ကျွန်တော့ရဲ့ တစ်လနို့တစ် (အပိုင်း-၂) က Jurong Island အဆောင်အကြောင်းကို ဆန့်ကျင်ဘက်ပြောရင် Blue Stars ဖြစ်နိုင်ရာတယ်လို့ ဆိုရမယ်။ Blue Stars ရဲ့ တည်နေရာက အဆောင်ပတ်လည် သာယာတယ်ဗျ။ ကျွန်တော်တို့ ရောက်စ က အဆောင်ကအသစ်ကြီးရယ်။ ချက်စားလို့လည်း ရတယ်။ ဝင်တာထွက်တာ ကဒ်ရိုက်ပြီး ဝင်ရထွက်ရပေမဲ့ လုံခြုံရေးက အတော်နားလည်မှု ရှိတယ်ဗျ။
အနောက်ဘက်မှာ Kian Teck အဆောင်ရှိတယ်။ အဲဒီအဆောင်ကနေ ဘယ်ဘက်ကို ချိုးပြီး မနေ္တလးတစ်ပြလောက် လျှောက်သွားရင် ကျွန်တော်တို့အခေါ် တရုပ်မကန်းတက် (Kian Teck) လို့ခေါ်တဲ့ တရုပ်မတွေနေတဲ့ အဆောင်တစ်ခုရှိတယ်။ တရုပ်မတွေချည်း နေတာတော့ ဟုတ်ဘူးလေဗျာ။ ကျန်တဲ့ဟာတွေလည်း ရှိသပေါ့။ ထူးခြားမှုကတော့ ယောင်္ကျားလေးဆောင်နဲ့ မိန်းကလေးဆောင် ခြံစည်းရိုးလေးခြားပြီး အတူထားတာဗျ။ ဝင်ပေါက် ထွက်ပေါက်က တစ်ခုတည်းပဲ။ အထဲကျမှ ခွဲသွားတာ။ ကျွန်တော်တို့ဆီက ဆရာတွေပျင်းပျင်းရှိရင် ကိုယ့်အဆောင်က ကင်တင်းမှာမထိုင်ဘဲ တကူးတက သွားထိုင်ရတဲ့ ကင်တင်းတစ်ခုလည်းရှိတယ်။
အစားအသောက် စားတဲ့အခါ စားနည်း ၃ နည်းရှိတယ်ဗျ။
ပထမဆုံး မျက်လုံးနဲ့စားတယ်။ ကြည့်လိုက်တာနဲ့ စားချင်စရာ ကောင်းရမယ်ပေါ့ဗျာ။ ဒုတိယက နှာခေါင်းနဲ့ စားတယ်ဗျာ။ အနံ့ကလည်း ကောင်းရမယ်ပေါ့။ နောက်ဆုံးကျမှ ဟောဒီပါးစပ်ကြီးနဲ့ စားတာဗျ။ အဲဒီ တရုပ်မ Kian Teck ရဲ့ တရုပ်မ ကင်တင်းကတော့ ဖေါ်ပြပါ အရည်အချင်းများနဲ့ ပြည့်စုံသည်ပေါ့ ခင်ဗျာ။ မျက်လုံးနဲ့ ကြည့်လည်း ကောင်း၊ နှာခေါင်းအတွက်လည်း…အင်း….ကောင်း၊ စားလို့လည်း ကောင်းပါကြောင်းဗျ။ လမ်းကြုံရင် ဝင်စားကြည့်ပါ။
Blue Stars ကို ရောက်တဲ့ နောက်တစ်နေ့မှာပဲ ထူးထွေသည့် အံ့ရာသော် ကိစ္စတစ်ခုကို စ တွေ့ပါတယ်။ အဲဒါကတော့ ရေချိုးခန်းထဲမှာ ရွံ့ဗွက်တွေအများကြီး တွေ့ရတာပါ။ ကျွန်တော် တော်တော်အံ့သြသွားပါတယ်။ မအံ့သြ နေရိုးလားဗျာ။ စင်ကာပူမှာ ရွံ့ဆိုတာ ရှားပါးပစ္စည်းဗျ။ တွေ့ရခဲတယ်။ သွားလေရာ မြက်ခင်း၊ ကွန်ကရစ်နဲ့ ကတ္တရာချည်းပဲ။ အဆောင်ကို လာတဲ့လမ်းကို စဉ်းစားကြည့်တယ်။ ဘယ်နေရာမှာမှ ဒီလောက်အတုံးလိုက် အတစ်လိုက်ရွံ့ မမြင်မိဘူးပေါ့လေ။ မေးတော့လည်း တရားခံမပေါ်ဘူးဗျ။ ဒီအဆောင်ရဲ့ ထူးခြားမှုကတော့ ရောက်ရောက်ခြင်းနေ့မှာပဲ ထူးပေဆန်းပေသည်…အရူးတွေဖမ်းနေသည် လို့ ညည်းရမလိုပါပဲ။
ကျွန်တော်တို့အဆောင် ဘေးဘက်မှာ ရေမြောင်းကြီးတစ်ခုနဲ့ ဖြတ်ကူးစရာ တံတားလေးတစ်ခုရှိတယ်။ အဲဒီတံတားဘေးမှာ သစ်ပင်လေးတွေ အုံ့အုံ့ဆိုင်းဆိုင်းနဲ့ သာယာတယ် ဆိုရမှာပေါ့ဗျာ။ ဒါပေမဲ့ပေါ့ဗျာ….သာယာတယ် ပြောရမလား…မသာယာဘူးပြောရမလား မသိတာတစ်ခုတော့ရှိတယ်။ စောစောကပြောတဲ့ သစ်ပင်အုပ်ကလေးထဲကို ညနေ နေဝင်ရီတရော ညီအစ်ကိုမသိတသိအချိန် အညောင်းပြေ အညာပြေ လမ်းလေးဘာလေး လျှောက်ရင်း သွားကြည့်ရင် Geylang အသေးစားလေးတစ်ခု ဖြစ်နေတာကို တွေ့ရမှာပါ။ အဲဒီ သစ်ပင်အုပ်ထဲမှာပဲ ဖျင်တဲလေးတွေနဲ့ အလုပ်ဖြစ်ကြပါတယ်။ အခုတော့ ရဲကဝင်ရှင်းပြီး အပင်တွေပါခုတ်ပစ်လိုက်လို့ တကယ်သာယာတဲ့နေရာလေး ဖြစ်နေပါပြီ။

အဲဒီလ လခထွက်တော့ အဆောင်အသစ်ရောက်ပွဲလေး အခန်းထဲမှာ ကျင်းပကြပါတယ်။ နည်းနည်းမူးလာတော့ ကွင်းထဲသွားရအောင်လို့ တစ်ယောက်က အဆိုပြုပါတယ်။ အဆောင်ရှေ့ Factory ရှေ့က ဘတ်စ်ကားမှတ်တိုင်ကိုကျော်ပြီး လမ်းဖြတ်ကူးလိုက်ရင် ခြံခတ်ထားတဲ့ ကွင်းကျယ်ကြီးတစ်ခုရှိတယ်။ အခု Construction ကြီးတစ်ခု ရှိတဲ့နေရာပါ။ အဲဒီကွင်းကျယ်ကြီးထဲမှာလည်း စောစောကလို Geylang အသေးစား နောက်တစ်ခုရှိပြန်ရော။ Mini Geylang ပေါ့ဗျာ။ တံတားဘေးကဟာထက်တော့ နည်းနည်းပိုကြီးတယ်ပြောရမယ်။ လုပ်ငန်းပြောပါတယ်။ တံတားဘေးကဟာကတော့ Micro Geylang လို့ ပြောရမယ်ထင်တယ်။ အဲဒီ လုပ်စားနေတဲ့ လူတွေအားလုံးနီးပါးက ယပက်လက် (ထိုင်း) တွေဗျ။ နောက်ပြီး အများစုက အို လို့ခေါ်တဲ့ အိုဗာစတေး (Over Stay) တွေပါ။ ကျွန်တော့်ရဲ့ ရွံ့ဗွက် Investigation လဲ အဲဒီမှာ အဖေပေါ်…အဲလေ….အဖြေပေါ်ပြီး အဆုံးသတ်သွားပါတယ်။ ဘာကြောင့်လည်းဆိုတော့ အဲဒီကွင်းထဲသွားတဲ့လမ်းမှာ ခြံစည်းရိုးကို ဖျက်ထားတဲ့ လူတိုးပေါက် (ခွေးတိုးပေါက် မဟုတ်) တစ်ခုနဲ့ ရွံ့ဗွက်လမ်းတစ်ခုကို ဖြတ်သွားရတာကိုး။ ကွင်းထဲမှာတော့ စည်လို့ကားလို့ ခင်ဗျ။ စည်တာက လူတွေ၊ ကားတာက တဲတွေဗျ။ အောက်ခြေကားကား တဲလေးတွေရှိတယ်။ ခပ်မှောင်မှောင် ကွင်းပြင်ကျယ်ရယ်၊ တစ်ဆက်တည်းထိုးထားတဲ့ တဲကားကားလေးတွေရယ်၊ လမ်းသလားနေတဲ့ ကောင်မလေးတွေရယ်၊ တစ်ယောက်ချင်း ညှိနှိုင်းနေကြတာရယ်က တကယ့်ကို လှုပ်ရှားသက်ဝင်နေတဲ့ ဈေးကွက်စီးပွားရေး ကဗျာတစ်ပုဒ်ဗျို့။
တစ်ခါကဆို အဲဒီကွင်းထဲမှာ ကုလားတစ်ယောက်ကို ယပက်လက်ခေါင်းက ဓါးနဲ့ထိုးလိုက်တာ သေပါရောလား။ ရဲက ကွင်းနားတစ်ဝိုက်က အဆောင်တွေပါ စစ်တာ။ ရဲကား အရေးပေါ်မီးတွေဆိုတာ အဲဒီတစ်လမ်းလုံး ရဲရဲကိုတောက်လို့ပဲ။ အဲဒါလည်း နောက်နည်းနည်းကြာတော့ ဒုံရင်းပါပဲ။ အရင်အတိုင်း စည်ကားမြဲပါပဲ။ အခုတော့ Construction ကြီး ဆောက်နေပြီဆိုတော့ အဲဒီဈေးကွက်လည်း ဇာတ်လမ်း သိမ်းသွားပြီထင်ပါရဲ့။
Blue Stars ကတော့ Jurong Island နဲ့ တခြားစီပါ။ သင်္ကြန်ကျတော့ ကျွန်တော်တို့တွေ အတော်ပျော်ကြပါတယ်။ အဆောင်လုံခြုံရေးကလည်း အတော်ကို နားလည်မှုပေးပါတယ်။ ကျွန်တော်တို့ မီးသတ်ပိုက်တွေဖြုတ်ဆော့တာတောင် သည်းခံရှာပါတယ်။ အလှုအတန်းများတောင် လုပ်လိုက်ပါသေးရဲ့။ ကျွန်တော်တို့ အဆောင်ကဒ်တွေ ပြူတင်းပေါက်ကနေ ဝင်းအပြင်ကို ပစ်ချပေးပြီး အပြင်လူတွေ အဆောင်ထဲခိုးသွင်းပြီး အလှုလုပ်ကြပါတယ်။ ခိုးသွင်းတယ်သာ ပြောတာပါ။ လုံခြုံရေးကလည်း သိသိကြီးနဲ့ လွှတ်ပေးတာပါ။
ညအိပ်တာဘာညာလုပ်ရင်တော့ ခေါ်ပြောတတ်တယ်။ နေထိုင်မကောင်းလို့ ဆေးရုံဆေးခန်းသွားချင်ရင် Taxi တွေ ဘာတွေခေါ်ပေးသေးတာ။ သင်္ကြန်ညဘက်တွေကျတော့ သောက်ကြစားကြ၊ ကကြခုန်ကြပေါ့ဗျာ။ တခြားအခန်းတွေက ကုလားတွေပါ ကျွန်တော်တို့ကို ကြည့်ပြီး ပျော်လို့ဆို သူတို့ပါ ရော က ကြတော့တာ။ ရန်ကုန်သင်္ကြန်လောက် မစည်ကားသော်ငြား ကျွန်တော်တို့ အတိုင်းအတာနဲ့ ကျွန်တော်တို့တော့ မမေ့နိုင်လောက်အောင် ပျော်ရပါတယ်။ သင်္ဂဇာဆရာတော်ကြီး ဟောသလို ခွက်ကပ်နဲ့ မူးရတာပါပဲ။ ချဉ်ချဉ်တူးတူးမူးပြီးရောဆိုတာ ကျွန်တော်တို့မှ အစစ်ပဲဗျို့။
ကျွန်တော်တို့ထဲမှာ ကြောက်တတ်တဲ့ တစ်ယောက်ပါသေးတယ်။ ရုပ်က ကျော်ထူးနဲ့ ခပ်ဆင်ဆင်ရယ်။ ညဘက် ကျွန်တော်တို့ ဗွီဒီယိုကြည့်တဲ့အခါ “မင်းတို့ကားကလည်း ကြောင်တောင်တောင်ပါကွာ….ဘာမှန်း မသိပါဘူး…” လို့ သူ့ဆီကအသံထွက်လာရင် အဲဒါ သေချာပြီ။ ဒီကောင်ကြောက်နေပြီ။ မယုံရင်ကြည့်လိုက်။ မျက်နှာလွှဲပြီး ကြောက်ကြောက်နဲ့ လျှောက်ပြောနေတာ။ နောက် ဘုရားတကာတစ်ယောက် ပါသေးတယ်။ ကြမ်းပိုးတွေကို သနားပါတယ်ဆိုပြီး ကျွန်တော့်ကုတင်ဘက် တောက်ထုတ်တဲ့ကောင်ပေါ့။ နောက်တစ်ယောက်က Chat Room ကို အရူးအမူးစွဲလမ်းတာဗျို့။ မနက် ၃ နာရီလောက်ထိ Chat တာကလား။ မနက် ၆ နာရီ အလုပ်သွားရတာဆိုတော့ တွေးကြည့်ဗျာ။ တစ်ညလုံး ကောင်းကောင်း မအိပ်ထားတော့ ငေါင်ကြောင်ကြောင်နဲ့ အလုပ်ကို ရောက်လာတာ။ မဟန်နိုင်တဲ့အဆုံး ခွင့်ယူပြီးအဆောင်ပြန်။ ရည်ရွယ်ချက်က အိပ်ဖို့။ ဒါပေမဲ့ Computer ရှေ့ရောက်တော့ အိပ်ဖို့ထက် Chat ချင်ပြန်ရော။ သူ Chat ပွားတုန်း သူ့ Computer ခလုတ်မှားပိတ်မိတဲ့ တစ်ယောက်နဲ့ ရန်ဖြစ်ကြသေးတာ။ ဒါပေမဲ့ အတူအိပ် အတူစား ညီအစ်ကိုတွေလို ဖြစ်နေကြတာဆိုတော့ စိတ်ဆိုးလည်း မကြာကြပါဘူး။
နောက်တစ်ယောက်ကတော့ ကြက်ဥချဉ်ရည်ဟင်း ငန်ငန်လေး ချက်ပြီး စားခါနီးတိုင်း “ဟေ့ကောင်တွေ….လာ..လာ..ထမင်းစားကြမယ်..” ဆိုပြီး သူများဟင်းနဲ့ချည်းတီး၊ သူ့ဟင်းကငန်တော့ ဘယ်သူမှမစားနိုင်ဘူးလေ။ ပြီးရင် အဲဒီဟင်းခွက်လေး သိမ်းပြီး ရေခဲသေတ္တာထဲပြန်ထည့်။ နောက်နေ့ထမင်းစားချိန်ကျရင် အဲဒီဟင်းခွက်လေးပြန်ထုတ်လာပြန်ရော။ ဒါတောင်ဟင်းစားပဲဝယ်ပြီး ဟိုလူ့ဆီက လှီးပြီးသား ကြက်သွန်နည်းနည်း၊ ဒီလူ့ဆီက ခရမ်းချဉ်သီးနည်းနည်းစီယူပြီး ချက်တဲ့ဆရာတွေအကြောင်း မပါသေးလို့။
အဆုံးသတ်တော့ ပျော်စရာလည်း ကောင်း၊ စိတ်ညစ်စရာလည်း ကောင်းတဲ့ အဆောင်နေဘဝပါ။ ကံကောင်းတာကတော့ လူ ၁၉ ယောက်ရဲ့ အကြောင်းကို အတူနေအတူစားပြီး သေသေချာချာသိခွင့် လေ့လာခွင့်ရတာပါပဲ။
အဆောင်နေဘဝကတော့ ဘဝမှာဘယ်တော့မှ မေ့နိုင်မှာမဟုတ်တဲ့ အတွေ့အကြုံတွေပါ။ ပြောရင်လည်း ကုန်မှာမဟုတ်ဘူးဗျို့။ အဲဒီထဲမှာ ဟန်ဆောင်ပန်ဆောင်မဟုတ်ဘဲ တကယ်ခင်မင်ပြီးချစ်တဲ့ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ ရလာတာ ဘာနဲ့မှ မလဲနိုင်တဲ့ အကျိုးရလာဒ်တွေ ပေါ့ခင်ဗျာ။
မိတ်ဆွေကောင်းတစ်ယောက်ရဖို့ လွယ်တာမှတ်လို့………..
(အပိုင်း-၄ ကို မကြာမီတင်ဆက်ပါမည်။)
(ဓါတ်ပုံများကို Google မှ ယူသည်။)
No comments:
Post a Comment