Monday, July 13, 2020

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၃)

(၂) Institutional Approach
 
လူမျိုးစုရေးရာ ပဋိပက္ခဖြစ်နိုင်ချေကို ဆန်းစစ်ရာမှာ အင်စတီကျူးရှင်းတွေရဲ့ အခန်းကဏ္ဍက အလွန်အရေးကြီးပါတယ်။ လူမျိုးစုများအကြား ပူးပေါင်းဆောင်ရွက်ရေးကို အားပေးခြင်း (သို့မဟုတ်) ကန့်သတ်ခြင်းများ ပြုလုပ်ပြီး လူမျိုးစုများအကြား ဆက်နွယ်ပတ်သက်မှုတွေကို ဖော်ကျူးပေးနိုင်တာက အင်စတီကျူးရှင်းများ ဖြစ်ပါတယ်။ နိုင်ငံရေးပညာရှင် Crawford ဆိုသူက အင်စတီကျူးရှင်းများအနေနဲ့ ပူးပေါင်းဆောင်ရွက်ရေး၊ စည်းမျဉ်းများ၊ ဓလေ့ထုံးစံများ၊ လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာ ဆောင်ရွက်ရေး၊ ကိုယ်စားပြုရေး၊ တာဝန်ခံမှုရှိရေး စတာတွေကို အားပေးဖော်ဆောင်လို့ ရကြောင်း အကြံပြုထားခဲ့ပါတယ်။ identity politics မှ ပဋိပက္ခအဖြစ် မပြောင်းလဲ သွားစေရေးအတွက် နိုင်ငံတော် အင်စတီကျူးများပေါ်မှာ မူတည်ကြောင်း သူမက ဆိုထားခဲ့ပါတယ်။
 

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၂)

(ကျေးဇူးတင်လွှာ။            ။ အမ ခင်မမမျိုး၏ Facebook မှ လေးစားစွာ ကူးယူဖော်ပြပါသည်။)

လူမျိုးစုရေးရာ ပဋိပက္ခများ ဖြစ်ပွားရတဲ့ အကြောင်းရင်းတွေကို ပညာရှင်များက ချဉ်းကပ်မှုနည်းလမ်း (approaches) လေးခုနဲ့ ဖော်ထုတ်ခဲ့ကြပါတယ်။
 
(၁) Primordialist Approach
 
ဒီနည်းလမ်းက လူမျိုးစုတွေအကြားမှာ ရှေးပဝေသဏီကတည်းက ရှိနေခဲ့တဲ့ အာဃာတတွေကို အာရုံစိုက် လေ့လာခဲ့ပါတယ်။ လူမျိုးစုတခုကို ဖော်ထုတ်ပြသနိုင်ဖို့အတွက် အခြားလူတွေကို ခွဲခြား ဆက်ဆံမှုဟာ ဘိုးစဉ်ဘောင်ဆက် လူသားပတ်သက်ဆက်နွယ်မှုတွေကို အခြေခံပါတယ်။ ရံဖန်ရံခါ လူသားမဟုတ်ပဲ အခြားသတ္တဝါတွေလဲ ဖြစ်နေတတ်ပါတယ်။ ဒီအမြင်အရ အစွန်းရောက်မှုနဲ့ သည်းခံနိုင်စွမ်းနည်းပါးမှုတွေက လူ့အဖွဲ့အစည်းရဲ့ သဘောသဘာဝဖြစ်နေပြီး၊ နိုင်ငံရေးအကျိုးစီးပွား ထက် ပိုမိုကျော်လွန်နေတတ်ပါတယ်။
 
ဒီချဉ်းကပ်နည်းလမ်းဟာ လူမျိုးရေးပဋိပက္ခတွေနဲ့ လူမျိုးရေးရာ ပဋိပက္ခဖြစ်နိုင်ချေတွေရဲ့ အခန်းကဏ္ဍကို ရှင်းလင်းတင်ပြပေးထားပါတယ်။ လူမျိုးစုရေးရာ ခံစားချက်တွေဟာ primordial ဖြစ်လာတဲ့အခါ၊ အတိတ်က တရားမမျှတမှုများနဲ့ အာဃာတတွေကို အခြေခံတဲ့ လူမှုရေးနဲ့ နိုင်ငံရေးရာ constructed reality ရှိလာတတ်ပါတယ်။ နိုင်ငံရေးပညာရှင် Suny ဆိုသူက ဒါနဲ့ ပတ်သက်ပြီး national identities နဲ့ ethnic identities တွေဟာ သင်ကြားမှု၊ ထပ်ဖန်တလဲလဲ ပြောဆိုမှု၊ ပြန်လည် ဖော်ထုတ်မှုတွေကြောင့် ပေါ်ထွက်လာတဲ့ ခံစားမှုများအပေါ် အခြေခံကြောင်း ရေးသား ဖော်ပြထားပါတယ်။
 

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၁)

  (ကျေးဇူးတင်လွှာ။            ။ အမ ခင်မမမျိုး၏ Facebook မှ လေးစားစွာ ကူးယူဖော်ပြပါသည်။)

ဒီမိုကရေစီဆိုတာ ပြည်သူလူထုက အုပ်ချုပ်ခြင်း (rule by the people)နဲ့ ပြည်သူလူထုအတွက် အုပ်ချုပ်ခြင်း (rule for the people) ဆိုတဲ့ စည်းမျဉ်းတွေအပေါ်မှာ အခြေခံထားတဲ့ နိုင်ငံရေးစနစ်တခု ဖြစ်ပါတယ်။ ပြည်သူလူထုဆိုတာကတော့ ဟုတ်ပါတယ်။ ဒါပေမယ့် မေးစရာတခုက ရှိလာပါတယ်။ ပြည်သူလူထုဆိုတာ ဘယ်သူတွေလဲ။ ဒီမေးခွန်းဟာ တိုင်းရင်းသားလူမျိုးစုများ စုပေါင်းနေထိုင်တဲ့ တိုင်းပြည်နိုင်ငံတွေအတွက်ဆိုရင် အလွန်ကို အရေးကြီးတဲ့ မေးခွန်းဖြစ်ပါတယ်။
 
multi-ethnicity ဆိုတဲ့ အကြောင်းအရာကို ကြိုတင်စဉ်းစားတွေးခေါ်မှု၊ ပြင်ဆင်မှုမရှိရင် ဒီမိုကရေစီ လူ့အဖွဲ့အစည်းတရပ် ဖွံ့ဖြိုးတိုးတက်လာမှုနဲ့ နိုင်ငံတနိုင်ငံရဲ့ နိုင်ငံရေးတည်ငြိမ်မှု (political stability) တွေဟာ အခက်အခဲတွေ ဖြစ်လာစေတတ်ပါတယ်။ multi-ethnic context ပေါ်မှာ အခြေခံတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုတရပ် အောင်မြင်စွာ ဖြစ်ပေါ်လာနိုင်ရေးအတွက် လိုအပ်တဲ့ အခြေအနေ (conditions) တွေနဲ့ ဒါတွေရှိအောင် ပြုလုပ်ဖန်တီးထားရတဲ့ ကွန်စတီကျူးရှင်းတွေ၊ စစ်မှန်သော ပြည်ထောင်စုစနစ် စတာတွေ ရှိရပါတယ်။
 

Friday, May 1, 2020

အကြံပြုစာ (သို့) မိဘတ‌ယောက်ရဲ့ ပညာရေးမျှော်လင့်ချက်

မင်္ဂလာပါ ခင်ဗျာ။ ကျနော်တို့ရဲ့ အကြံပြုချက်လေးကို တခြားဖေဖေ မေမေတွေလည်း ဖတ်လို့ရအောင် ဝေမျှပါရစေ။

ပထမဆုံး အနေနဲ့ မိဘများ၏ အကြံပြုချက် တောင်းခံသည့် အစီအစဉ်အတွက် ကျေးဇူးတင်ကြောင်း အရင်ပြောပါရစေ။ တခြား ဖေဖေ မေမေ တွေလိုပဲ ကျနော်တို့မှာလည်း အပြုသဘော အကြံပြုစရာလေးတွေ ရှိပါတယ်။ အခု အောက်မှာ ပြောသွားမဲ့ အချက်ကလေးတွေကို ပြုပြင်လိုက်ရင် ပိုမိုကောင်းမွန်လာမယ်လို့ ယုံကြည်ပါတယ် ဆရာမတို့ ခင်ဗျား။ အတတ်နိုင်ဆုံး လက်တွေ့အလုပ်ဖြစ်နိုင်မဲ့ အချက်လေးတွေကို ဂရုတစိုက် အကြံပြုလိုက်ပါတယ်။

Tuesday, May 30, 2017

ယုံကြည်ခဲ့ဖူးသလား

ကိုယ့္ဘဝ

အောင်မြင်တဲ့ Team Work ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုက ယုံကြည်မှု (Trust) ဖြစ်ပြီး Team Work ကို ကျရှုံးစေတဲ့ ပြဿနာတစ်ခုက Suspect (သံသယ) ပါ။ ဘယ်စာအုပ်ထဲကမှ မဟုတ်တဲ့ ကိုယ်တွေ့အတွေ့အကြုံ သေးသေးလေး တစ်ခုကို ပြောပြပါရစေ။


တစ်ရက်တော့ Client တွေနဲ့ အင်ဒိုနီးရှား Batam anchorage မှာ ရပ်ထားတဲ့ Barge တွေကို Inspection ဝင်ပါတယ်။ ရပ်ထားတဲ့နေရာက ရေလယ်မှာဆိုတော့ သင်္ဘောကျင်းက စီစဉ်တဲ့ Nemo boat လို့ခေါ်တဲ့ Service boat ကို အားကိုးရပါတယ်။ ဒါပေမဲ့ ပြဿနာက အဲဒီ Nemo တစ်စီးတည်းနဲ့ အဲဒီနားက ရှိရှိသမျှ သင်္ဘောပေါင်းစုံကို သွားကြပြန်ကြဆိုတော့ တခါတရံ အခန့်မသင့်ရင် တစ်နာရီ၊ နှစ်နာရီလောက်ထိ စောင့်ရတတ်ပါတယ်။ ရေထဲမှာ အလုပ်လုပ်ရတာ ကုန်းပေါ်မှာလို စိတ်သွားတိုင်း ကိုယ်မပါ ပါဘူး။ တစ်နေရာနဲ့ တစ်နေရာ မြင်နေရပေမဲ့ ကူးဖို့ လှေမရှိရင် ဘာမှ လုပ်မရဘဲ ငုတ်တုတ် အချိန်ကုန်တဲ့ကိစ္စပါ။

ကျနော့အတွက် အချိန်က အရေးကြီးသမို့ တစ်မျိုးကြံရပါတယ်။ အဲဒီ ရေလယ်ခေါင် သောင်ထွန်း Teras ကျွန်းမှာ ကျနော်တို့ Teras ကုမ္ပဏီပိုင် Tug boat တချို့လည်း ရပ်ထားတာ ရှိပါတယ်။ ဒါနဲ့ သင်္ဘောကျင်းကို ခွင့်တောင်းပြီး ကျနော်တို့ Tug boat တစ်စီး က Workboat လို့ခေါ်တဲ့ စက်တပ်ရာဘာလှေကို ကျနော်တို့ အသွားအပြန်အတွက် စီစဉ်ရပါတယ်။ (မမြင်ဖူးသူတွေအတွက် ပုံလေးတွေ ထည့်ပေးထားပါတယ်။)

Tuesday, March 7, 2017

ခံစစ် (သို့) လုပ်ငန်းခွင် နိုင်ငံရေး (အပိုင်း ၁)


စစ်တုရင် ကစားသည့်အခါ အဖြူဘက်ကို တိုက်စစ်ဟု ခေါ်၍ အမဲကို ခံစစ်ဟု ခေါ်သည်။ အဓိက ကွာခြားချက်က အဖြူမှ စတင် ရွေ့ရသော ကစားပွဲစည်းမျဉ်းကြောင့် ဖြစ်သည်။ အဖြူဘက်မှ စတင်၍ ရွေ့ခြင်းကို ရည်ရွယ်၍ တိုက်စစ်ဟု ခေါ်ခြင်း ဖြစ်သည်။ လက်ဦးမှုရသည့်ဘက်ဟု ဆိုကြပါစို့။ အမဲဘက်မှ ကစားသူက တစ်ကွက်နောက်ကျ ရွေ့သောကြောင့် ခံစစ်ပြင်သည်ဟု ခေါ်သည်။
ဒါက စစ်တုရင်ပွဲတစ်ခုရဲ့ စည်းမျဉ်းနဲ့ သဘော။
တကယ်တော့ တိုက်စစ်နဲ့ ခံစစ် ကွာဟမှုက တစ်ကွက်တည်းသာ ဖြစ်သည်။ ထိုတစ်ကွက်အသာကြောင့်ပင် တိုက်စစ်နဲ့ ခံစစ်ဟူ၍ ကွဲပြားရသည်။ 

Wednesday, October 19, 2016

Shipyard Vs Construction (အပိုင်း ၆)


PPE (Personal Protective Equipment)

Project အစတွင် ရောက်လာသော အလုပ်သမားများကို သင်္ဘောကျင်းမှလာသော အရှိန်မကုန်သည့် ကျနော်က Safety ကို သေသေချာချာ ကြပ်မတ်ပါသည်။ ကျနော်တို့ အလုပ်သမား ငှားရမ်းသော ကုမ္ပဏီများကို email ပို့စဉ်ကတည်းက လွှတ်လိုက်သော အလုပ်သမားအားလုံး PPE (Personal Protective Equipment) အပြည့်အစုံ ပါရမည်ဟု သတိပေးထားပြီးသား ဖြစ်သည်။

သို့သော် တကယ် ရောက်လာသည့်အခါ အလုပ်သမားက မေ့လာခြင်း၊ မမေ့လည်း မေ့တယ်ပြောခြင်း၊ သူတို့ ကုမ္ပဏီက ဝယ်မပေးခြင်း၊ ယူလာသော PPE များမှာ စုတ်ပြတ်နေခြင်းများနှင့် တိုးပါတော့သည်။ ပြဿနာမှာ ကျနော်တို့ကလည်း အချိန်နှင့် ငှားရမ်းထားခြင်း ဖြစ်သောကြောင့် သူတို့ကို လက်မခံဘဲ ပြန်လွှတ်လျှင် ကျနော်တို့ အလုပ်မပြီးသည်က တစ်ကြောင်း၊ Main Con ကို လူ ဘယ်နှစ်ယောက် လာပါမည်ဟု အာမခံထားရခြင်းက တစ်ကြောင်း၊ ကိုယ့်မှာ ရှိသည့် PPE ငှားပေးပြီး လုပ်စေပြန်တော့လည်း ညနေအပြန်တွင် ပြန်မအပ်ဘဲ ယူသွားကြခြင်းက တစ်ကြောင်း၊ နောက်နေ့ ထို အလုပ်သမားက မလာဘဲ လူပြောင်းသွားပြန်ခြင်းက တစ်ကြောင်း၊ ကျနော်တို့ ကိုယ်တိုင်လည်း Store Man ဟူ၍ သတ်သတ်မှတ်မှတ် မထားနိုင်ခြင်းက တစ်ကြောင်း စသည့် အကြောင်းကြောင်းများကြောင့် အလုပ်သမားများရဲ့ Safety က လက်တွေ့တွင် အခက်အခဲ အများကြီး ရှိနေခြင်းဖြစ်သည်။

Wednesday, September 14, 2016

နိမိတ် (၁)



စာဖတ်သူ… အတိတ်နိမိတ်တွေကို ယုံကြည်ပါသလား။

ကျနော်ကတော့ ၂ မျိုးခွဲ၍ တစ်မျိုးယုံ တစ်မျိုး မယုံဟု ဆိုချင်သည်။ တကယ်တော့ နိမိတ် ဆိုသည်က လက်ရှိဖြစ်ပေါ်နေသော ထူးခြားမှုကိုကြည့်၍ ရှေ့ဘာဖြစ်မည်ဟု ခန့်မှန်းခြင်းဟု အကြမ်းဖျင်း နားလည်သလို အဓိပ္ပါယ်ဖွင့်ကြည့်ပါသည်။ အတိတ် ဆိုတာကျတော့ ဖြစ်ပြီးခဲ့သမျှကို ဆိုလိုခြင်းဖြစ်သော်ငြား အတိတ်ကောက်သည် ဆိုတာကျတော့ အနာဂတ်ကို ခန့်မှန်းသည့်သဘော ဆောင်နေပြန်သည်။ ထားတော့။ နောက်အချိန်ရမှ ပါဠိအဘိဓါန်ကို လှန်ပါတော့မည်။

အခုတော့ လက်ရှိအခြေအနေ ထူးခြားမှုကိုကြည့်၍ ခန့်မှန်းသော သဘောကိုသာ ဦးတည်ပါရစေ။

နေကြတ်ခြင်း၊ ငလျှင်လှုပ်ခြင်း၊ တော်လဲခြင်း၊ ကြယ်တံခွန် ဥက္ကာပျံခြင်းများကို သဘာဝဟုသာ နားလည်သဖြင့် အဆိုပါ အချက်များပေါ် မူတည်ကောက်ယူသော အတိတ်နိမိတ်များကို ကျနော် ယုံကြည်လေ့ မရှိပါ။ သို့သော် တချို့နိမိတ်များက အကြောင်းအကျိုး ဆက်စပ်မှု ရှိသည်။ ငြင်းလိုက ငြင်းနိုင်ဖို့ ဥပမာတချို့ ပြောပါမည်။ ကျောင်းသားတစ်ယောက် ဂိမ်းကို အရူးအမူးဆော့နေခြင်းသည် ထိုကျောင်းသားအတွက် စာမေးပွဲကျမည့် နိမိတ်ဖြစ်သည်။ ဆိုင်ကယ်ကို အဆန်းထွင်ပြီး စီးတတ်သော ဆိုင်ကယ်သမားအတွက် ဆိုင်ကယ်သည် သေခြင်းဆိုးဖြင့်သေမည့် နိမိတ် ဖြစ်နိုင်သည်။ အလုပ်မှာ ယောင်ဝါးလုပ် ဂိမ်းဆော့နေသော အလုပ်သမားအတွက် ပိုကီမွန်သည် အလုပ်ပြုတ်မည့် နိမိတ် ဖြစ်တန်ရာသည်။


Friday, September 2, 2016

ရင်ခုန်သံ အင်တာဗျူး




နိဒါန်း


အချိန်က၁၉၉၄။


ဆယ်တန်းမဖြေမီက ဆယ်တန်းအောင်ရင် ဘာလုပ်မယ်ညာလုပ်မယ် စိတ်ကူးလေးတယဉ်ယဉ် လုပ်ခဲ့တဲ့ကျနော် တကယ်၁ဝတန်းအောင်တော့ အမှတ်ဆိုတာကြီးနဲ့ ကန့်သတ်လိုက်သဖြင့် ၁ဝတန်းအောင်ပြီး ဆရာဝန် အင်ဂျင်နီယာ လိုင်းမဝင်သူတို့၏ ထုံးစံအတိုင်း ဘာလုပ်ရမှန်း မသိတော့။

ဖြစ်ပုံကလည်း ဒီလို။


ကျနော့ အကုသိုလ် အကျိုးပေးတစ်ခုက စာမေးပွဲအသံကြားသည်နှင့် ဖျားတတ်နာတတ်သည့်ကိစ္စ။ ငယ်ငယ်ကတည်းက စာမေးပွဲနားနီးရင် (ကြောက်ဖျား) ဖျားနေကျအကျင့်က ၁ဝတန်းအထိမပျောက်။


ဘယ်လောက်ထိဆိုးသလဲဆို အတန်းကျောင်းတက်တဲ့ကိစ္စတင်မဟုတ်။ ၉တန်းဖြေပြီး ကျောင်းပိတ်ရက်မှာ အားကစားအဖြစ် တိုက်ကွမ်ဒိုသင်တန်း သွားတက်သည်။ သူငယ်ချင်းတစ်ယောက်က တိုက်ကွမ်ဒိုခါးစည်းအနက်ဆိုတော့ သင်တန်းမတက်ခင် အကြိုသဘောမျိုး သူ့အိမ်မှာ အရင်လေ့ကျင့်ပေးသေးသည်။ အဲဒီတော ့သင်တန်းမှာ သူများတွေ ကိုရီးယားလို ၁ ကနေ ၁၀ အထိကို မှတ်နေကြရချိန် ကိုယ်တွေက အေးဆေးပေါ့။ ခုန်လိုက် ပေါက်လိုက်ရင် တော်တော်ပေါ့ပေါ့ပါးပါး ဖြစ်နေနှင့်ပြီ။


၂ လလောက် တက်ပြီးတော့ ခါးစည်းအဝါဖြေဖို့အချိန် ရောက်လာသည်။ စာမေးပွဲဖြေမဲ့ရက်တည့်တည့်မှာ ကျနော်ဖျားပါသည်။ စာမေးပွဲနောက်တစ်ကြိမ် မတိုင်မချင်း ခါးစည်းအဖြူနှင့် နောက်တက်သင်တန်းသားသစ်တွေကြားမှာ ဝါရင့်သမ္ဘာရင့် ခါးစည်းဖြူကြီး ဖြစ်နေတော့သည်။


ဒီလိုနဲ့ နောက်တစ်ကြိမ် ခါးစည်းစာမေးပွဲထပ်လုပ်မဲ့အချိန် ရောက်လာပြန်သည်။

Thursday, March 31, 2016

Shipyard Vs Construction (အပိုင်း ၅)




အလုပ်သမားတစ်ယောက် အက်ဆီးဒင့်ဖြစ်လို့….

 ဆိုသည့်အသံက Site ထဲမှာ လိုအပ်သည့် ပစ္စည်းတွေဝယ်ဖို့ အပြင်ထွက်ခါနီး ကျနော့ခေါင်းကို ပုတ်လောက်ကြီးသွားစေသည်။ နားထဲမှာရော ရင်ထဲမှာပါ ပူကနဲ။

ဘယ်နားမှာလဲ… ဘယ်သူလဲ…
 ကျနော် ဖုန်းထဲမှ မေးခွန်းတွေ ဆက်တိုက်ထုတ်သည်။

Blk 1B နဲ့ 2A ကြား…. Supply အလုပ်သမား…
တစ်ဖက်မှ အိန္ဒိယလူမျိုး ကျနော့ Supervisor က ပြန်ဖြေသည်။


Thursday, January 28, 2016

မှတ်မိသမျှ ပေါက်ကရ- ၂



၆ လကြီး ၆ လငယ်



  ရန်ကုန်မြို့ အထင်ကရ ဟော်တယ်တစ်ခုတွင် M&E Engineer ဘဝဖြင့် အလုပ်လုပ်ခဲ့စဉ်က ဖြစ်သည်။
ကျနော်တို့ အဖွဲ့တွင် နေရာတကာ အားကိုးရသော အလုပ်သမားတစ်ယောက် ရှိသည်။ တိုင်းရင်းသားထဲက ဖြစ်၍ အသားဖြူသော သူ့ကို အသားမဲသော ကျနော်တို့ အင်ဂျင်နီယာများက တရုတ်ကြီးဟု ခေါ်သည်။ တရုတ်ကြီးက ပညာအရည်အချင်း ၄ တန်းအထိ ဆိုလား တက်ဖူးသည်ဟု သူပြောသည်။ စာရေးစာဖတ်တတ်သော်ငြား သိပ်အများကြီးတော့ မဟုတ်။

ကျနော်တို့ အဖွဲ့မှာ သူက တောက်တိုဟု ဆိုနိုင်သော်လည်း မရှိမဖြစ် တရုတ်ကြီးဖြစ်သည်။ အင်ဂျင်နီယာတွေက ပညာတတ်သော်ငြား တချို့အလုပ်တွေဆို ပေကပ်ကပ် လုပ်တတ်ကြသည်မို့ တရုတ်ကြီးကသာ အပြေးအလွှားလုပ်ရသည်ချည်း။

တစ်ရက်တော့ ထမင်းစားရင်း ရောက်တတ်ရာရာ ပြောကြသည်။

"တရုတ်ကြီး…. မင်း မောင်နှမ ဘယ်နှစ်ယောက် ရှိသတုန်း…"

"၂ ယောက်ဗျ…. အစ်မတစ်ယောက် ရှိသေးတယ်…."

အဲဒီအထိက အကောင်း…. တရုတ်ကြီး ဆက်ပြောလိုက်သော စကားကြောင့် ကျနော်တို့ တစ်ဖွဲ့လုံး ထမင်းပင် နင် ချင်သွားသည်။ သူပြောလိုက်တာက…

"ကျနော့ အစ်မနဲ့ ကျနော်က ၆ လကြီး ၆ လငယ် လေ…".. တဲ့။

ဒီတော့ အဲယားကွန်း အင်ဂျင်နီယာက ဝင်ထောက်သည်။
"သြော်…. မောင်နှမအရင်း မဟုတ်ဘူးပေါ့…."

"မောင်နှမ အရင်းပါဗျ…"
တရုတ်ကြီးက မလျှော့။

ကျနော်လည်း ဝင်ပြောရတော့သည်။
"ငင်…. မဟုတ်သေးဘူးလေ တရုတ်ကြီးရဲ့…. မင့်ဟာ မောင်နှမ အရင်းက ဘယ်နှယ်လုပ် ၆ လကြီး ၆ လငယ် ရှိမလဲဟ…."

"မောင်နှမ အရင်းပါဗျ… ၆ လကြီး ၆ လငယ်ပါ…"

မန်နေဂျာလည်း မနေနိုင်တော့ ဝင်ပြောပြန်သည်။
"မင်းကလည်း…. လုပ်တော့မယ်... မင်းအစ်မကို မွေးပြီး ချက်ချင်း ကိုယ်ဝန်ပြန်ယူရင်တောင် အနည်းဆုံး ၁ လ ၂ လတော့ ကြားမှာ ခြားဦးမယ်…. ပြီးတော့ မင်းအမေ ဗိုက်ကြီးနဲ့ မင်းကို အစောဆုံးမွေးရင် ၇ လ ပေါ့ကွာ… အားလုံးပေါင်း မင်းအမေဗိုက်ကို ဇစ်တပ်ပြီး မွေးတောင် မင်းအစ်မနဲ့ မင်းနဲ့ ၉ လ တစ်နှစ်တော့ ခြားမှာပေါ့ဟ…."

တရုတ်ကြီးက ခေါင်းကုတ်ရင်း စဉ်းစားသည်။ ပြီးတော့မှ တွေးတွေးဆဆ ဆိုသည်။
"မဟုတ်ဘူးဗျ…. ၆ လကြီး ၆ လငယ်ပဲ…"

ကဲ… မင်းပဲ ရှင်းပြပါဦး… ဆိုတော့လည်း…
"မသိဘူး…. ဒါပေမဲ့ ၆ လကြီး ၆ လငယ် ပဲ…".. တဲ့။

နောက်ဆုံး ကျနော်သာ ဟော်တယ်အလုပ်ကနေ ထွက်လာခဲ့တယ်။
တရုတ်ကြီးကတော့ သူ့အစ်မနဲ့ ၆ လကြီး ၆ လငယ်ပဲ။
ဒလက တရုတ်ကြီးကို လက်ခံအောင် ရှင်းပြနိုင်တဲ့သူရှိရင် ပြောဗျာ...။
KFC ကျွေးမယ်.....။

*********************************

ဆက်ဆီပရောဒတ်




ဟော်တယ်မှာ အလုပ်လုပ်တော့ ထမင်းစားချိန် ကျနော်တို့ရဲ့ စကားဝိုင်းက တခါတရံ မှတ်စရာသားစရာလေးတွေ ရတတ်သည်။ အဲဒီနေ့ကလည်း ထုံးစံအတိုင်း စားပြီးသောက်ပြီး မထသေးဘဲ လေပေါကြသည်ပေါ့။

ကျနော်တို့ထဲက ဟော်တယ်ကားမောင်းသည့် အသက်အကြီးဆုံး အစ်ကိုကြီးက လူသုံးကုန်ပစ္စည်းတွေ အကြောင်းပြောရင်း…..

"ပရောဒတ် (Product) တွေထဲမှာ Sexy Product ဆိုတာ ရှိတယ်ကွ….".. ဟု စကား စ သည်။

Sexy ပရောဒတ်ဆိုတော့ ကျနော်တို့အားလုံး စိတ်ဝင်စားသွားကြသည်။ နိုင်ငံခြားပြန် မန်နေဂျာက ဝင်ထောက်သည်။ ဒီကားဆရာကြီးက သူပြောလျှင် တစ်ခါမှ မကြားဖူးတာတွေ ပါလာတတ်သမို့ ကျနော်တို့က ဆရာကြီးဟုပင် ပညတ်ကြသည်။

"လုပ်စမ်းပါဦးဗျ…. ဘယ်လိုမျိုးတုန်း… နိုင်ငံခြားမှာ ရောင်းတဲ့ Sex Toy တွေကို ပြောတာလား…."

"မဟုတ်ပါဘူးဗျ… အဲလို အတုံးလိုက် အတစ်လိုက်ကြီး မဟုတ်ဘဲ လူတွေ ပုံမှန် သုံးနေတဲ့ မြင်နေကျတွေထဲမှာကိုပဲ ရှိတာ…. ပြီးတော့ အဲဒါမျိုးတွေက ရေရှည်ခေတ်စားတယ်ဗျ…."


"ဟ…. အဆန်းပါလား…. လုပ်စမ်းပါဦး…"


"လိပ်ခုံးကားလို့ ကျနော်တို့ခေါ်တဲ့ ဗောက်စ်ဝက်ဂွန်ကားကို ကြည့်ဗျာ…. အဲဒါ ဆက်ဆီ ပရောဒတ်ပဲ…"


"ဟမ်….. ကြား…ကြားဖူးပေါင်ဗျာ…. ဗောက်စ်ဝက်ဂွန်က ဆက်ဆီဖြစ်ရတယ်လို့…"
မန်နေဂျာက အံ့သြဟန်နှင့် ဆိုသည်။


ကျနော့မျက်စိထဲမှာ ကျနော်ငယ်စဉ်က အလွန်ကြိုက်သော Herbie Goes Bananas ရုပ်ရှင်ကားထဲမှ ချစ်စရာ Volkswagen ကားလေးကို ပြေးမြင်မိသည်။ မော်ဒယ်အပြည့်အစုံမှာ Volkswagen Beetle ဖြစ်သည်။ ကျနော်တို့ဆီမှာတော့ လိပ်ခုံးကားဟုသာ ခေါ်ကြပါသည်။ ဆရာကြီးက…






။ ဒီလိုဗျ…. ဒီကား ဒီဇိုင်းဖြစ်လာပုံ ဇာတ်လမ်းရှိတယ်…  ဟု အစချီကာ ဆက်ဆီကျသော ဗောက်စ်ဝက်ဂွန်အကြောင်းကို အောက်ပါအတိုင်း မိန့်ပါသည်။

"အဲဒီတုန်းက ဂျာမဏီမှာ ကားစျေးတွေက ကြီးတယ်မို့လား…. ကား ဆိုတာ ချမ်းသာတဲ့သူမှ စီးနိုင်တာကိုး…

အဲဒီမှာတင် ဂျာမန်ကား ကုမ္ပဏီတွေဟာ စားရိတ်သက်သာပြီး သာမာန်အလုပ်သမား လူတန်းစား စီးနိုင်မဲ့ ကားဒီဇိုင်းမျိုးကို အပြိုင်အဆိုင် ထုတ်ဖို့ ကြိုးစားကြတယ်ဗျ…."

"ဗောက်စ်ဝက်ဂွန်ကုမ္ပဏီက ဒီဇိုင်နာ အဖိုးကြီးကလည်း ကားဒီဇိုင်းကို အမျိုးမျိုး စဉ်းစားပေမဲ့ ဒီဇိုင်းက စဉ်းစားလို့ မရဖြစ်နေသတဲ့ဗျ…. အဲဒါနဲ့ နေ့လည် ထမင်းစားချိန်ရောက်တော့ အိမ်ပြန်ပြီး ထမင်းစားသတဲ့ဗျ…. "

"ဂျာမန်တွေက ထမင်းစားတာလား… ပေါင်မုန့်စားတာလား…."
လျှပ်စစ်အင်ဂျင်နီယာက ဝင်ထောက်ပြန်သည်။

"ဘာစားစားကွာ…. မင်းကလဲ တစ်မျိုး....."
အဲယားကွန်း အင်ဂျင်နီယာက ကျွဲမြီးတိုဟန်ဖြင့် ထ ဟောက်သည်။

ဆရာကြီးက မျက်မှန်ကို တစ်ချက်ဝင့်ရင်း ခဏရပ်သွားတော့ လျှပ်စစ်သမားက ကွမ်းယာတစ်ယာကို ပုဆိုး ခါးပိုက်ထောင်ထဲမှ ထုတ်ပေးလိုက်သည်။ ကွမ်းယာကို ပါးစပ်ထဲထည့်လိုက်ရင်း…

"အဲဒီလို အိမ်ပြန်ပြီး ထမင်းစားပေမဲ့ ကားဒီဇိုင်းကိစ္စ ခေါင်းထဲရောက်နေတော့ သူက ထမင်းကို ဖြောင့်ဖြောင့်မစားနိုင်ဘူး ဖြစ်နေတာပေါ့…."...

အဲဒီမှာတင် သူ့မိန်းမက
ရှင် ဘာဖြစ်နေတာတုန်း… ပေါ့။

သူကလည်း ဒီလိုဒီလို ပေါ့လေ…. ကားဒီဇိုင်း ပြဿနာတက်နေလို့ပါပေါ့။

သူ့မိန်းမက ပြောတယ်။
စားစရာရှိတာ စားစမ်းပါရှင်။ ပြီးတော့မှ ကားဒီဇိုင်းအကြောင်း ပြောတာပေါ့။ ကျမ ကူညီပါ့မယ်လို့ ဆိုသတဲ့။

အဲဒါနဲ့ နေ့လည်စာ စားလို့လည်းပြီးရော သူတို့ အနောက်တိုင်းက လူတွေထုံးစံအတိုင်း မိန်းမကို ဖက်ပြီး ဟိုကိုင်ဒီကိုင် ကိုင်သတဲ့။ အဲဒီမှာတင် အောက်ဖက်ကို လက်ရောက်သွားတော့ မိန်းမက….
ကားဒီဇိုင်းကို မကိုင်နဲ့လေ… လို့ ပြောသတဲ့။

အဲဒီမှာတင် ဒီဇိုင်နာကြီးလည်း အိုင်ဒီယာတွေ ထင်းကနဲ လင်းကနဲ ဖြစ်ပြီး ဒီဇိုင်းထုတ်လိုက်တာ အခုထိ နာမည်ကြီးနေတဲ့ ဗောက်စ်ဝက်ဂွန် လိပ်ခုံးကား ဖြစ်လာတော့တာပဲကွ…. ဆိုပဲ။

ကျနော်တို့အားလုံး ပြုံးစိစိ လုပ်နေကြတော့ ဆရာကြီးက ဆက်ပြောလိုက်သေးတယ်။
"ပိုတူသွားအောင် အလယ်မှာ လိုင်းလေးတောင် ထည့်ပေးထားသေးတယ် မဟုတ်လား…." တဲ့


အဲဒီကားလေးတွေကတော့ ဒီနေ့ခေတ်ထိ မတိမ်ကောတာ အမှန်။ အခု နောက်ဆုံးပေါ် ကားတချို့ထက်ပင် အဲဒီကားလေးတွေက စျေးကြီးနေသေးသည်က မျက်မြင်။ ဗောက်စ်ဝက်ဂွန်ကလည်း မျိုးဆက်သစ် ဒီဇိုင်းသစ် Beetle မော်ဒယ်လ်တွေ ထပ်ထုတ်ပါသည်။ သို့သော် Original ပစ္စည်းတွေချည်း တပ်ထားသည့် မူလလက်ဟောင်း Volkswagen Beetle လိပ်ခုံးကားကလေးတွေဆို စျေးက အော်ပျံလန်နေမြဲ။

သူပြောသည့် Volkswagen Beetle ဇာတ်လမ်း တကယ် ဟုတ်မဟုတ်တော့ ကျနော်မသိ။ အဲဒီကားဒီဇိုင်းကလည်း သူပြောတာ ဟုတ်တုတ်တုတ်။ သေချာကြည့်လေ ဟုတ်သလိုလိုရှိလေ ဖြစ်သည်။

ကျနော်ဖြင့် ခုထိ သူပြောသည့် ဇာတ်လမ်းကို ခုထိ ဇဝေဇဝါ ဖြစ်တုန်း……။

"အာ့… ဂယ်ဂျီးလား…ဟင်…"

(သရုပ်ဖေါ်ပုံများကို Google မှ ယူသည်။)

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...