ကြင်နာလွန်းသူကြီး
တစ်ခါက တရားရုံးသို့ လင်မယားကွာရှင်းမှုတစ်ခု ရောက်လာသည်။
မယားဖြစ်သူမှ ကွာရှင်းခွင့်တောင်းခြင်း ဖြစ်သည်။
တရားသူကြီးမှ မေးသည်။
"မိန်းကလေး….. မင်းခင်ပွန်းကို ဘာဖြစ်လို့ ကွာရှင်းချင်ရတာလဲ….
မင်း ခင်ပွန်းက အရက်အရမ်း သောက်လို့လား…"
တရားလို မိန်းကလေးက ပြန်ဖြေသည်။
"မဟုတ်ပါဘူး တရားသူကြီးမင်းရှင့်…."
.......
"လောင်းကစား လုပ်လို့လား…."
"မဟုတ်ပါဘူး တရားသူကြီးမင်းရှင့်…."
"ဒါဖြင့် သူက မင်းကို မကြင်နာလို့များလား…."
"မဟုတ်ပါဘူး တရားသူကြီးမင်းရှင့်…. သူက သိပ်ကြင်နာတတ်ပါတယ်…."
တရားသူကြီး အံ့သြသွားသည်။
"ဟေ…. ဒါနဲ့များ ဘာဖြစ်လို့ ကွာရှင်းချင်ရတာတုန်း…."
"ကြင်နာတတ်လွန်းလို့ကို ကွာချင်တာပါ....."
တရားသူကြီးမှ မျက်လုံးပြူးလျက်....
"ရှင်းပြပါဦး..."
တရားလိုမှ ပြန်ဖြေသည်။
"ဒီလိုပါရှင့်…. သူက ကျမ ကိုချည်း ကြင်နာတာ မဟုတ်ဘဲ ကျမ အစ်မတွေ ညီမတွေကိုပါ အကုန် လိုက်ကြင်နာနေလို့ ကြင်နာလွန်းတဲ့ဒဏ်ကို သည်းမခံနိုင်တော့လို့ပါ….." ဟူ၏။
*******************************
တင်းလွန်းလို့
သွားဆရာဝန်တစ်ယောက် ဒေါကြီးမောကြီးနှင့် လျှောက်လာသည်။ လမ်းတွင် တွေ့သမျှ ခဲလုံးများ အပင်ငယ်များကို ကန်ထုတ်ပစ်နေသည်။ မိတ်ဆွေတစ်ယောက်က သူ့ကို မြင်သွားသည်။
"ဆရာ…. ဘာတွေများ ဒီလောက်တောင် ဒေါခီးနေတာတုန်းဗျ…."
"ဟိုတလောက ကျုပ်ဆီမှာ သွားနှုတ်ပြီး ပြန်စိုက်သွားတဲ့ ကောင်ပေါ့ဗျာ…"
"အင်းလေ…. အဲဒါ ဘာဖြစ်လို့တုန်း…"
"ပိုက်ဆံ မရှိလို့ အကြွေးနဲ့ နှုတ်ပေး… အကြွေးနဲ့ စိုက်ပေးလိုက်တာဗျ…."
"ဆရာက အတော် သဘောကောင်းတာပဲ.... အခု သူက ဘာပြောလို့လဲ…"
"အခု ပိုက်ဆံသွားတောင်းတော့ မပေးနိုင်ဘူးလို့ ပြောလွှတ်တယ်ဗျ…."
မိတ်ဆွေက တရားချဖို့ ကြိုးစားသည်။
"သြော်…. ဆရာရယ် … ဆရာ့အနေနဲ့ ဒီငွေ လောက်ကလေးနဲ့ ဘာမှ ဖြစ်မသွားပါဘူး….. ဒီလိုလူတစ်ယောက်ကိုလည်း ဂရုစိုက်မနေပါနဲ့ဗျာ…."
"ဟမ်…. ကျုပ်က အဲဒီ ပိုက်ဆံမရတာကို တင်းတာ မဟုတ်ဘူးဗျ…. ကျုပ်စိုက်ပေးထားတဲ့သွားနဲ့ ကျုပ်ကို ပြန်ပြီး အံကြိတ်ပြတာကို တင်းတာဗျ…. တင်းတာ…. တောက်စ်…."

လူမရွေးဘူး
ကောင်မလေးတစ်ယောက် လျှောက်လာသည်။
ကောင်လေးတစ်သိုက်က မြင်သည်နှင့် နောက်က လိုက်လာပြီး ရည်းစားစကား ပြောသည်။
ကောင်မလေးက သုတ်သုတ်လျှောက်သည်။ သူ့အိမ်ကို လှမ်းမြင်နေရသည့်နေရာသို့ ရောက်လာသည်။ အိမ်ပေါက်ဝတွင် သူ့အစ်မတွေ ထိုင်နေတာကို တွေ့သည်။ သူလှမ်းပြီး လက်ပြလိုက်သည်နှင့် အခြေအနေကို သဘောပေါက်သွားသော ညီအမတွေ သူ့ဆီ စစ်ကူရောက်လာကြသည်။
စစ်ကူတွေ လာပြီဆိုတော့ လူငယ်တစ်သိုက် နည်းနည်းတွန့်သွားသည်။ ကောင်မလေးက အောင်နိုင်သူရဲ့ အသံနှင့်....
"ဟဲ့… ကောင်တွေ… နင်တို့က ငါ့ကို ဘယ်လို အစားမျိုး ထင်နေလို့လဲ…"
"သိဝူးလေ...."
အစ်မလတ်က ဝင်ထောက်သည်။
"ဟင်…. ကိုယ့်ရုပ်ကိုမှ အားမနာ…. ငါ့ညီမနဲ့ တူသလား တန်သလား…"
"မတန်လို့ ပြန်ပို့ရတယ်ဆိုတာ မရှိပါဘူး အစ်မကြီးရယ်....."
အစ်မကြီး စိတ်ထဲမှ ဒေါသတွေ အလိပ်လိုက်တက်လာသည်။ ဒီလို ကောင်တွေကများ ငါ့ညီမကို ရာရာစစ.... တွေ့ကြသေးတာပေါ့... ငါ့တို့ လက်က ပါးမရွေးဘူးဆိုတာ ဒင်းတို့ကို ပေါ်တင်ကြေငြာမှ ဖြစ်တော့မယ်.... ဟင်း...ဟင်း... ဒီမှာ.... တင်းတယ်...တင်းတယ်.... တင်းတယ်ဟေ့...
ဒေါသအလိပ်လိုက် အတောင့်လိုက် ထွက်လာသည့်အဆုံး ၇ သံချီ အော်ထည့်လိုက်တော့သည်။
"ဟေ့….. ငါတို့ကို ဘယ်လိုအတန်းအစားများ မှတ်နေသလဲ…
တို့ပါးက လူမရွေးဘူးဟေ့….." တဲ့။
************************
ရပ်ကွက်ထဲတွင် တစ်အိမ်နှင့်တစ်အိမ် ခြံချင်းကပ်နေခြင်းကြောင့် လည်းကောင်း၊ သစ်သားအိမ်၊ ထရံကာအိမ်များ ဖြစ်ခြင်းကြောင့်လည်းကောင်း တစ်ဖက်အိမ်က ပြောသမျှ တစ်ဖက်အိမ်က ကြားနေရသည်။
တစ်နေ့…
ကျနော်တို့နှင့် ခြံချင်းကပ်လျက်အိမ်မှ သားအဖ ၂ ယောက် စကားပြောနေသည်ကို ကြားရသည်။
အဖေက သားကို ဆုံးမနေခြင်း ဖြစ်သည်။
"ဟေ့ကောင်..... မင်းက အဖေလား…. ငါက အဖေလား…"
"အဖေက အဖေပေါ့ဗျ…"
"ဒါဆို မင်း ငါ့စကား နားထောင်ရမှာပေါ့ကွ…. ငါအဖေက ဝါးလုံးမြင်လျက်သားနဲ့ ဝါးခြမ်းဆို ခြမ်းလိုက်ပေါ့ကွ…. အခုတော့ မင်းက ငါက ဒါဆို မင်းက ဟိုဟာ..."
သားဖြစ်သူကလည်း အညံ့မခံ…။
"မခြမ်း နိုင်ပါဘူး… ဝါးလုံးက ဝါးလုံး… ဝါးခြမ်းက ဝါးခြမ်းပေါ့…."
''တယ်…. ဒီကောင်လေးတော့ သေတော့မယ်…"
"သေသေဗျာ…. ဒီသောက်လုပ်တွေလည်း မခိုင်းနဲ့ဗျာ…. မလုပ်နိုင်ဘူး…"
အဲဒီမှာတင် အဖေက ဒေါသတကြီး ထ ဟောက်လိုက်တာက…
"တယ်…. ဒီကောင်လေးဟာ…. စကားပြောရင် ဆဲ ဆဲ မပြောပါနဲ့လို့ ဆိုနေ…. ဒီ နာရိုးမတားလေးဟာ….".. တဲ့။
အံမယ်.... ဒါတောင် သားလုပ်တဲ့သူက မရပ်သေးဘူး.... ပြန်ပြောဖြစ်အောင် ပြောသေးတယ်.... ဘာတဲ့...
"သိပါတယ် အဖေရာ.... ခဏခဏ ကြွားနေစရာ မလိုပါဘူး.."... တဲ့....။
အတီးခံရတာတောင် နည်းသေး..။

**************************
"ဟဲ့…. သမီး…. ဟိုရောက်ရင် တစ်ယောက်တည်း လျှောက်လျှောက် မသွားနဲ့နော်…."
"အင်းပါ…. သိပါတယ် အမေရဲ့…."
"နင်က အူတူတူ အ တ တ မို့ ငါက စိတ်မချလို့ ပြောနေတာဟဲ့…. တော်ကြာ မြို့ပေါ်က လူလည်တွေက နင့်ကို ရောင်းစားသွားလိမ့်မယ်…."
သမီးကလည်း အမေစိတ်ချအောင် ပြန်ပြောရှာပါတယ်။
"စိတ်ချပါ အမေကလဲ…. စိတ်ပူစရာ မလိုပါဘူး….. သူတို့က ချိန်ခွင်ပေါ် တက်ခိုင်းတိုင်း သမီးက တက်ပါ့မလား အမေရဲ့…." တဲ့။
အမေလည်း စိတ်ပျက်လက်ပျက်နဲ့.....
"နင့်တော့ ငါမနိုင်တော့ဘူး....." ဆိုတော့....
သမီးကလည်း မျက်နှာငယ်လေးနဲ့....
"မနိုင်ရင်လည်း မချီနဲ့ပေါ့ အမေရယ်....." ....တဲ့။
*****************************
ကျွတ်သွားတယ်
ဟိုးရှေးရှေးတုန်းက ကောင်မလေးများကို ကြိုက်လျှင် ရည်းစားစာပေး၊ ရည်းစားစကား လိုက်ပြောရသောခေတ်က ဖြစ်သည်။
လှတပတ ကောင်မလေးတစ်ယောက် လမ်းလျှောက်သွားနေသည်။ ကောင်လေး ၃ ယောက်က နောက်က လိုက်လာသည်။ တစ်ယောက်က...
"မင်းတို့ နောက်က ကြည့်နေ.... ငါ သွားတွန်းလိုက်မယ်..."
သူငယ်ချင်း ၂ ယောက်ကလည်း အားတက်သရော ထောက်ခံသည်။
"မင်းအစွမ်းအစကို ကြည့်ရသေးတာပေါ့...."
ပြောပြောဆိုဆို ရှေ့ကို အပြေးကလေးသွားပြီး ကောင်မလေးနား ကပ်လျက်လျှောက်လိုက်သည်။
"ဟေ့... တစ်ယောက်တည်းလား...."
ကောင်မလေးက နားမကြားသလို ခပ်သုတ်သုတ် ဆက်လျှောက်သည်။
"တစ်ယောက်တည်းလားလို့....."
ကောင်မလေးက ဘေးကို လှည့်ပြီး မှုန်ကုပ်ကုပ်ကြည့်သည်။ ဘာပဲပြောပြော လှည့်ကြည့်သည်ဆိုတော့ အားတက်သွားသည်။
"စိတ်ဝင်စား လို့ပါ...."
ကောင်မလေးဆီက အသံထွက်လာသည်။
"စား.. ဘရားပေါ့...."
"အွန်..."
ကိုယ်တော်မြတ် နည်းနည်းတော့ ဖုသွားသည်။
".. ကြိုက်လို့ပါ...."
"ကြိုက်... ဘရိုက်ပေါ့..."
"ငင်.... ဟုတ်ဝူးလေ.... တကယ် ချစ်လို့ ပြောတာပါ...."
ကောင်မလေးက မရယ်မပြုံး မိန့်သည်။
"ချစ်... ဘရစ်ပေါ့...."
ဘာဆက်ပြောရမှန်း မသိတော့သော မောင်မင်းကြီးသားလည်း အသာလေး နောက်ချန်နေရစ်ရင်း သူ့ဘော်ဒါတွေကို ပြောသည်။
"ကျွတ်တယ်ကွ...".....တဲ့...
သူငယ်ချင်းကလည်း ပြုံးစိစိနဲ့ ကြည့်ပြီး ပြောလိုက်တာက...
"ကျွတ်.... ဗလွတ် ပေါ့ကွ...." ဆိုပဲ။
ဘုရားစူးရပါစေ့။ အခုပြောသော စကားများသည် ဟိုတုန်းက လမ်းသရဲစကားမာျး ဟူသတတ်။
(သရုပ်ဖေါ်ပုံများကို Google မှ ယူသည်။)
No comments:
Post a Comment