ပထမအချက်အနေနဲ့ Shipyard မှာ ဘာအလုပ် လုပ် လုပ်၊ ခွင့်ပြုမိန့် (Permit) လျှောက်ရပါတယ်။ ဒါကို PTW (Permit to Work System) လို့ ခေါ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်္ဘောတစ်စီးမှာ အလုပ် လုပ်နေတဲ့ ကန်ထရိုက်တာတွေ၊ အဖွဲ့တွေက အများကြီး ခင်ဗျ။ တချို့ အလုပ်တွေက အကြောင်းအမျိုးမျိုးကြောင့် သူလုပ်နေရင် ကိုယ်လုပ်လို့ မရ…. ကိုယ်လုပ်နေရင် သူလုပ်လို့ မရတာတွေ ရှိပါတယ်။ ဥပမာအားဖြင့် ဆေးသုတ်တဲ့ လုပ်ငန်းနဲ့ ဝရိန်ဆော်တဲ့ လုပ်ငန်းမျိုးကို တစ်နေရာတည်းမှာ သွားလုပ်ခိုင်းလို့ မရပါဘူး။ မီးလောင်မှု ကျိန်းသေ ဖြစ်မှာ ဖြစ်ပါတယ်။ ပါမစ်ကို လျှောက်တဲ့အခါ ဒီအလုပ်ကို လုပ်ဖို့ တာဝန်ကျတဲ့ အနည်းဆုံး Supervisor/ Technician အဆင့်က VSCC လို့ ခေါ်တဲ့ Vessel Safety Coordination Committee အစည်းအဝေးမှာ လက်မှတ်ထိုး လျှောက်ရပါတယ်။
Tuesday, September 30, 2014
Shipyard vs Construction (အပိုင်း-၂)
ပထမအချက်အနေနဲ့ Shipyard မှာ ဘာအလုပ် လုပ် လုပ်၊ ခွင့်ပြုမိန့် (Permit) လျှောက်ရပါတယ်။ ဒါကို PTW (Permit to Work System) လို့ ခေါ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်္ဘောတစ်စီးမှာ အလုပ် လုပ်နေတဲ့ ကန်ထရိုက်တာတွေ၊ အဖွဲ့တွေက အများကြီး ခင်ဗျ။ တချို့ အလုပ်တွေက အကြောင်းအမျိုးမျိုးကြောင့် သူလုပ်နေရင် ကိုယ်လုပ်လို့ မရ…. ကိုယ်လုပ်နေရင် သူလုပ်လို့ မရတာတွေ ရှိပါတယ်။ ဥပမာအားဖြင့် ဆေးသုတ်တဲ့ လုပ်ငန်းနဲ့ ဝရိန်ဆော်တဲ့ လုပ်ငန်းမျိုးကို တစ်နေရာတည်းမှာ သွားလုပ်ခိုင်းလို့ မရပါဘူး။ မီးလောင်မှု ကျိန်းသေ ဖြစ်မှာ ဖြစ်ပါတယ်။ ပါမစ်ကို လျှောက်တဲ့အခါ ဒီအလုပ်ကို လုပ်ဖို့ တာဝန်ကျတဲ့ အနည်းဆုံး Supervisor/ Technician အဆင့်က VSCC လို့ ခေါ်တဲ့ Vessel Safety Coordination Committee အစည်းအဝေးမှာ လက်မှတ်ထိုး လျှောက်ရပါတယ်။
ကျောင်းပရိဝုဏ်အတွင်း၌ တိုက်စစ်ဆင်ခြင်း ( မောင်သာချို )
ဒီ Blog လေးကို စတင်ဖန်တီးစဉ်က ကိုယ်တိုင်ရေးတွေသာ တင်ဖို့ ရည်ရွယ်သည်။ သူတစ်ပါးစာတွေကို နှစ်သက်လျှင်တောင်မှ ကိုယ်ပိုင်အတွေးနှင့် ပြန်ရေးပြီး ရည်ညွှန်းကိုးကားအနေနှင့် ထည့်ရေးသည်။ အခုတော့ ကျနော့ Blog လေးလည်း ကျနော့ Cloud လေး ဖြစ်မှန်းမသိ ဖြစ်နေပါပြီ။ ဘာကြောင့်လည်းဆိုတော့ တချို့သော Facebook က စာလေးတွေက၊ ဂျာနယ်ဆောင်းပါးတွေက ကောင်းလွန်းလှသည်။ ပြန်ဖတ်လျှင် အသိတိုးသည်။ မမေ့သင့်တဲ့ ဘဝ သင်ခန်းစာတွေ ဖြစ်သည်။ သမီးလေး စာတွေ ဖတ်တတ်လာလျှင် ဖတ်စေချင်သည်။ အဲဒီအချိန်ကျ ဒီစာတွေ ပြန်ရှာလို့ မရမှာ စိုးသည်။ ကွန်ပျူတာထဲမှာ MS Words နှင့် သိမ်းထားတာတွေကလည်း ပြန်လိုချင်လျှင် Facebook လိုပင် တော်တော်ရှာရခက်သည်။ File Management က အမြဲ ပြန်လုပ်နိုင်သည်မဟုတ်။ မှားဖျက်တာ၊ HDD ပျက်တာတွေက ရှိသေးသည်။ ဒီလိုနှင့် ကျနော့ Blog လေးပေါ်တွင် ကောင်းနိုးရာရာလေးများကို Backup အနေနှင့် သိမ်းမိပါသည်။
အခုလည်း ဆရာ မောင်သာချိုရဲ့ 7Days News ဂျာနယ်ပါ ကျောင်းပရိဝုဏ်အတွင်း၌ တိုက်စစ်ဆင်ခြင်း ဆောင်းပါးလေးကို ပျောက်ဆုံးမခံနိုင်သောကြောင့် Backup လိုက်ရပါသည် ခင်ဗျား...။
Friday, September 12, 2014
ဘင်လာဒင်၏ နောက်ဆုံးညများ (ကိုဇော်ဝင်း)
(ဘင်လာဒင်၏ နောက်ဆုံးညများ အပိုင်း ၄ ခုစလုံးကို မျှော်လင့်ခြင်းခရီးသည် တွင် ဖေါ်ပြခွင့်ပြုသော မူရင်းရေးသားသူ ကိုဇော်ဝင်းကို ကျေးဇူးအထူးတင်ပါသည်။ https://www.facebook.com/zaw.win?fref=ts)
၂ဝ၁၁ ခုနှစ် မေလ ၁ ရက် တနင်္ဂနွေနေ့ ညသန်းခေါင်။ တနင်္လာနေ့သို့အကူး။ ထိုနေ့သည် အိုစမာဘင်လာဒင် လူ့ဘဝတွင် အသက်ရှင် နေထိုင်ခဲ့သော နောက်ဆုံးနေ့ ဖြစ်သည်။ အာဖဂန်နစ္စတန် စံတော်ချိန် ည ၁၂နာရီ ။ အာဖဂန်ရှိ ဂျလာလာဘတ် အမေရိကန် စစ်စခန်းမှ ဘလက်ဟော့ခ် MH-60 အမျိုးအစား ရဟတ်ယာဉ် နှစ်စင်း။ ချင်းနွတ် Chinook ရဟတ်ယာဉ် သုံးစင်းတို့ ပျံတက်လာကြသည်။
ဘလက်ဟော့ရဟတ်ယာဉ် နှစ်စင်းပေါ်တွင် ရေတပ် အထူးတပ်ဖွဲ့ဝင် Navy SEAL ၂၄ ဦး၊ စကားပြန်တစ်ဦးနှင့် စစ်ခွေးတစ်ကောင်တို့ လိုက်ပါလာသည်။ ရဟတ်ယာဉ်လေထဲသို့ ရောက်လာသည်အခါတွင်မှ ဦးတည်သွားရမည့် ပစ်မှတ် တည်နေရာ အညွှန်း GPS ကို လက်ခံရရှိသည်။ ရန်သူ့ရေဒါပေါ်တွင် မမြင်နိုင်စေရန် ပြုပြင်တည်ဆောက်ထားသည့် ကိုယ်ပျောက် ရဟတ်ယာဉ်များ ဖြစ်သော်လည်း ရေဒါလှိုင်းကို တတ်နိုင်သမျှ ကွင်းရှောင်သောအားဖြင့် ငါးစင်းစလုံး သစ်ပင်ထိပ်ဖျား အမြင့်ခန့်သာ ခိုင်ဘာ- Khyber တောင်ကြားအတိုင်း ပျံသန်းလာကြသည်။ ချင်းနွတ်ရဟတ်ယာဉ် သုံးစင်းသည် ခရီးသုံးချိုးနှစ်ချိုး အရောက်၌ မြေပြင်တွင် ဆင်းသက်ကာ တောင်ကြားတစ်ခုတွင် အရန်အဖြစ် ခိုနေခဲ့သည်။ ထိုစစ်ဆင်ရေးကို ဂျရောနီမိုဟု အမည်ပေးထားသည်။
Thursday, September 11, 2014
The Siege (1998)
ဒါရိုက်တာ Edward Zwick ရိုက်ကူးပြီး FBI စပါယ်ရှယ် အေးဂျင့် Anthony Hubbard အဖြစ် Denzel Washington၊ သူ့တွဲဘက် ပါတနာ လက်ဘနွန်လူမျိုး အမေရိကန်နိုင်ငံသား Frank Haddad အဖြစ် Tony Shalhoub၊ CIA အေးဂျင့် Elise Kraft အဖြစ် Annette Bening၊ မာရှယ်လောကို တာဝန်ယူကိုင်တွယ်ရသည့် US Army Major General William Devereaux အဖြစ် Bruce Willis တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။
လူအပြည့်ပါတဲ့ ဘတ်စ်ကားကို ဗုံးထောင် အကြမ်းဖက်မှုတစ်ခုနဲ့ ဇာတ်လမ်းကို စ ထားပါတယ်။ ဗုံးက ကွဲသွားတဲ့အခါ paint bomb တစ်လုံးသာ ဖြစ်နေပြီး လူတွေ အန္တရာယ်မဖြစ်ခဲ့ပေမဲ့ ဗုံးထောင်သူကို မမိလိုက်ပါဘူး။ ဒါပေမဲ့ Sheikh Ahmed bin Talal ဆိုသူ အကြမ်းဖက်သမားရဲ့ သတိပေးချက် အသံဖိုင်ကို FBI က ရခဲ့ပါတယ်။ FBI အေးဂျင့် Hubbard ဟာ ဒီအမှုနောက်ကို လိုက်ရင်း CIA အေးဂျင့် Kraft နဲ့ အဆင်မပြေ ဖြစ်ကြပါတယ်။ Hubbard နဲ့ Frank တို့ အကြမ်းဖက်သမားလို့ သံသယရှိသူ တစ်ဦးနောက်ကို လိုက်ရင်း Kraft ကိုပါ မသင်္ကာစရာတွေ့လို့ ဖမ်းခေါ်လာခဲ့ ကြပါတယ်။ အဲဒီအချိန်မှာပဲ တခြားအကြမ်းဖက်သမားတစ်ယောက်က ဘတ်စ်ကားတစ်စီးကို ဗုံးထောင်ပြန်ပါတယ်။
ဗုံးထောင်ထားတဲ့ ဘတ်စ်ကားကို အားလုံး ဝိုင်းထားကြတဲ့ အချိန်မှာ Hubbard က အကြမ်းဖက်သမားကို စကားပြောစက်က တစ်ဆင့် ညှိနှိုင်းဖို့ ကြိုးစားပါတယ်။ အဲဒီနေရာကို ပါလာတဲ့ Kraft က အခြေအနေကို မြင်လိုက်တဲ့ ခဏမှာပဲ သူတို့ ညှိနှိုင်းမှာ မဟုတ်ဘူး… ပစ်စရာရှိရင် ပစ်လိုက်တော့…. လို့ Hubbard ကို သတိပေးပါတယ်။ ဒါပေမဲ့ Hubbard က ညှိနှိုင်းမှုကို ဆက်လုပ်ပါတယ်။ အကြမ်းဖက်သမားတွေဟာ ပထမအဆင့် ကလေးတွေကို ပြန်လွှတ်ပေးလိုက်ပါတယ်။ Hubbard လည်း အားတက်ပြီး ဆက်လက်ညှိနှိုင်းဖို့ ကြိုးစားတုန်းမှာပဲ ဗုံးက ပေါက်ကွဲသွားပါတော့တယ်။
ဒါပေမဲ့ အကြမ်းဖက်မှုတွေက များသထက်များ၊ ကျယ်ပြန့်သထက် ကျယ်ပြန့်လာပါတော့တယ်။ New York City ရဲ့ လူစည်ကားရာ ဇာတ်ရုံတစ်ခုကို ဗုံးခွဲတိုက်ခိုက် ခံရပြီး လူ ၆၀၀ ကျော် သေကျေပျက်စီး ပြီးတဲ့နောက်တော့ အခြေအနေအရ နိုင်ငံတော် သမ္မတကနေ မာရှယ်လော ထုတ်ပြန်ပြီး ကိုင်တွယ်ဖို့ Major General William Devereaux ကို တာဝန်ပေးလိုက်ပါတယ်။ Major ကလည်း ဘရွတ်ကလင်း (Brooklyn) ရပ်ကွက်ကို စစ်အင်အားကိုသုံးပိတ်ဆို့ပြီး ကျန်တဲ့ အကြမ်းဖက်သမားတွေကို ရှာပါတယ်။ အာရပ်နွယ်ဝင် လူငယ်တွေ အားလုံးကို သိမ်းကြုံးဖမ်းဆီးပါတော့တယ်။ ပြီးတော့ Yankee Stadium အားကစားကွင်းကြီးထဲမှာ ထည့်ပြီး တပ်နဲ့ ဝိုင်းထားပါတယ်။ အဖမ်းခံရတဲ့ထဲမှာ Hubbard ရဲ့ ပါတနာ Frank ရဲ့ သားလည်း ပါသွားတာကြောင့် Frank က စိတ်ဆိုးပြီး FBI ကနေ ထွက်လိုက်ပါတော့တယ်။
နောက်ဆုံး Hubbard နဲ့ Kraft ဟာ Samir ကို တွေ့ပြီး နောက်ဆုံးကျန်တဲ့ အကြမ်းဖက်သမားကို သိနိုင်အောင် ကူညီခိုင်းကြပါတယ်။ ဒါပေမဲ့ နောက်ဆုံးကျန်တဲ့ အကြမ်းဖက်သမားဟာ Samir ပဲလို့ သိလိုက်ရတဲ့ အချိန်မှာတော့……
နောက်ဘိတ်ဆုံး ဗိုလ်ချုပ်ကြီးကို ရာဇဝတ်မှုတွေအတွက် ဖမ်းခါနီးတော့
ဗိုလ်ချုပ်ကြီးက “I’m the law….” လို့ ပြောတော့
Hubbard က ……. မင်းမှာ တရားမျှတအောင် လုပ်ဖို့ပဲ တာဝန်ရှိတယ်... မင်းကိုပေးထားတဲ့ လုပ်ပိုင်ခွင့် အာဏာဟာ ရက်စက်ဖို့၊ လူသတ်ဖို့ မဟုတ်ဘူး ဂျင်နရယ်.... (You have the right not to be tortured, not to be murdered...)။ နောက်ပြီး မင်းဒီအာဏာကို ရတာဟာလည်း (State law) ဥပဒေ အရပဲ... တဲ့။
နောက်တစ်ခုကတော့ အရပ်သားအမြင်နဲ့ စစ်သားအမြင် ဘယ်လိုမှ မတူတာကို သတိထားမိပါတယ်။ စစ်သားတစ်ယောက်အတွက်တော့ လုံခြုံရေးသာ အဓိက မို့ ဖမ်းချင်တဲ့ လူတစ်ယောက်မိဖို့အတွက် သံသယရှိသူအားလုံးကို သိမ်းကျုံးဖမ်းဖို့ ဝန်မလေးသလို သေချာတယ် မသေချာဘူး စစ်နေဖို့ထက် အပြတ်ဖြတ် (သတ်ပစ်) လိုက်တာ ရှင်းတယ်လို့ တွေးပါတယ်။ အရပ်ဖက် အုပ်ချုပ်ရေးမှာကျတော့ အပြစ်ရှိသူ လွတ်တာထက် အပြစ်မရှိသူတစ်ယောက်ကို မှားယွင်းမဖမ်းမိဖို့ အဓိက ထားရပါတယ်။ FBI လို အဖွဲ့အစည်းအနေနဲ့ကျတော့ တရားခံအစစ်ကိုမိရေးပဲ ရှေးရှုပါတယ်။ စစ်တပ်လို မသင်္ကာရင် အကုန်ဆွဲထည့်လို့ မရပါဘူး။ မာရှယ်လောလို့ ဆိုလိုက်တာနဲ့ စစ်တပ်ကို အုပ်ချုပ်ရေးအာဏာ ပေးလိုက်တဲ့ သဘောဟာ ဘယ်လောက် အန္တရာယ်များတယ် ဆိုတာကို ဒီဇာတ်ကားမှာ တွေ့နိုင်ပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီနိုင်ငံမို့ ဒီမာရှယ်လောဟာလည်း လုပ်ချင်ရာလုပ် အာဏာသိမ်းတာမျိုး မဟုတ်ဘဲ လိုအပ်လို့ လုပ်ပိုင်ခွင့်ပေးတာကို အလွဲသုံး အလွန်အကျွံလုပ်တဲ့အတွက် ပြန်ပြီး တားဆီးလိုက်နိုင်တာကို တွေ့ရပါတယ်။ သူတို့ဆီမှာ ပြန်ပြီး ထိန်းကွပ်တဲ့ နည်းလမ်းတွေ ရှိနေလို့သာ တော်တော့တယ်။ ကျွန်တော်တို့ ဆီမှာဆိုရင်တော့ ပွဲသိမ်းပါပဲ။
နောက်ပြီး နိုင်ငံရေးမှာ အခြေအနေအားလုံးဟာ တိမ်တောင်သဖွယ်မင်းရေးကျယ် ဆိုတဲ့အတိုင်း policy အပြောင်းအလဲတွေက အချိန်မရွေး ရုတ်တရက် ပြောင်းလဲတတ်သလို အပြောင်းအလဲတိုင်းမှာ ဘေးထွက်ဆိုးကျိုးတွေ ရှိနေတတ်တာကိုလည်း ကြောက်စရာတွေ့ရပါတယ်။ ပြီးတော့ ကိုးကွယ်ရာတူတူ မတူတူ နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးအတွက် နိုင်ငံသားစိတ် အပြည့်နဲ့ အလုပ်လုပ်တဲ့ Frank ရဲ့ သရုပ်ဆောင်ချက်ကလည်း ကျွန်တော်တို့ဆီက အမြင်လေးကျဉ်းကျဉ်း မျက်တောင်မွှေးတစ်ဆုံးလေး ကြည့်တတ်တဲ့ ဟိုဘက်ဒီဘက် အစွန်းရောက်လေးတွေ သတိပြူစရာပါ။ နိုင်ငံသားမှန်ရင် နိုင်ငံအတွက်ပဲ ကြည့်ရမှာပါ။
ပြီးတော့ CIA ရဲ့ ခြေရှုပ်ချက်တွေကလည်း တစ်ခါတစ်ရံ သူ့ဓါးနဲ့ သူ့ပြည်သူကို ပြန်ထိုးသလို ဖြစ်ပုံကလည်း သံဝေဂယူစရာပါ။ ဒါပေမဲ့ သူတို့ဆီက အကြမ်းဖက်မှုတစ်ခုကို ကိုင်တွယ်အရေးယူပုံနဲ့ ကိုယ်တွေဆီမှာ ဆိုရင်လို့ တွေးတော့ မောမိပါတယ်။ အခု ဆိုရင်ပဲ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုရဲ့ တရားဝင်ခြိမ်းခြောက်တာကို ခံနေရပါပြီ။ ဒါဟာလည်း ကိုယ်ဖန်တီးခဲ့တဲ့ အဓိကရုဏ်းတွေရဲ့ အကျိုးဆက်ပဲလေ။ ဒါလည်း ကိုယ့်ဓါးနဲ့ ကိုယ့်ပြည်သူကို ပြန်ထိုးမိတဲ့ ကိစ္စပါပဲ။ အရင်က ဓါးနဲ့ အမွှမ်းခံနေရရာက အခုတော့ အထိုးပါ ခံရတော့မဲ့ အခြေအနေပေါ့။
ဒီလောက် နိုင်ငံတကာမှာ ဒါကို ပေါ့ပေါ့တန်တန် မတွေးဘဲ သတိပေးချက်တွေ ထုတ်လို့ ကာကွယ်မှုတွေ တပ်လှန့်မှုတွေ လုပ်နေချိန်မှာ စိုးရိမ်စရာ မရှိပါလို့ ပြောတော့ သြော်… တို့ဆီက သူများနိုင်ငံတွေထက် လုံခြုံရေး ပိုကောင်းလို့ နေမှာပါလေ လို့ အထင်တော့ ကြီးချင်သား။ ကိုယ့်ပြည်သူကို နိုင်တဲ့နေရာမှာတော့ တို့ဆီကလည်း ရဲရဲတောက်ပဲလေ။ တခြားနဲ့ ဖြစ်ရင်တော့….. ဒါလည်း…. နိုင်မှာပါ။ နေပြည်တော်မှာတော့ လုံခြုံရေးတွေက စိုးရိမ်စရာ မရှိမှာ သေချာပါတယ်လေ။
တို့တွေအတွက်ကတော့…… အင်း…. အိပ်တာပဲ ကောင်းပါတယ်လေ….
(သရုပ်ဖေါ်ပုံများကို Google မှ ယူသည်။)
Tuesday, September 2, 2014
မိုးပေါ်သို့ ချောင်းကြည့်ခြင်း
မေမြတ်မွန်အသံနဲ့ ပြောရရင်.... (ပြောရုံပဲ ပြောမှာ.. သူ့လို ပြစရာတော့ ရှိဘူး..)
သူငယ်ချင်းတို့ရေ...... ကြယ်တွေ၊ နက္ခတ်တာရာတွေ၊ နေတွေ၊ လတွေ၊ ကောင်းကင်က လက်လက်လက်လက်လေးတွေကို စိတ်ဝင်စားသော်ငြား ဘာမှ နားမလည်တဲ့ ငပိန်းလေးတစ်ကောင်ရဲ့ တယ်လီစကုတ်တစ်လုံး ဝယ်တဲ့အကြောင်းကိုနားထောင်ကြမလား။ နားမထောင်ချင်လည်း အတင်းပြောပြမှာပါပဲနော်။
စင်ကာပူက အရုပ်ဆိုင်တွေမှာ ကလေးတွေရဲ့ သိချင်တတ်ချင်စူးစမ်းချင်တဲ့စိတ်ကို နှိုးဆွပေးတဲ့ ကစားစရာလေးတွေ အများကြီး ရောင်းပါတယ်။ Anti-Gravity အကြောင်း စမ်းသပ်တာ၊ မော်တာနဲ့ အရုပ်လေးတွေဆင်တာ၊ ပုရွက်ဆိတ်လေးတွေ အိမ်ဖွဲ့တာ၊ တိမ်အတု ဖန်တီးတာ စသဖြင့် ကစားရင်း ပညာရစေမဲ့ ကစားစရာတွေ အမျိုးမျိုးကို ရနိုင်ပါတယ်။ တချို့ကစားစရာတွေက အဆင့်မြင့် နည်းပညာကို ကလေးဆော့တဲ့အဆင့် ဖြစ်အောင် ဖန်တီးထားတာကို အံ့သြစရာ တွေ့ရမှာပါ။ ပြီးတော့ တယ်လီစကုတ်တွေ၊ မိုက်ခရိုစကုတ်တွေပါ ရောင်းပါတယ်။ ကလေးဆော့တဲ့ဟာရယ်လို့ ပေါ့ပေါ့တော့ မထင်လိုက်ပါနဲ့။ အခြေခံကနေ အလယ်အလတ်အဆင့်လောက်ထိ သုံးလို့ရတဲ့ အဆင့်မီ equipment တွေပါ။
လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)
(၂) Federalism ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...
-
အင်္ဂလိပ်စကား Debate ကို စကားရည်လုခြင်းလို့ လူသိများပါတယ်။ စကားစစ်ထိုးတယ်လို့လည်း သုံးကြပါတယ်။ အချေအတင်ပြောသည်။ ငြင်းခုံဆွေးနွေးသည်။ ဆင...
-
ငု ပိတောက်လို ဇာမချဲ့ ရိုးသားတဲ့ ငုဝါ။ တစ်ပင်လုံးဖြာ ဆင်ထုံးရှာ၊ ထိန်ဝေလွင်သနဲ့ အိန္ဒြေရှင် ပန်းဆွဲ။ ခုလိုနွေ ခါသမယမှာဖြင့် သူ့က...