ထိုသင်္ဘောကျင်းဝင်းထဲတွင် ကွန်တိန်နာရုံးခန်းကလေးများ အစီအရီရှိနေသော နေရာလေးများလည်း ရှိ၏။ အများအားဖြင့် ကွန်တိန်နာများကို နှစ်လုံးကျစီထပ်တင်ထားပြီး လူဝင်လူထွက်လုပ်ဖို့ရာ တံခါးပေါက်တစ်ခုစီတပ်ဆင်ထား၏။ အောက်ကွန်တိန်နာတွင် နေသူများအဖို့ ဘာမျှမလိုသော်ငြား အပေါ်ကွန်တိန်နာတွင်နေသော ဝန်ထမ်းများအတွက် အပေါ်တက်ရန်လှေကားတစ်ခုစီ တပ်ဆင်ထားလေ၏။ ကွန်တိန်နာရုံးခန်းကလေးများမှာ ရုံးခန်းဟုဆိုသော်ငြား ငါးသေတ္တာအကြီးစားကဲ့သို့ ဖြစ်နေသော အလုံပိတ်သံသေတ္တာကြီးကို အပေါက်ဖေါက်လျက် လူနေနိုင်အောင် လုပ်ထားခြင်းသာဖြစ်လျက် အပူအအေးမျှတစေခြင်းအလို့ငှာ လေအေးပေးစက်များ တပ်ဆင်ထားလေ၏။ အဓိကရည်ရွယ်ချက်မှာ ကွန်တိန်နာရုံးခန်းများသည် ရွေ့ပြောင်းရလွယ်ကူခြင်းကြောင့် နေရာအနေအထားအရ လိုအပ်သလို စီမံနိုင်သောကြာင့် ဖြစ်လေ၏။
Monday, January 23, 2012
ကြောက်လိမ့်မယ်လို့ မထင်နဲ့
တစ်နေ့သ၌ စင်ကာပူနိုင်ငံရှိ Bonus အလွန်ကောင်းသည်ဟု နာမည်ကြီးသော သင်္ဘောကျင်းတစ်ခုတွင် ထမင်းစားချိန်ဖြစ်လေရကား ဝန်ထမ်းအများစုမှာ နေ့လည်စာကို ကသုတ်ကရက်စားနေကြလေ၏။ ကသုတ်ကရက်စားရခြင်း အကြောင်းမှာ တစ်နာရီမျှသော ထမင်းစားချိန်အတွင်း တစ်ရေးတစ်မော အိပ်ချင်သေးသောကြောင့် ဖြစ်လေ၏။ သူတို့ထဲမှ အချို့ကား အချိန်ကို စီမံခန့်ခွဲရာ၌ မန်နေဂျာထက်ပင် ထူးချွန်သေး၏။ အနှီတစ်နာရီတည်းဟူသော အချိန်အတွင်း ထမင်းစား၏။ ဝန်ထမ်းများအတွက် အပန်းဖြေစရာပေးထားသော နေရာ၌ ဘိလိယက်ထိုး၏။ ပြီးလျှင် ကာရာအိုကေ တစ်ပုဒ်မျှဝင်ဟဲလိုက်သေး၏။ ပြီးလျှင် တစ်ရေးတစ်မော အိပ်လိုက်သေး၏။ အချိန်တစ်နာရီကို အဖိုးတန်အောင် အသုံးချနိုင်သည့်နေရာ၌ သင်္ဘောကျင်း ဝန်ထမ်းများကို မှီသူရှားပေမည်။
ထိုသင်္ဘောကျင်းဝင်းထဲတွင် ကွန်တိန်နာရုံးခန်းကလေးများ အစီအရီရှိနေသော နေရာလေးများလည်း ရှိ၏။ အများအားဖြင့် ကွန်တိန်နာများကို နှစ်လုံးကျစီထပ်တင်ထားပြီး လူဝင်လူထွက်လုပ်ဖို့ရာ တံခါးပေါက်တစ်ခုစီတပ်ဆင်ထား၏။ အောက်ကွန်တိန်နာတွင် နေသူများအဖို့ ဘာမျှမလိုသော်ငြား အပေါ်ကွန်တိန်နာတွင်နေသော ဝန်ထမ်းများအတွက် အပေါ်တက်ရန်လှေကားတစ်ခုစီ တပ်ဆင်ထားလေ၏။ ကွန်တိန်နာရုံးခန်းကလေးများမှာ ရုံးခန်းဟုဆိုသော်ငြား ငါးသေတ္တာအကြီးစားကဲ့သို့ ဖြစ်နေသော အလုံပိတ်သံသေတ္တာကြီးကို အပေါက်ဖေါက်လျက် လူနေနိုင်အောင် လုပ်ထားခြင်းသာဖြစ်လျက် အပူအအေးမျှတစေခြင်းအလို့ငှာ လေအေးပေးစက်များ တပ်ဆင်ထားလေ၏။ အဓိကရည်ရွယ်ချက်မှာ ကွန်တိန်နာရုံးခန်းများသည် ရွေ့ပြောင်းရလွယ်ကူခြင်းကြောင့် နေရာအနေအထားအရ လိုအပ်သလို စီမံနိုင်သောကြာင့် ဖြစ်လေ၏။
ထိုသင်္ဘောကျင်းဝင်းထဲတွင် ကွန်တိန်နာရုံးခန်းကလေးများ အစီအရီရှိနေသော နေရာလေးများလည်း ရှိ၏။ အများအားဖြင့် ကွန်တိန်နာများကို နှစ်လုံးကျစီထပ်တင်ထားပြီး လူဝင်လူထွက်လုပ်ဖို့ရာ တံခါးပေါက်တစ်ခုစီတပ်ဆင်ထား၏။ အောက်ကွန်တိန်နာတွင် နေသူများအဖို့ ဘာမျှမလိုသော်ငြား အပေါ်ကွန်တိန်နာတွင်နေသော ဝန်ထမ်းများအတွက် အပေါ်တက်ရန်လှေကားတစ်ခုစီ တပ်ဆင်ထားလေ၏။ ကွန်တိန်နာရုံးခန်းကလေးများမှာ ရုံးခန်းဟုဆိုသော်ငြား ငါးသေတ္တာအကြီးစားကဲ့သို့ ဖြစ်နေသော အလုံပိတ်သံသေတ္တာကြီးကို အပေါက်ဖေါက်လျက် လူနေနိုင်အောင် လုပ်ထားခြင်းသာဖြစ်လျက် အပူအအေးမျှတစေခြင်းအလို့ငှာ လေအေးပေးစက်များ တပ်ဆင်ထားလေ၏။ အဓိကရည်ရွယ်ချက်မှာ ကွန်တိန်နာရုံးခန်းများသည် ရွေ့ပြောင်းရလွယ်ကူခြင်းကြောင့် နေရာအနေအထားအရ လိုအပ်သလို စီမံနိုင်သောကြာင့် ဖြစ်လေ၏။
Friday, January 6, 2012
သံသရာစမ်းရေ (အပိုင်း ၆)

WP ဘဝကနေ လွတ်ဖို့ ကြိုးစားရတာ မလွယ်ပါ။ စင်ကာပူမှာ အခွင့်အလမ်းတွေ ရှိတယ်ဆိုတာ မှန်ပေမဲ့ လွယ်လွယ်နဲ့တော့ ဘယ်ဟာမှ မရပါ။ WP ကနေ S-Pass, EP ဖြစ်အောင် အပြင်းအထန် ရုန်းကန်ပြီးတော့ PR ရဖို့ လုပ်ရပြန်ရော။ PR မတင်ခင်မှာပဲ ကျွန်တော် မြန်မာပြည်ပြန်ပြီး အိမ်ထောင်ပြုပါတယ်။ PR တင်တော့ ဇနီးသည်ကိုပါ တွဲတင်ပါတယ်။ တင်ပြီး (၃) လ ပြည့်ခါနီးမှာပဲ နှစ်ယောက်စလုံး PR ရခဲ့ပါတယ်။ ပျော်လိုက်သည်ဖြစ်ခြင်း။ ပျော်ပေမပေါ့။ ဒီအခြေအနေရောက်ဖို့ ကျွန်တော် (၆) နှစ်နီးပါး ပင်ပန်းဆင်းရဲကြီးစွာ ကြိုးစားခဲ့ရသည်ပဲ။ ထမင်းငတ်ခံ ကြိုးစားရတယ်ဆိုတာ အပြောမဟုတ်။ တကယ်ကြီးကို စားစရာမရှိခဲ့ပါ။ ဒါပေမဲ့ ယုံကြည်ချက်နဲ့ ကြိုးစားခဲ့သလို စင်ကာပူမှာ WP နဲ့ စ လာပြီး PR ရတယ်ဆိုတာ ဘဝရဲ့ သမိုင်းမှတ်တိုင်တစ်ခုဟု ဆိုရလောက်တဲ့ အောင်မြင်မှုမျိုးဆိုတာ စင်ကာပူရောက် ဘဝတူတွေချင်း နားလည်နိုင်ပါလိမ့်မယ်။
Monday, January 2, 2012
HAPPY NEW YEAR နဲ့ ထူးတဲ့ 2012
ပြောင်းလဲခြင်းသည်သာ မပြောင်းမလဲတည်ရှိနေသော အရာဖြစ်ပါသည်။ အချိန်ကာလသည် အမြဲတမ်းရွေ့လျားနေသည်သာ ဖြစ်ရကား သက္ကရာဇ်တွေ တစ်ခုပြီးတစ်ခု၊ နှစ်တွေတစ်နှစ်ပြီး တစ်နှစ်ပြောင်းခြင်းသည် မည်သို့မျှမထူးဆန်းသော ကိစ္စဖြစ်ပါသည်။ သိ့ုသော် ၂၀၁၂ က နည်းနည်းတော့ ထူးခြားသည့် နှစ်ဖြစ်ပါလိမ့်မည်။ အသို့နည်း။ သူ့ဘာသာသူ ပြက္ခဒိန်တစ်ခုကုန်၍ နောက်ပြက္ခဒိန်တစ်ခုပြောင်းတာ ဘာဆန်းသနည်း။ ပြက္ခဒိန်အသစ်ဖြစ်လျှင် ကောင်မလေးပုံအသစ်ကလေးတွေ ပြောင်းရုံပ။ မဟုတ်ပါ။ ရှင်းပါအံ့။
သက္ကရာဇ်တကာ သက္ကရာဇ်၊ နှစ်တကာ နှစ်တို့ဖြင့် မတူသည့် ၂၀၁၂ ပါ။ လွန်ခဲ့သည့် ၁၀ စုနှစ် တစ်ခုကျော်ကတည်းက နာမည်ကြီးနေခဲ့သော ၂၀၁၂ သို့ ယခု ရောက်လာခဲ့ပြီဖြစ်သည်။
၂၀၁၁ သည် မကြုံဘူးမကြားဘူးခဲ့သော သဘာဝဘေးအန္တရာယ်အပေါင်းတို့ကို မိတ်ဆက်ပေး အမြည်းကျွေးလျှက် ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ တကယ်တော့ ၂၀၁၁ သည် မမြဲသော သဘောတရားတို့ကို လက်တွေ့ပြသ သတိပေးသင်ကြားသွားသော ဆရာတစ်ဆူဟု အကောင်းမြင်နိုင်ပါသည်။ ကမ္ဘာကြီး ကျန်းမာခဲ့စဉ်က အစဉ်ကျန်းမာအောင် ထိန်းသိမ်းရကောင်းမှန်းမသိသော လူသားသည် ယခုကမ္ဘာကြီး ချူချာလာသည့်အခါကျမှ အထိတ်တလန့် အပြင်းအထန် ကုသဖို့ကြိုးစားလာရသည်။ ကာကွယ်ရေးမမီတော့သည့်အခါ ကုသရေးကိုသာ တွင်တွင်အော်နေရသည်။ သို့သော် နှစ်ပေါင်းများစွာ ဆိုးခဲ့ပေခဲ့သမျှကို အချိန်တိုဖြင့် အဘယ်မှာလျှင် ကုစား၍ရနိုင်အံ့နည်း။ ဖျက်လိုဖျက်ဆီးအကျင့် တွေကလည်း စွဲနေမင့်ကိုး။

Subscribe to:
Posts (Atom)
လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)
(၂) Federalism ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...
-
အင်္ဂလိပ်စကား Debate ကို စကားရည်လုခြင်းလို့ လူသိများပါတယ်။ စကားစစ်ထိုးတယ်လို့လည်း သုံးကြပါတယ်။ အချေအတင်ပြောသည်။ ငြင်းခုံဆွေးနွေးသည်။ ဆင...
-
ငု ပိတောက်လို ဇာမချဲ့ ရိုးသားတဲ့ ငုဝါ။ တစ်ပင်လုံးဖြာ ဆင်ထုံးရှာ၊ ထိန်ဝေလွင်သနဲ့ အိန္ဒြေရှင် ပန်းဆွဲ။ ခုလိုနွေ ခါသမယမှာဖြင့် သူ့က...