(Multi Level Marketing တွေရဲ့ ပြဿနာတွေ အခုတလော အတော်လေးစိပ်စိပ် ကြားလာရလို့ အကြောင်းအမျိုးမျိုးနဲ့ မရေးဖြစ်ဘဲ ပစ်ထားခဲ့တဲ့ စာလေးကို ပြန်ဆက်ရေးလိုက်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့ နိုင်ငံက သူများတွေထက် နောက်ကျ အောက်ကျသလောက် ယုံလွယ်သူတွေ၊ ဖြတ်လမ်းနည်းနဲ့ အမြန်ချမ်းသာချင်သူတွေ များလှလေတော့ လိမ်ချင်သူတွေ အတွက် သားရည်ယိုစရာကြီး ဖြစ်နေတယ်လို့ ခံစားရတာက တစ်ကြောင်း၊ နဂိုကမှ စံနစ်တကျ စီမံခန့်ခွဲမှု မရှိလို့ စွမ်းအားရင်းမြစ်တွေ ပြုန်းတီးရတဲ့ကြားထဲ အဓိက ရင်းမြစ်ဖြစ်တဲ့ လူငယ်တွေကို ဒီ မားကက်တင်းစံနစ်က နူရာဝဲစွဲ လုပ်ဦးမယ်ဆိုတာကို မြင်နေရတာက တစ်ကြောင်းကြောင့်ပါ။ ပြီးတော့ အိပ်ပျော်ရင်း အိပ်မက်ထဲမှာ ပျော်ရွှင်ကြည်နူးနေတဲ့ လူငယ်များလည်း အိပ်မက်အတုအယောင်များမှ နိုးထ ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါရဲ့။)
မိတ်ဆွေ…. Passive income ဆိုတာ စိတ်ဝင်စားပါသလား။ ပရော်ဖက်ဆာ Robert T. Kiyosaki ရဲ့ Rich Dad Poor Dad စာအုပ်တွေကို သိပါသလား။ အင်္ဂလိပ်လို သိပ်မသွားလို့ မြန်မာလို ဖတ်ချင်ရင်လည်း ဆင်းရဲဖေဖေ၊ ချမ်းသာဖေဖေ ဆိုတဲ့ နာမည်နဲ့ မြန်မာစာအုပ်တွေထဲမှာ ရှာဖွေဖတ်ရှုနိုင်ပါသဗျာ။ မြန်မာလို တချို့စာအုပ်တွေကတော့ ဘာသာပြန်သူရဲ့ လိုရာဆွဲ ပေါက်ကရ နည်းနည်း ပါပေမဲ့ လိုရင်းတော့ ရနိုင်ပါရဲ့။ ဖြစ်နိုင်ရင်တော့ အင်္ဂလိပ်လို အော်ရီဂျင်နယ်ကတော့ အကောင်းဆုံးပါပဲ။ မဖတ်ရသေးရင် ဖတ်ကြည့်ပါ။ စိတ်ဝင်စားစရာ ကောင်းသလို တကယ်လည်း အင်အားကို ဖြစ်စေတဲ့ စာအုပ်တွေပါပဲ။ ဒါပေမဲ့ အဲဒါတွေ မဖတ်ခင် ကျနော်အခုပြောမဲ့အတွေ့အကြုံလေးကို အရင်နားထောင်ကြည့်ရင် အကျိုးမများသည့်တိုင် အကျိုးမယုတ်နိုင်ဘူးလို့ အာမခံ ပါသဗျာ။
Shine Hope လို ဆေးရောင်းခိုင်းတဲ့ MLM မျိုးတော့ ဇာတ်လမ်းတွေ တော်တော်များနေပြီမို့ နောက်မှ အနည်းအကျဉ်းပဲ ရေးပါတော့မယ်။ အခုတော့ စင်ကာပူနဲ့ မြန်မာပြည်မှာ ခွ ပြီး လုပ်စားသွားလို့ အချီကြီး ဝက်ဝက်ကွဲခဲ့ကြတဲ့ MLM ကြီး တစ်ခုအကြောင်း ကိုယ်တွေ့လေးကို ပြောပြပါမယ်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က ဆိုပါတော့....







.jpg)


