ဆိုသည့်အသံက Site ထဲမှာ လိုအပ်သည့် ပစ္စည်းတွေဝယ်ဖို့ အပြင်ထွက်ခါနီး ကျနော့ခေါင်းကို ပုတ်လောက်ကြီးသွားစေသည်။ နားထဲမှာရော ရင်ထဲမှာပါ ပူကနဲ။
ဘယ်နားမှာလဲ… ဘယ်သူလဲ…
ကျနော် ဖုန်းထဲမှ မေးခွန်းတွေ ဆက်တိုက်ထုတ်သည်။
Blk 1B နဲ့ 2A ကြား…. Supply အလုပ်သမား…
တစ်ဖက်မှ အိန္ဒိယလူမျိုး ကျနော့ Supervisor က ပြန်ဖြေသည်။
ကျနော် မပြေးရုံတမယ် ထိုနေရာသို့ အရောက်သွားရသည်။ မြင်လိုက်ရသည့် မြင်ကွင်းက သိပ်တော့ မသက်သာလှ။ Rebar ဟုခေါ်သည့် သံကူကွန်ကရစ်လောင်းရန် လုပ်ထားသော သံချောင်းက ဘင်္ဂလားအလုပ်သမားရဲ့ ခြေသလုံးကို ထိုးဖောက်မိသွားပြီး သွေးတွေက ရဲလျှက်။
သူက လူကောင်ကလည်း ကြီးကြီးဆိုတော့ ချော်လဲသည့်အရှိန်အပြင် သူ့ခန္ဓာကိုယ် အလေးချိန်ကြောင့် ပိုပြီး ပြင်းထန်သွားပုံရသည်။ ကျနော် ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို စ ဝင်ကတည်းက ဒီ သံချောင်းတွေရဲ့ အန္တရာယ်ကို သတိပြုမိသည်။ ချော်လဲချင်စရာ လုပ်ငန်းခွင်နှင့် ထိုးထိုးထောင်ထောင် သံချောင်းများက လဲလို့ကတော့ အပိုဆုတွေပါ ရမယ်ဆိုတာ ကြိုသိထားပြီးသား။
သင်္ဘောကျင်းမှာတုန်းက သင်္ဘောပေါ်မှာ ကြမ်းခင်း သံပြားတစ်ပြားလောက် ဟ နေ၊ လွတ်နေလျှင် Barricade ဟု ခေါ်သော အဖြူအနီကြား ပလတ်စတစ်တွေနှင့် သတိပေး ကာရံရသည်။ ဟို့လို့ ဟောင်းလောင်း တို့လို့တန်းလန်း တွေ့လို့ကတော့ Safety နှင့် ပြဿနာ အကြီးအကျယ် ရှင်းရပြီသာ မှတ်ပေတော့။
ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာတော့ သံကူကွန်ကရစ်တန်း (Rebar) တွေ ချည်ထားတာက ရှုပ်ယှက်ခတ်နေသလို ကွန်ကရစ်ထုကို တိုင်းဖို့၊ မျက်နှာပြင် အညီရဖို့ ထောင်ထားသည့် သံချောင်းတွေက နေရာ အနှံ့။ Rebar တွေကြား ခြေထောက် ကျွံမကျဖူးသူဆိုတာကလည်း ရှာမှရှား ဖြစ်သည်။ သတိလေး တစ်ချက် လွတ်သည်နှင့် ကျွံတတ်သည်ချည်း။ အခန့်မသင့်ရင် ခြေထောက် ညပ်နေတတ်သည်။ ကျနော်လည်း ကျွံဖူးတာပါပဲ။ ဒါပေမဲ့ ကျနော်ကတော့ သင်္ဘောကျင်းက လာသူမို့ သတိကြီးတာ အကျင့်ဖြစ်နေသည့်အပြင် ကျနော့ ရာထူးကြောင့်လည်း အလုပ်သမားတွေလောက် အလေးအပင် မ,မ ရ၊ ဆိုက်ထဲ အန္တရာယ်များသည့် အလုပ်တွေ လုပ်ရတာ သူတို့လောက် မများသဖြင့် ဘာမှ ကြီးကြီးကျယ်ကျယ် မကြုံတာ ဖြစ်နိုင်ပါသည်။
အခု မတော်တဆဖြစ်သော အလုပ်သမားမှာ မျက်နှာကို ရှုံ့မဲ့လျက် ခြေထောက်အနာကို အထက်မှ ဖိကိုင်ထားသည်။ ကျနော် ကိုယ်ချင်းစာပါသည်။ မျက်လုံးက သူ့ခြေထောက်မှ Safety Shoe ကို မြင်တော့ ကျနော် မျက်လုံးပြူးသွားသည်။ Safety Shoe က ပေါက်ပြဲနေပြီ။ ကျနော် Supervisor ကို Safety Shoe အကောင်း တစ်ရံနှင့် လဲပေးဖို့ ပြောလိုက်သည်။ Accident ဖြစ်ပြီဆို ဒါတွေက မီးခိုးကြွက်လျှောက် ပြဿနာတွေ ဖြစ်သည်။ Safety Officer ရောက်လာ၍ Accident ဖြစ်ရခြင်း အကြောင်းရင်းကို စုံစမ်းစစ်ဆေးသည့်အခါ စုတ်ပြတ်နေသော Safety Shoe သည် ပြဿနာကို ပိုမိုကြီးထွားစေမည်မှာ မုချ။
ကျနော် လူလည်လုပ်တာပဲဟု အပြစ်တင် မစောစေလိုပါ။
Shipyard မှာတုန်းက အလုပ်သမားတွေ အားလုံးကို PPE ခေါ် Personal Protective Equipment တွေ အပြည့်အစုံ Yard က ထောက်ပံ့ပေးပါသည်။ Safety Shoe ကို တစ်နှစ်တစ်ကြိမ် လဲနိုင်သည်၊ Safety မျက်မှန်ကို ၃ လ တစ်ခါ လဲနိုင်သည်… စသဖြင့် သတ်မှတ်ထားပြီးသား။ Sub Contractor တွေဆိုလည်း PPE မပါလျှင် Yard ထဲ မဝင်ရဆိုသည့် စည်းကမ်းတွေက အပြည့်။ Safe မဖြစ်ဘူးဟု ယူဆလျှင်လည်း အဖမ်းခံရဖို့က ရာခိုင်နှုန်းများသည်ကိုး။ အဲဒီတော့ Shipyard မှာ အလုပ်ရှင်တွေရော၊ အလုပ်သမားတွေရော Safety ကို ဂရုစိုက်ရသည်။ Safety Officer ကိုလည်း ကြောက်ကြသည်။
သင်္ဘောကျင်းမှာတုန်းက Safety သင်တန်းတွေမှာ ပြောသည့် “Every accident is preventable.” (မတော်တဆဖြစ်မှုတိုင်းသည် ကြိုတင်ကာကွယ်၍ ရသည်) ဆိုသော အချက်ကို ဆောက်လုပ်ရေး လုပ်ငန်းခွင်ရောက်မှ နည်းနည်း သံသယဖြစ်ချင်လာသည်။ အန္တရာယ်များသော လုပ်ငန်းခွင်၊ အတွေ့အကြုံ မရှိသော အလုပ်သမားတွေ၊ ပညာသိပ်မတတ်သော အလုပ်သမားတွေ အလွန်များရသည့်ကြားထဲ အင်္ဂလိပ်စကား နကန်းတစ်လုံးမှ မတတ်သည့်အပြင် အလွန်ပြောရဆိုရ လက်ပေါက်ကပ်သော၊ စရိုက်ကျသော တရုတ်အလုပ်သမားများလည်း အလွန်ပေါသည် ဖြစ်လေရကား အန္တရာယ်ကို ဖိတ်ခေါ်နေသကဲ့သို့ ရှိလေသည်။
Construction မှာတော့ Shipyard နှင့် ပြောင်းပြန်။ Supply အလုပ်သမားဆိုတာက တစ်နေ့နဲ့ တစ်နေ့ တူချင်မှ တူတာမျိုး။ ရှင်းပြပါရစေဦး။ ဒါတွေကို မသိလျှင် ကျနော် ဘာကြောင့် ဘယ်လိုဆုံးဖြတ်ရသည်ကို နားလည်မည် မဟုတ်သဖြင့် အနည်းငယ် လေရှည်ပါရစေ။
*************************
စင်ကပူဆောက်လုပ်ရေး လုပ်ငန်းခွင်အကြောင်း သိပ်မသိသူများအတွက် အနည်းငယ် မရှင်းပြမီ ကြိုတင်၍ စကားပလ္လင်ခံချင်သည့် အချက်က ကျနော် အခုရေးသားသည့် အချက်များသည် လုပ်ငန်းခွင်မှ ကြုံခဲ့သည့် အတွေ့အကြုံတို့ကို အခြေခံ၍ မှတ်မိသမျှ ဝေမျှခြင်းသာ ဖြစ်သည်။ ဆောက်လုပ်ရေးတိုင်း၊ Shipyard တိုင်း အတူတူဟု မဆိုလိုပါ။ ကျနော် အလုပ်လုပ်ခဲ့သော သင်္ဘောကျင်းက ခန့်မှန်းခြေ ဝန်ထမ်းဦးရေ ၅၀၀၀ ကျော်ရှိသည့် သည့် စင်ကာပူ၏ အကြီးဆုံးစာရင်းဝင် ဖြစ်သည့်အပြင် ကျနော်က Main Con ဟု ခေါ်သည့် တိုက်ရိုက် ဝန်ထမ်း ဖြစ်သည်။ ကျနော် ပြောင်းရွေ့လိုက်သည့် ဆောက်လုပ်ရေးကုမ္ပဏီလေးက လူ ၂၀ ကျော်သာရှိသည့် ကုမ္ပဏီအသေးလေး ဖြစ်သည့်အပြင် လုပ်ငန်းသဘောအရ Sub Con ဟု ခေါ်သည့် သူများဆီမှတစ်ဆင့် ပုတ်ပြတ်ကန်ထရိုက်ယူသည့် Sub Contractor ကုမ္ပဏီလေးဖြစ်သည်။
သင်္ဘောကျင်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်သဘာဝ ကွာခြားမှုသာမက Main Con နှင့် Sub Con ရဲ့ မတူကွဲပြားသည့် အနေအထား၊ ကုမ္ပဏီအသစ်တစ်ခု၏ ရုန်းကန်ရသည့် အခက်အခဲများကို မှတ်တမ်းတင်ခြင်းသာဖြစ်သည်။ စိတ်ဝင်စားသူများအတွက် အကျိုးတစုံတရာ ရစေလိုခြင်းသာ ဖြစ်သည်။ ကျနော် လက်လှမ်းမမီသော အတွေ့အကြုံတွေ အများကြီး ရှိကြဦးမည်ဆိုတာ မြေကြီးလက်ခတ်မလွဲပါ။ ထို့ကြောင့် လိုအပ်ချက်များ၊ အမှားအယွင်းများ ရှိပါက ပြောပြပြုပြင် ဝေဖန်ပေးစေလိုပါသည်။
သင်္ဘောကျင်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်သဘာဝ ကွာခြားမှုသာမက Main Con နှင့် Sub Con ရဲ့ မတူကွဲပြားသည့် အနေအထား၊ ကုမ္ပဏီအသစ်တစ်ခု၏ ရုန်းကန်ရသည့် အခက်အခဲများကို မှတ်တမ်းတင်ခြင်းသာဖြစ်သည်။ စိတ်ဝင်စားသူများအတွက် အကျိုးတစုံတရာ ရစေလိုခြင်းသာ ဖြစ်သည်။ ကျနော် လက်လှမ်းမမီသော အတွေ့အကြုံတွေ အများကြီး ရှိကြဦးမည်ဆိုတာ မြေကြီးလက်ခတ်မလွဲပါ။ ထို့ကြောင့် လိုအပ်ချက်များ၊ အမှားအယွင်းများ ရှိပါက ပြောပြပြုပြင် ဝေဖန်ပေးစေလိုပါသည်။
********************************
ကျနော်တို့ ကုမ္ပဏီမှ ခန့်ထားသော အလုပ်သမားများကို Direct Worker ဟု ခေါ်သည်။ တိုက်ရိုက်ခန့်ထားသော အလုပ်သမားများ ဆိုပါစို့။ တကယ်အလုပ်ကြီးကြီး လုပ်သည့်အခါ အဆိုပါ အလုပ်သမားအနည်းငယ်နှင့် မည်သို့လျှင် လုပ်နိုင်မည်နည်း။ ထို့အတွက် အခြားသော Manpower Supply (အလုပ်သမား အငှား) ပေးသော ကုမ္ပဏီများနှင့် ဆက်သွယ်၍ လိုအပ်သည့် အလုပ်သမားကို ငှားရသည်။ ဤနေရာတွင် အကြမ်းဖျင်းအားဖြင့် အလုပ်သမား ၃ မျိုး ထပ်ကွဲပြန်သည်။
သူတို့ကလည်း သူတို့ရဲ့ Direct Worker နဲ့ တစ်ဆင့်ငှား ဆိုပြီး ၂ မျိုး ရှိပြန်သည်။
ထိုအထဲတွင်မှ တချို့ကုမ္ပဏီများက ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယမှ အလုပ်သမားများကို အေးဂျင့်ကြေးယူ၍ Work Permit လျှောက်ပေးသည်။ ပြီးလျှင် ထိုအလုပ်သမားက သူ့ဟာသူ အလုပ်ရှာရသည်။ ထို့သို့သော အလုပ်သမားများက တစ်မျိုးတစ်ဘာသာ။ ကုမ္ပဏီတစ်ခု နာမည်အောက်တွင် ရှိသော်ငြား တကယ်တော့ သူတို့က သီးခြား။ သူတို့သဘောနှင့် သူတို့ အလုပ်လက်ခံသည်။ အဲဒီတော့ အကျဉ်းချုပ်လျှင် ကျနော်တို့က လူလိုလို့ သူတို့ကုမ္ပဏီတွေကို ငှား.... သူတို့ကလည်း လူမလောက်တော့ နောက်ကုမ္ပဏီတစ်ခုက ထပ်ငှား... သူတို့ထဲမှာမှ ဤသို့သော သီးခြား အလုပ်သမားများက ပါသေးသည်။
ကုမ္ပဏီတစ်ခုမှ လိုအပ်သည့် အလုပ်သမားငှားသော်လည်း ရောက်လာသူတွေရဲ့ Work Permit တွေက ကုမ္ပဏီနာမည် မျိုးစုံမှ လူမျိုးစုံဖြစ်သည်။ ပါမစ်ထဲမှ ရာထူးတွေကလည်း အမျိုးစုံ။ ပါမစ်ထဲမှာ မန်နေဂျာလို ရာထူးမျိုးဖြင့် ကျနော်တို့ Site ထဲမှာ မြေကြီးတူးနေသော အလုပ်သမားတွေလည်း ရှိသည်။ ထို့ကြောင့်ပင် အလုပ်သမားတစ်ယောက်တည်းမှ ကုမ္ပဏီနာမည်မျိုးစုံနှင့် ကျနော်တို့ဆီ ရောက်ရောက်လာတာ မရှား။ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ အလုပ်သမားကုမ္ပဏီများနှင့် အလုပ်သမားများ၏ အမျိုးစုံ ကြိုးခုန် ဇာတ်လမ်းတွေက ရေး၍ ဆုံးနိုင်မည်မထင်။ ထို့ကြောင့် သဘောသဘာဝကို ချုံ့ပြောပြခြင်းသာ ဖြစ်၍ ပြည့်စုံပြီဟု မမှတ်စေလို။
တချို့ကုမ္ပဏီတွေက အလုပ်သမားကို အေးဂျင့်ကြေးတချို့ ချန်ထားပြီး စင်ကာပူရောက်မှ လစဉ် အရစ်ကျ ပေးသွင်းခိုင်းတာမျိုးလည်း ရှိသည်။ စင်ကာပူအစိုးရကို ကုမ္ပဏီမှ လစဉ်ပေးရသော လဲဗီးကြေးကိုလည်း အလုပ်သမားက သူ့ဟာသူ ပေးသွင်းရသည်။ အကယ်၍ လဲဗီးကြေးပေးဖို့ ပျက်ကွက်ပါက MOM ဟု လူသိများသော စင်ကာပူ အလုပ်သမားဝန်ကြီးဋ္ဌာနမှ Work Permit ကို ဖျက်သိမ်းပစ်လိုက်သည်။ ထိုအလုပ်သမားမှာ Work Permit ကိုင်ထားသော်လည်း ပယ်ဖျက်ပြီးဖြစ်၍ တကယ်တမ်း တရားမဝင်တော့။ MOM တွင် အလုပ်သမား ခန့်မည်ဆိုပါက ကုမ္ပဏီမှ Deposite အဖြစ် $5000 တင်ထားရသည်။ ထိုအလုပ်သမား ထွက်ပြေးခြင်းကဲ့သို့ အကြောင်းတစုံတရာ ဖြစ်ခဲ့လျှင် MOM မှ ထို $5000 ကို သိမ်းယူပါသည်။ ပါမစ်ရောင်းစားသော ကုမ္ပဏီတွေကလည်း ထိုအတွက်ပါ ထည့်သွင်းလျှက် အေးဂျင့်ကြေးကို နင့်နေအောင် ယူထားကြတာမျိုးတွေ ရှိပါသည်။
ဘင်္ဂလားအလုပ်သမားတွေရဲ့ အေးဂျင့်ကြေးက ကြောက်စရာကောင်းလောက်အောင် များသည်။ တစ်ယောက်ကို အနည်းလေး $6000 မှ $8000 ထိ ရှိတတ်သည်။
ပြဿနာက အလုပ်သမားစျေးကလည်း ကုမ္ပဏီလက်အောက်ခံ ဆောက်လုပ်ရေး အလုပ်သမားတစ်ယောက် ပုံမှန်လစာမှာ $800 - $950 ဝန်းကျင်ဖြစ်သည်။ ထို အလုပ်သမားငှားသော manpower supply ကုမ္ပဏီများမှ တစ်ဆင့် အလုပ်သမား ငှားရမ်းလျှင် အနိမ့်ဆုံး ဘာမှ မတတ်သည့် အလုပ်သမားအဆင့်ကို တစ်နာရီ $10.50 နှုန်းဖြင့် ငှားရမ်းရသည်။ အချိန်ပိုကြေးက တစ်နာရီ $15 ထိ ပေးရတတ်သည်။ နည်းနည်း လုပ်တတ်ကိုင်တတ်ရှိလျှင် Semi-Skill Worker အဖြစ်သတ်မှတ်၍ ပုံမှန် အလုပ်ချိန် တစ်နာရီ $12 မှ $15 ထိ ပေးရသည်။
ကျွမ်းကျင် အလုပ်သမား (Skill Worker) ဆိုလျှင် တစ်နာရီ $20 မှ $25 ထိ ပေးရသည် ဖြစ်လေရကား ကုမ္ပဏီကြားခံ မထားဘဲ အလုပ်သမားကိုယ်တိုင် အလုပ်ရှာခြင်းကလည်း လုပ်တတ်ကိုင်တတ် အလုပ်သမားတွေအဖို့ တွက်ခြေပိုကိုက်သော မက်လုံးတစ်ခုဖြစ်သည်။ ထို့ကြောင့်ပင် ပါမစ်လျှောက်ပေးသော ကုမ္ပဏီကို အေးဂျင့်ခနှင့် လဲဗီးပေး၍ ကိုယ်တိုင်အလုပ်ရှာသော အလုပ်သမားစျေးကွက် တွင်ကျယ်ရခြင်း အကြောင်းဖြစ်လေသည်။
ပါမစ်လျှောက်ပေးသော ကုမ္ပဏီအတွက်လည်း အလုပ်မရှိသဖြင့် အလုပ်သမားလစာကို ပူရန်မလို။ ကုမ္ပဏီနာမည်ခံပြီး ပါမစ်လျှောက်ပေးရုံဖြင့် အေးဂျင့်ကြေး မျိုးမျိုးမြတ်မြတ်ရသည်။ တစ်ခုခုဖြစ်လျှင်တော့ တာဝန်ကြီးသည်။ သို့သော် ထိုအတွက်လည်း အေးဂျင့်ကြေးကို တနင့်တပိုး ယူထားပြီးသားမို့ ငွေကြေးအရ နစ်နာစရာမရှိ။ နာမည်ပျက်တာ ဘာညာကတော့ သူတို့အတွက် မထူးဆန်းသောကိစ္စဖြစ်သည်။
![]() |
ဆောက်လုပ်ရေး Safety meeting |
Safety Officer ကလည်း ဝတ္တရားရှိသည်နှင့်အညီ Safety အကြောင်းထက် အမှားလုပ်ရင် ဒဏ်ငွေဘယ်လောက် ရိုက်မည် ဆိုသည့်အကြောင်းကို ပြောပြီး Safety Induction ကို ပြီးလိုက်သည်။ အလုပ်ခိုင်းမည့် ကျနော်တို့ကလည်း ခိုင်းဖို့ အသင့်စောင့်နေသည်သာ။ အချိန်နှင့် ငှားထားရသည်ကိုး။ တခါတရံ Safety Officer က မအားသဖြင့် ထိုင်စောင့်နေရပြီဆိုလျှင် သူဋ္ဌေးမင်းက မျက်နှာမကောင်းချင်တော့။ Site Manager ကို ဖုန်းတဂွမ်ဂွမ် ဆက်၍ Safety Officer ကို အတင်းသွားခေါ်ခိုင်း၊ အတင်းပြောခိုင်း လုပ်တော့သည်။ သူ့ခေါင်းထဲမှာ အဲဒီအလုပ်သမားတွေ တစ်ခုခုဖြစ်တာ မဖြစ်တာထက် သဘာဝကျစွာ တန်အောင်ခိုင်းဖို့သာ စိတ်ဝင်စားသည်ကိုး။ အဲဒီ အလုပ်သမားတွေ အလုပ် စ မလုပ်မချင်း Site Manager နားငြီးပြီသာ မှတ်ပေရော့။
************************************************************
Shipyard ရဲ့ သဘောက ဒီလိုမဟုတ်။စ ဝင်လာသည့် အလုပ်သမားအသစ်တွေကို Training Center မှာ အနည်းဆုံး တစ်လ လေ့ကျင့်ပေးသည်။ Discipline (စည်းကမ်းပိုင်း)၊ Safety (လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး) နှင့် ပတ်သက်၍ သိသင့်သိထိုက်သည်များကို သေသေချာချာ ပြောပြလေ့ကျင့်ပေးသည်။ Low levy စာမေးပွဲဖြေဖို့ အတွက် ဝရိန်ဆော်ခိုင်းသည့်အခါတွင်ပင် ဝရိန်ချောင်းတွေဘာတွေ ကုန်မှာကျမှာ ထည့်တွက်နေစရာ မလို။ ဝရိန်ဆော် လေ့ကျင့်ရမည့်အချိန် ကောင်းကောင်း မလေ့ကျင့်လျှင်သာ Training Officer တွေက ဆူတတ်ပူတတ်သည်။ လေ့ကျင့်တာကတော့ ကြိုက်သလောက် လေ့ကျင့်။
![]() |
သင်္ဘောကျင်း အလုပ်သမားများအားလုံး ဤသို့ ဝရိန်လေ့ကျင့်ရသည်။ |
မြန်မာပြည်တုန်းက ဂေါက်ဆိုလျှင် အီလက်ထရွန်းနစ် ခဲဂေါက်လောက်သာ ကိုင်ဖူးသော ကျနော် ဝရိန်ကောင်းကောင်း ဆော်တတ်သွားသည်။ ပိုဆိုးသည်က ၂၀၀၂-ခုနှစ် ကျနော် သင်္ဘောကျင်းအလုပ်သမားဘဝနှင့် ရောက်လာတဲ့အချိန် သင်္ဘောကျင်းတွင် Multi-Skill Scheme ဆိုတာ ရှိသည်။ Multi Skill ရဲ့ အဓိပ္ပါယ်က Electrician နှင့် လာလာ Machinery Fitter နှင့်လာလာ သင်္ဘောကျင်းအလုပ်သမားတိုင်း သင်္ဘောကျင်း အခြေခံအလုပ်များကို ကျွမ်းကျင်ရမည် ဆိုသည့် ရည်ရွယ်ချက်နှင့် ရေးဆွဲထားသော အစီအစဉ်ဖြစ်သည်။ ထို Scheme အရ ကျနော်က Electrician ဖြစ်သော်လည်း ဝရိန်သင်တန်းကို ၃ လ တက်ခဲ့ရလေသည်။ ပထမတစ်လပြီးတော့ အများနည်းတူ Low Levy ဖြေရသည်။ ကျနော် အောင်မြင်ပါသည်။ သို့သော် အတူလာ Shipwright သမားတွေသာ လုပ်ငန်းခွင်ထဲ ဆင်းကြရသည်။ ကျနော်နှင့် Machinery သမား ၂ ယောက် အဆိုပါ Multi-Skill Training ကို နောက်ထပ် ၂ လ ထပ်တက်ကြရသည်။
သင်တန်းအစီအစဉ်အရ ဝရိန်ကို 3G (သံပြားကိုဆက်၍ ထောင်လျက် ဝရိန်ဆော်ခြင်း) တင်မက 4G (သံပြားအောက်မှ ပက်လက်လှန်၍ ဝရိန်ဆော်ခြင်း) ပါ ဖြေကြရသည်။ ကျန် ၂ ယောက်က 3G အောင်ပြီး 4G မှာ ကျပါသည်။ ကံအားလျှော်စွာ ကျနော်တစ်ယောက်တည်းသာ 4G အောင်ခဲ့သည်။ ပြီးတော့ Cutter ဖြတ်နည်း၊ ကရိန်းအချက်ပြနည်း၊ ငြမ်းဆင်နည်းများကိုပါ သင်ကြရသည်။ ပြီးမှ လုပ်ငန်းခွင်ထဲ ဝင်ခွင့်ရကြသည်။
ဆိုလိုသည်မှာ သင်္ဘောကျင်းမှာကျတော့ ဆောက်လုပ်ရေးလုပ်ငန်းခွင်လို မဟုတ်။ အလုပ်သမားအသစ် တစ်ယောက်ကို ဘာမှ အသုံးမချဘဲ Training ၃ လလောက် ရင်းနှီးထားနိုင်သည်။ အန္တရာယ်များသော်လည်း အန္တရာယ်ကို လျှော့ချရှောင်တိမ်းနည်းတွေ၊ အန္တရာယ်ကင်းအောင် လုပ်နည်းတွေ၊ မရှိမဖြစ် လိုအပ်သည့် လုပ်ငန်းခွင် ဗဟုသုတများကို စာတွေ့လက်တွေ့ အရင်သင်ပေးပြီးမှ လုပ်ငန်းခွင်ထဲ ဝင်စေခြင်းဖြစ်သည်။ သို့ဖြစ်ရာ Training မှ ထွက်လာသည်နှင့် စည်းကမ်းပိုင်း (Discipline) နှင့် ဘေးကင်းရေး (Safety) အပိုင်းတို့တွင် အနည်းနဲ့အများ ပုံစံကျပြီး ဖြစ်နေပြီဖြစ်သည်။ လုပ်ငန်းခွင်မှ Supervisor များနှင့် အလုပ်သမားအချင်းချင်း လက်တွဲခေါ်တတ်အောင်လည်း လေ့ကျင့်ပေးထားသည်ဖြစ်ရာ လုပ်ငန်းခွင် ပြဿနာရှိသော်လည်း ရာခိုင်နှုန်းအားဖြင့် ဆောက်လုပ်ရေးလောက် မများ။
သင်တန်းအစီအစဉ်အရ ဝရိန်ကို 3G (သံပြားကိုဆက်၍ ထောင်လျက် ဝရိန်ဆော်ခြင်း) တင်မက 4G (သံပြားအောက်မှ ပက်လက်လှန်၍ ဝရိန်ဆော်ခြင်း) ပါ ဖြေကြရသည်။ ကျန် ၂ ယောက်က 3G အောင်ပြီး 4G မှာ ကျပါသည်။ ကံအားလျှော်စွာ ကျနော်တစ်ယောက်တည်းသာ 4G အောင်ခဲ့သည်။ ပြီးတော့ Cutter ဖြတ်နည်း၊ ကရိန်းအချက်ပြနည်း၊ ငြမ်းဆင်နည်းများကိုပါ သင်ကြရသည်။ ပြီးမှ လုပ်ငန်းခွင်ထဲ ဝင်ခွင့်ရကြသည်။
ဆိုလိုသည်မှာ သင်္ဘောကျင်းမှာကျတော့ ဆောက်လုပ်ရေးလုပ်ငန်းခွင်လို မဟုတ်။ အလုပ်သမားအသစ် တစ်ယောက်ကို ဘာမှ အသုံးမချဘဲ Training ၃ လလောက် ရင်းနှီးထားနိုင်သည်။ အန္တရာယ်များသော်လည်း အန္တရာယ်ကို လျှော့ချရှောင်တိမ်းနည်းတွေ၊ အန္တရာယ်ကင်းအောင် လုပ်နည်းတွေ၊ မရှိမဖြစ် လိုအပ်သည့် လုပ်ငန်းခွင် ဗဟုသုတများကို စာတွေ့လက်တွေ့ အရင်သင်ပေးပြီးမှ လုပ်ငန်းခွင်ထဲ ဝင်စေခြင်းဖြစ်သည်။ သို့ဖြစ်ရာ Training မှ ထွက်လာသည်နှင့် စည်းကမ်းပိုင်း (Discipline) နှင့် ဘေးကင်းရေး (Safety) အပိုင်းတို့တွင် အနည်းနဲ့အများ ပုံစံကျပြီး ဖြစ်နေပြီဖြစ်သည်။ လုပ်ငန်းခွင်မှ Supervisor များနှင့် အလုပ်သမားအချင်းချင်း လက်တွဲခေါ်တတ်အောင်လည်း လေ့ကျင့်ပေးထားသည်ဖြစ်ရာ လုပ်ငန်းခွင် ပြဿနာရှိသော်လည်း ရာခိုင်နှုန်းအားဖြင့် ဆောက်လုပ်ရေးလောက် မများ။
![]() |
4G (Overhead Welding) ဝရိန်လေ့ကျင့်နေပုံ |
အန္တရာယ်ကင်းအောင် လုပ်တတ်သည့်အတွက် လုပ်ငန်း တွင်သည်။ ဆုံးရှုံးမှု နည်းသည်။ လုပ်ငန်းကို ပို၍ လျှင်လျှင်မြန်မြန် ပြီးစေသည်။ အချိန်တိုတိုနှင့် အကျိုးအမြတ်များများ ရစေသည်။ အလုပ်သမားများ လုပ်ငန်းကျွမ်းကျင်လေလေ မြန်မြန်နှင့် ဘေးကင်းကင်း ပြီးမြောက်လေလေ မဟုတ်ပါလား။ အလုပ်သမားအတွက်လည်း အကျိုးရှိ၊ အလုပ်ရှင်အတွက်လည်း အကျိုးများစေသည့် ကိစ္စဖြစ်သည်။
********************************
ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာတော့ ဘာမှ မသိမတတ်သေးသည့် အကြမ်းထည် အလုပ်သမားတစ်ယောက်ကို ရောက်တာနှင့် ဝတ်ကျေတန်းကျေ Safety Induction ဟု နာမည်ခံကာ Safety အကြောင်းနည်းနည်း ဒဏ်ငွေတွေပြောပြီး ခြိမ်းခြောက်တာက များများဖြင့် စတင်မိတ်ဆက်သည်ချည်း။
သင်္ဘောကျင်းက လာသော ကျနော့မှာ.....
ဆောက်လုပ်ရေး Site ထဲ ရောက်ခါစက...... အတော် ဒုက္ခရောက်သည်။....
နောက်နည်းနည်း ကြာလာတော့မှ…..... အကြီးအကျယ် ဒုက္ခရောက်တော့သည်။.....
နောက်ဆုံး Project ပြီးခါနီးကျမှပဲ …..... စုတ်ပြတ်သွားပါတော့သည်။.....
အဲဒီလို ပြောလို့ စိတ်မညစ်သွားပါနဲ့ဦး။ Shipyard ကကောင်းပြီး Construction က ဆိုးတယ်လို့ မဆိုလိုပါ။ အကောင်းအဆိုးက နေရာတိုင်းမှာ ရှိတာပါပဲ။
အတွေ့အကြုံလေး ပြောပါရစေ.....
*****************************
ဆက်ပါဦးမည်…….>>>
Hee Hee
ReplyDeleteKo Thet.......ko Thet
You Look so naughty!!!!!!!
Anyway keep going my dear.....
However Be successful......my darling..