ဇီးရိုးပဲ
ဆရာ ။ ။ “ ဆရာမ၊ ဆရာမကို ကျွန်တော် လက်ဖက်ရည်တိုက်ချင်တဲ့ ဆန္ဒတွေ အရမ်းဖြစ်ပေါ်နေတယ်။”
ဆရာမ ။ ။ “ ကျွန်မကလည်း သောက်ချင်တဲ့ ဆန္ဒလုံးဝ မရှိဘူး။”
ထိုအခါ ဆရာပြန်ပြောပုံက လွန်စွာကျောင်းဆရာ ပီသလှသည်။
“ ဒါဆိုကျေပြီ….equal to ဇီးရိုးပဲ…” ဟူ၏။
နားလည်ခြင်း
တစ်ခါက GTI တွင်ဖြစ်သည်။ ဆရာက ပုစ္ဆာတစ်ပုဒ်ကို ကြိုးစားရှင်းပြနေသည်။ သို့သော် ကျွန်တော်တို့ ကျောင်းသားတွေက နားမလည်။ ဆရာက နောက်တစ်ခေါက် ပြန်ရှင်းပြသည်။ ဒါလည်း နားမလည်ကြ။ ထပ်ရှင်းပြပါဦးဟု အော်ကြသည်။ နောက်ဆုံးတစ်ခေါက်အဖြစ် အစ မှ အဆုံးအထိ ပြန်ရှင်းပြသည်။ သို့သော် အခြေအနေက မထူး။
ဆရာ ။ ။ “ မင်းတို့ နားလည်ကြလား…”
ကျောင်းသားများ ။ ။ “ မလည်ဘူး ဆရာ..”
ဆရာ ။ ။ “ အေး…နားလည်တယ်ဆိုတာ နှစ်မျိုးရှိတယ်ကွ။ ပထမတစ်မျိုးက ရှင်းပြတဲ့ အကြောင်းအရာကို နားလည်သွားတာ။ နောက်တစ်မျိုးက ဘယ်လိုရှင်းရှင်း နားမလည်နိုင်တော့ဘူး ဆိုတာကို နားလည်သွားတာ…."
"အဲဒီတော့… နောက်ဆုံးမေးမယ်။ နားလည်ကြလားဟေ့……..”
ကျွန်တော်တို့ အားလုံး တစ်ပြိုင်တည်း အသံထွက်လာကြသည်။
“ နားလည်ပါတယ်…ဆရာ…..”
ကျွန်တော်တို့ တကယ်နားလည်သွားခဲ့ကြပါသည်။
ဆရာ ။ ။ “ မင်းတို့ နားလည်ကြလား…”
ကျောင်းသားများ ။ ။ “ မလည်ဘူး ဆရာ..”
ဆရာ ။ ။ “ အေး…နားလည်တယ်ဆိုတာ နှစ်မျိုးရှိတယ်ကွ။ ပထမတစ်မျိုးက ရှင်းပြတဲ့ အကြောင်းအရာကို နားလည်သွားတာ။ နောက်တစ်မျိုးက ဘယ်လိုရှင်းရှင်း နားမလည်နိုင်တော့ဘူး ဆိုတာကို နားလည်သွားတာ…."
"အဲဒီတော့… နောက်ဆုံးမေးမယ်။ နားလည်ကြလားဟေ့……..”
ကျွန်တော်တို့ အားလုံး တစ်ပြိုင်တည်း အသံထွက်လာကြသည်။
“ နားလည်ပါတယ်…ဆရာ…..”
ကျွန်တော်တို့ တကယ်နားလည်သွားခဲ့ကြပါသည်။
အပိုင်
လက်ဖက်ရည်ဆိုင် နဲ့ Chess |
တစ်ခါက GTI တွင်ဖြစ်သည်။ စစ်တုရင်ပြိုင်ပွဲ ကျင်းပမည်ဆိုသည့်အတွက် တစ်ကျောင်းလုံး ကျောင်းသားရော ဆရာများပါမကျန် အချိန်ရသည်နှင့် စစ်တုရင်လက်ရည်စမ်းကြသည်။ လက်ဖက်ရည်ဆိုင်မှာလည်း စစ်တုရင်၊ အဆောင်မှာလည်း စစ်တုရင်၊ စုမိကြသည်နှင့် စစ်တုရင်အကြောင်းသာ ပြောဖြစ်ကြသည်။ ဆရာနှစ်ယောက် တနင်္ဂနွေနေ့ခင်း ကျောင်းထိပ် လက်ဖက်ရည်ဆိုင်တွင် စစ်တုရင်ထိုးနေကြသည်။ ကျောင်းသားတွေလည်း လက်ဖက်ရည် လာသောက်ရင်း ဝိုင်းအုံအားပေးကြသည်။ ဌာနချင်း မတူကြသည့် ဆရာများဖြစ်သည့်အတွက် အားပေးသည့် ကျောင်းသားကလည်း တဖြည်းဖြည်းများလာသည်။
လက်ဖက်ရည်ဆိုင်တွင် အပျော်ထိုးကြသည် ဖြစ်သော်လည်း ပွဲကလည်း ပွဲကြီးပွဲကောင်း ဖြစ်နေခဲ့သည်။ တစ်ကွက်မှားသည်နှင့် မှားသည့်လူ ရှုံးတော့မည့် အခြေအနေ။ တဖြည်းဖြည်း တစ်ဘက်ဌာနမှ ဆရာက အရေးသာလာသည်ကို တွေ့နေရသည်။တစ်ဘက်ဆရာ ။ ။ "ဆရာ..သိပ်မကြာတော့ပါဘူး…ဆရာ့ဘုရင်ကြီး သွားတော့မယ်။ ဘာကြေးလဲ..ပြော.."
ဆရာက အပြုံးမပျက် ပြန်ပြောသည်။
ဆရာ ။ ။ "ဆရာ ကျွန့်တော့် ဘုရင်ကြီးကိုရရင် လက်ဖက်ရည် ထပ်တိုက်မယ်ဗျာ..."
တစ်ဘက်မှဆရာ ။ ။ "စိန်လိုက်ဗျာ.."
သိပ်မကြာလိုက်ပါ။ ကျွန်တော့ဆရာရဲ့ ဘုရင်ကြီး ပြေးပေါက်ပိတ်သွားသည်။
တစ်ဘက်ဆရာ ။ ။ "ကဲ..ဆရာ… ဘယ်လိုလဲ…လက်ဖက်ရည်မှာလိုက်တော့မယ်..နော်…"
ဆရာက ထီမထင်သော မျက်နှာပေးဖြင့် ပြုံးလိုက်သည်။ ပြီးတော့ ပြေးပေါက်ပိတ်နေသော ဘုရင်ကြီးကို ဆတ်ကနဲကောက်ကာ အင်္ကျ ီအိပ်ကပ်ထဲကောက်ထည့်ရင်း…
"ဆရာ ကျွန်တော့ ဘုရင်ကြီးကို ရလို့လား..ကဲ..ပြော..ရရင်တိုက်မယ်လေ…"
ဟုဆိုကာ စပ်ဖြဲဖြဲနှင့် ထသွားပါတော့သည် ခင်ဗျား..။
(ဓါတ်ပုံများကို Google မှယူသည်။)
No comments:
Post a Comment