Monday, April 27, 2015

အနုမြူ နှင့် ဂြိုလ်သား ပတ်သက်မှု (ရေးသူ - Andrew Soe)

 (ဆရာ Andrew Soe ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖေါ်ပြပါသည်။ အပိုင်းမခွဲဘဲ တစ်ဆက်တည်း ဖေါ်ပြသွားမည်ဖြစ်ပြီး ဆရာထပ်ရေးသ၍ ထပ်ပေါင်းထည့်သွားမည် ဖြစ်ပါသည်။)


၁၆ ဇူလိုင် ၁၉၄၅ မနက်လင်းအားကြီး မှာ သဲဖြူဖျာခင်းသကဲ့သို့ ဖြစ်နေတဲ့ အယ်လ်မ်မက်ဂေါ်ဒိုး ၊ နယူးမက္ကဆီကို က သဲကန္တာရ မှာ အင်အားအပြင်းဆုံး လက်နက် ဖောက်ခွဲစမ်းသပ် တာ စောင့်ကြည့်ရန် သိပ္ပံပညာရှင်များ နှင့် စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ် များ စုရုံးရောက်ရှိနေကြတယ်။ အချို့ က စမ်းသပ်မှု လုံးဝ အောင်မြင်မည် မဟုတ် ဟု ယုံကြည်ကြသလို အချို့ က နယူးမက္ကဆီကို ပြည်နယ်တစ်ခုလုံး ပျက်စီးနိုင်တယ် လို့ ယုံကြည်တယ်။

ဘာတစ်ခု မှ မသေချာ မရေရာတာမို့ ဖောက်ခွဲစောင့်ကြည့် စခန်းကိုတောင် ၁၀ မိုင် မှ မိုင် ၂၀ အတွင်းမှာ ဆောက်တည်ထားရှိတယ်။ အချိန် အတိအကျ ပြောရရင် လင်းအားကြီးမနက် ၅-နာရီ ၂၉ မိနစ် ၄၅ စက္ကန့် တိတိမှာ ကမ႓ာ့ ပထမဆုံး အနုမြူဗုံးစံနက်တန် ကို ၃ , ၂ , ၁ ဖိုင်းယား ဆိုပြီး မီးရှို့လိုက်တော့တယ်။

တီအန်တီ ယမ်း ၂၀, ၀၀၀ ပြင်းအားနဲ့ ညီမျှ တဲ့ ပေါက်ကွဲမှုဟာ ပေ ၆၀၀-ကျော်ကျယ် တဲ့ မီးလုံးကြီး ကို စတင်ထုတ်လွှတ်လောင်ကျွမ်းပြီး မှိုပွင့်သဏ္ဌန် မီးခိုးလုံး မိုးတိမ်ကြီး တစ်ခု အမြင့် ၇-မိုင် ထိ ကောင်းကင်ကို ထိုးဖောက်တက် သွားသလို မိုင် ၁၀၀ အကွာအဝေး က တောင် ပေါက်ကွဲမှုအရှိန် ကို ခံစားသိရှိရတယ်။

ကမ႓ာကြီး ဟာ အားအပြင်းဆုံး လက်နက် အသစ်အဆန်း တစ်ခု ကို လက်ခံရရှိလိုက်ပါပြီ။ ဒီလို ကြောက်စရာကောင်းလှတဲ့ လက်နက်ကြီး ကို ဖန်တီးခဲ့တဲ့ သူကတော့ ဒေါက်တာ ရောဘတ် အိုပင်ဟိုင်းမား ( Dr. Robert Oppenheimer ) ဖြစ်ပြီး သူကိုယ်တိုင် အံ့ဩထိတ်လန့် တုန်လှုပ်စွာ နဲ့ "လူအချို့ရီ(ရယ်)တယ် ၊ အချို့ ငိုကြတယ် ဒါပေမဲ့ အများစုက တော့ တိတ်ဆိတ် ငြိမ်သက် လျှက်ရှိတယ်" လို့ မှတ်ချက်ချခဲ့တယ်။

( Dr. Robert Oppenheimer ကို ၂၂ ဧပြီ ၁၉၀၄ ခုနှစ် နယူးယောက် မှာ မွေးဖွားပြီး ၁၈ ဖေဖော်ဝါရီ ၁၉၆၇ ၊ အသက် ၆၂ နှစ် နယူးဂျာစီမှာ ကွယ်လွန်ခဲ့တယ် )*

လူသား ပြုလုပ် ပြီး ဖျက်ဆီးအား ကြီးမားလွန်း တဲ့ ဒီအနုမြူလက်နက်ကြီး ဟာ လူသားသမိုင်း မှာ ပထမဆုံး မွေးဖွားဖြစ်ပေါ်ခဲ့တော့တယ်။ ဒါပေမဲ့ ဒီလက်နက်မျိုး ရှေး ရှေးယခင် က ရှိခဲ့ဘူး သလိုကြောက်စရာ ကောင်းလောက်အောင် ဖျက်ဆီး နိုင်စွမ်း ယခုလိုပဲ ရှိခဲ့ပြီး ကမ႓ာ့ လူသား သမိုင်း ကို ပြောင်းလဲစေခဲ့တယ် ဆိုလျင် ယုံနိုင်ကြပါ့မလား !

အနုမြူ လက်နက် ၊ အနုမြူ စစ်ပွဲ ၊ အနုမြူ ဖောက်ခွဲ မှု တွေ ရှေးဟောင်း သမိုင်း တွေမှာ သက်သေ နှင့် တစ်ကွ ရှိ မရှိ သမိုင်းဘီး ကို ပြန်ရစ်ပြီး စမ်းစစ် ကြည့်ကြရအောင်ပါ။

နယူးမက္ကဆီကို မှာ ဒေါက်တာ အိုပင်ဟိုင်းမား စမ်းသပ်ခဲ့တဲ့ ပေါက်ကွဲမှု အရှိန် ပြင်းအား က အစ တစ်သွေမတိမ်း တူညီတဲ့ မှတ်တမ်း ကို ဟိန္ဒူ တွေရဲ့ ဘဂ္ဂဝ ဂီတ ကျမ်း မှာ ပါရှိသလို ဒေါက်တာ အိုပင်ဟိုင်းမား က ဘဂ္ဂဝ ဂီတ ကျမ်း မှာပါရှိ တဲ့စာသား တွေကို သူမှတ်မိနေပြီး " ကျနော်ဟာ အခုဆို ကမ႓ာကြီး ကို ဖျက်ဆီး မဲ့ သေမင်းတစ်မန် တစ်ယောက် ဖြစ်လို့နေပါပြီ " လို့ သူ့ကိုယ်သူ စိတ်မသက်သွာစွာ နှင့် မှတ်ချက်ချ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

မဟာဘရတ နှင့် ဘဂ္ဂဝ ဂီတ ( The Mahabharata and The Bhagavad Gita ) လို့ လူသိများ တဲ့ ဟိန္ဒူ ပိဋကကျမ်း ဟာ ဘီစီ ၂-ရာစု နှင့် ၅-ရာစု အကြား မှာ ရေးခဲ့တယ် လို့ ယုံကြည်ရပြီး မက်ဆိုပိုတေးမီးယား ယဉ်ကျေးမှု ထက် နှစ် ၅၀၀၀ ကျော်စောတဲ့ လွန်ခဲ့တဲ့ နှစ် ၁၂,၀၀၀ က ရှိခဲ့တဲ့ ရှေးဟောင်း အော့ချ်ရာမ ( OJ Rama ) အင်ပါယာ( သို့) ရာမယန ဇတ်တော် အပါ အဝင် ကဗျာ အပိုဒ်ပေါင်း ၁၀၀,၀၀၀ ကျော် ပါရှိ တဲ့ကျမ်းတစ်ခုဖြစ်တယ်။ အဲဒီ ကဗျာရှည်တွေ ကို ဖတ်ကြည့်ရင် ယနေ့ခေတ် စိတ်ကူးယဉ် သိပ္ပံ ဒီပနီ တွေ ဖတ်နေရသလို သိပ္ပံ ရုပ်ရှင် တွေ ကြည့်နေရသလို ခံစားမိပါလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နှစ်ထောင်သောင်း ကဆိုပေမဲ့ အဲဒီတုံး က စစ်ပွဲတွေမှာ အင်အားပြင်း ဖျက်ဆီးနိုင် တဲ့ လက်နက်တွေ နဲ့ နတ်မြင်းပျံ ၊ ဆင်ပျံလှည်းတွေ အသုံးပြုပြီး ကောင်းကင်မှာ စစ်ခင်း တာတွေ ကို အသေးစိတ်ရေးထားလို့ ဖြစ်တယ်။

သူတို့ အသုံးပြုခဲ့တဲ့ အဲဒီ လက်နက်ကို ဘရမာ လက်နက် ( Brahma Weapon ) လို့ခေါ်ပြီး သိပ္ပံ ရုပ်ရှင် Star Wars ထဲမှာ တွေ့ရတဲ့ လက်နက်မျိုး နဲ့ ခပ်ဆင်ဆင် ဖြစ်တယ်။ ဒီလက်နက် အထိခံရ တဲ့ သူတွေဟာ အရှင်လတ်လတ် မီးမြိှုက်လောင်ကျွမ်းပြီး အရည်ပျော်ကျ သွားစေတယ်။ ရှေးဟောင်း အာကာသ ဆိုင်ရာ သီအိုရီ အရ တော့ ဒီလက်နက်ဟာ အစောဦးဆုံး နျူကလီးယား လက်နက် လို့ ယုံကြည်တယ် ၊ အကြောင်းက ကျမ်းမှာ ရေးထားသလို ဒီသေမင်းတမန် လက်နက် တွေ ဟာ ဂျပန်နိုင်ငံ ဟီရိုရှီးမား နဲ့ နဂါဆာကီး က ဂျပန်လူမျိုး တွေ ခံခဲ့ရတဲ့ ပူပြင်းလှ တဲ့ အနုမြူ ရောင်ခြည် သင့်ပြီး သေဆုံးပုံမျိုး နဲ့ တစ်ထေရာတည်း တူနေလို့ ဖြစ်တယ်။

မဟာဘရတ နှင့် ဘဂ္ဂဝ ဂီတ မှာ နျူကလီးယားဗုံး အကြောင်းရေးထားတာ မပါပေမဲ့ စစ်ပွဲတွေ မှာ ပေါက်ကွဲမှုတွေ ၊ ကြီးမား တဲ့ ပေါက်ကွဲမှုတွေ အကြောင်း နဲ့ဒီပေါက်ကွဲမှုတွေဒဏ် ခံရတဲ့ အဖြစ်အပျက်တွေရေးထားတာတော့ နေရာအနှံ့ တွေ့တယ်။ အထောက်အထား တစ်ခု အနေ နဲ့ ကျမ်းမှာ ရေးထား တဲ့ အချက်အချို့ ကို ထုတ်နုတ်ပြရရင် "ပေါက်ကွဲမှု နှင့် အတူ နေမင်း အစင်းတစ်ထောင် တစ်ပြိုင်နက် ထဲ ထွန်းလင်း ထွက်လာသလို တောက်ပပြီး လေမုန်တိုင်း တိုက်ခတ်သကဲ့သို့ သင်ပင်တွေ ယိမ်းယိုင်လဲ ၍ တော်လဲသံ' နှင့် အတူ မီးမုန်တိုင်းအောက် မှာ ရှိသမျှ အကုန် လောင်ကျွမ်း ပျက်စီး ပျောက်ပျက်ကြတော့တယ်။

ဒါ့အပြင်ပေါက်ကွဲပြီးနောက်အသက်ရှင် ကျန်နေ တဲ့ သူတွေ မှာ ဆံပင်တွေ စတင် ကျွတ်လာပြီး လက်သဲ တွေလဲ ကျွတ်ထွက်လာတော့တယ်" ဒီအချက် ကို ကြည့်ခြင်းအားဖြင့် ကိုအနုမြူ ရောင်ခြည်သင့်ခံရတယ် ဆိုတာ နဲနဲလေး ဗဟုသုတရှိရင် ကို မှန်းဆလို့ ရပါပြီ။


အဲဒီလိုတွေသာ တစ်ကယ်ဖြစ်ခဲ့တယ် ဆိုရင် အဲဒီ နေရာတွေ ခု ဒီခေတ် ဘယ်မှာ ရှိသလဲ ! အနုမြူ ရောင်ခြည်သင့်ခံခဲ့ရတဲ့ အဲဒီ နေရာတွေ ကို သိပ္ပံ နဲ့ ဘူမိဗေဒ ပညာရှင် တွေ က စမ်းသပ် စစ်ဆေး အတည်ပြုမှု တွေ ရှိသလား စသဖြင့် နောက်နေ့ဆက်ရေးပါဦးမယ်။

Andrew Soe
၂၇ မတ်လ ၂၀၁၄။






၁၉၂၀ ၊ အင်ဒပ်စ် တောင်ကြား တောင်ပိုင်း ပါကစ္စတန် မှာ ရှေးဟောင်းပညာရှင် နှင့် အစိုးရ အဖွဲ့ဝင်တွေ စမ်းသပ်စစ်ဆေးယင်း မိုဟန်ဂျို ဒါရို ( Mohenjo-daro ) ရှေးဟောင်း မြို့ပျက်တစ်ခု ကို ရှာဖွေတွေ့ရှိတယ်။ ရှေးဟောင်းပညာရှင် တွေရဲ့ အဆို အရ Mohenjo-daro ဆိုတာ သေမင်းတောင်ပို့ "Mound of The Dead" ဟုအဓိပ္ပယ် ရပြီး ဘီစီ ၂၆၀၀ နှင့် ၁၉၀၀ အကြားမှာ စည်ပင်သာယာ တဲ့ မြို့ တစ်မြို့ ဖြစ်ခဲ့တယ် လို့ ဆိုတယ်။ အချို့ပညာရှင် တွေ က ဒါ့ထက် အများကြီး စောမယ် လို့လည်း ခန့်မှန်းကြတယ်။

ရာသီဥတု အပြောင်းအလဲကြောင့် (သို့) ဖြစ်နိုင်ချေ အရှိဆုံးက ကူးသန်းရောင်းဝယ်မှု ကျဆင်းတာကြောင့် မြို့သူမြို့သားတွေ စွန့်ပစ်သွားတယ်လို့ ဆိုရိုး ရှိပေမဲ့ ၁၉၂၀ ခုနှစ် မြို့ပျက် ကို ရှာတွေ့စဉ် တစ်ယောက် လက် ကို တစ်ယောက်မြဲမြဲဆုပ်ပြီး လမ်းမပေါ် မျက်နှာအပ်လျှက် ခလေး တွေ အပါအဝင် အရိုးစု ၄၄-လောင်း ကို ရှာဖွေတွေ့ရှိခဲ့ပြီး သူတို့ မျက်နှာ နဲ့ ခန္ဓာကိုယ်တွေ မှာ ပြင်းထန် တဲ့အဆိပ် သင့်ပြီး ရုတ်တရတ် အသေဆိုး နဲ့သေရတယ် လို့လည်း စစ်ဆေးတွေ့ရှိရတယ်။ မိုဟန်ဂျို ဒါရို မြို့သားတွေ ဘယ်လောက် ကြောက်စရာ ကောင်း တဲ့ အန္တရာယ်တွေ နဲ့ ရင်ဆိုင်ခဲ့ရလို့လဲ ! ယခုအချိန် အထိ ရေ မြေ လေ သဘာဝ ဘေး အန္တရာယ်သာမက သားရဲ တိရိစ္ဆာန်တွေပါ မစား မသောက် မဖျက်ဆီး မပျက်မစီး ပဲ နှစ် ၅၀၀၀ မက အရိုးစု အလောင်းတွေ ရှိနေသေးတာလဲ !

အကြောင်းက တော့အဏုမြူ ဓတ်ရောင်ခြည်တိုင်း ကိရိယာ နှင့် တိုင်းကြည့်ကြတဲ့ အခါ ရေဒီယို သတ္တုကြွ မှုတွေ မြင့်မားစွာ တစ်မြို့လုံး အနှံ့ရှိနေဆဲ ဖြစ်တာ တွေ့ရှိရတော့တယ်။ အဏုမြူ ဆိုတာ ၁၉၄၅ ခုနှစ် မှ လူသား လက်ထဲ ရောက်ပုံ မနေ့ က ရှင်းပြခဲ့တာမို့ လွန်ခဲ့တဲ့ နှစ် ၅၀၀၀ က အခု ဒီဒေသ မှာ အဏုမြူဓတ်ရောင်ခြည် တွေ ရှိနေပြီး ရေဒီယို သတ္တုကြွမှုတွေ ရှိနေတယ် ဆိုတော့ ဟိန္ဒူ ဘဂ္ဂဝတ ဂီတ ကျမ်း မှာ ရေးထားသလို အဏုမြူ လက်နက် တွေ နဲ့အဏုမြူ စစ်ပွဲတွေ ဖြစ်ခဲ့တယ် ဆိုတဲ့ အထောက်အထား တွေ အရဆို ဒီမြို့ ဟာ အဏုမြူ လက်နက် နဲ့ ရုတ်တရက် အတိုက်ခံရပြီး အဏုမြူဒဏ် သင့်ခံခဲ့ရတယ် လို့ သုံးသပ်ရတော့မယ်။

ဗြိတိလျှ လူမျိုး စူးစမ်းရှာဖွေ သူ ဒေးဗစ် ဒါဗင်ပို့ ၁၉၇၉ ခုနှစ် မှာ ရေးခဲ့တဲ့ " Atomic Destruction in 2000 BC " စာအုပ် မှာ " မိုဟန်ဂျို ဒါရို ရှိ ကိုက် ၅၀ ကျယ် တဲ့ အဏုမြူ တိုက်ရိုက် သင့်ခဲ့ တဲ့ နေရာမှာ ရှိသမျှ အရာဝထ္ထု တွေဟာ ပြင်းထန်လွန်းတဲ့ အပူရှိန်ကြောင့် ဓတ်ပြုပြောင်းလဲပြီး ဖန်သား စင်စစ် အသွင်ပြောင်းလဲသွား" တာ ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း မှတ်တမ်းတင်ထားတယ်။

Vitrification ဖြစ်သွားတယ်လို့ခေါ်တယ်။ ဗြိတိလျှ ၊ ပါကစ္စတန် နဲ့ အိန္ဒိယ ရှေးဟောင်း ပညာရှင် တွေ စုပေါင်းပြီး ၁၉၄၀ ခုနှစ် နဲ့ ၁၉၅၀ ခုနှစ် အကြားမှာ အိန္ဒိယ- ပါကစ္စတန် နယ်ခြား မှာ ရှိတဲ့ စင်န် သဲကန္တာရ ( Sian Desert ) မှာ ရှာဖွေတူးဖော် ကြတဲ့အခါ ဟာရပါ ၊ ကို့ဒီဂျီ နဲ့မိုဟန်ဂျို ဒါရို မြို့ အပါအဝင် အဲဒီမြို့တွေ မှာ ရှေးအခါ ကအဏုမြူဒဏ် သင့်ခံခဲ့ရတယ် လို့ ရှာဖွေတွေ့ရှိခဲ့တယ်။ ဒါ့အပြင် အရှေ့အလယ်ပိုင်း နှင့် အာဖရိက ဒေသတွေ မှာ လည်း အဏုမြူဒဏ် သင့်ခဲ့လို့ ဖန်သား စင်စစ် ဖြစ်သွားတဲ့ သဲကန္တာရ တွေ ရှာဖွေတွေ့ရှိရသလို ၁၉၄၅ ခုနှစ် အယ်လ်မ်မက်ဂေါ်ဒိုး ၊ နယူးမက္ကဆီကို က သဲကန္တာရ မှာ အဏုမြူဗုံး စမ်းသပ်ပြီးနောက် တွေ့ရတဲ့ အတိုင်း တစ်ထေရာတည်း တူနေကြတယ်။

ဒီအဖြစ်အပျက်တွေ ဟာ ပညာရှင် တွေ အဆိုအရ အင်ဒပ်စ် တောင်ကြား က မိုဟန်ဂျို ဒါရိုမြို့ ဟာ အဏုမြူဒဏ် သင့်ခံခဲ့ရတာ မှန်ကန်ပါတယ်ဆိုလျှင် ဘယ်က ဒီလက်နက် တွေ ရောက်လာတာလဲ ! ဘယ်သူတွေ အသုံးပြုခဲ့တာလဲ ! ဘာ့ကြောင့်လဲ !
နောက်နေ့ ဆက်ရေးပါဦးမည်။

Andrew Soe
၂၈ မတ်လ ၂၀၁၄။



အဏုမြူ နှင့် ဂြိုလ်သား ပတ်သက်မှု အပိုင်း (၂) မှာ အဏုမြူ ဒဏ် သင့်ခဲ့ရတဲ့ မြို့တွေအကြောင်း ဖော်ပြပြီးနောက် ဘယ်က ဒီလက်နက် တွေ ရောက်လာတာလဲ ! ဘယ်သူတွေ အသုံးပြုခဲ့တာလဲ !ဘာ့ကြောင့်လဲ ! ဆိုတာကို ဆက်ပြောချင်ပါသေးတယ်။

ရှေးဟောင်း အိန္ဒိယ ပိဋိက ကျမ်းဖြစ် တဲ့ မဟာဘာရတ မှာဘဲ အဲဒီ အဖြေ ကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ကျမ်း ရဲ့အဆိုအရ " ကောင်းကင် အမြင့်မှာ တောက်ပ သည့် သံသတ္တု တစ်မျိုးမျိုး နှင့် တည်ဆောက်ထား တဲ့ ကြီးမား တဲ့ မြို့ကြီး သုံးမြို့ ကမ႓ာ ကို ပတ်လျှက် ရှိပြီး ပြီးတော့ အဲဒီ့ မြို့ကြီး သုံးမြို့ အချင်းချင်း ကောင်းကင်မှာ စစ်ခင်းကြတယ်။ ဘုရားတွေ အချင်းချင်း ဘရမာ လက်နက်တွေ နဲ့ ပစ်ခတ်ကျတယ်။လက်နက် အထိခံရလို့ ပျက်စီးသွား တဲ့ မြို့တွေ ဟာ ကောင်းကင်တစ်ခွင် မီးတောက်လောင်ပြီး မီးမိုးရွာသလို မြေပြင်ပေါ်ကို ရွာသွန်းချ ပြီး အားလုံး ကို သေကြေ ပျက်စီး စေတယ်"။

မဟာဘာရတ မှာ ရေးထား တဲ့ ဒီစာပိုဒ် ကို ဖတ်ကြည့်ခြင်း အားဖြင့် ခုခေတ်လူသား မိမိတို့က ဘာ ဆိုတာ ချက်ချင်း ရိပ်မိပေမဲ့ အသိ အမြင် နှုံ့နဲသေး တဲ့ ရှေးဟောင်းလူသားများ အဖို့တော့ ဒီလို နည်းပညာ မြင့်မား တဲ့ အခြား ကမ႓ာက ဂြိုလ်သား တွေရဲ့ အာကာသယဉ်စခန်း တွေကနေ အာကာသယဉ် တွေ ထွက်လာပြီး အချင်းချင်း (သို့) အခြား ဂြိုလ်သား နှင့် တစ်ခြား ကမ႓ာ က ဂြိုလ်သား တွေ ကောင်းကင်မှာ စစ်မက်ခင်းကျင်း ကြတာ ကို "ဘုရားတွေ" စစ်ခင်းတယ် လို့ မိမိမြင်တတ်သလို မှတ်တမ်းတင်ခဲ့တာကြောင့် မဟာဘာရတကျမ်း ရဲ့ ရုပ်ပုံတွေ မှာ နန်းတော်ကြီးတွေ မြင်းပျံ ဆင်ပျံ တွေ ကောင်းကင်ပျံ နေတာတွေ ကို မိမိ တို့ ယနေ့ခေတ် မှာ တွေ့မြင်နေရတာသာဖြစ်ပြီး အခြား ဘာမှ ဖြစ်နိုင်ချေ မရှိပါ။

မဟာဘာရတကျမ်း က အဖြစ်အပျက်မျိုး ခရစ်ယာန် သမ္မာကျမ်း Holy Bible ရဲ့ ကမ႓ာဦးကျမ်း Book of Genesis မှာလည်း တွေ့ရှိနိုင်ပါတယ်။ ဆာဒွန် နှင့် ဂေါ်မိုရာ (Sodom and Gomorrah) မြို့နှစ်မြို့ မှာ လူတွေ အနေအထိုင် မဆင်ခြင်တာကြောင့် ဘုရားသခင် က ကောင်းကင် နတ်သမီးတစ်ပါး စေလွှတ်ပြီး ဖျက်ဆီးခိုင်းတယ် လို့ ပါရှိတယ်။ ဖျတ်ဖျတ်လတ်လတ် ရှိတဲ့ အဲဒီမြို့သား "လော့တ် " နဲ့ သူ့မိသားစု တို့ ထွက်ပြေးကြတဲ့ အခါ နတ်သမီး သတိပေး တဲ့ "ပြေးစရာရှိတာ ပြေး သို့သော် နောက်ပြန်တော့လှည့်မကြည့်နဲ့ ကြည့်မိရင်တော့ ပျက်စီးခြင်းဟာ သင့်ထံ ကျရောက်လာမယ်" ဆိုတာ ကို သူ့မိန်းမက ဂရုမစိုက် လစ်လျူ ရှုခဲ့တယ်။

ဘာနဲ့အလားသဏ္ဌန်တူသလဲဆိုတော့ နျူကလီးယား စမ်းသပ်တဲ့ အခါ ပေါက်ကွဲမှု နှင့် အတူ အဏုမြူ အလင်းဖြာထွက်မှု ကို ခပ်ဝေးဝေး က စောင့်ကြည့်ရင်တောင် မျက်မှန် အမဲတပ်ပြီး ပေါက်ကွဲမှု ဗဟို ကိုရှောင်ပြီး ဘေးကိုသာကြည့်ရတယ်။ ပေါက်ကွဲမှု အနီး မှာ ရှိနေပြီး အခုအခံ လည်း မကာကွယ်ထားဘူး ဆိုရင် အဏုမြူ ရောင်ခြည်သင့်ပြီး သေဆုံးရသလို လော့တ် ရဲ့ မိန်းမ သေဆုံးခြင်း ဖြစ်တယ်။

အဲဒါ ကမ႓ာဦးကျမ်း Book of Genesis မှာ ရေးထားတာဖြစ်တယ်။ စဉ်းစားကြည့်ရင် အလွယ်သိနိုင်တယ် ၊ ဘာကိုဆိုလိုတာလည်း ဆိုတာကို။ သို့သော် အဲဒီခေတ် က လူတွေ တော့ အခုခေတ် လူတွေ လို အဏုမြူ ဗုံး ဆိုတာ မသိကြသေးတော့ ဘုရားသခင်က မီး နဲ့ ဆေး တယ် ၊ နောဧ တုန်းကလို ရေ နဲ့ ဆေးတယ် ဖြစ်ကုန်ရော။ ကျမ်း မှတ်တမ်း အရ ဆိုပေမဲ့ အမှန်တစ်ကယ်လည်း ဒါမျိုး တွေ ဖြစ်ခဲ့တယ်။ ဆိုလိုနေတာ က ရှေးပဝေသဏီ က လူတွေ အလွဲလွဲ အမှားမှား မိမိ သိတဲ့ အဲဒီခေတ် က အသိ တစ်ခု နဲ့ မှတ်တမ်း တင်တာကိုသာ ထောက်ပြနေခြင်းဖြစ်တယ်။

တစ်ကယ်တော့ အဲဒီမြို့ ကို ဖျက်ဆီးခဲ့တဲ့ "နတ်သမီး" ဆိုတာ မဟာဘရတကျမ်း မှာ ပါသလို ဘဲ ပြင်ပ ကမ႓ာ ဂြိုလ်သား ကလွဲ ဘယ်သူမှဖြစ်စရာအကြောင်းမရှိပါ။ စောစောက ပြော တဲ့ ကျမ်းတွေမှာ မှတ်တမ်း တင်ခဲ့တာတွေဟာ အမှန်ဖြစ်တယ် ဆိုတာ နောဧ ခေတ် ရေ နဲ့ ဆေး ပါတယ် ဆိုတဲ့ Great Flood "ရေကြီးမှု " အကြောင်း ဒီနေရာ မှာ တိုက်ဆိုင် လို့ နည်းနည်း ရှင်းပြချင်ပါတယ်။

စက်တင်ဘာ ၂၀၀၀-ခုနှစ် ၊ တူရကီ ရှိ ပင်လယ်နက် မှာ အဏ္ဏဝါ ရှေးဟောင်း သုတေသန ပညာရှင် ရောဘတ် ဘယ်လ်လတ် နှင့် သူ့အဖွဲ့ ဟာ ရေအောက်သိပ္ပံ ရှာဖွေ စူးစမ်းရင်း ပေ ၃၀၀ အောက် ပင်လယ်ကြမ်းပြင် မှာ ရှေးဟောင်း ယာတောအိမ်ဟောင်း တစ်ခု ကို ခြေရာလက်ရာမပျက် ရှာဖွေတွေ့ရှိခဲ့တယ်။ ကာဗွန် စစ်ဆေးမှုအရ ခန့်မှန်းခြေ လွန်ခဲ့ တဲ့ နှစ် ၇၅၀၀ ကျော် ကတည်းက နစ်မြုပ် နေတာ ဖြစ်တယ်။ ဆိုလိုချင်တာ သမ္မာကျမ်း မှာပါရှိ တဲ့ နောဧ ခေတ် ရေကြီးတုန်းက နစ်မြုပ်ခဲ့တဲ့ လယ်တော အိမ်တစ်အိမ် ကို သိပ္ပံ က သက္ကရာဇ် ၂၀၀၀ ခုနှစ် မှာ ရှာဖွေ တွေ့ရှိခြင်းဖြစ်တယ်။

ဘယ်လ်လတ် ကောက်ချက် က ဒီလယ်တောအိမ် ဟာ ရေအောက်မှာ ဆောက်ထားတာတော့ မဖြစ်နိုင်သလို ပင်လယ်နက် ဆိုတဲ့ Black Sea လို့ လူတွေသိတဲ့ အဲဒီ ပင်လယ် ဟာ လွန်ခဲ့တဲ့ နှစ် ၈၀၀၀ (သို့) ၉၀၀၀ က ဖန်တီး မှု တစ်ခုကြောင့် ဖြစ်ပေါ်လာပြီး သဘာဝ ရေကာတာအဆင့်ကနေ ရေတိုးပြီး ရေမျက်နှာပြင် မြင့်တက်လာမှုကြောင့် နေရာ အနှံ့ ရေရောက်ပြီး မြေထဲပင်လယ်ဟာလည်း ပေ-၅၀၀ အနက်နှင့်ခန့်မှန်းချေ စတုရန်းမိုင် ၅၈,၀၀၀ ကျယ်လာတယ် လို့ ဆိုပြီး သမ္မာကျမ်းလာ နောဧ ခေတ် ရေကြီးခဲ့ တဲ့ အဖြစ်အပျက် ဟာလည်း အဲဒီ နေရာမှာ ဖြစ်ခဲ့တယ် လို့ သုံးသပ်တယ်။

တစ်ကြောင်းလည်း အခြား ရှေးဟောင်းသုတေသန တွေ အဆိုအရလည်း မြေထဲပင်လယ်အောက် Mediterranean Sea မှာ နစ်မြုပ်နေ တဲ့ မြို့ပေါင်း ၂၀၀ ကျော် ရှိတယ် လို့ ဆိုပြီး ဒီမြို့တွေဟာလည်း ပင်လယ်နက် ရေကြီး တုန်း က ပါသွား တဲ့ မြို့တွေဖြစ်တယ်။ ကမ႓ာဦးကျမ်း ထဲ မှာ နောဧ ကို ဘုရားသခင် က " အပြစ်ရှိ တဲ့လူသားတွေကို ငါ မြင်တော်မူလို့ အားလုံး ကို ဖျက်ဆီးပစ်ဖို့ ဆုံးဖြတ်တော်မူသည်"
("Then the Lord saw wickedness of man was great," and decide to destroy all of creation") လို့ ပါရှိတယ်။ ဘာတွေလည်း ဆိုတာ ကိုယ့်ဖာသာ ပဲ စဉ်းစား ဆုံးဖြတ် ကြပါ။ မိမိ က သမိုင်းဆိုင်ရာ သိပ္ပံ က တွေ့ရှိမှု အချက်အလက်တွေ ကိုပဲ အပင်ပန်းခံ ရှာဖွေ လေ့လာ ရေးသားပါသည်။ ဘာသာရေး ဆိုင်ရာ ယုံကြည်မှု တွေ ကို ပွန်းပဲ့ စေလိုခြင်း အလျင်း မရှိပါ။

Andrew Soe
၃၀ မတ်လ ၂၀၁၄။


ဒီကဏ္ဌမှာ တော့ လူ အတော်များများ မသိသေးတဲ့ နောဧ ရဲ့ လျှို့ဝှက် အကြောင်း နဲ့ အစပျိုး ပါရစေ။

အများသိတော်မူကြတဲ့ အတိုင်း ကမ႓ာကြီး တစ်ခုလုံး ရေလွှမ်းမိုးမှု ဖြစ်တဲ့ အခါ လူဦးရေ အသစ်တစ်ဖန် တိုးပွါးဖို့ အတွက် နောဧ နဲ့ သူ့မိသားစု အပြင် ကမ႓ာ ပေါ်ရှိ သက်ရှိ သတ္တဝါ ဖိုမ မျိုးစုံ ကို Noah Ark လို့ ခေါ် တဲ့ သမ္မာကျမ်းစာပါ Noah မိသားစုကို ရေကြီးခြင်းမှ ကယ်တင် ခဲ့တဲ့ လှေကြီး နဲ့ ထွက်ပြေး လွတ်မြောက် သွားခဲ့ကြတယ်။

ဒါပေမဲ့ လူအများ သိတော်မမူကြ တဲ့ အထဲက ဖုံးကွယ် ထားသည့် သမိုင်းဆိုင်ရာ အချက် အချို့ ကို ထုတ်နုတ်ပြောရလျင် ၊ နောဧ ဟာ သူတော်ကောင်း တစ်ယောက်ဖြစ် လို့ ရွေးချယ်ခံခဲ့ရတာလား ! ဒါမှမဟုတ် အခြား အကြောင်း တစ်ခု ဖြစ်သည့် ကမ႓ာကြီး ကို ကယ်တင်စောင့်ရှောက်ဖို့ ရွေးချယ်ခံခဲ့ရတာလား ဆိုတာ စမ်းစစ်ကြည့်ကြ ရအောင်ပါ။

သမ္မာကျမ်းစာ မှာ သူ့အကြောင်း အပြည့် အစုံ ဖော်ပြနိုင်ခြင်း မရှိဘူး လို့ ယုံကြည်စရာ ဖြစ်တာ က ၁၉၄၀ နှင့် ၁၉၅၀ ခုနှစ် အကြား မှာ ပါလက်စတိုင်း နယ်မြေအပိုင် ၊ ယခင် ဂျော်ဒန်ဘက် အခြမ်း နှင့် ယခု အစ္စရေးလ် ရဲ့ အသိမ်းပိုက်ခံ နယ်မြေ ဖြစ် တဲ့ West Bank လို့ ခေါ် တဲ့ အနောက်ကမ်းပါး က လှိုင်ဂူ တစ်ခု မှာ ပင်လယ်သေ ပုရပိုဒ်( Dead Sea Scrolls ) လို့ ခေါ် တဲ့ နောဧ နဲ့ ဆိုင် တဲ့ ပုရပိုဒ် တွေ ကို ရှာဖွေတွေ့ရှိခဲ့တယ်။

အဲဒီ ရှေးဟောင်း ပုရပိုဒ် တွေဟာ ပုံမှန် ရိုးရာ ဟီဘရူး ကျမ်းမှာ တွေ့နေကျ မဟုတ် တဲ့ ပုရပိုဒ် တွေ ဖြစ်တယ်။

နောဧ ရဲ့ ထူးဆန်း အံအားသင့်ဖွယ်ကောင်းသော မွေးဖွားပုံ နှင့် ပတ်သက်ပြီး ရေးထားတာ က " Dead Sea Scrolls " (သို့) "The Lemech Scroll" မှာ Lemech ဆိုတာ "သိုးကျောင်းသား" ဖြစ်တယ်။ တစ်နေ့ သူ့မိန်းမ Bathenosh က သူ့မှာ ကိုယ်ဝန် ရှိကြောင်းပြောတော့ "အာ ဒါမဖြစ်နိုင်ဘူး ၊ ငါ နင် နဲ့ မရှိဘဲ သိုး ကျောင်းသွားနေတာ တစ်လ ကျော်သွားပြီ" ဆိုတော့ မိန်းမ က "ကျမ ကျိန်ပြောပါတယ် ၊ ဘယ်သူမှ ကျမ ကို မထိပါ" လို့ ဆိုပေမဲ့ Lemech က သူ့မိန်းမ ကို မယုံကြည်တော့ပဲ သူ့အဖေ ဖြစ်တဲ့ Methuselah ဆီကို သွားပြောတဲ့ အခါ သူ့အဖေ က " Lemech ဒီကိစ္စ ငါ လဲ နားမလည်သလို မင်းကို မကူညီနိုင်ဘူး ၊ မင်း မိန်းမပြောသလို သူ့ကို ဘယ်သူမှ မထိတာ ငါ ယုံသလို မင်းကိုလည်း ငါ ယုံတယ် ၊ ငါ ဘာလုပ်ရမလဲ" အဲဒါ နဲ့ သားအဖ နှစ်ယောက် Enoch "အီနော့ခ်" ဆီသွားကြတယ်။ "အီနော့ခ်" ဆိုတာ Lemech ရဲ့ အဖိုး Methuselah ရဲ့ အဖေဖြစ်တယ်။

("အီနော့ခ်" နှင့် ပတ်သက်ပြီး ကဏ္ဌ တစ်ခု မှာ ရေးဘူးတယ် သူဟာ တစ်မန်တော် တစ်ပါး ဖြစ်သလို သလို သူကိုယ်တိုင် ရေးခဲ့ တဲ့ Book of Enoch ကျမ်း ဟာ ထင်ရှားတယ် )**

"အီနော့ခ်" က ဒီကိစ္စ သဘောပေါက်ပြီးဖြစ် လို့ သူတို့ သားအဖ နှစ်ယောက် ကို ပြောတာက " ဒီခလေး ဟာ ကောင်းကင် က စောင့်ရှောက် တဲ့ ခလေး ဖြစ်ပြီး Artificial Insemination လို့ ခေါ်တဲ့ "မေထုန်မဲ့ နည်းပညာ" နဲ့ မင့် မိန်းမ ဝမ်းဗိုက် ထဲ ထည့်ပေးလိုက်တာ ကြောင့် မင်းဟာ ဒီခလေး ကို လက်ခံရမယ် ဖြစ်သလို ဒီခလေး ဟာလည်း' လူသား မျိုးဆက်သစ် ရဲ့ ဖခင် ဖြစ်လာလိမ့်မယ်" လို့ ဆိုခဲ့တယ်။

အဲဒီ ခလေး ဟာ သမ္မာကျမ်းစာ မှာပါတဲ့ " နောဧ " ဖြစ်တယ်။ ရှေးဟောင်း အာကာသဆိုင်ရာ သီအိုရီ သမား တွေ ကတော့ "The Lemech Scroll" မှာပါသလို Lemech ရဲ့ ခလေးဟာ ကောင်းကင်က စောင့်ရှောက်ခြင်း ခံထားရတယ် ဆိုလျင် ၊ ပြီးတော့ "မေထုန်မဲ့ နည်းပညာ" နဲ့ မျိုးရိုးဗီဇ စမ်းသပ် ဖန်တီးခြင်း ခံခဲ့ရတယ် ဆိုလျင် "ပြင်ပ ကမ႓ာ ဂြိုလ်သား" မဖြစ်နိုင်ဘူးလား ! ဖြစ်နိုင်တယ် ဆိုလျင် လည်း ဘာဖြစ်လို့ "Great Flood" ရေလွှမ်းမိုး စေခဲ့တာလဲ ! စသဖြင့် စောကြောစရာ အများအပြား ရှိလာပြီ ဖြစ်တယ်။

ရေလွှမ်းမိုး ရတဲ့ အကြောင်း ကို ကျွနု်ပ် တို့ နားလည်ဖို့ လိုတာက နောဧ ဆိုတာ လူသား မျိုးဆက် အစစ်အမှန် ဖြစ်တာ ကို မသိကျိုးကျွံပြုလို့ မရဘူး။ "Pure in all his generations" " မျိုးဆက် အစစ်အမှန် " ဆိုတဲ့ စာသား သမ္မာကျမ်း မှာ သေသေချာချာ မီးမောင်း ထိုးပြထားတယ်။ ကျမ်း အရလည်း "လူတွေ ရဲ့ အကျင့်ပျက် ခြစားမှု ကြောင့် ဘုရားသခင်က ရေလွှမ်းမိုးစေတယ်" ဆိုတာလည်း သေသေချာချာ ရေးထားတယ်။

ဒါပေမဲ့ ရှေးဟောင်း အာကာသဆိုင်ရာ ပညာရှင်တွေကတော့ တစ်ကယ် ရေလွှမ်းမိုး ရတာ ကမ႓ာပေါ် မှာ ယခင် ရှိနှင့်နေခဲ့ တဲ့ ဇီဝဗေဒ ဆိုင်ရာ အပြစ်အနာ အဆာ ရောဂါပိုးမွှား တွေ ကို ရှင်းထုတ်လိုက်တာ က ပိုဖြစ်နိုင်ချေရှိတယ် လို့ သုံးသပ်ကြ သလို ယခင်ကထက် သာလွန်ကောင်းမွန်သည့် မျိုးရိုးဗီဇ မျိုးစိတ် အသစ် တစ်ခု နှင့် လူသား ကမ႓ာ ဖြစ်ဖို့ နောဧ ကိုဖန်တီး အသုံးပြုတယ် လို့လည်း သုံးသပ်ကြတယ်။ ခေတ် အမြင် နဲ့ ရိုးရိုး သုံးသပ်လျင်တောင် မိမိ တို့ ရဲ့ အချို့ လူသားတွေဟာ ခေတ်နောက်ပြန်ဆွဲပြီး တိရိစ္ဆန် တွေလို ပြုမူကျင့်ကြံ နေကြတယ် ဆိုလျင် မိမိ တို့ ဘာလုပ်ကြမလဲ ! ရှင်းထုတ်ပစ်ရမှာပဲလေ။ အခုဟာ က ရှိသမျှ လူသား တစ်ရပ်လုံး ဖောက်ပြန်နေတယ် ဆိုမှ တော့ ရေ နဲ့ဆေးထုတ်ပြီး အသစ်ပြန်စ တာ ဘာမှ မဖြစ်နိုင်စရာ မရှိဘူး လို့ မိမိ တော့ ခံယူတယ်။
နောက်နေ့ ဆက်ရေးပါဦးမည်။

Andrew Soe
၃၁ မတ်လ ၂၀၁၄။




နောဧ နှင့် ပတ်သက်ပြီး ဟီဘရူးကျမ်း ၊ သမ္မာကျမ်း နှင့် ကုအာန်ကျမ်း ပါ အဖြစ် အပျက်တွေကို လူအတော်များများ ကြားဘူးနားဝ ရှိသလို ရင်းနှီးပြီးသား ဖြစ်နေလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျမ်း မှာ ပါသည် ဆိုသည် နှင့် လူအများ ယုံကြည်သဒ္ဒါ လွန်ကဲမှုကြောင့် ဖြစ်နိုင် မဖြစ်နိုင် ၊ မှန်၏ မှား၏ ဆင်ခြင် တွေးတော ဝေဖန်ရဲခြင်း မရှိတာ လည်း အစဉ်အလာ တစ်ခုလိုဖြစ်နေတာ ကြာပါပြီ။

ဒီကနေ့ တော့ နောဧ ရဲ့ လွတ်မြောက်မှု ကို ဘာသာရေး အနှောင်အဖွဲ့ အမြင် နှင့် မဟုတ်ဘဲ အလွတ်သဘော မိမိ ဦးနှောက်အမြင် နဲ့ပဲ မြင်ကြည့်ဖို့ တောင်းဆိုချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဘာသာရေး အမြင် နဲ့ သိပ္ပံ အမြင် က အရမ်းကို ကွာဟနေလို့ ကြိုတင် ရှင်းလင်းရခြင်း ဖြစ်တယ်။ ဘုရားသခင် က နောဧ ကို အမိန့်ပေးရာမှာ သက်ရှိ သတ္တဝါ တိရိစ္ဆန် ၊ ငှက် ၊ ပိုးမွှား အပင် မျိုးစေ့ အားလုံး တစ်စုံဆီ စုဆောင်းပြီး လှေကြီး နှင့် အတူ သယ်ဆောင်သွားဖို့ ညွန်ကြားခဲ့တယ်။

ဘာသာရေး အမြင် သီအိုရီ အရ သဘောတူနိုင်ပေမဲ့ လက်တွေ့ ရုပ်ပိုင်းဆိုင်ရာ ဇီဝပိုင်း ဆိုင်ရာ အရ တော့ မဖြစ်နိုင်ဘူးလို့ ပညာရှင် တွေ က ဆိုပါတယ်။ ဒါဆိုလျင် သိပ္ပံနည်းကျကျ အခြား ဖြစ်နိုင်စရာတွေ ရှိ မရှိ ကို ကြည့်ကြရအောင်ပါ။ ကမ႓ာပေါ်က ရှိရှိသမျှ သက်ရှိ သတ္တဝါ အမျိုးမျိုး က အပင် ပိုးမွှား ငှက် ဖိုမ တစ်စုံဆီ သယ်ဆောင်သွားဖို့ လှေဟာ ဧရာမ မက ကြီးမားယုံ မရသလို ကမ႓ာဂြိုလ် ပေါ်မှာ ရှိရှိသမျှ ဒီသတ္တဝါ တွေကို ဘယ်လို ရှာဖွေ စုဆောင်း ပြီး သင်္ဘော ပေါ် ဘယ်လို တင်ဆောင် မှာလည်း ဆိုတာ အတွေး နဲ့တင် ဖြစ်နိုင်စရာ လုံးဝ မရှိနိုင်ပါ။ အဲတော့ ဒီတစ်ခါလည်း ပြီးခဲ့သည့် အပိုင်းတွေ မှာ တင်ပြထားသလို ရှေးခေတ်လူသားများ နည်းပညာ နားလည်မှု လွဲမှား မှတ်တမ်း တင်မိတယ် လို့ ဆိုရမယ် ဖြစ်တယ်။
 
တစ်ကယ်တော့ နောဧ ရဲ့ လှေကြီးဟာ မျိုးဗီဇ စုဆောင်းရာ ဘဏ် တစ်ခု ဖြစ်တဲ့ ( Noah's Ark was a DNA bank ) သာ ဖြစ်ပါတော့တယ်။ ရေလွှမ်းမိုးမှုလည်း အမှန်တစ်ကယ် ဖြစ်ခဲ့သလို တိရိစ္ဆာန် မျိုးစုံလည်း တစ်ကယ်ယူဆောင်သွားတယ် ဆိုလျင်တော့ ဒါဟာ ဖြစ်နိုင်ချေ အရှိဆုံး ဖြစ်ပြီး နောဧ ဟာ အဲဒီအချိန်ကာလ မှာ မရှိသေး တဲ့ ဒီနည်းပညာကို ပြင်ပ ကမ႓ာ ဂြိုလ်သား တွေဆီ က ရခဲ့လို့ သာ ဖြစ်တယ်။ မိမိတို့ထက် နည်းပညာ အဆင့် များစွာမြင့်လို့ ရှေးနှစ်ပေါင်း ထောင်သောင်းမက ကနေ ယနေ့ထိ လာရောက်နေ တဲ့ အခြား ကမ႓ာ က ဂြိုလ်သား တွေဆီ မှာ ဒီလို နည်းပညာ ရှိတာ ကြာပြီ ဖြစ်ပေမဲ့ မိမိ တို့ဆီမှာ မနေ့ တစ်နေ့ ကမှ ဒီနည်းပညာ ရှိပြီး နောဧ ကို ကူညီခဲ့တဲ့ ပြင်ပ ကမ႓ာ ဂြိုလ်သား နှင့် မျိုးဗီဇဘဏ် လိုမျိုး မိမိတို့ထံ မှာ ယခု ရှိနေပြီ ဖြစ်တာ ကို သုံးသပ် ဆင်ခြင်နိုင်ပါတယ်။

၂၀၀၈ ခုနှစ် အာတိတ်ကျွန်း ဆဗောဘတ် ( Svalbard ) မှာ ကမ႓ာပေါ် ရှိရှိသမျှ အပင် နှင့် အပင်မျိုးစေ့ တွေ သိုလှောင်ရာ မီးခံ သေတ္တာ သဘော ရေခဲပြင်အောက်မှာ အမေရိကန် အကူအညီ နဲ့ နော်ဝေး က အဆောက်အဦးကြီး တစ်ခု တည်ဆောက် စုဆောင်း ထားရှိပါတယ်။ အကြောင်း က ကမ႓ာပျက်လျင် ပါမသွားဘဲ ကျန်ရှိနေအောင်ထားရှိသည့် စီမံကိန်း တစ်ခုဖြစ်တယ်။နောက်ပိုင်း လျှို့ဝှက် သတင်း တွေ အရ တိရိစ္ဆန် အမျိုးမျိုးနှင့် လူသား မျိုးဗီဇ တွေလဲ ပါဝင်တယ်လို့ သိရပြီး လူသိ အင်မတန်နဲတဲ့ စီမံကိန်း တစ်ခု လည်း ဖြစ်လို့နေတယ်။ သဘာဝ သမိုင်း ဆိုင်ရာ လန်ဒန် ပြတိုက် ၏ Frozen Ark Project ပရိုဂရမ် အရ နောင်လာ နောက်သားများ အတွက် ရည်ရွယ်ပြီး ထောင်နှင့် မက မျိုးဗီဇ တွေ ကို ဖန်ပြွန်ငယ် တစ်ခုထဲ သိုမှီး သိမ်းဆည်း နိုင်တဲ့ နည်းပညာ အပါ အဝင် အဲဒီ စခန်းမှာ ပါဝင်ကူညီလျှက်ရှိတယ်။

ဒါကြောင့် နောဧ အနေနဲ့ သက်ရှိ တွေ အားလုံး ဧရာမ လှေကြီး တည်ဆောက်ပြီး သယ်ဆောင် နေစရာ တောင် မလိုအပ်ပဲ အဲဒီ မျိုးဗီဇ စုဆောင်းထားရာ ဖန်ပြွန် အနည်းငယ် သယ်ဆောင်သွားယုံနဲ့တင် ယခု မျက်မှောက် မိမိ တို့ ခေတ် မှာ မြင်နေရ တဲ့ တိရိစ္ဆာန် တွေဟာ ဒီလိုနည်း နဲ့ မျိုးဆက် မပြတ် ရှိနေတာ ဖြစ်တယ်ဆိုလျင် ဝီစိကိစ္စာ အလျင်းကင်းမယ် လို့ မြင်ပါတယ်။ နည်းပညာ ကြောင့် မိမိတို့ရဲ့ ရှေးဟောင်းလူသားတွေကိုချည်း အပြစ်ပုံချ မနေပဲ သူတို့တစ်တွေ ဘာကိုဆိုလိုချင်တာလည်း ဆိုတာ မိမိတို့ က " ရုပ်လုံးပေါ် " အောင် မြင်တတ် တွေးတတ်ဖို့က မိမိတို့ တာဝန်သာလျှင် ဖြစ်တယ်။

ဒါကြောင့် ဟိန္ဒူ ၊ ဂျူး ၊ ခရစ်ယာန် ၊ အစ္စလာမ် စတဲ့ ကျမ်း တွေ ဆီက နည်းပညာ အနှစ်တွေ ကို ထုတ်ယူတတ် တဲ့ အမေရိကန် နဲ့ဥရောပ သား တွေက ယနေ့ ထိပ်ဆုံးမှာ ရှိနေပြီး မိမိတို့က ရွတ်ဖတ် သရဇ္ဇယ် နေယုံ နဲ့ နိဗ္ဗာန် ရောက်နိုင်တယ် ဆိုတဲ့ အမြင်ဟာ လက်တွေ့ ဘဝ မှာ အလွန်ကွာဟလျှက်ရှိပြီး ခံဖက် ကချည်း ပဲ ဖြစ်နေတာတွေကိုလည်း သုံးသပ်တတ်ဖို့ လိုပါတယ်။ ရှေးဟောင်း ဂြိုလ်သား တွေရဲ့ မေထုံမဲ့ နည်းပညာ ၊ ရှေးဟောင်း မျိုးဗီဇဘဏ် စတဲ့ အတွေး အခေါ် တွေဟာ ကျမ်းစာတွေ အပေါ် မိမိတို့ နားလည်ခြင်း ကို အထောက်အကူ ပြုစေနိုင်ပါသလား ဒါမှမဟုတ် မိမိ တို့ လူ့ဘောင် လူ့လောကကြီး ကို တိုးတက် ပြုပြင်ပြောင်းလဲစေ တဲ့ သူတို့ရဲ့ အကူအညီ တွေ က ယုံကြည်ဖွယ် ဖြစ်နိုင်ချေ ရှိသလား နောက်နေ့ ဆက်ရေးပါဦးမည်။

Andrew Soe
၁ ဧပြီ ၂၀၁၄။


No comments:

Post a Comment

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...