စ လုံးမှာနေရတဲ့ ကျွန်တော့်လို ဘဝတူသူငယ်ချင်းတွေ အများစုကြုံရတဲ့ ဒုက္ခ၊ သုခလေးတွေထဲက ကြုံနေကျ၊ စကားဝိုင်းဖွဲ့တဲ့အခါ ဖလှယ်နေကျ အတွေ့အကြုံလေးတချို့ကို နည်းနည်းလောက် ဝေမျှပါရစေလား။
Singapore မှာ ကျွန်တော်တို့ လူမျိုးဟာ အလွှာစုံကို ရောက်တယ်လို့ ပြောရမှာပါ။ အောက်ခြေဝန်ထမ်းက စ လို့ တစ်လဝင်ငွေ ဒေါ်လာ သုံးသောင်းလောက်ရတဲ့ အရာရှိအကြီးကြီးတွေ အထိ ပေါက်ရောက်ကြပါတယ်။ Business မှာဆိုရင်လည်း ကိုယ်ပိုင်လုပ်ငန်းရှင် အငယ်တွေက စ လို့ အရမ်းချမ်းသာတဲ့ မီလီယံနာတွေထဲမှာလည်း မြန်မာတွေရှိပါတယ်။ ဒါတောင် ကျွန်တော်နဲ့ သိနေတဲ့ ဝန်းကျင်ထဲကပါ။ ကျွန်တော်လက်လှမ်း မမီတဲ့ အသိုင်းအဝန်းတွေရှိဦးမှာပါ။
အဲဒီထဲမှာမှ ကျွန်တော့်လို အောက်ခြေဝန်ထမ်းထက် နည်းနည်းသာသော်ငြား အိမ်ယာအတည်တကျ မဝယ်နိုင်သေးတဲ့ လူတန်းစားအတွက်ကတော့ အိမ်ရှင်အိမ်ငှား ပြဿနာဟာ ကြုံနေကျ မရိုးနိုင်တဲ့ ဇာတ်လမ်းလေးတွေပါ။ များသောအားဖြင့်တော့ မြန်မာအိမ်တွေ ငှားတဲ့အခါ စာချုပ်တွေဘာတွေ ချုပ်လေ့မရှိဘဲ နားလည်မှုနဲ့ လုပ်ကြတာပါပဲ။ အားလုံးနားလည်တဲ့ ယေဘူယျစည်းကမ်းတွေကတော့ အိမ်လခ တစ်လခနဲ့ညီတဲ့ Deposite ကို အိမ်ရှင်က ယူပါတယ်။ မနေတော့ဘူးဆိုရင် ပြန်ပေးပါတယ်။ အိမ်ငှားက မနေချင်တော့ဘူးဆိုရင် တစ်လကြိုပြောရသလို အိမ်ရှင်က မထားချင်တော့ဘူးဆို တစ်လကြိုပြောပါတယ်။ တစ်လနို့တစ် ပေးရတယ်ပေါ့ခင်မျာ။
ကျွန်တော့်ရဲ့ အိမ်ငှားဘဝမစခင် နောက်ကြောင်းလေး ပြန်ပါရစေဦး။
ကျွန်တော့်ရဲ့ အိမ်ငှားဘဝမစခင် နောက်ကြောင်းလေး ပြန်ပါရစေဦး။
ကျွန်တော် စင်ကာပူကိုလာတော့ ၂၀၀၂၊ ဖေဖေါ်ဝါရီ ပါ။ နိုင်ငံခြားသွားတယ်ဆိုတော့ သွားနေကျလူတွေက အကြောင်းမဟုတ်ပေမဲ့ အခုမှသွားဖူးတဲ့သူတွေ အတွက်ကတော့ အားလုံးအသစ်အဆန်းချည်းပေါ့ ခင်မျာ။ ပထမဆုံးသွားဖူးတာဆိုတော့ ဝတ်ထားစားထားတာတွေကလည်း တတ်နိုင်သမျှ အပျံစားပေါ့လေ။ လေယာဉ်ကလည်း Silk Air ခင်ဗျ။ လူလည်အာရှသား သီချင်းထဲကလို လေယာဉ်ပျံပေါ်တက် နှုတ်ဆက်တော့ ကျွန်တော်ခန့်ခန့်ကြီးပေါ့လေ။ လေယာဉ်ပေါ်မှာ အစားအသောက်ကျွေးတော့ ကျွန်တော်တို့ထဲက တစ်ယောက်က ငရုတ်ကောင်းတွေကို ဘာမှန်းမသိဘဲ ကော်ဖီထဲ ဖျော်သောက်မိပြီး မထွေးနိုင် မအန်နိုင် ရှုံ့တွသွားပုံကြီးကတော့ ကျွန်တော်တို့ အဖွဲ့ထဲမှာ ခုထိ ပြန်ပြောတိုင်း ရယ်ရတုန်းဗျို့။ သူလည်း ခပ်တည်တည်နဲ့ ကြိတ်မှိတ်ပြီး သောက်ရှာပါသေးတယ်။ မတတ်နိုင်တော့မှ စပ်ဖြဲဖြဲနဲ့ ဝန်ခံတာဗျ။
စင်ကာပူလာဖို့ အင်္ဂလိပ်စာ လေ့လာကြတော့လည်း မဆီမဆိုင် ငရုတ်ကောင်းတော့ မှတ်မလာကြဘူးထင်ပါတယ်။ အများစုကလည်း လာခါနီးမှ ဖတ်ကြမှတ်ကြတာကိုး။ အနောက်တိုင်းက ကိုယ်တော်တွေက ဘာစားစား S & P လို့ အတိုကောက်ခေါ်တဲ့ Salt & Pepper က ပါလေရာဗျ။ ကျွန်တော်တောင် ရန်ကုန်က ကန်တော်ကြီးဟိုတယ်မှာ အချက်အပြုတ်သင်တန်း တက်ခဲ့ဖူးလို့ ဒါတွေရင်းနှီးနေတာ။ နို့မို့ ဘယ်နေလိမ့်မတုန်း။ ငရုတ်ကောင်းကော်ဖီလေး သောက်ရချည်သေးရဲ့။ မြန်မာပြည်က အေးဂျင့်တွေလည်း နိုင်ငံခြားသွားမဲ့ လူလည်အာရှသားလေးတွေကို အင်္ဂလိပ်စာ သင်တန်းပေးတဲ့အခါ Pepper လေးတော့ သင်ပေးလိုက်ပါဗျို့။
ချန်ဂီလေဆိပ်ကို ရောက်တော့ ကျွန်တော်တို့လို အလုပ်သမားတွေကို သက်ဆိုင်ရာ ကုမ္ပဏီတွေက ကားကြီးကားငယ်တွေနဲ့ လာကြိုကြပါတယ်။ ကျွန်တော်တို့ကို လာကြိုတဲ့ကားက ကျွန်တော်တို့ဆီက Express လိုကားမျိုးဗျ။ ဒါများ အထူးအဆန်းလားလို့ အပြစ်တင်မစောနဲ့ဦးဗျ။ တချို့ကုမ္ပဏီတွေက ကုန်တင်တဲ့ လော်ရီတွေနဲ့ လာကြိုတာကိုး။ စောစောက လေယာဉ်ပေါ်မှာ စတိုင်နဲ့ မလိုင်နဲ့ ရှိုးနဲ့ စမိုးနဲ့ lather shoe တပြောင်ပြောင်နဲ့ ဆရာတွေ ခရီးဆောင်အိပ် အကောင်းစားတွေ လော်ရီပေါ်ပစ်တင်၊ လူလည်း ဖြစ်သလိုကြုံသလို ကားကြမ်းခင်းပေါ် ထိုင်လိုက်သွားရတာကို မြင်တော့ ငါတို့ကံကောင်းလှချည်ရဲ့ပေါ့။ ကျွန်တော်တို့ကတော့ Express ကားကြီး ခန့်ခန့်ကြီးစီးလို့ ဟိုငေးဒီမောပေါ့ ခင်မျာ။ မြန်မာပြည်မှာတုန်းက အထပ်မြင့်ဆိုတာ Trader Hotel လောက် မြင်ဘူးတဲ့ကောင်ဆိုတော့ အိုး…..မြင့်လိုက် လှလိုက်တဲ့ အဆောက်အဦးတွေ၊ လှတောသားပြောသလို မြင့်ချက်ကတော့ မော့ကြည့်တာ မြေကြီးနဲ့ နောက်စေ့ ထိမှပဲ အပေါ်ဆုံးထိ မြင်ရတော့တယ်… ဆိုတာမျိုးပေါ့။ လမ်းတွေကလည်း ကောင်း၊ ကောင်မလေးတွေကလည်း ကောင်း၊ အားလုံးဟောင်းလောင်းပေါ့ (ပါးစပ်ပြောပါတယ်)။
တစ်လမ်းလုံး ထင်ရာမြင်ရာတွေပြောလိုက်၊ ငေးလိုက်မောလိုက်နဲ့ လာလိုက်တာ ရန်ကုန်မှာ စင်ကာပူအကြောင်း လေ့လာတုန်းက ရန်ကုန်မြို့လောက်ပဲရှိတယ် ဆိုတဲ့နိုင်ငံကလည်း စီးလိုက်ရတဲ့ကားဗျာ။ တစ်နာရီကျော်ကြာမှ ကျွန်တော်တို့နေရမဲ့ နေရာကိုရောက်တယ်။ Jurong Island တဲ့ဗျ။ ရေနံ၊ သဘာဝဓါတ်ငွေ့ နဲ့ ဓါတုဗေဒ (Petro Chemical) လုပ်ငန်းတွေချည်း စုနေတဲ့ ကျွန်းဗျ။ ကျွန်းအဝင်ဝမှာ ရဲဂိတ်ရှိတယ်။ စစ်ဆေးပြီးမှ ဝင်လို့ရတယ်။ တစ်လမ်းလုံး စိတ်လှုပ်ရှားပြီး ပျော်လာခဲ့တာ နေရမဲ့ အဆောင်မြင်တော့မှ တချို့ဆိုစိတ်ပျက်လက်ပျက်ဖြစ်ရော။ ကျွန်တော်ကတော့ စိတ်မပျက်ပါဘူး။ စ လာကတည်းက အရာရှိမှ မဟုတ်ဘဲဗျာ။ ဒီ့ထက်ဆိုးဆိုးတောင် မှန်းထားတာ။
ကျွန်တော်တို့ အဲဒီကို ညနေ ၆း၃၀ လောက်ရောက်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကုမ္ပဏီက အကြောင်းမကြားထားလို့ဆိုပြီး စောင့်နေလိုက်ရတာ ည ၁ဝးဝ၀ မှ အဆောင်ထဲကို ဝင်ခွင့်ရတယ်။ ထမင်းချက်စားခွင့်လည်းမရှိ၊ အဆောင်ကရောင်းတဲ့ ထမင်းဆိုင်ကလည်း ကုန်ပြီဆိုတော့ ဝါးတီးသယ်လာတဲ့ သူငယ်ချင်းတချို့ပဲ အဆင်ပြေပါတယ်။ ကျွန်တော့်လို စာအုပ်တွေချည်း သယ်လာတဲ့ စာရူးပေရူးတော့ ငတ်တာပါပဲ။ ကျွန်တော်ကလည်း စာမဖတ်ရ မနေနိုင်ဗျ။ တခြားဟာရူးတာထက်စာရင် စာရူးပေရူးကတော့ ကောင်းတယ်ထင်တာပဲလေ။
နောက်တစ်နေ့ မနက် ၅းဝ၀ ထ၊ ၅း၃၀ မှာ ဖယ်ရီပေါ်အရောက်တက်၊ ၆းဝ၀ လောက် အလုပ်ကိုရောက်။ ဘယ်သူမှလည်း လာမခေါ်။ ဘယ်ခေါ်မလဲ… ရး၃၀ မှ အလုပ် စ တာကိုး။ HR (Human Resource Department) က ပထမဆုံးနေ့ သြဝါဒချွေရာမှာ ကျွန်တော်တို့ အားလုံး ကန်ထရိုက်စာချုပ် ၂ နှစ် ထိုးရမဲ့အကြောင်း၊ အစမ်းခန့် ၆ လ ပြီးမှ အမြဲတမ်း ဝန်ထမ်း ဖြစ်မဲ့အကြောင်း၊ ၂ နှစ် တစ်ခါ မိခင်နိုင်ငံကို တစ်လ ပြန်နိုင်ကြောင်း…. စသဖြင့်ပေါ့ဗျာ။ ကန်ထရိုက်စာချုပ် ပြည့်လို့ သက်တမ်းထပ်မတိုးချင်တော့ရင် ကုမ္ပဏီက လေယဉ်လက်မှတ် ပေးမယ်။
နောက်ဆုံး မှတ်မိတာကတော့ ကန်ထရိုက်မပြည့်ခင် ဆက်မလုပ်နိုင်လို့ ပြန်ချင်ရင် တစ်လနို့တစ်ပေးပြီး ကိုယ့်စားရိတ်နဲ့ကိုယ် ပြန်နိုင်ကြောင်းပေါ့ ခင်မျာ။
Singapore ရဲ့ တစ်လနို့တစ်ကို အဲဒီမှာ စ ရင်းနှီးတာပါပဲ။
(အပိုင်း-၂ ကို မကြာမီဆက်ပါမည်။)
(ဓါတ်ပုံများကို Google မှ ယူသည်။)

ReplyDeletegood....post...brother.....