Wednesday, April 29, 2015

ဆူနာမီနှင့် ပြင်ပ ဂြိုလ်သား (ရေးသူ- Andrew Soe)



(ဆရာ Andrew Soe ၏ ခွင့်ပြုချက်ဖြင့် ဖေါ်ပြပါသည်။)


၁၁ မတ်လ ၂၀၁၁
သောကြာနေ့၊ ဂျပန် နိုင်ငံ။

အရှေ့မြောက်ဖက် ဂျပန် ကမ်းရိုးတန်းမှ ၄၃-မိုင် အကွာ ပင်လယ်ကြမ်းပြင်မှ ရုတ်တရတ် ကြီးမားစွာ ပေါက်ကွဲမှုကြောင့် ၈. ၉ မဂ္ဂနီကျူဒ် ပြင်းအားရှိ မြေငလျင်ကို ဖြစ်ပေါ် စေခဲ့ပါတယ်။ မိုင် ၂၀၀ အကွာအဝေးမှာ ရှိသော တိုကျိုမြို့ရှိ အဆောက်အဦးများ ပြင်းပြင်းထန်ထန် လှုပ်ခါခဲ့တယ်။
မြေငလျင်လှုပ်ပြီး မိနစ် (၃၀) အကြာမှာ ဂျပန် မြောက်ဖက် ကမ်းခြေကို ပေ ( ၃၀ ) အမြင့်ရှိ ဆူနာမီ ရေလှိုင်း ရိုက်ခတ်ခြင်းခံခဲ့ရပြီး ကုန်းမြေ အတွင်းပိုင်း ( ၆ ) မိုင် အထိ ရေလှိုင်း ရောက်ရှိခဲ့၍ ရေလမ်းကြောင်းဖြတ်ရာအတွင်း ရှိသမျှ အရာ အားလုံး လူနေ တိုက်တာ အဆောက်အဦး အစ သင်္ဘောကြီးငယ်မော်တော်ကား၊ လေယဉ်ပါမချန်
တံမြက်စီး လှဲသလို ရှင်းလင်း ဖျက်ဆီးပစ်ခဲ့တယ်။ တရားဝင် သတင်း ထုတ်ပြန်ချက် အရ လူပေါင်း ၁၉,၀၀၀ ဦး အသက် ဆုံးရှုံးခဲ့ရပါတယ်။

ကျိုတို သတင်း အေဂျင်စီ အရ ဆူနာမီ ဖြစ်ပြီး ရက်ပိုင်း အတွင်းမှာ ထောင် နှင့် ချီသော UFO (သို့) အမျိုးအမည်မသိ ပျံသန်းနေသော ယဉ်များ ဂျပန်နိုင်ငံ ကောင်းကင်ယံမှာ မြင်ရတယ်လို့ ထုတ်ပြန်ခဲ့တယ်။ အကယ်၍ အဲဒီ သတင်းမှန်ခဲ့လျင် ဘာကိုဆိုလိုချင်တာလဲ၊ တွေးတော သိချင်စရာပါ။
အခြား ကမ႓ာမှ ဂြိုလ်သားများက မိမိတို့ လူသားများ ဒုက္ခရောက် သေကျေပျက်စီး နေတာတွေကို စိတ်ဝင်တစား ကျေကျနပ်နပ်ကြီး လာကြည့်တာလား၊ စပ်စပ်
စုစု စူးစမ်း လေ့လာတာလား၊ ဒါမှမဟုတ် သူတို့ကိုယ်တိုင်ဘဲ သေစေချင်လို့ ဆူနာမီ ဖြစ်အောင် ဖန်တီးခဲ့တာလား၊ လူသားတွေ လိုက်မမီ နိုင်တဲ့ အဆင့်မြင့်
ပညာစွမ်းအားတွေ ရှိကြသည်မို့ မဖြစ်နိုင်ဘူး ပြောရန်လည်း ခက်သလို ဟုတ်တယ်ဆိုပြန်လျင်လည်း လူရီစရာ ဖြစ်နိုင်တာမို့ဒီထက်ပြည့်စုံပြီး ထင်သာမြင်
သာ ရှိသောသက်သေတွေ ရှိ မရှိ ရှာဖွေ ကြည့်ကြရအောင်ပါ။



ကရိကျွန်း ( Crete Island )၊ မြေထဲပင်လယ် အလယ်လောက်မှာ ရှိသော ဂရိ နိုင်ငံ ရှိ ကျွန်းတွေ အထဲ မှာ အကြီးဆုံး ကျွန်းတစ်ခု ဖြစ်တယ်။
၃၆၅ - အေဒီမှာ ကရိကျွန်း သည် ဘိုင်ဇင်တိုင်း အင်ပါယာ (Byzantine Empire) ၏ ပြည်နယ် တစ်ခုအဖြစ် ထင်ရှား စည်ပင်ခဲ့ပြီး ရေအောက်မြေငလျင် နှင့် အတူ ဆူနာမီ ကြောင့် ပျက်စီးခဲ့ရပါတယ်။ ရောမ သမိုင်းကြောင်း အရ အဲဒီ ဆူနာမီလှိုင်းဟာ အီဂျစ်နိုင်ငံ အလက်ဇဒြီးယားမြို့ အပါအဝင်မြေထဲပင်လယ် ကမ်းရိုးတမ်းရှိ မြို့များအထိအကြီးအကျယ်ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့တယ်လို့တွေ့ရတယ်။ ၈.၀ ရစ်ချတ်တာစကေး ပြင်းအားရှိခဲ့သလို ၉ -မီတာ အမြင့် ဆူနာမီ ရေလှိုင်းဖြစ်ပေါ်ခဲ့ပြီး ကျွန်း တစ်ကျွန်းလုံး ရေလှိုင်းဒဏ် ခံခဲ့ရတယ်။ အဲဒီ ခေတ်ကာလ အရ သာမန် ဖြစ်ရိုးဖြစ်စဉ် တခု မဟုတ်သည့် အံ့မခန်း ဖြစ်ရပ်လို့ ဆိုနိုင်တယ်။
ရှေးဟောင်း ဂရိ လူမျိုးတွေကတော့ ဒီလိုမြေငလျင်ကို ဖြစ်ပေါ်စေတာဟာ ပင်လယ်ကို ပိုင်စိုးတော်မူသော ပိုဆိုက်ဒွန် (Poseidon) နတ်ဘုရားကြောင့် လို့မှတ်ယူကြတယ်။
ဂရိ ဒဏ္ဍာရီအရ ပိုဆိုက်ဒွန်ကို "ကမ႓ာကို လှုပ်ခါသူ"အဖြစ်သိရှိကြပြီး သူ့လက်မှာ စွဲကိုင်ထားတဲ့ ခရင်းသုံးဂွ ပုံသဏ္ဌန်လက်နက် နဲ့ မြေငလျင်၊ ပင်လယ်မုန်တိုင်းနှင့် ကြီးမားသည့်ရေလှိုင်းတွေကို ဖန်တီးနိုင်တယ်လို့ အဆိုရှိတယ်။ ရှေးဟောင်းလူသားတွေ အနေနဲ့ ဒီလို ဘေးအန္တရယ်တွေကို နတ်တွေ၊ ဘုရားတွေက ဖန်ဆင်းတယ်လို့ ယုံကြည်ပြီး ကိုးကွယ် ပူဇော်ပသတာတွေဟာလဲ အပြစ်ပြောစရာမရှိသလိုကျိုးကြောင်း ညီညွတ် ယုတ္တိတန်တယ်လို့ ယူဆလို့ ရပါတယ်။
တစ်ကြောင်းလည်း အဲဒီ အချိန်က ဗာဟီရဝါဒ (Paganism) က မြေထဲပင်လယ် တစ်ဝိုက်ထွန်းကားနေတာမို့ အဲဒီဒေသတွေ အားလုံးရေလွှမ်းမိုးဖျက်ဆီးခံရပြီး ခေတ်မှီတဲ့ ခရစ်ယာန်ဝါဒ ရှင်သန် ဩဇာ သက်ရောက်ဖို့ ဖြစ်ပျက်ခဲ့တယ်လို့ယူဆမည်ဆိုလည်း ယူဆနိုင်တယ်လို့ ဆိုပါတယ်။

အထက်မှာ ဖော်ပြခဲ့သလို ပိုဆိုက်ဒွန်မှာ ခရင်းသုံးဂွ ပုံသဏ္ဌန် (Trident) စွမ်းအားရှိ လက်နက် နဲ့ ကြီးမားတဲ့ ဘေးအန္တရယ် ကျရောက်အောင်လုပ်နိုင်တယ်လို့ ဆိုလျင် ဒါဟာ အဆင့်မြင့်နည်းပညာ တစ်ခု အဖြစ် မမြင်ကြဘဲ မိမိတို့နားလည်နိုင်စွမ်းမရှိတာနဲ့တင် လက်တွေ့မမြင်ရတာခြင်းအတူတူ နတ်တွေ၊ ဘုရားတွေလို့ ထင်မြင် နေတာထက် အခြားကမ႓ာက အဆင့်မြင့်ဂြိုလ်သားတွေလို့ ထည့်သွင်းစဉ်းစားလျင် ပိုသဘာဝမကျဘူးလား၊ ဖြစ်နိုင်ချေမရှိဘူးလားလို့လည်း ပညာရှင် အချို့ ကစော ကြောကြပါတယ်။
ဂရိ နတ်ဘုရားတွေ ကိုင်စွဲခဲ့တဲ့ လက်နက် အမည်တွေ အတိုင်း ဒီကနေ့ မော်ဒန်ခေတ်မှာ အမေရိကန်ရေတပ်က တပ်ဆင်ထားတဲ့ရေငုတ်သင်္ဘောမှ ပစ်ခတ်နိုင်စွမ်းရှိသည့်
နှူကလီးယား ထိပ်ဖူးတပ် ဒုံးပျံ ကို ( Posei-don ) နဲ့ ( Trident ) လို့အမည် ပေးထားတာ သာမန် တိုက်ဆိုင်မှုမျိုးတော့ မဟုတ်ပါ။

ရှေးဟောင်း ဂြိုလ်သားဆိုင်ရာ သီအိုရီ သမားတွေကတော့ ဒီလို ဧရာမ ဘေးအန္တရယ် တွေဖြစ်တဲ့ မြေငလျင် ၊ ဆူနာမီ စတာတွေ ဟာအခြား ကမ႓ာက ဂြိုလ်သားတွေ အစပျိုး
လက်ချက် မကင်းဘူးလို့ ယူဆကြတယ်။ သူတို့ ထောက်ပြတဲ့ အချို့ အချက်အလက်တွေကို ပြန်ကြည့်တဲ့ အခါ ယနေ့ခေတ် မော်ဒန် စစ်ရေး အဆင့်မြင့် နည်းပညာတစ်ခု ဖြစ်
သည့် ပြင်းအားဖျက် စွမ်းအား အဖြစ် ရာသီဥတုကို လက်နက်သဖွယ် အသုံးပြု ဖန်တီးမှုတွေ အမေရိကန် စစ်တပ်မှာ ရှိနေပြီး အသုံးလည်း ချခဲ့သလို ဆက်လက် အသုံးပြုလျှက်ရှိနေတယ်ပြောလျှင် သင် ယုံနိုင်ပါ့မလား။

ညနေ ၄ နာရီ ၅၃ မိနစ်၊
၁၂ ဇန်နဝါရီ ၂၀၁၀ ခုနှစ်၊
ဟေတီ နိုင်ငံ။
မြို့တော် ပေါ်တိုပရင့်စ် ( Port Au Prince ) ကိုပြင်းအား ၇. ၀ မဂ္ဂနီကျူဒ်ရှိ မြေငလျင် ဝင်ဆောင့်ခြင်း ခံရသည်။ နှစ်ပေါင်း ၂၀၀ အတွင်း ဆိုးဝါးစွာဖျက်ဆီးခံရခြင်းလည်းဖြစ်သည်။
မြေငလျင်ကြောင့် လူတွေ အသေ အပျောက်များခဲ့ တာ မဟုတ်ဘဲ မြေပြိုမှုကြောင့်အဓိက အသက်ဆုံးရှုံးခဲ့ရခြင်းသာဖြစ်၍ သဘာဝဘေး အန္တရယ်လို့ သတ် မှတ်ခြင်းမျိုးဖြစ်ပြီး မြေပြိုမှု နှင့်အတူ လူနေတိုက်တာ အဆောက်အဦးတွေ ပြိုပျက်ပြီး လူတွေပိသေကြရတာကြောင့် ဧရာမ ကပ်ဘေးအန္တရယ်အဆင့်ဟု ထပ်မံ သတ်မှတ်ရခြင်း ဖြစ်သည်။ ဒေသ အတွင်း သာသနာပြု အဖွဲ့များ ၏သတင်း အစီရင်ခံစာ အရ ဗီဒီယိုတိပ်ထဲမှာ မြေငလျင် မလှုပ်ခင် ၂၄-နာရီ အလိုခန့်က ဟေတီ ကောင်းကင်ယံ မှာ မီးစုန်းဘောလုံး အနီရောင်တွေ လွင့်မျောနေတာမြင်ရတယ်လို့ ဆိုသလို မျက်စိနဲ့မြင်ခဲ့ကြ တဲ့သက်သေတွေလည်း အများ အပြားရှိခဲ့ပါတယ်။

မြေငလျင်နှင့်ယူဖိုး ဆက်စပ်မှု သတင်းပေးမှုတွေ သမိုင်းတလျှောက်မှာ အများအပြားရှိခဲ့သော်လည်း သက်ဆိုင်ရာ အစိုးရများနှင့် သိပ္ပံပညာရှင် အများစုတို့က လျစ်လျူ ရှုခဲ့ကြပြီး ၂၂ စက်တင်ဘာ ၁၉၆၆ ခုနှစ်၊ မနက်လင်းအားကြီး အချိန် ၃ နာရီ ၂၃ မိနစ်၊ ဆိုင်ဂျိုတောင်၊ ဂျပန်ငလျင်မှာ မြေငလျင် မလှုပ်ခင် ယူဖိုးတွေ မြင်ရတာကို ဓတ်ပုံနှင့်တကွ သက်သေပြ
ခဲ့ကြသော်လည်း ဂရုမစိုက်ခဲ့ပါ။
မြေငလျင် ဆိုတာက ကမ႓ာ့ မြေလွှာထု ရွေ့ရှားပွတ်တိုက်မှုကနေ ကြီးမားသည့် စွမ်းအားတွေနှင့် အလင်းရောင် တွေထွက်ရှိပြီး လေထု အတွင်းသို့လျှင်မြန်စွာ ပေါက်ကွဲမှုမျိုးလည်း ရှိတာကြောင့် ဒီလို မီးစုန်း ဘောလုံးမျိုး ကောင်းကင်ယံ မှာ မြင်ရခြင်း ဖြစ်တယ်လို့ သိပ္ပံနှင့် မြေငလျင် ပညာရှင်များက ဆိုသော်လည်း ယခု ဟေတီ တွင် တွေ့မြင်ခဲ့ရ
သည့်ပုံစံနဲ့ ခြားနားနေတာက ဒီ မီးစုန်း ဘောလုံးဟာကောင်းကင်ယံမှာ အချိန်အတော်ကြာ ရှိနေပြီး ရစ်ဝဲ ပျံသန်း မျောလွင့်နေတာမျိုးသာဖြစ်တယ်။ အနေအထား ကွဲပြားနေပါတယ်။

သိပ္ပံက ပြောသလို ရုတ်တရက်ပွတ်တိုက် ပေါက်ကွဲမှုကနေ ကြီးမား စွမ်းအင် အလင်းရောင်တွေ ငလျင် ကျရောက်ရာဇုံက ကောင်းကင်ယံကို အမှန်တကယ်ထုတ်လွှတ်သည်၊ ဒါမှမဟုတ် သဘာဝ ဘေးအန္တရယ်ကျရောက်ဖို့ ဤ မီးစုန်းဘောလုံးတွေ ဖြစ်ပေါ်တာလား သို့တည်းမဟုတ် လိုက်မမီနိုင်တဲ့ နည်းပညာတစ်ခု ပေလော ဆိုတာလက်ရှိ မော်ဒန်ခေတ်ကနည်းပညာ အချို့ဆီ ချဉ်းကပ်လေ့လာဖို့ လိုပါတယ်။

၁၉၆၆ - ခုနှစ်။
အမေရိကန် လေတပ် ကော်မစ်ရှင်၏ လျှို့ဝှက်လေ့လာမှု အစီအစဉ် "၂၀၂၅ မှတ်တမ်း " ( 2025 Report ) ဆိုတာ ရှိပါတယ်။
သက္ကရာဇ် ၂၀၂၅ ခုနှစ် ရောက်တဲ့အခါ လေတပ် ၏ တိုက်ရည် ခိုက်ရည် စွမ်းအားမြှင့် နည်းဗျူဟာအတွက် ကြိုတင် စမ်းသပ်လေ့လာခြင်း အစီအစဉ်ဖြစ်ပါတယ်။
အဲဒီ အစီအစဉ်ထဲမှာ ရာသီဥတုကို အဖျက်လက်နက် အဖြစ်အသုံးပြုဖို့ရန်လည်း တခုအပါအဝင်ဖြစ်တယ်။
လူအများကရာသီဥတုလို့ ဆိုလိုက်တာနဲ့ကို သဘာဝ ဘေးအန္တရယ်လို့တွေးထင်ကြတာကြောင့် ဘယ်သူ့လက်ချက်ဆိုတာလည်း မပေါ်လွင်နိုင်သလို လက်နက်နဲ့ ပစ်ခတ် တိုက်ခိုက်တာထက်ပို၍ အသေအပျောက် အပျက်အစီးဆုံးရှုံးမှုတွေ ပိုများတာကို စာဖတ်သူများလည်း ရိပ်မိလောက်မယ် ထင်ပါတယ်။

ဒီလို ရာသီဥတုကို စစ်ပွဲတွေအတွက် အသုံးချခဲ့တာတွေအများအပြား ရှိခဲ့တဲ့အထဲ လူသိများကျော်ကြား အထင်ရှားဆုံး ဥပမာ တစ်ခုအဖြစ် အမေရိကန်-ဗီယက်နမ် စစ်ပွဲကာလမှာ အမေရိကန် စစ်တပ်က ဟိုချီမင်းမြို့တစ်ဝိုက်မှာ ဒလဟော ရွာစေတဲ့ မိုးတုတွေကိုဖန်တီးပြီး မြောက်ဗီယက်နမ်ရဲ့ဗီယက်ကောင်း ရိက္ခာပို့လမ်းကြောင်းကို ရေလွှမ်းစေအောင် နည်းပညာဖြင့် လုပ်ဆောင်ခဲ့ပြီး တောင်ပိုင်းဗီယက်နမ်ကို စစ်ကူပို့ခြင်း အပါအဝင် ဒုက္ခရောက် ကြပ်တည်းအောင် လုပ်ခဲ့ကြဖူးပါတယ်။
အဲဒီ နောက်ပိုင်းကာလမှ မိုးသား အတုပျိုးခြင်း (သို့) မိုးတု ( Cloud Seeding ) ဟု လူသိများလာခြင်း ဖြစ်တယ်။

ဒီလိုဆိုလျင် ရာသီဥတုကို စစ်ရေး အသုံးအဆောင်အဖြစ်ဖန်တီး ခဲ့ကြတာကြောင့် မုန်တိုင်းတွေ၊ မြေ ငလျင် ကပ်ဘေး ဆိုက်တာတွေ ခုခေတ် ကာလမှာ ရှိနေတယ်ဆိုတာ (သို့) ဒီလိုကပ်ဘေးမျိုးကိုအထက်မှာ ဖော်ပြခဲ့သလို မိမိတို့ လူသားတွေက ဖန်တီး အသုံးပြု နိုင်တယ်ဆိုလျင် မိမိတို့ထက် နည်းပညာ များစွာ မြင့်မားသည့် အခြား ကမ႓ာက ဂြိုလ်သားများကကော အသုံးမပြုနိုင်ဘူးလား၊ ဒါမှမဟုတ် မိမိတို့ လူ့ဘဝ သမိုင်းတလျှောက်မှာရော ဒီလို အဖြစ်အပျက်တွေမရှိခဲ့ဘူးလား။
သေသေချာချာကို ရှိခဲ့တယ် ဆိုတာ အများလည်းကြားဖူးနားဝ ရှိပြီး ဘာသာရေး ဆိုင်ရာ လေ့လာသူတွေကတော့သေသေချာချာ သိရှိမယ် ဆိုတာယုံကြည်ပါတယ်။

ဒါကတော့ ဟီဘရူးကျမ်း၊ ခရစ်ယာန်ကျမ်းနှင့် ကုအာန်ကျမ်းမှာ ထင်ထင်ရှားရှား ဖော်ပြခဲ့တဲ့ ကမ႓ာလုံးဆိုင်ရာ ရေလွှမ်းမိုးမှုကြီး ဖြစ်သည့် Great Flood (သို့) Noah's Ark ဇတ်တော်ကြီးပဲ ဖြစ်ပါတယ်။

ရှေးဟောင်း ဂြိုလ်သားဆိုင်ရာ သီအိုရီ သမားများကတော့ ၂၁-ရာစု ခုခေတ်သိပ္ပံက ရာသီဥတု အတုတွေ ဖန်တီးနိုင်တယ် ဆိုလျှင် ယခင်ကတည်းက ဂြိုလ်သားတွေ ပြုလုပ်ဖန်တီး အသုံးပြုခဲ့တယ်ဆိုတာ ယုံမှား သံသယ ရှိစရာမလိုပါဘူးဟု ဆိုသလို ဒါတွေဟာ နည်းပညာနားလည်နိုင်စွမ်းမရှိကြလို့သာ ဘုရားသခင်က စိတ်ဆိုးတော်မှု၍ ပြစ်ဒဏ်
ချမှတ်ခြင်း ခံရသည် ဆိုသည်ထက်ကို ခေတ်လွန်နည်းပညာတွေ ပိုင်ဆိုင်သည့် အခြား ကမ႓ာသားများ၏ လူသား သန့်စင်ရေး မဟာစီမံကိန်း တခုသာပို၍ ဖြစ်နိုင်တယ်လို့ အခိုင်အမာသုံးသပ်ကြပါတယ်။

အင်ဒိုနီးရှား၊
အရှေ့တောင်အာရှ၊
ကျွန်းစုပေါင်း ၁၇,၀၀၀ ကျော် ရှိပြီးမီးတောင်ရှင်ပေါင်း ၁၂၉-ခု ရှိသောနိုင်ငံ ဖြစ်သည်။
၁၀ ဧပြီလ ၁၈၁၅ ခုနှစ်မှာ တမ်ဘိုးရား မီးတောင် ( Mount Tambora ) ပေါက်ကွဲမှုကြောင့် မီးခိုးမီးလုံး၊ ပြာများ လေထုအတွင်းသို့ လွှတ်ထုတ်ရာ ခန့်မှန်းချေ ကျူ ့ဗစ်တန်- ၁၂၀ ကျော် ရှိ ပြီးကမ႓ာ့ အကြီးမားဆုံး မီးတောင် ပေါက်ကွဲမှု အဖြစ်မှတ်တမ်းတင်ခဲ့ကြပါတယ်။ ပေါက်ကွဲမှု တိုက်ရိုက် အရှိန်ကြောင့် လူပေါင်း ၁၂,၀၀၀ ကျော် ပွဲချင်းပြီး သေဆုံးခဲ့ရပြီး နောက်ပိုင်း သေဆုံးသူများနှင့်ပါ ထည့်ပေါင်းလျင် စုစုပေါင်း လူဦးရေ ၉၂,၀၀၀ နီးပါး သေဆုံးခဲ့ရသည့် ကမ႓ာ့ လူအသေအပျောက်အများဆုံး
မီးတောင် ပေါက်ကွဲမှု တစ်ခုလည်းဖြစ်သည်။ မီးတောင်မှ ပြာပူ၊မီးခိုး၊ ချော်ရည်တွေကြောင့် ကမ႓ာ့ အပူချိန် ပြောင်းလဲခဲ့ပြီး တစ်ကမ႓ာလုံး ရာသီဥတု အပြောင်းအလဲကိုခံခဲ့ရသလို မှတ်တမ်းတွေအရ ၁၈၁၆-ခုနှစ်မှာ ကမ႓ာမှာ"နွေရာသီ" မရှိခဲ့ဟု သိရှိရပါတယ်။

ဒေသအတွင်း ဘာသာရေး ထုံးတမ်းစဉ်လာအရ မီးတောင်တွေသည် ၄င်းတို့၏ အထွတ်အမြတ် ထားရာ နေရာ တခု ဖြစ်သောကြောင့် ဤမီးတောင်ပေါက်ကွဲရခြင်းသည် ဘုရား ၏ လုပ်ဆောင်မှုသာဖြစ်သည် ဟု ယုံကြည်လျှက်ရှိကြတယ်။ ရှာဖွေလေ့လာသူ ပညာရှင်တွေက ထိုမီးတောင်၏ အနီးမှာရှိသည့် မီးတောင်တစ်ခုဖြစ်သည့် မာရပီ မီးတောင် (Maunt Merapi) သည် ဂျားဗား ဒဏ္ဍာရီအရ ကမ႓ာ့ အလယ်ဗဟို တခု ဖြစ်ပြီး ထူးဆန်းတာက မီးတောင်တည်ရှိရာနှင့် ၂၉-မိုင် အကွာအဝေးမှာ လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်း ဗုဒ္ဓ ဘုရားကျောင်း ဖြစ်သည့် ဘိုရာဘူဒိုး ( Borobudur Temple ) ရှိနေတာဖြစ်တယ်။
ရှေးဟောင်း ဂြိုလ်သား ဆိုင်ရာ သီအိုရီ သမားများကတော့ ဤလို နေရာမျိုး မှာ ၈ - ရာစု (သို့) ၉ - ရာစုမှာ ပိရိမစ် အဆင့် ပုံသဏ္ဌန်နှင့် တဆင့်ခြင်း တည်ဆောက်ထားပြီး ရင်ပြင်မှာ လိပ်ခုံးပုံ စေတီအကြီးကို စေတီငယ် ၇၂ ခု နှင့် ဝန်းရံထားတာကိုတွေ့ရှိနိုင်၍ အခြားကမ႓ာမှ မာရပီ မီးတောင်အနား အာကာသယဉ် ဆင်းသက်ရာ လမ်းပြ နေရာတွေ
အဖြစ် တည်ဆောက်ထားသည်ဟု ယုံကြည်ကြသလို တကြောင်းလည်း ကြီးကြီးမားမား ဆုံးရှုံးမှုတွေ ရှိခဲ့တာကြောင့် အထိမ်းအမှတ် အဖြစ် ထားရှိခဲ့တယ်လို့လည်းဆိုပါတယ်။
အကြောင်းကတော့ ဤ ဗုဒ္ဓ ဘုရားကျောင်းကို ဘယ်သူတည်ဆောက်ခဲ့မှန်း ယနေ့အထိမသိရှိကြသလို ပုံစံကွဲပြားစွာ ရှိနေတာကြောင့်လည်း ဤ သို့တွက်ဆကြဟန်တူတယ်။

ကျွန်းတစ်ကျွန်းလုံးက ဒေသခံ လူတွေကလည်း မာရပီမီးတောင်ထဲမှာ မီးတောင်စောင့် ဘုရားရှိတယ်လို့လည်း ယုံကြည်လျှက်ရှိတာကြောင့် အခြား နေရာက မီးတောင်ရှိရာ ဒေသတွေမှာရော ဤလိုယုံကြည်မှုမျိုး ရှိ မရှိ ဟာဝိုင်အီ ကျွန်းဆီသွားကြည့်ကြပါဦးစို့။
ပစိဖိတ် သမုဒ္ဒရာ အလယ် မှာ တည်ရှိနေသော ဟာဝိုင်အီ ကျွန်းပေါ်မှာ ၁၉၈၃ - ခုနှစ်ကတည်းက ယခု အချိန်ထိ ချော်ရည်ပူတွေ ကျဆင်းလျှက်ရှိသည့် ကီလိုဝေရာမီးတောင် (MountKīlauea) ရှိပြီး ၎င်းသည် မီးရှင်တောင်တစ်ခု ဖြစ်သည်။ ရှေးဟောင်း ဟာဝိုင်အီ အယူအဆအရ မီးတောင်တွေဟာ အလင်းနှင့် မီးဘုရား ပေလေ ( Pele ) ၏
နေထိုင်ရာ နေရာတစ်ခု ဖြစ်သည်ဟု ယုံကြည်ကြပါတယ်။

ပမာအားဖြင့် အမေရိကန် စစ်တပ်က ကိုလိုရာဒို စမ်းချောင်းအနီး ရှိ ရှိင်ယင်တောင် (Cheyenne Mmountain) ကို ဖောက်ပြီး စစ်အခြေစိုက် စခန်းတည်ရှိနေတာကို သုံးသပ်လျင် ရှေးဟောင်းဘုရားတွေ (သို့) ဂြိုလ်သားတွေဟာ မီးတောင်တွေထဲ နေနိုင်ကြပြီး လူတွေ အနားမကပ်နိုင်အောင်၊ မသိအောင် နေကြပြီး ပေါက်ကွဲ ဖောက်ခွဲမှုတွေ ဖန်တီးတာ မဟုတ်ဘူးလို့လည်း ပြောရမှာခက်တာမို့ အဲဒီ သီအိုရီ သမား တွေ လေ့လာသုံးသပ်မှုကလည်း ထည့်သွင်း စဉ်းစရာ အချက် တစ်ခု အဖြစ် ရှိကြောင်း
ထင်မြင်မိပါတယ်။ အချုပ် ဆိုရရင် မိမိတို့လူသားသည် အဆင့်မြင့်နည်းပညာတွေ မရှိတာကြောင့် သိရှိမှုတွေ အားနည်းသည်နှင့် အမျှ မိရိုးဖလာ ယုံကြည်မှုတွေရဲ့
သွတ်သွင်း ဘောင်ခတ်ခြင်း ခံနေရတယ်ဆိုလည်း မမှားသလို မိမိတို့ထက် ပို၍ နည်းပညာ ပိုတတ်သည့် နိုင်ငံကြီးများရဲ့ အနိုင်ကျင့်ခြင်းကိုလည်း မရှုမလှ ခံနေရတာကြောင့် သနားစရာ ကောင်းတဲ့ သတ္တဝါတွေလို့ပဲ ဆိုရတော့မည်လေလား မသိတော့ပါ။

နောက်ဆက်တွဲအနေနှင့် မိမိတို့ ကမ႓ာကြီး ဟာ Subduction Zone လို့ ခေါ်တဲ့ ရေအောက်မြေလွှာ ပြတ်ရွေ့ကြောတွေ တွန်းတိုက်ရာ နေရာအနှံ့မှာ ရှိနေတာကြောင့် အင်ဒိုနီးရှားလို၊ ဂျပန် လို ဆူနာမီမျိုး အချိန်မရွေး ဖြစ်ပေါ်လာနိုင်တယ်လို့ National Geographic Channel က တနေ့က အသေးစိတ် သုံးသပ်ပြသွားတာလည်း ကြည့်မိလိုက်ပါတယ်။

အင်ဒိုနီးရှားလို ဆူနာမီမျိုး ရှေးနှစ်ပေါင်း ထောင်ကျော်မက က ဖြစ်ခဲ့ဖူးသော်လည်း ယနေ့မိမိတို့ခေတ်မှာ မဖြစ်နိုင်တော့ဘူးလို့ ပညာရှင်များတွက်ချက်တာ တက်တက်စင်အောင် လွဲခဲ့သလို နောက် (၇) နှစ်အကြာ ဂျပန်မှာ ထပ်ဖြစ်တော့မှ ယခင်သိရှိထားမှုတွေဟာ လုံးဝဥသုံမှားမှန်းသိခဲ့ပြီးနောက် လေ့လာမှုတွေကို အရှိန်အဟုန် တိုးမြှင့်ခဲ့တာဖြစ်
ပြီး အထက်ဟာ ဖော်ပြသလို အချိန်မရွေး ဒီလို ဆူနာမီမျိုး ဖြစ်နိုင်ကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။
ဒီလိုဆိုရင် ဘယ်တော့ ဖြစ်မှာလဲ ! ပြသာနာက မနက်ဖြန်လား နောက်အနှစ် (၁၀၀) လား ဆိုတာကတော့ ယနေ့သိပ္ပံ မသိရှိပါ။

Andrew Soe
၂၅ မတ် ၂၀၁၅။

No comments:

Post a Comment

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...