Sunday, October 19, 2014

ကလေးငယ်ရဲ့ ချစ်ခြင်းအနုပညာ (သိန်းနိုင်)



(ကျားမေမေ အဆက် ဆောင်းပါးတစ်ခုကို မောက္ခပညာရေးမဂ္ဂဇင်းမှ ကူးယူမှတ်သားထားခြင်း ဖြစ်ပါသည်။)



ကလေးများအနေဖြင့် “မိမိကိုယ်ကို ယုံကြည်မှုရှိလာအောင် ပြုစုပျိုးထောင်ပေးခြင်း” self-esteem မှာ အကောင်းဆုံးသော နည်းလမ်းဖြစ်သည်ဟု အချို့က ဆိုကြပါသည်။ သို့သော် အချို့ကမူ များစွာ ယုံကြည်မှု မရှိသေး။ နာမည်ကျော် “ကျားမေမေ” tiger mom စာအုပ် ရေးသားပြုစုခဲ့သူ တရုတ်-အမေရိကန် စာရေးဆရာမ အေမီချွာက ယခုကဲ့သို့ တုန့်ပြန်ပြောခဲ့ဖူးသည်။ “ကျွန်မတို့ဟာ ကိုယ့်ကလေးဆို သိပ်ကို အမွှမ်းတင်လွန်းကြတယ်။”
 
ကလေးဖွံ့ဖြိုးမှု သုတေသန လေ့လာမှုအသစ် တွေ့ရှိချက်အရ ကလေးငယ်၏ မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိလာစေခြင်း အပေါ်တွင် အလွန်အမင်း အာရုံစိုက် ပျိုးထောင်နေခြင်းမှာ ပို၍ အရေးကြီးလှသည့် အခြား ဘဝစွမ်းရည်တစ်ရပ်ကို လျစ်လျူရှုရာ ရောက်နေ တတ်ကြောင်း တင်ပြထားပါသည်။ ထိုအရေးကြီးလှသည့် ဘဝစွမ်းရည်မှာ အခြားအရာမဟုတ်ပါ။ ကျွန်တော်တို့ မြန်မာမှုထဲတွင် နေ့စဉ်ပင် ကျင့်သုံးတတ်သည့် ဘာဝနာ တစ်ရပ်ပင်ဖြစ်ပါသည်။ “မိမိကိုယ်ကို မေတ္တာတရား ထားတတ်ခြင်း” ပင် ဖြစ်သည်ဟု ပညာရေး သုတေသနက ထောက်ပြထားလေသည်။

 

စိတ်ဖိစီးမှုနှင့်သောကများကြားမှ ကလေးများဘဝ (မောက္ခ အယ်ဒီတာတစ်ဦး)



(ကျားမေမေ အဆက် မောက္ခဆောင်းပါးတစ်ပုဒ် ဖြစ်ပါသည်။ စဉ်းစားဆင်ခြင်နိုင်ရန် ကူးယူဝေမျှပါသည်။)

 

 “တောင်ကိုရီးယားနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများထဲတွင် အကောင်းဆုံးပညာရေးစနစ်ကို ကျင့်သုံးနေသည့် နိုင်ငံတစ်နိုင်ငံဟုဆိုနိုင်သည်။ သို့သော် ကျောင်းသားများ ကိုယ့်ကိုယ်ကိုယ် သတ်သေနှုန်းကား မြင့်မားလျက်ရှိသည်”

“ကိုရီးယားပညာရေးက ကျားကစားနေရသလိုပဲ။ ပြိုင်ဆိုင်မှုတွေ အရမ်းများတယ်။ ကိုယ်က စားရင်စား၊ မစားနိုင်ရင် အစားခံရလိမ့်မယ်” ဆိုသည့်စကားကိုပြောသူမှာ အသက် ၁၇ အရွယ်ကျောင်းသား ဟွမ်ကင်ဆိုသူဖြစ်သည်။ သူက အပြာရင့်ရောင် ကျောင်းယူနီဖောင်းကို ဝတ်ထားပြီး မျက်မှန်တပ်ထားကာ ဤစကားကို ဟန်ပါပါပြောကြားနေခြင်းဖြစ်သည်။

 

အတ္တကြီးမား၊ မိုက်မိုက်မဲမဲ ကျားမေမေများ (မြတ်ပန်းရှင်)

(2011 July လ မောက္ခမဂ္ဂဇင်းတွင် ဖေါ်ပြခဲ့သော ဆရာဝင့်ထန်း၏ ကျားမေမေ ဆောင်းပါးကို ပြန်လည် ချေပ ဝေဖန်ထားသော သတင်း ဆောင်းပါးတစ်ပုဒ် ဖြစ်ပါသည်။ တစ်ဆက်တည်း ပြန်လည် ဖတ်ရှုနိုင်ရန်နှင့် အခြားသော ဘဝတူ မိဘများ ဖတ်ရှုစဉ်းစားနိုင်ရန် ကူးယူဖေါ်ပြပါသည်။)


“ကျားမေမေရဲ့ တိုက်ပွဲတေးသံ” Battle Hymns of the Tiger Mum စာအုပ်ရေးသားပြုစုသူ အေမီချွာအနေနဲ့ မှန်ကန်မှုတစ်ခုတော့ တကယ်ရှိပါတယ်။ အဲဒါကတော့ ကျားမေမေလိုမျိုး ကလေးတွေကို ပြုစုပျိုးထောင်ကြတာဟာ တရုတ်လူမျိုးတွေသာ မဟုတ်တာပါ။
အခြားတိုင်းပြည်များမှာလည်း အဲဒီလိုမျိုး ပြုစုပျိုးထောင် မောင်းနှင်နေကြတယ်။
ပညာရေးမှာ အောင်မြင်စေဖို့ ဖိအား၊ ကျောင်းမှာ၊ တက္ကသိုလ်မှာ ထိပ်ဆုံးနေရာမှာ ရှိနေဖို့၊ “အလုပ်အကိုင်ကောင်း” ရရှိအောင် အားထုတ်ဖို့ - စတာတွေကို အိန္ဒိယလို၊ ပါကစ္စတန်လို၊ ဘင်္ဂလားဒေ့ရှ်လို တောင်အာရှတိုင်းပြည်တွေမှာ နေထိုင်သူတွေကလည်း ပြင်းပြင်းထန်ထန် လုပ်နေကြတာပါ။

ကျားမေမေ၏ ပထမရရှိရေး အယူအဆ မှားကြောင်း သုတေသန ပညာရှင်ပြော (စောပြည့်ညို )

(2011 July လတွင် မောက္ခမဂ္ဂဇင်းတွင် ဖေါ်ပြခဲ့သော ဆရာဝင့်ထန်း၏ ဆောင်းပါးကို ပြန်လည် ဝေဖန်ထားသော သတင်း ဆောင်းပါးတစ်ပုဒ် ဖြစ်ပါသည်။ တစ်ဆက်တည်း ပြန်လည် ဖတ်ရှုနိုင်ရန်နှင့် အခြားသော ဘဝတူ မိဘများ ဖတ်ရှုစဉ်းစားနိုင်ရန် ကူးယူဖေါ်ပြပါသည်။)

 တိုင်းမ်မဂ္ဂဇင်းက ၂၀၁၁ခုနှစ်အတွက် ကမ္ဘာပေါ်တွင် သြဇာတိက္ကမ အကြီးမားဆုံး လူ ၁၀၀ ကို ရွေးချယ် လိုက်သောအခါ အေမီချွာ (Amy Chua) ပါဝင်ခဲ့သည်။

သူမသည် ယေးတက္ကသိုလ်တွင် ပါမောက္ခ တစ်ဦး အဖြစ် တာဝန်ထမ်းဆောင်နေပြီး၊ ၂၀၁၁ ခုနှစ်တွင် Battle Hymn of the Tiger Mother ကျားမေမေ၏ တိုက်ပွဲခေါ်သံ ကိုယ်ရေး အတ္ထုပ္ပတ္တိကို ရေးသားထုတ်ဝေခဲ့သည်။ ၄င်းစာအုပ်သည် အမေရိကား အပါအဝင် အနောက်နိုင်ငံများတွင် မိခင်များအကြား အငြင်းပွားဖွယ်၊ လေ့လာစရာ ကောင်းသော စာအုပ်အဖြစ် ပေါ်ထွက် လာခဲ့ပြီး၊ ကမ္ဘာ့ရောင်း တန်းဝင်စာအုပ်ဖြစ်ခဲ့သည်။

တရုတ်ကျောင်းသားတွေ ဘာကြောင့် ကမ္ဘာ့ထိပ်ဆုံး ရောက်လာသလဲ (ဝင့်ထန်း)



(ဆရာဝင့်ထန်း၏ ကျားမေမေရဲ့ တိုက်ပွဲတေးသံ ဆောင်းပါး အဆက်တစ်ခု ဖြစ်ပါသည်။ ၂၀၁၁ အောက်တိုဘာလတွင် မောက္ခမဂ္ဂဇင်းတွင် ဖေါ်ပြခဲ့သော ဆရာဝင့်ထန်း၏ ဆောင်းပါးကို တစ်ဆက်တစ်စပ်တည်း ပြန်လည် ဖတ်ရှုနိုင်ရန်နှင့် ဘဝတူ မိဘများ ဖတ်ရှုစဉ်းစားနိုင်ရန် ကူးယူဖေါ်ပြခြင်း ဖြစ်ပါသည်။)


အာရှကို ကမ္ဘာ့ အတော်ဆုံး အထူးချွန်ဆုံး ကျောင်းသားတွေ ထုတ်လုပ်ပေးနေတဲ့ နေရာအဖြစ် အသိအမှတ် ပြုထားကြသည်။ ဒီလို အာရှကျောင်းသားတွေ ထူးချွန်ထက်မြက်တာကို အနောက်နိုင်ငံတွေက လွယ်လွယ် အသိအမှတ်ပြုတာတော့ မဟုတ်။
 ဖွ့ံဖြိုးပြီး OECD ၃၄ နိုင်ငံက ကျောင်းသားတွေရဲ့ ပညာရည်စစ်တမ်း (Programme for International Student Assessment –PISA) ပြိုင်ပွဲတိုင်းမှာ အာရှ ကျောင်းသားတွေက အနောက်က ကျောင်းသားတွေကို နောက်ကောက်ချ ထားနိုင်လို့သာ ဖြစ်သည်။ PISA ပြိုင်ပွဲကို ၂၀၀၀ ခုနှစ်ကတည်းက စတင်ခဲ့ပြီး၊ အသက် ၁၅ နှစ်အောက် ကျောင်းသားတွေရဲ့ သင်္ချာ၊ သိပ္ပံနဲ့ စာဖတ်စွမ်းရည် သုံးခုကို အဓိကထား စစ်ဆေးခြင်း ဖြစ်သည်။

 

ကျားမေမေရဲ့ တိုက်ပွဲတေးသံ၊ တရုတ် မိဘအုပ်ထိန်းနည်း (ဝင့်ထန်း)



(2011 July လတွင် မောက္ခမဂ္ဂဇင်းတွင် ဖေါ်ပြခဲ့သော ဆရာဝင့်ထန်း၏ ဆောင်းပါးကို ကျနော်တို့ လင်မယား အချိန်မရွေး ပြန်လည် ဖတ်ရှုနိုင်ရန်နှင့် အခြားသော ဘဝတူ မိဘများ ဖတ်ရှုစဉ်းစားနိုင်ရန် ကူးယူဖေါ်ပြပါသည်။)


 ယေးလ်တက္ကသိုလ် ဥပဒေ ပါမောက္ခ စာရေးဆရာမ အေမီချွာ (Amy Chua) ရဲ့ တတိယစာအုပ် ဒီနှစ် အစောပိုင်းမှာ ထွက်ခဲ့ပြီး၊ ပထမစာအုပ် World on Fire ထက်ပင် ပိုပေါက်ခဲ့သည်။
ယခုနှစ် အစောပိုင်း ဒီစာအုပ်ထွက်လာကတည်းက အနောက်နိုင်ငံ ပညာရေးသမားများ၊ ကလေး စိတ်ပညာရှင်များနဲ့ မိဘများအကြား ပွဲဆူစေခဲ့ပြီး ကော်ဖီဆိုင်၊ အားကစားကွင်းနဲ့ စူပါမားကက်တွေမှာကို ပြောဆိုငြင်းခုံကြတဲ့ စာအုပ်ဖြစ်သည်။ အွန်လိုင်းဗားရှင်း ကိုပင် လူ ၁ သန်းကျော် ဝင်ဖတ်ကြပြီး၊ ကွန့်မင့် ၇၀၀၀ ကျော်ဖြင့် စွဲဆောင်နိုင်ခဲ့သည်ဟု ဝေါစထရိ ဂျာနယ်က ဖော်ပြခဲ့သည်။

စာအုပ်အမည်က ‘ကျားမေမေရဲ့ တိုက်ပွဲတေးသံ’ (Battle Hymn of the Tiger Mother)။ အဓိက အကြောင်းက တရုတ်မိဘများရဲ့ ကလေးပြုစုပျိုးထောင်နည်း၊ တစ်နည်းအားဖြင့် အေမီချွာ ကိုယ်တိုင် သူ့သမီးနှစ်ယောက်ကို အောင်မြင်အောင် ပြုစုပျိုးထောင်ခဲ့တဲ့ မိခင်တစ်ဦးရဲ့ ကို်ယ်တွေ့ဇာတ်လမ်းကို ပြန်ပြောထားခြင်း ဖြစ်သည်။

Thursday, October 16, 2014

GTI ပုံပြင်များ (အပိုင်း-၄)



သိချင်လို့



 ထူးထူးခြားခြားလို့ ဆိုရမဲ့ GTI ကျောင်းနေဘက်တွေ အကြောင်း ပြောပါရစေဦး။ တချို့ သူငယ်ချင်းတွေက မေဂျာမတူပေမဲ့ အဆောင်မှာ အတူနေရလေတော့ အကြောင်းသိတွေ ဖြစ်ကြတာပေါ့လေ။ ပထမနှစ် စ တက်ခါစ တော့ တစ်ယောက်ကို တစ်ယောက် အကဲခတ်ကြတုန်းပေါ့။ လွတ်လွတ်လပ်လပ် မိဝေးဖဝေးဆိုတော့ လွတ်တဲ့ကောင်တွေလည်း လွတ်ကြ လပ်တဲ့ ကောင်တွေလည်း လပ်ကြ ပေါ့လေ။ တချို့လည်း လွတ်ရုံ လပ်ရုံမက ပလပ်ပါကျွတ်သွားတဲ့ ဘော်ဒါတွေလည်း ရှိသဗျ။ အချင်းချင်းလည်း ထိန်းရပါတယ်။

ခက်တာက နယ်ကျောင်းတက်ရတဲ့ အရသာဆိုတာ အဲဒါပဲလေ။ ညဘက်တွေဆို သောက်သောက်စားစား ပျော်ပွဲလေးများလည်း မှောင်ထဲမှာ Emergency lamp လေးတွေ၊ ဖယောင်းတိုင်လေးတွေနဲ့ ဆင်နွှဲတတ်ကြသေးတာ။

မီးပျက်တဲ့ ည တစ်ညပေါ့ဗျာ။

Wednesday, October 15, 2014

GTI ပုံပြင်များ (အပိုင်း-၃)


မအူပင်သူ



 မအူပင်သူတွေလည်း လျော့တော့မတွက်နဲ့။ စကား အင်မတန်တတ်တာကလား။ ဖြတ်ကနဲ ပြောလိုက်လျှင် ပက်ကနဲ ပြန်ပြောနိုင်တယ်ဗျ။ မျက်မြင် ကိုယ်တွေ့လေး တစ်ခု ပြောပြရဦးမယ်။
တစ်နေ့တော့ ကျော်ကြီးနဲ့ ကျနော်တို့တတွေ ထုံးစံအတိုင်း ကမ်းနားဘက် လတ်လျားလတ်လျား ထွက်ကြပါတယ်။ အဲဒီအချိန်မှာပဲ မျက်နှာချင်းဆိုင်ကနေ ကောင်မလေးတွေ ၄ ယောက် မျက်နှာချင်းဆိုင်ကနေ ကျွတ်စီကျွတ်စီနဲ့ ဆူညံပြီး စကားပြောလာကြပါတယ်။

 ကောင်မလေးတွေ မြင်ရင် စ ချင်တဲ့ ကျော်ကြီးက ကောင်မလေးတွေ အနားလည်းရောက်ရော ရုတ်တရက် ကောက်ကာငင်ကာ မေးလိုက်တာက…

Tuesday, October 14, 2014

GTI ပုံပြင်များ (အပိုင်း-၂)


ကူညီပါရစေ
Google မှာ ရှာလို့ရတဲ့ပုံ တင်ပေးလိုက်တာ။ ချိတ်ချိုးရဝူးနော်...
ဟိုးရှေးရှေးတုန်းက.....

(ဟုတ်မဟုတ်တော့ မသိ.... မဟုတ်ရင် သိတဲ့လူတွေ ပြန်ပြင်ပေးလိမ့်မယ်...) အရင်က မအူပင်တွေ ပေါလို့ မအူပင်မြို့လို့ နာမည်တွင်တဲ့ ဧရာဝတီတိုင်းက မြို့လေးတစ်မြို့မှာရှိတဲ့ GTI ကျောင်းတော်သာကြီးကို အနယ်အနယ်အရပ်ရပ်က အင်ဂျင်နီယာလောင်းလျာတွေ လာတက်ကြပါတယ်။ ကျောင်းဖွင့်ရက် နီးပြီဆို သင့်လျော်ရာ အဆောင်ငှားဖို့နဲ့ နယ်မြေဒေသ အခြေအနေကို စနည်းနာဖို့ ကျောင်းသားတွေ ကြိုရောက်လာကြစမြဲပါ။

မအူပင်ရဲစခန်းရှေ့က လမ်းဟာ ကျောင်းသားတွေ ဖြတ်သွားဖြတ်လာ လုပ်နေကျ လမ်းလေးပေါ့ခင်ဗျာ။ ရဲစခန်းဝင်းရှေ့မှာလည်း ပြည်သူအများ မယုံကြည်ကြသော်ငြား ကူညီခွင့်ရပါစေကြောင်း အလို့ငှာ ကူညီပါရစေ ဆိုင်းဘုတ်ကြီး ထောင်ထားသပေါ့ခင်ဗျာ။

Friday, October 10, 2014

ဘုရားစူးဘဝတွေထဲက တစ်မျက်နှာ (လွှမ်းရုံ)



နေသာမှာ မသေချာတာကို ထိုးအန်ချင်တော့
ဘီယာချည်း စွတ်ကစ်ရတာပေါ့

တစ်စဆီ ပြုတ်ထွက်မတတ်
ဒီလောက် ခါပြနေတာတောင်
အမဲတစ်ကောင်တလေမှ ရောက်မလာ
ဟိုမှာ၊ မကြာမီ ရုံခါတော့မယ် မဟုတ်လား

ညကြေးလည်းဗလာ ခြေလှမ်းလည်းမမှန်တော့တဲ့
ဖါသယ်မတစ်ယောက်ရဲ့ နိုက်ကလပ်အဆင်းဟာ
လက်ထိပ်တစ်ကွင်းနဲ့ အမေ့အိမ်သီချင်းလည်း ဖြစ်သွားနိုင်တော့
ဒီညအတွက် နောက်ဆုံးစျေးဟာ
ဘီယာဖိုးကျေရုံဆိုလည်း လာထား
နောက်ဆုံးရဲ့ တကယ့်နောက်ဆုံးမှာ
သဒါ္ဓကြေးတောင် မသေချာတဲ့
ဖရီးကစ်တွေရဲ့ နှုတ်ခမ်းကို ပြေးနမ်းရမယ်ဆိုလည်း လာထား
မူးမူးရူးရူးနဲ့ မထူးတော့တဲ့ဘဝမှာ
ကွန်ဒုံမပါဘူးဆိုလည်း လာထား

ရေသာကျမယ်ဆို ဘယ်လိုရက်ရောရမလဲ
လာထားတော့
ဘာမဆို လာထားဆိုပြီး
ရေလို့ပဲ စွတ်အော်နေတဲ့ခေတ်ကြီးမှာ
ကံကောင်းတဲ့သူခိုးတွေက
ဘုရားဒကာ ကျောင်းဒကာ
လူကြီးလူကောင်းပါဆိုပြီး နေ့ချင်းကြီးလို့

ဒီမှာကတော့ မခိုးတတ် မဝှက်တတ်
ကျေးလက်မှာ ဘွဲ့လက်မှတ်နဲ့ ထမင်းကြမ်း ယက်ခတ်ရမှာ ရှက်တော့
ခါးကျိုးမတတ်နဲ့ ထမင်းနပ်မှန်ရုံ အထည်ချုပ်သမဘဝ
ပြီးတော့ စန္ဒယားနှိပ်ရင်း ကြိုက်ကုန်းလည်းဖြစ်
အခုကတော့ ဒုတိယတန်းစားနိုက်ကလပ်ပေါ်က
အချိန်မရွေး ဂျေးထဲအောင်းနိုင်
အချိန်မရွေးလည်း အေကိုက်နိုင်တဲ့
ပညာတတ်ဖါ

ပြုပြင်ပြောင်းလဲရေးခေတ်ကလည်း
လူမသမာတွေကို အရင်အတိုင်း ဦးညွှတ်ပြီး
ဖါဟာ ဖါပဲလို့ နာမည်ပျက်စာရင်းကနေ
မရွေးနုတ်လေတော့
ရင်ဖုံးနဲ့ချိတ်ထမီဝတ်ပြီး
အမျိုးကောင်းသမီးတွေကို ဖါတန်းပို့ခဲ့တဲ့
ဒီခေတ်ကြီးကိုပဲ လက်ညှိုးထိုး ဆန္ဒထုတ်ဖော်ရမလား

ကားမှတ်တိုင်တွေမှာလည်း ဖါ
ကလပ်တွေထဲမှာလည်း ဖါ
ဒီ ဖါထုတ်စက်ကြီးက တဒီးဒီးလည်နေတုန်းဆိုတော့                       
ဖါစျေးလည်းမတက် အော်ဒါလည်းခက်
ဆင်းရဲမှုလျှော့ချရေးမှာရော ဖါတွေအတွက် အနာဂတ်ဆိုတာ ပါလေသလား

အခုပဲ ဒီမိုကရေစီလိုလို
အခုပဲ စာကလေးကြော်လိုလို
ရွှေပြည်တော်က အခုပဲ နီးမှာလိုလို ဝေးလာသလိုလို

ဖါပေမဲ့လည်း အမှန်အကန် ဒီမိုကရေစီနဲ့ မှ
တိုင်းပြည်လည်း စီးပွားဖြစ်မှ
သွေးဆာနေတဲ့ငနဲတွေလည်း အသုံးတော်စိပ်
ဒါ့ထက် ပိုကံကောင်းရင်
တစ်လက်ကိုင်ကီပင်အဖြစ်နဲ့လည်း ငြိမ့်နိုင်တာလောက် သိတော့
ဖါကလည်း ဖါလိုတွေးပြီး ဒီမိုကရေစီကို မျှော်လင့်
အဲဒီ မျှော်လင့်ခြင်းတွေနဲ့ပဲ ရန်ကုန်ကို  ဆုပ်ကိုင်ထားရတာ
လှစ်လှစ်ကလေး ပြေးနေသေးတဲ့ အသစ်ကလေးရဲ့အဖြစ်တောင် မလွယ်လှ
ဒီမှာလေ ဒီညလည်း ဘီယာနဲ့ သက်ပြင်းတွေနဲ့သာ ပြာလို့

စုတ်ပြတ်သတ်နေတဲ့ ဘဝတွေအကြောင်း
သမ္မတဆီကို စာတင်ရကောင်းမလား
မနက်ဖြန်မှာ အော်ဒါတစ်ကြောင်းမိပါစေကြောင်း
မနေ့တွေတုန်းကလို
ဆုတောင်းနေတာပဲ ကောင်းမလား။                ။
                                                                     လွှမ်းရုံ

သရုပ်ဖေါ်ပုံကို Google မှ ယူသည်။ 

Tuesday, September 30, 2014

Shipyard vs Construction (အပိုင်း-၂)



 အပိုင်း (၁) မှာ Keppel Shipyard ရဲ့ Take-5 လို့ ခေါ်တဲ့ Safe Work Procedure ကို အကျဉ်းသဘော ရှင်းပြခဲ့ပါတယ်။ အဲဒီ Safe Work Procedure ကို အကောင်အထည်ဖေါ်ဖို့ Safe Work Method ဆိုတာကို နည်းနည်းလောက် ပြောပြပါရစေဦး။ သဘောကတော့ ကလေးတစ်ယောက်ကို လိမ်မာပါလို့ ပြောရုံနဲ့ မပြီးပါဘူး။ လိမ်မာတယ် ဆိုတာဘာလဲ…. ဘယ်လို နေတာထိုင်တာကို လိမ်မာတယ် ခေါ်သလဲဆိုတာကိုပါ ရှင်းပြမှသာ ထိရောက်မှာ ဖြစ်ပါတယ်။ ဟော်တယ်လုပ်ငန်းမှာဆိုရင် Hygiene & Sanitation ဆိုပြီး ရှိသလိုပါပဲ။ သန့်ရှင်းခြင်းနဲ့ သန့်ရှင်းအောင် ပြုလုပ်ခြင်းပေါ့။ အခုလည်း ဒီလိုပါပဲ။ Safe ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ… ဒီအတွက် ဘယ်လို စံနစ်တွေနဲ့ ထိန်းချုပ်ထားသလဲ…. ကြည့်ရအောင်ပါ။

ပထမအချက်အနေနဲ့ Shipyard မှာ ဘာအလုပ် လုပ် လုပ်၊ ခွင့်ပြုမိန့် (Permit) လျှောက်ရပါတယ်။ ဒါကို PTW (Permit to Work System) လို့ ခေါ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်္ဘောတစ်စီးမှာ အလုပ် လုပ်နေတဲ့ ကန်ထရိုက်တာတွေ၊ အဖွဲ့တွေက အများကြီး ခင်ဗျ။ တချို့ အလုပ်တွေက အကြောင်းအမျိုးမျိုးကြောင့် သူလုပ်နေရင် ကိုယ်လုပ်လို့ မရ…. ကိုယ်လုပ်နေရင် သူလုပ်လို့ မရတာတွေ ရှိပါတယ်။ ဥပမာအားဖြင့် ဆေးသုတ်တဲ့ လုပ်ငန်းနဲ့ ဝရိန်ဆော်တဲ့ လုပ်ငန်းမျိုးကို တစ်နေရာတည်းမှာ သွားလုပ်ခိုင်းလို့ မရပါဘူး။ မီးလောင်မှု ကျိန်းသေ ဖြစ်မှာ ဖြစ်ပါတယ်။ ပါမစ်ကို လျှောက်တဲ့အခါ ဒီအလုပ်ကို လုပ်ဖို့ တာဝန်ကျတဲ့ အနည်းဆုံး Supervisor/ Technician အဆင့်က VSCC လို့ ခေါ်တဲ့ Vessel Safety Coordination Committee အစည်းအဝေးမှာ လက်မှတ်ထိုး လျှောက်ရပါတယ်။

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...