတစ်ခု ထပ်ပေးပါ့မယ်။ စိတ်ဝင်စားရင် စမ်းကြည့်ဖို့။ ကော်ဖီပေါ်ကို ဝီစကီလေးတင်ပြီး မီးခြစ်နဲ့ ရှို့လိုက်ပါ။ အဲဒါဟာ ဘာများထူးခြားသလဲလို့ မေးရင် အယ်လ်ကိုဟောကို အနည်းငယ် လောင်ကျွမ်းစေခြင်းအားဖြင့် ကော်ဖီမှာပါတဲ့ ကဖင်း (caffeine) နဲ့ အယ်လ်ကိုဟောကို မျှတစွာ သမသွားစေပြီး အနံ့အရသာလည်း ပိုကောင်းစေပါသတဲ့။ အမှန်အတိုင်း ဝန်ခံရရင် ကျွန်တော်တော့ မလုပ်ကြည့်ရသေးပါ။ တောက်တီးတောက်တဲ့ ကြံကြံဖန်ဖန် စိတ်ဝင်စားသူများ စမ်းကြည့်နိုင်ပါတယ် (ဆရာကြီးလို့ အထင်ခံရရင် မနည်းဘူးပေါ့ဂျ...လူတွေက အိုးထဲမီးလောင်ပြတာတို့ ခွက်ထဲမီးလောင်ပြတာတို့ဆို အထင်ကြီးတယ်လေ.... ရေစိုအဝတ်လေး ဘာလေးတော့ အနားမှာ ယူထားပေါ့ဗျာ.... ဟီး...ဟီး...)။
၇။ လွတ်နေသော နေရာလွတ် လက်တစ်လုံးစာကို ကရင်မ်များဖြင့် ဖြည့်လိုက်ပါ။
လှတပတ ကြိုက်တတ်လျှင် နို့အနည်းငယ်ကို အမြှပ်ထအောင်ခေါက်၍ (အမှန်ကတော့ ဆိုင်သုံးအနေနှင့် ရိုက်သည်ဟု သုံးပါသည်။ ဇွန်းနှင့်ခေါက်သည် မဟုတ်ဘဲ Steel Wire ကို သုံး၍ ရိုက်ရခြင်းကြောင့် ဖြစ်ပါသည်။) ဒန်..တန့်….ဒန်.. ဟု ပါးစပ်ကရွတ်ပြီး လက်မှဇွန်းဖြင့် ကော်ဖီပေါ်တွင် နို့အမြှပ်ဖြင့် တွန့်တွန့်တွန့်တွန့်လုပ်၍ ပုံလှလှလေး ဖေါ်နိုင်ပါသည်။ ဆိုင်က လို သစ်ရွက်ပုံတွေ ပန်းပွင့်ပုံတွေ ပေါ်ချင်မှ ပေါ်မည် ဖြစ်သော်လည်း ဘာမှန်းမသိသော အဆင့်မြင့် စိတ္တဇပန်းချီတစ်ခုခုတော့ ကော်ဖီပေါ်တွင် ပေါ်နိုင်ပါသည်။ ကိုယ့်အနုပညာနှင့်ကိုယ်တော့ ကျေနပ်စရာ ကောင်းပါလိမ့်မည်။
မသောက်ဖူးသေးသူများ မျက်နှာကြီး ရှုံ့သွားလျှင် မလှမည်စိုး၍ ကင်မရာဖြင့်ချိန်ပြီး လှလှပပ ရှုံ့ရှုံ့တွတွလေး ဓါတ်ပုံရိုက်ပါ။ စိတ်မပူပါနှင့်။ တစ်ခွက်ကုန်သွားသည်နှင့် ကြိုက်သွားပါလိမ့်မည်။ တစ်ခါသောက်ပြီး ကျွန်တော့လို သတိရမနေလျှင် ကြိုက်သလို ပြောပါ။
ပြီးလျှင် Irish Coffee သောက်နေပုံ လှလှလေးကို facebook ပေါ်တင်ပေးပါ။
ကျွန်တော် like နှိပ်၍ share ပါမည်။….
(သရုပ်ဖေါ်ပုံများကို Google မှ ကူးယူပါသည်။)
No comments:
Post a Comment