Monday, January 5, 2015

Instrument Earth




ဒီ post ကတော့ (လုံးဝ) လုပ်ငန်းခွင်နဲ့ ပါတ်သက်ပြီး  ကြုံရသမျှ၊၊ ဖတ်ရမှတ်ရသမျှ ထဲမှ တချို့အပိုင်းလေးတွေကို သဘောပေါက်သလို အတိုချုပ် အကြမ်းဖျင်း ပြန်လည် ရေးသား ဝေမျှခြင်းသာ ဖြစ်ပါတယ်။ အမှားအယွင်းများ ပါခဲ့ရင် ကြီးသူငယ်သူမဟူ ခွင့်လွှတ်တော် မမူဘဲ Comment Box ကနေဖြစ်ဖြစ် ဝင်ရောက်ပြင်ဆင် ထောက်ပြကြပါလို့ ဖိတ်ခေါ်ပါရစေ။

 

သင်္ဘောမှာဖြစ်ဖြစ် အဆောက်အဦးတွေမှာ ဖြစ်ဖြစ် Instrument တွေကို Ground ချတဲ့အခါ Instrument ရဲ့ ကိုယ်ထည်ကိုတော့ ရိုးရိုး Ground Point မှာ တိုက်ရိုက် တပ်ဆင်ပေမဲ့ Signal/ Control ကြိုးတွေရဲ့ Shield Wire ကိုတော့ Ground ချတဲ့အခါ တစ်ဖက်တည်းမှာသာ ချလေ့ရှိပါတယ်။ ဒီအကြောင်းနဲ့ ပါတ်သက်ပြီး ဖတ်ထားမှတ်ထားတာလေးကို ဝေမျှရင်း ကိုယ့်ထက် အတွေ့အကြုံရင့်သော၊ သူငယ်ချင်း၊ မိတ်ဆွေ၊ ဆရာသမားတို့ရဲ့ ဝင်ရောက်တည့်မတ်ပေးမှုကိုလည်း မျှော်လင့်ရင်း ဒီ post ကို ရေးပါတယ်။

Earthing System ကို ပြောရင် Dirty Earth နဲ့ Clean Earth ဆိုပြီး ခွဲပြောရပါလိမ့်မယ်။ Dirty Earth ဆိုတာက AC အတွက် Earth ဖြစ်ပြီး Clean Earth ကတော့ DC အတွက် Earth ပါ။ တကယ်တော့ အဲဒီ ၂ ခုစလုံးကို Service Point တစ်ခုတည်းမှာ တပ်ဆင်ထားတာ ဖြစ်ပေမဲ့ အဓိက ရည်ရွယ်ချက်က AC Power အတွက် ချထားတဲ့ Earth နဲ့ Control System အတွက် ပေးထားတဲ့ DC Power (သို့)  Signal ကြိုးက Earth wire တွေကို ရောထွေးမနေစေဖို့နဲ့ Earth Loop မှ ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။

AC Power သုံး ပစ္စည်းတွေမှာ Earth ဟာ ပစ္စည်းကိုယ်ထည်ကို လျှပ်စစ်ဓါတ်စီးဝင်ပြီး ပစ္စည်း (သို့) လူကို အန္တရာယ်ဖြစ်စေခြင်းမှ ကာကွယ်ဖို့ အဓိက ဖြစ်ပြီး Electronics Device တွေမှာကျတော့ Signal ထဲမှာ နှောက်ယှက်လှိုင်းတွေ ပါလာခြင်းမှ ကာကွယ်ဖို့ အသုံးပြုရပါတယ်။ အချက်ပြ Signal တွေ ကို Device က မှားယွင်းလက်ခံမိရင် နောက်ဆက်တွဲ အကျိုးဆက်တွေက အများကြီး ဖြစ်လာမှာ ဖြစ်ပါတယ်။



Clean Earth Bar

 

Control System တွေကို Ground ချတဲ့အခါ Shield Ground နဲ့ Power Ground ဆိုပြီး ၂ ခု ခွဲချရပါတယ်။

DC power supply ရဲ့ Ground ဟာ AC Ground တွေနဲ့ ရှုပ်ထွေးနေရင် Instrument ရဲ့ looping wire ၂ ချောင်းပေါ်မှာ နှောက်ယှက်မှုတွေ တိုက်ရိုက် သက်ရောက်ပါလိမ့်မယ်။

DC Return Ground ဟာ Power Supply Ground နဲ့ သီးခြားစီ ဖြစ်နေဖို့ လိုအပ်ပါတယ်။ DC Return Ground ဟာ Power Supply ရဲ့ Negative (-) terminal မှာ ဆက်ထားဖို့ လိုပါတယ်။ DC-to-DC controller တွေနဲ့ I/O Power Supply လို Power Supply တွေ အများကြီး ပါတဲ့ Control တွေမှာ DC Return ကို Carrier Ground နဲ့ Reference Ground ရဲ့ ကြားမှာ ထားလေ့ရှိပါတယ်။

အသင့်တော်ဆုံး Ground ဝါယာဟာ AWG 8 (8.4mm2) Insulated ဖြစ်ပြီး အလျားဟာ တိုနိုင်သရွေ့ တိုသင့်ပါတယ်။ Return Ground ဝါယာဟာ Insulated ဖြစ်သင့်ပြီး မရည်ရွယ်တဲ့ Ground loop များမှ ကာကွယ်ဖို့ ဖြစ်ပါတယ်။ အကာမပါတဲ့ Ground wire တွေကိုတော့ Metal Enclosure တွေမှာ တပ်ဆင်ထားတာ တွေ့နိုင်ပါတယ်။ Installation လုပ်ပြီးတဲ့အခါ Meter နဲ့ သေချာသည်ထက် သေချာအောင် စမ်းသပ်စစ်ဆေးသင့်ပါတယ်။

သေသေချာချာ တပ်ဆင်ထားတဲ့ Shield wire တွေဟာ Signal ဝါယာတွေထဲမှာ Electromagnetic Interference (EMI) နှောက်ယှက်လှိုင်းတွေ လျော့ပါးစေပြီး System Operation  ကို သေချာချောမွေ့အောင် အကူအညီပေးပါတယ်။ Shield Ground ဝါယာကို တပ်ဆင်ရာမှာ တစ်ဖက်တည်းကိုပဲ တပ်ဖို့ လိုအပ်ပါတယ်။ ၂ ဖက်စလုံးမှာ တပ်လိုက်ရင် Ground loop ပြဿနာ တက်လာနိုင်တဲ့ အတွက်ပါပဲ။ တပ်သင့်တဲ့ ဘက်ကတော့ Carrier Shield Bar ဘက်မှာ ဖြစ်ပါတယ်။ Field transmitter ဒါမှမဟုတ် နောက်ဆုံး Control Element ဟာ Ground သေသေချာချာ ချထားဖို့ လိုအပ်ပါတယ်။



Instrument Ground Cable တပ်ဆင်ပုံကို Drawing တွင် ပြထားပုံ။ Instrument ဘက်တွင် Shield Wire ကို ဖြတ်ရန် ညွှန်ကြားထားသည်ကို တွေ့နိုင်သည်။

 
FPSO တစ်စီးပေါ်တွင် တပ်ဆင်ထားသော Instrument device တစ်ခု။ သေချာကြည့်လျှင် Cable Gland နှင့် ဆက်ထားသော Power Ground Cable ကို တွေ့နိုင်သည်။


ဤ Ground Point သည် Enclosure, Cable Ladder များဖြင့် တွဲဆက်ထားသော Dirty Ground ဖြစ်သည်။

EMI နဲ့ ပတ်သက်လို့ အလွယ်ကူဆုံး ဥပမာပေးရရင် အသံချဲ့စက် အတွင်းဆားကစ်တွေမှာ Ground ချတဲ့ Point ပေါ် မူတည်ပြီး နှောက်ယှက်သံ အနည်းအများ ကွာခြားတတ်ပါတယ်။ ဟမ်းဖုန်းကို အိမ်သုံး ကွန်ပျူတာ စပီကာရဲ့ အနီးအနားမှာ ထားတဲ့အခါ ဟမ်းဖုန်းအဝင် call လာရင် ကွန်ပျူတာစပီကာကနေ နှောက်ယှက်သံတွေ ထွက်လာတတ်တာ ဒီသဘောပါပဲ။


သတိပြုဖို့က Control System တစ်ခုလုံးဟာ Enclosure တစ်ခုတည်းနဲ့ အသုံးပြုထားတာ မဟုတ်ခဲ့ရင် Carrier Shield Bar ဟာ Enclosure frame  မှာ တပ်ဆင်ထားရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် Shield Bar ဟာ Isolated Common Ground မှာ တပ်ထားတဲ့ အခြေအနေမျိုးမှာ ဖြစ်ပါတယ်။


EMI ကို ထိထိရောက်ရောက် ကာကွယ်နိုင်ဖို့ Shield Wire ပေါ်က Insulation ကို Ground ချထားတဲ့ဘက်မှာ သေသေချာချာ တပ်ဆင်ထားရမှာ ဖြစ်သလို Ground မချထားတဲ့ဘက်မှာလည်း သေချာအောင် ချည်နှောင်ထားဖို့ လိုပါလိမ့်မယ်။ အောက်က ပုံကို ကြည့်ပါ။



ဒီလောက်ဆိုရင် အကြမ်းဖျင်းလေးတော့ နားလည်လောက်ပါပြီ။ အဆုံးသတ် ပြောချင်တာလေးက မြန်မာ Engineering လောကမှာ တတ်တဲ့ သိတဲ့သူတွေ အများကြီးရှိပေမဲ့ အတော်များများက နီးစပ်ရာကိုသာ ဝေမျှတတ်ကြပါတယ်။ အခုလို ချရေးပြတာမျိုးတော့ သိပ်မလုပ်ကြပါဘူး။ အဓိက အချက်ကတော့ မြန်မာတွေအများစုဟာ သူများကို အဝေဖန်ကြမ်းကြသလို အကြောင်းမဲ့ ဂလန့်ပြောသူတွေလည်း မရှားသမို့ ကိုယ့်အလှည့်ကျ အဲလို ဝိုင်းဘေကြမှာစိုးကြသမို့ ဆရာများတဲ့ Engineering မှာ သိပ်မရေးကြတာ ဖြစ်ပါတယ်။

ကျနော်လည်း ကိုထွန်းသူက တွေ့တိုင်း ရေးခိုင်းတာကြာပါပြီ။ အမှန်ပြောရရင် မရေးရဲလို့ မရေးခဲ့တာပါ။ အခုတော့ ကိုယ့်ကိုယ်ကိုလည်း ဆန်းစစ်ရင်း နားလည်သလို ရေးလိုက်ပါတယ်။

(သရုပ်ဖေါ်ပုံများမှာ ကျနော်၏ လုပ်ငန်းခွင်ဓါတ်ပုံများနှင့် Engineering Forum တချို့မှ ကူးယူပါသည်။)

1 comment:

  1. ​ကျေးဇူးပါခင်​ဗျာ။ သိချင်​​နေတာကြာပါပြီ။

    ReplyDelete

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...