Monday, January 28, 2013

ပြောရင်း ရောင်းရင်း Marketing (MLM) အပိုင်း (၁)


နိဒါန်း
 
 အမှန်တရားတစ်ခု ပေါ်ထွန်းလာစေဖို့ အငြင်းအခုန် လိုအပ်တယ်ဆိုတာ လက်ခံပေမဲ့ ဘာမဟုတ်တာနဲ့ အချိန်ကုန်ခံပြီး စကားအနိုင်ရဖို့ ပြောရဆိုရတာတွေကို စိတ်ပျက်လို့ အငြင်းအခုန် မလုပ်တာပါ။ ငြင်းစရာ၊ ခုန်စရာတွေကို တတ်နိုင်သမျှ လက်ရှောင်ပေမဲ့ ဆိုရေးရှိတော့လည်း ဆိုရတာပါပဲ။ အချိန်မရတဲ့ကြားက ဝါသနာအရ စာရေးပါတယ်ဆိုမှ ဒီအတောအတွင်း လက်တစ်ဖက် ကိုက်ခဲနေတာနဲ့ ဘာမှ မရေးဖြစ်ဘူး။ အခုတော့ နည်းနည်းသက်သာလာတာရယ်၊ ရေးစရာကလည်း ခေါင်းထဲမှာ ပြည့်လာတာရယ်ဆိုတော့ နည်းနည်း နည်းနည်းနဲ့ တစ်ပုဒ်ဖြစ်အောင် ရေးလိုက်တယ်။

ဒီစာကို ဖတ်ရင်းနဲ့ ဆန့်ကျင်တဲ့ အတွေးတွေ၊ ချေပတဲ့အတွေးတွေ ဝင်လာမဲ့ သူငယ်ချင်းတွေ ရှိကြမယ်ဆိုတာ သိနေပေမဲ့ ဘယ်လိုပဲတွေးတွေး တွေးကြည့်စေချင်လို့ကို တမင်ရေးလိုက်တာပါ။ ကျွန်တော့်အယူအဆ မှန်ပါတယ်လို့ မပြောသလို၊ စကားအနိုင်ရဖို့ ငြင်းဖို့ခုန်ဖို့ အစဆွဲတာ မဟုတ်ပါ။ အတွေ့အကြုံနဲ့ တွေးမိသမျှကို share တာပါပဲ။ တစ်ခုပြောချင်တာက စိတ်အနှောက်အယှက် ဖြစ်စေလိုတဲ့ ဆန္ဒမရှိပါကြောင်းနဲ့ မနှစ်သက်ပါက အပြစ်တော်မယူဘဲ ခွင့်လွှတ်နားလည် မေ့ပျောက်ပါစေကြောင်း နိဒါန်းသွယ်လိုက်ပါရစေလား။

Thursday, December 27, 2012

သံသရာစမ်းရေ (အပိုင်း-၉)


အပေါ်စီးမှ ကြည့်ခြင်း

 အပိုင်း-၈ မှာ Overview ကြည့်ခြင်းရဲ့ အရေးပါပုံကို ပြောချင်တာ။ တရုတ်တွေရဲ့ ယင်နဲ့ယန်သဘောမှာတော့ အမြင့်ကနေပြီး အနိမ့်ကို ကြည့်ရမတဲ့ဗျ။

ဆရာအော်ပီကျယ် ပြောတာကတော့ တောင်တက်သမားတွေ တောင်ပေါ်တက်တယ်ဆိုတာ အဲဒီနေရာကို လိုချင်လို့ မဟုတ်ဘူး။ အဲဒီက မြင်ရတဲ့ မြင်ကွင်းကို ကြည့်ချင်တာ။ မတူတဲ့ မြင်ကွင်းကို မြင်ချင်တာ… လို့ ဆိုပါတယ်။ ဒါဆိုလည်း ရဟတ်ယာဉ်နဲ့ တက်ကြည့်ပေါ့လို့တော့ စကားမကပ်ပါနဲ့။ အောက်ခြေကနေ တက်လာရတဲ့ တစ်ဆင့်ချင်းရဲ့ မြင်ကွင်းကို ခင်ဗျား ရဟတ်ယာဉ်ပေါ်က မြင်နိုင်မှာတဲ့လား။

ပြောပြလိုက်ဦးမယ်။ လုပ်ငန်းခွင်ထဲမှာ အောက်ခြေရာထူးကနေ တစ်ဆင့်ချင်း တက်လာရတဲ့ အရာရှိနဲ့ မိုးပေါ်ကကျသလို စ ကတည်းက အရာရှိဘဝနဲ့ ဝင်လာတဲ့ သူ…. အမြင်ချင်း တူမယ်များ ထင်လို့လား။ ကျွန်တော်ဆိုလိုတာက အောက်ခြေက တက်လာတဲ့ အရာရှိမှ ကောင်းတယ်… ချက်ချင်းဖြစ်လာတဲ့ အရာရှိက မကောင်းဘူးလို့ ပြောတာမဟုတ်ပါ။ ယေဘူယျအားဖြင့် အဲဒီအရာရှိ နှစ်ယောက်ရဲ့ အမြင်အယူအဆဟာလည်း မတူကြပါဘူး။ အောက်ခြေမြင်ကွင်းကို ကိုယ်တိုင်မြင်ဖူးသူနဲ့ ပြောပြလို့၊ စာအုပ်ထဲပါလို့ ကြားဖူးသင်ဖူးသူ မတူပါဘူး။

Monday, December 17, 2012

သံသရာစမ်းရေ (အပိုင်း-၈)


(သမီးလေးကြီးလာရင် ဖတ်ဖို့ ရည်စူးပြီး ရေးတာမို့ မိဘနဲ့ သားသမီး သံသရာသဘောရယ်၊ စမ်းရေလို အေးတဲ့ မိဘမေတ္တာရယ်ကို ရည်ညွှန်းပြီး သံသရာစမ်းရေလို့ နာမည်ပေးခဲ့ပါတယ်။  သမီးလေးတစ်ယောက် ရလာတော့ ဇော်ဝင်းထွဋ်ရဲ့ သံသရာစမ်းရေသီချင်းလေးကို ခံစားမိတာလည်း ပါတာပေါ့။ အခုဒီ post ထဲက ဒီခေတ်ရဲ့ ကလေးတွေ အကြောင်းဟာ သမီးလေး ဖြတ်ရမဲ့ ဒီခေတ်အကြောင်းပဲ မဟုတ်လား…..)


လမ်းလျှောက်ရင်း လမ်းပျောက်သူများ

ပြီးခဲ့တဲ့ အပတ်က ကျွန်တော့်ဆီကို မြန်မာပြည်က ညီလေးတစ်ယောက် ဖုန်းဆက်ပါတယ်။ အဲဒီညီလေးကြောင့်ပဲ သံသရာစမ်းရေ ကို ဆက်ရေးဖြစ်တာပါ။ ဒီကလေးက ကျွန်တော့်ညီဝမ်းကွဲတစ်ယောက်ရဲ့ သူငယ်ချင်းပါ။ ပြဿနာက လမ်းလျှောက်ရင်း လမ်းပျောက်နေတဲ့ ကိစ္စလို့ ပြောရမှာပါပဲ။ သူတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ နောက်တစ်ယောက်လည်း ဒီပြဿနာပါပဲ။ ကျွန်တော့်ဆီ ဖုန်းဆက်တဲ့ ညီလေးက ၁၀ တန်းကို ဂုဏ်ထူး ၃ ခုနဲ့ အောင်ထားသလို GTC Civil နဲ့ တက်နေတဲ့ လူငယ်တစ်ယောက်ပါ။ သူ့သူငယ်ချင်းကတော့ ဘာသာစုံဂုဏ်ထူးလို့ ဆိုပါတယ်။ ထူးချွန်တဲ့ လူငယ်တွေပါ။ သူတို့ကိစ္စ၊ သူတို့ပြဿနာက အခုလက်ရှိ လူငယ်တွေ အများစု ကြုံနေရတဲ့ ပြဿနာဖြစ်နေတာရယ် ကျွန်တော်ကိုယ်တိုင်လည်း စိတ်ဝင်စားတဲ့ အကြောင်းဖြစ်နေတာရယ်ကြောင့် ဒီပြဿနာနဲ့ ပါတ်သက်လို့ မြင်မိတွေးမိတာလေးတွေ စုစည်းပြီး ရေးလိုက်ရင် သူတို့လို ကလေးမျိုးတွေအတွက်လည်း စဉ်းစားစရာအချက်အလက်လေးတွေ ရနိုင်မယ်ထင်လို့ ဘလော့ဂ်ပေါ် တင်လိုက်ပါတယ်။ ဒီလိုပြောလို့ ကျွန်တော်က လူတတ်ကြီးလုပ်၊ ဆရာလုပ်တယ်လို့ မထင်စေချင်ပါ။ သူတို့ထက်စာရင် ဘဝမှာ အမှားတွေအများကြီး လုပ်ခဲ့ဖူးလို့ အဲဒီအမှားတွေကရတဲ့ သင်ခန်းစာလေးတွေကို ဝေမျှပေးတာပါပဲ။ သူ့အကြောင်းမပြောခင် လိုအပ်မယ်ထင်လို့ ကျွန်တော့်ညီရဲ့ အကြောင်းကို အရင်ပြောပြပါ့မယ်။

Monday, December 3, 2012

စကော့ချ် ကြက်ဥကြော် (Scott or Scotch Egg)




လေးသောစာများကို အသာချ၍ ပေါ့ပေါ့ပါးပါး ဝါးတီးများအကြောင်း ကဏ္ဍအသစ်တစ်ခု ဖွင့်လိုက်ပါသည်။ ဝါးတီးသည် လူနှင့်တည့်ပါသည်။ ကန်တော်ကြီးဟော်တယ်တွင် ချက်ကြီး သင်တန်းတက်စဉ်က သင်ကြားခဲ့ဖူး၍ ကျွန်တော်ကိုယ်တိုင်လည်း နှစ်သက်သော စကော့ချ်ကြက်ဥကြော်ကို တင်ဆက်လိုက်ပါသည်။

ပါဝင်သောပစ္စည်းများ (Ingredients)

၁။ ကြိတ်ထားသောဝက်သား                ၁ပေါင်ခွဲ
စိန်ခလုတ်ဆိုတာ ဒီလိုဟာ....
၂။ ကြက်ဥပြုတ်                                ၁၂ လုံး
၃။ ခေါက်ထားသော ကြက်ဥ                 ၁ လုံး
၄။ ဆား၊ ငရုတ်ကောင်း (သကြား၊ အချိုမှုန့်)        သင့်ရုံ 
၅။ ဂျုံမှုန့် သို့မဟုတ် ကော်မှုန့်                 ၄ ဇွန်း
၆။ ပေါင်မုန့်အမှုန့်                                 အနည်းငယ် 
(ပေါင်မုန့်ကို စိန်ခလုတ်နှင့် တိုက်ချပါက ပေါင်မုန့်အမှုန့် မွမွလေးများ ရပါသည်။)

Thursday, November 29, 2012

ပေါ့ပေါ့ပါးပါး အူကြောင်ကြား

ဆရာလုပ်တဲ့ post မျိုးတွေ ရေးဖို့ ကျွန်တော်စိတ်မဝင်စားပါ။ အတွေ့အကြုံတွေထဲက မှတ်မှတ်ရရရှိနေတာလေးတွေ၊ ဖတ်မိမှတ်မိတာလေးတွေ၊ တွေးမိတောမိတာလေးတွေကို ဝေမျှဖို့သာ ရေးတာပါပဲ။ ငါ့စကားနွားရ ဆိုတဲ့ post ကို ရေးတော့ responsibility ဆိုတဲ့ တာဝန်ယူမှုအကြောင်းကို ရေးခဲ့ပါတယ်။ ကိုယ်စကားကိုယ် တာဝန်မယူတဲ့အကျင့်နဲ့ ပါတ်သက်လို့ မြင်သလို ရေးမိတာပါပဲ။ အခုတစ်ခါ ကျွန်တော်တို့ ရွှေပြည်ကြီးက သတင်းထောက်တွေ သမတကြီးဦးသိန်းစိန်ကို ထိုင်ကန်တော့ကြတဲ့ ကိစ္စ facebook မှာ ဖတ်မိပြန်တော့ ဘယ့်နှာကြီးပါလိမ့်လို့ တွေးမိပါတယ်။ facebook ရဲ့ ထုံးစံအတိုင်း ဝေဖန်ကြ၊ ဆဲကြ၊ ပြန်ဖြေရှင်းကြ၊ မှန်တယ်ထင်တဲ့လူနဲ့ မှားတယ်ထင်တဲ့လူတွေ online မှာ ရန်ဖြစ်ကြတာပေါ့ ခင်ဗျာ။ အဲဒီကိစ္စ သူငယ်ချင်းတစ်ယောက်နဲ့ စကားစပ်မိလို့ ပြောကြရင်း responsibility နဲ့ တစ်ဆက်တည်းဖြစ်တဲ့ role ဆိုတာလေးကို ဆွေးနွေးမိကြပါတယ်။ အဲဒီကနေ ပြောမိကြတာလေးတွေကို မေ့မသွားချင်တာနဲ့ ဒီ post ကို ရေးဖြစ်တာပါပဲ။


Role ဆိုတဲ့ စကားကို မြန်မာလို အနီးစပ်ဆုံး အတိုချုံးပြီး တာဝန်ယူရတဲ့ အဆင့်… လိ့ု ပြောရင် နီးစပ်မယ် ထင်တယ်။ Responsibility ကျတော့ လုပ်ဆောင်ရမဲ့ တာဝန်ဝတ္တရားတွေပေါ့။ အဲဒီတော့ Role and Responsibilities လို့ပြောရင် အဆင့်အလိုက် တာဝန်ယူမှုတွေပဲ။ မန်နေဂျာက မန်နေဂျာတာဝန်ဖြစ်တဲ့ စီမံခန့်ခွဲမှုတွေကို လုပ်ပြီး အရာရှိတွေ၊ အလုပ်သမားတွေက ကိုယ့်ကျရာတာဝန်ကို ကိုယ့်အဆင့်နဲ့ကိုယ် တာဝန်ယူ အကောင်အထည်ဖေါ်ကြရတာ လုပ်ငန်းတစ်ခုရဲ့ သာမန်သဘာဝတစ်ခုပါ။ ဒါပေမဲ့ အသင်းထဲက ကစားသမားတွေ အကြောင်းအမျိုးမျိုးနဲ့ အထုတ်ခံရလို့ပဲဖြစ်ဖြစ် ကစားပွဲအခြေအနေကြောင့်ပဲဖြစ်ဖြစ် ဂိုးသမားကိုယ်တိုင် ရှေ့တန်းတက်ကန်ရတဲ့ ဘောလုံးပွဲလို ကိစ္စမျိုးတွေလည်း တခါတရံ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဒါဟာ တခါတရံ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စမျိုးပါ။ မန်နေဂျာကိုယ်တိုင် အလုပ်သမားအလုပ်ကို ဝင်လုပ်ရတာမျိုးတွေပေါ့။ အမြဲတမ်း အဲဒီလို ဖြစ်နေရင်တော့ ဖွဲ့စည်းပုံနဲ့ စီမံခန့်ခွဲမှု စနစ်တွေကို ပြန်ပြီး သုံးသပ်ရတော့မှာပါ။

Tuesday, November 13, 2012

ငါ့စကားနွားရ

ဘယ်သူ ဘယ်လိုထင်ထင်၊ ဖြစ်ချင်ရာဖြစ်၊ ထင်ချင်ရာထင်၊ ငါပြောတာအမှန် တစ်ထစ်ချဆွဲမှတ်ပြီး ပြောချင်ရာပြောခြင်းကို ငါ့စကားနွားရလို့ ပြောလေ့ရှိကြပါတယ်။ တစ်နည်းအားဖြင့် ကိုယ်ပြောတဲ့စကားပေါ်မှာ    တာဝန်ယူမှုမရှိတဲ့ သဘောကိုပါ တွေ့နိုင်ပါတယ်။ ကျွန်တော့်ဘလော့ဂ်မှာ ရေးခဲ့ဖူးတဲ့ လမ်း ဆိုတဲ့ ဆောင်းပါးလေး တစ်ပုဒ်မှာ တရုတ်နိုင်ငံရဲ့ လက်ရှိဖြေရှင်းရမဲ့ ပြဿနာဟာ သီလနဲ့ သိက္ခာပြဿနာအမျိုးအစားတွေ ဖြစ်မှာပဲလို့ ရေးခဲ့ဖူးပါတယ်။ အခု ပြောင်းလဲမှုတွေ ကြမ်းနေတဲ့ ကျွန်တော်တို့ နိုင်ငံမှာ ဖြေရှင်းရမဲ့ ပြဿနာတွေထဲက တစ်ခုကတော့ တာဝန်ယူမှု လို့ ပြောရင် ရနိုင်မယ်ထင်ရဲ့။

လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ကျွန်တော်တို့နိုင်ငံက ခေါင်းဆောင်တွေကလည်း ငါ့စကားနွားရ ပြောချင်ရာတွေပြောတယ်။ တာဝန်ယူမှု မရှိတဲ့ ပေါက်ကရတွေ အများကြီးကို အစိုးရ၊ အာဏာပိုင်၊ နိုင်ငံတော်လို့ ကိုယ့်ကိုယ်ကို နာမည်ပေးထားသူတွေက ပြောခဲ့ကြပါတယ်။ ခေါင်ကစလို့ ပြောချင်ရာပြောလိုက်ကြတာ အဆင့်ဆင့်ကူးစက်ပြီး တစ်နိုင်ငံလုံးနီးပါး တာဝန်ယူမှုမပါတဲ့ လေကြီးမိုးကြီး အကျင့်တွေ စွဲကုန်ပါလေရောဗျ။ အဲဒါနဲ့ တစ်ဆက်တည်း သူများကို လွယ်လွယ်ကူကူ အပြစ်ပြောတတ်တဲ့ အကျင့်တွေပါ စွဲလာကြပါရော။ ရေဘူးပေါက်တာ မလိုချင်သူများ လက်စွမ်းပြ အုပ်ချုပ်လိုက်ကြတာ နောက်ဆုံးတော့ တစ်ချိန်က ယဉ်ကျေးလှပါချည်ရဲ့ ဆိုတဲ့ ရွှေမြန်မာများ မျိုးဆက်နဲ့ ချီပြီး တာဝန်ယူမှုဆိုတာ မကြားဖူး၊ ကတိတည်တဲ့သူ ဆိုတာ မမြင်ဖူးလောက်အောင် ဖြစ်ကုန်ကြပါတော့တယ်။ တာဝန်ယူတဲ့သူ၊ ကတိတည်တဲ့သူကိုတောင် လှောင်စရာ ပြောင်စရာ သနားစရာ သတ္တဝါလို မြင်လာကြတော့တယ်။ ခေတ်ကလည်း လူလိမ်တွေ၊ ပေါင်းစား ညာစား ကပ်စား လျက်စားတွေ ကြီးပွားတဲ့ ခေတ်ဖြစ်သွားတော့တာကိုး။ ဂွင်စကား ပြောမှ လူရာဝင်တာကိုး ခင်ဗျ။
ရိုးရိုးကျင့်၊ မြင့်မြင့်ကြံ၊ မှန်တာလုပ်၊ ဟုတ်တာပြောတဲ့သူတွေ ဘေးရောက်တဲ့ ခေတ်ကြီး ဖြစ်သွားတာ မျက် မြင်ကိုယ်တွေ့ပါ။ နှိပ်စက်ခံရတဲ့ ပြဿနာသာ မရှိရင် မြန်မာပြည်မှာ ထောင်ကျတာ ကြောက်စရာ  မကောင်းပါဘူးဗျာ။ ဘာဖြစ်လို့လည်းဆိုတော့ လူကောင်းတွေ ထောင်ထဲရောက်ပြီး မဟုတ်တာလုပ်တဲ့ လူဆိုးလူမိုက်တွေက အပြင်မှာ ခန့်ခန့်ကြီး စံစားနေကြလို့ပေါ့ဗျာ။ ဘိန်းလေးနည်းနည်း လက်ဝယ်မိရင် သေဒဏ်ခင်ဗျ။ ဘိန်းကို ကွန်တိန်နာနဲ့ တိုက်ရင် အစိုးရပိုင်းက ပုဂ္ဂိုလ်များကတောင် လေးလေးစားစား ဦး တပ်ခေါ်ရတာခင်ဗျ။ နိုင်ငံပိုင်သတင်းစာမှာတောင် တလေးတစား ဖေါ်ပြရတာပေါ့ခင်ဗျာ။ အဲဒီပုဂ္ဂိုလ်တွေရဲ့ အစွယ်အပွားတွေ သွားတဲ့လာတဲ့အခါ ယဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုတာ သူတို့နဲ့ မဆိုင်ဘူးတဲ့ ဗျ။ ဥပဒေအထက်က ဆရာများပေါ့။ ပြောမဲ့သာ ပြောရတာပါ…… အဲဒီအချိန်မှာ ဥပဒေဆိုသဟာလည်း မရှိပါဘူး။

ဆရာကြီးဦးဝင်းတင် ပြောသလို ပြောရရင် ထောင်ကလွတ်တယ်ဆိုတာ ထောင်လေးထဲကထွက်ပြီး ထောင်ကြီးထဲရောက်လာတာပဲ ရှိတာပါ။ အပြင်မှာလည်း ထောင်လိုပါပဲ။ မြန်မာပြည် တစ်ပြည်လုံး ထောင် ပါပဲတဲ့။

၂၀၀၂ ခုနှစ်မှာ စင်ကာပူကို ကျွန်တော် စ ရောက်ပါတယ်။ သင်္ဘောကျင်း အလုပ်သမားလေးအဖြစ်နဲ့ပေါ့ခင်ဗျာ။ အဲဒီတုန်းက ကိုယ့်နိုင်ငံက သိက္ခာမရှိတဲ့ အချိန်ဆိုတော့ ကျွန်တော်များမှာ ဘယ်သွားသွား မျက်နှာ ငယ်ရပါတယ်။ မျက်နှာငယ်ရတယ်ဆိုတာက ကျွန်တော်တို့ရဲ့ တစ်သက်လုံး ကြိုးစားပမ်းစား သင်ခဲ့ရတဲ့ ပညာအရည်အချင်းတွေ ဘာတစ်ခုမှ အသိအမှတ်ပြု မခံရတာပါ။ အသိအမှတ်သာ အပြုမခံရတာ၊ နိုင်ငံခြားထွက်မယ်ဆိုရင် ကျွန်တော်တို့အစိုးရကို လျော်ရတာ AGTI လက်မှတ်က ၂ သိန်းခွဲပါ။ BE လက်မှတ်က ၂ သောင်းခွဲ…တဲ့ဗျ။ ထူးထွေသည့် အံ့ရာသော်ပဲ။ ကျွန်တော့်ရဲ့ AGTI လက်မှတ်ကြီးရော၊ လက်ထောက်အင်ဂျင်နီယာ လုပ်ခဲ့တဲ့ အတွေ့အကြုံရော ဘာတစ်ခုမှ အသိအမှတ်ပြု မခံရဘဲ အေးဂျင့်နဲ့ ကုမ္ပဏီက စီစဉ်တဲ့အတိုင်း ပညာအရည်အချင်း အလယ်တန်းအဆင့်နဲ့ Work Permit လျှောက်လို့ လစာ $၄၅၀ စား အလုပ်သမားလေး အဖြစ်နဲ့ စ ခဲ့ရပါတယ်။ WP အတွက် စင်ကာပူ အလုပ်သမားဝန်ကြီးဋ္ဌာနကို သွားတော့ ဝင်ဝင်ချင်းပဲ အပေါက်ဝက စောင့်နေတဲ့ ဝန်ထမ်းက မင်္ဂလာပါလို့ နှုတ်ဆက်သဗျ။ ကျွန်တော်တို့ အဖွဲ့က အကုန် မြန်မာတွေချည်းပဲကိုး။ ကျွန်တော်တို့ အားလုံးအံ့သြသွားသလို အားလုံးရဲ့ မျက်နှာတွေမှာ အပြုံးကိုယ်စီ လက်သွားကြပါတယ်။ သူတို့အနေနဲ့ ကြည့်ရင် ကျွန်တော်တို့ဆိုတာ သူတို့အနေနဲ့ ကြည့်ရင် သူတို့နိုင်ငံကို အလုပ်လာလုပ်တဲ့ အလုပ်ကြမ်းသမားလေးတွေ။ မြန်မာမျက်စိနဲ့ ကြည့်ရင် ဘာမှ လေးစား  လောက်စရာ ရှိတာမဟုတ်။

ဒါပေမဲ့ သူတို့တာဝန်ကို သူတို့ အကောင်းဆုံး      လုပ်ကြတာပါ။ လက်ဗွေနှိပ်တော့လည်း တယုတယပါပဲ။ ဘာမှ အကြမ်းပတမ်း ပြောတာ ဆက်ဆံတာ မရှိပါ။ လက်ဗွေနှိပ်ပြီး လှည့်ထွက်မယ်လုပ်တော့ အဲဒီအမျိုးသမီးကြီးက ပြုံးပြီး ကျေးဇူးတင်ပါတယ် လို ့ မြန်မာလို လှမ်းပြောတော့ လှည့်ပြီး နှုတ်ဆက်ခဲ့ပါ  သေးတယ်။ သူတို့ မျက်လုံးထဲမှာ ကျွန်တော်တို့ကို အထင်သေးတဲ့ အရိပ်အယောင် မတွေ့ခဲ့ရပါ။ အံ့သြစရာ ကောင်းလိုက်လေ။
ကျွန်တော်တို့ ဘာကြောင့်အဲဒီလောက် အံ့သြရသလဲဆိုတော့ ကျွန်တော်တို့ ငယ်ငယ်ကတည်းက အခုထိ  ကြုံခဲ့ရတဲ့ ကျွန်တော်တို့နိုင်ငံ အစိုးရရုံးဆိုတာ ဒါမျိုးမှ မဟုတ်ဘဲဗျာ။ ရုံးသွားရင် အဟောက်ခံရ၊ ကားစီးရင် စပါယ်ရာက ဟောက်လိုက်၊ ဆေးရုံသွားရင် လုံခြုံရေးက ဟောက်လိုက်၊ ဧည့်စာရင်းတိုင်ရင် ရဝတရုံးက ဆိုက်ကားသမား တဖြစ်လဲ စာရေးဆိုတဲ့ အကောင်က ဟောက်လိုက်၊ ကိုယ့်အိမ်ထဲ ကိုယ်နေရင်လည်း မရပါဘူး။ ဧည့်စာရင်း စစ်တယ်ဆိုပြီး ညဉ့်နက်သန်းခေါင် အိပ်ယာက နှိုးပြီး ဟောက်သွားသေးတာ။ ဘာမှလည်း ပြန်မပြောရဲပါဘူး။ လူ့တန်ဖိုးဆိုတာ ရှိကိုမရှိခဲ့တာ။ ကျွန်တော်တို့ လေးစားရတဲ့ ကျွန်တော့်ဆရာ   တစ်ယောက်ကို ကားပေါ်မှာ စပါယ်ရာက မိုက်ရိုင်းစော်ကားပြောဆိုနေတာ မြင်တော့ ရင်ထဲမှာ မကောင်းဘူး။ ဟောက်ဟိန်းနေတဲ့ သူနဲ့ အဟောက်အဟိန်း ခံနေရတဲ့သူ နှစ်ယောက်ရဲ့ တန်ဖိုးဆိုတာကို ရင်ထဲမှာ တွက်ချက်ကြည့်ခဲ့ဖူးတယ်။ ဒီစပါယ်ရာနဲ့ ကျွန်တော်တို့ အင်ဂျင်နီယာတွေကို မွေးထုတ်ပေးနေတဲ့ ဆရာ။ ကြီးကြီးကျယ်ကျယ် ပြောရရင် စပါယ်ရာဆိုတာ ဝန်ဆောင်မှု ပေးရမဲ့သူ.... ခရီးသည်ဆိုတာ ဝန်ဆောင်မှုကို စားသုံးသူ။ ဖြစ်နေတာက ပြောင်းပြန်။ စားသုံးသူက ပြန်ကြောက်နေရတဲ့ အဖြစ်။ ဒီအကောင်က ဒီလိုဘာဖြစ်လို့ ပြောခွင့်ရှိနေရတာတုန်း။ ခွေးရူးနဲ့ ခွေးကောင်း ဆိုပြီး ခွေးဥပမာပေးကြတာတော့ ကြားဖူးပါရဲ့။ ဒီခွေးရူးကို ရိုက်မသတ်သင့်ဘူးလား။ စဉ်းစားရင်းနဲ့ ဘယ်တွေ ရောက်ကုန်မှန်းကို မသိတော့ပါဘူးဗျာ။ မျက်စိထဲမှာတော့ ကြည့်နေရင်းနဲ့ ဒီစပါယ်ရာပုံက နှုတ်သီးပဲ ချွန်လာသလိုလို၊ အမြီးပဲကုတ်နေသလိုလို ထင်တာပါပဲ။ ကိုယ်ကိုယ်တိုင်လည်း အမြီးထွက်လာသလားပဲ။ သေချာတာတော့ တစ်ခုခု မှားနေတာပါပဲ။

အလုပ်လျှောက်လွှာလေးတစ်စောင် ရိုက်စရာရှိလို့ ဘားလမ်းထဲက ကွန်ပျူတာဆိုင်တစ်ဆိုင်မှာ        သွားရိုက်ခိုင်းခဲ့ဖူးတယ်။ ရေးထားတဲ့ စာတန်းက ရိုက်ချင်စရာ။ စာလုံးပေါင်းမှားလျှင် ပိုင်ရှင်၏ တာဝန်သာ ဖြစ်သည်… တဲ့။ အဲဒါတောင် မှားပေါင်းထားသေးတာ။ အဲဒီတုန်းက အခုလိုသာ ဖုန်းကင်မရာတွေ ပေါပေါများများ ရှိနေရင် အဲဒီ မတော်တလျော်တွေ facebook ပေါ် တင်မိမှာ သေချာတယ်။ တကယ်တော့ ကွန်ပျူတာစာစီလုပ်တဲ့သူဆိုတာ ဒီအလုပ်မှာ သူက professional ပဲ။ အလုပ်အပ်သူက မှားရင်တောင် သူက ထောက်ပြဖို့ တာဝန်ရှိပါတယ်။ အဘိဓါန်ဆိုတာ ကိုင်ရကောင်းမှန်းတောင် သိရဲ့လား မသေချာပါဘူး။ မျက်နှာကျောတွေက တင်းတင်းနဲ့ မှားလို့ ပြန်ရိုက်ခိုင်းရင်တောင် ဒင်းတို့က မကြည်မလင် ဆူဆူဆောင့်ဆောင့် လုပ်ချင်သေးတာဗျ။ မှားတာကလည်း တစ်ခါပြင် တစ်ခါမှားပဲ။ စာရွက်တစ်ရွက်မှာ စာလုံးပေါင်းအမှားတွေက အများကြီးဗျ။ တကယ်တော့ ဒါဟာ မြန်မာပြည်က တာဝန်ယူမှု အားနည်းတဲ့ ဝန်ဆောင်မှု     လုပ်ငန်းတွေအတွက် ဥပမာအသေးလေး တစ်ခုပဲ ရှိပါသေးတယ်။ ဒီလို ဝန်ဆောင်မှုမျိုးတွေနဲ့ သွားလို့ကတော့ ဝက်ဝက်တွေ ကွဲကြဦးမှာ အသေအချာပေါ့ခင်ဗျာ။

  ၂၀၀၇ ခုနှစ်မှာ အိမ်ထောင်ပြုဖို့ မြန်မာပြည်ကို ပြန်ရောက်ပါတယ်။ ၆ နှစ်လောက် စင်ကာပူမှာ လုပ်လာခဲ့တဲ့ ကျွန်တော် အမိမြေကို ပြန်ရောက်တော့ စိတ်ထဲက မှတ်ချက်ချမိတာ ထူးအိမ်သင်သီချင်းလေး နဲ့ပေါ့….. အရင်အတိုင်း ပဲလို့။    ဟုတ်တယ်….. နေရာတစ်ခု၊ လူတစ်ယောက်ဟာ နှစ်တွေအကြာကြီး ခွဲသွားပြီးလို့ ပြန်မြင်ရတဲ့အခါ တစ်ခုခုတော့   ထူးခြားသင့်တယ် မဟုတ်လားဗျာ။ ဝေးသွားခဲ့တာ ကြာပြီ    ဖြစ်တဲ့ မြန်မာပြည်ဟာ လွန်ခဲ့သော ၆ နှစ်နဲ့ ဘာမှ ထူးခြားမလာခဲ့ပါ။ အရင်က ခပ်သေးသေး ရှိခဲ့တဲ့ မြောက်ဥက္ကလာက ချိုင့်ခွက်တွေ ပိုကြီးလာတာတော့ သတိထားမိတယ်။ ဒါပေမဲ့ပေါ့ဗျာ…. စင်ကာပူက လူတစ်ယောက် ဥပမာပေးသလိုပါပဲ…. မြန်မာပြည်က မယားကြီးနဲ့ တူသတဲ့။ စင်ကာပူကတော့ မယားငယ်နဲ့ တူသတဲ့။ မယားငယ်ရဲ့ ရင်ခွင်ထဲမှာ ဘယ်လိုပဲ ပျော်နေပေမဲ့ အချိန်တန်တော့ မယားကြီးဆီ ပြန်ချင်တာပဲ..တဲ့။ သူ့ဟာသူ အသက်ပဲကြီးကြီး၊ ဘာပဲဖြစ်နေနေ မယားကြီးကိုတော့ မပစ်နိုင်ဘူးဆိုပဲ။ ဟုတ်မဟုတ်တော့ မိန်းမ တစ်ယောက်မက ရှိတဲ့သူတွေသာ မေးကြည့်ကြပေတော့ဗျို့။ အနော်တော့ တိဘူးဂျ။

လက်မှတ်ထိုးဖို့ တရားရုံးကို ရောက်တော့ စာရေးမလေးက ဘွဲ့ရလေးပါပဲ။ ဒါပေမဲ့ဗျာ…. အလုပ်လုပ်ပုံက ထုံထုံမှိုင်းမှိုင်း လေးလေးကန်ကန် လုပ်ချင်သလိုလို မလုပ်ချင်သလိုလို…. မြင်ရတာ အားမရပါဘူးဗျာ။    တရားသူကြီးက ကျွန်တော့်အမေရဲ့ သူငယ်ချင်းပါ။ ကျွန်တော့် အဒေါ်လို ဖြစ်နေတဲ့ အန်တီပါပဲ။ သူ့စာရေးမက ဗျာ… လက်ထပ်စာချုပ်ပေါ်မှာ လက်နှိပ်စက်ရိုက်လာလိုက်တာ များလိုက်တဲ့ အမှားအယွင်းတွေဗျာ။ တကယ်တော့ အများကြီး ရိုက်ရတာလည်း မဟုတ်ပါဘူး။ လက်ထပ်စာချုပ်မှာ အားလုံးက အဆင်သင့် ရေးထားပြီးသားပါ။ သတို့သားနာမည်၊ သတို့သမီးနာမည်၊ မွေးသက္ကရာဇ်၊ အလုပ်အကိုင်… ဘာညာလောက်ပဲ ထပ်ရေးရတာပါ။ အဲဒါလေးကိုပဲ မှားမှားပြီး ရေးနေတာ ၃ ခါလောက် မှားပြီးမှ မှန်ပါတယ်။ သူ  ပေါက်ကရတွေ မှားရိုက်ထားတဲ့ စာချုပ်တွေတော့ ဖြဲပစ်လိုက်ရတာပေါ့ဗျာ။ ပြောတော့လည်း ပြောပြောပဲဗျ။    အေးဆေးပဲ။ စင်ကာပူမှာ သွားသွက်သွက်၊ စားသွက်သွက်၊ လုပ်သွက်သွက် လုပ်လာခဲ့တဲ့ ကျွန်တော်၊ သူတို့ကို အပြစ်တင်ရမှာလား…. အားကျရမှာလား… မဝေခွဲတတ်တော့ပါ။ စိတ်မရှည်ဘဲ အူထဲ အသည်းထဲက     ကျလိကျလိ ဖြစ်လာတာတော့ အမှန်ပါ။

မြန်မာပြည်ရဲ့ နာမည်အကြီးဆုံး Top Ten ဝန်ကြီး ၁၀ ယောက်ထဲမှာ အပါအဝင်ဖြစ်တဲ့ လျှပ်စစ်ဝန်ကြီးက ပြောတယ်။ မြစ်ဆုံဆည်နဲ့ ပါတ်သက်လို့ပေါ့။ မြန်မာပြည်မှာ လျှပ်စစ်အကြောင်း သူ့ထက်သိတဲ့သူ မရှိတော့ဘူး…တဲ့။ ဒီလောက် ပိုလျှံနေတဲ့ လျှပ်စစ်တွေ ရောင်းစားရမှာပေါ့…တဲ့။ ပြောစမ်းဟဲ့… ပေါက်ကရ။ ဝန်ကြီးတဲ့ဗျာ။ အဲဒီလို တာဝန်ယူမှုမရှိတဲ့ ပေါက်လွတ်ပဲစားတွေ လျှောက်ပြောပြီး ရှက်ရကောင်းမှန်းလည်း မသိ။ ကိုယ့်စကားကို တာဝန်ယူတဲ့ ခေါင်းဆောင်သာဆို ရှက်လွန်းလို့ ထွက်ရုံရှိတာပဲ။ အခုတော့ တာဝန်ယူမှုဆိုတာ ဘာမှန်းမသိတဲ့ အရူးက ဝန်ကြီးဖြစ်နေတော့ ရှက်ရကောင်းမှန်းလည်း သိပုံမရပါဘူး။     ထင်ရှားကျော်ကြားတဲ့ ငါ့စကားနွားရ ဝန်ကြီး ပါပဲ။ နောင်အခါ ဖယောင်းတိုင်အကြံပေးလို့ နာမည်ကြီးလာမဲ့  အလောင်းအလျာပုဂ္ဂိုလ်ကလည်း တစ်စခန်း ထ ပါသေးတယ်။ ပြည်သူတွေကို ရူးပါတယ်လို့ ပြောတဲ့ မစ္ဆရိယအမတ်ကြီးက တစ်မျိုး၊ အားလုံးသိပြီးသားတွေမို့ ထပ်မပြောတော့ပါဘူး။ ဆိုလိုချင်တာက တာဝန်ယူမှုဆိုတာနဲ့ ကင်းကွာခဲ့တာ ကြာပြီဖြစ်လေတော့ အခု (ဘာပဲပြောပြော) အပြောင်းအလဲတွေ ဖြစ်လာတဲ့အခါ၊ ရာထူးတွေရဲ့နောက်မှာ တာဝန်ယူမှုတွေ ပါလာတဲ့အခါ….. တာဝန်မဲ့တဲ့ စကားတွေ ပြောနေကျအတိုင်း ပြောမိတဲ့အခါ အရှက်တွေ ကွဲကြရတာ အတော်လေး စိပ်လာတာကို တွေ့နေရပါတယ်။

အရင်တုန်းက တစ်ဖက်သတ် ပြောချင်ရာပြော၊ တစ်ဖက်ကို ဘာမှ ပြောခွင့်ပေးထားတာ မဟုတ်တော့ ပြောတိုင်း တင့်တယ်ခဲ့သမျှ အခုလည်းကျရော facebook ပေါ် ရောက်လိုရောက်၊ မီဒီယာမှာ ပါလိုပါနဲ့ ရယ်စရာလိုလို၊ စိတ်ပျက်စရာ လိုလိုပါပဲ။ နောက်တော့လည်း စနစ်တွေ အသားကျသွားတဲ့အခါ အဆင်ပြေသွားမှာ ပေါ့လေ။ အခု လောလောဆယ်မှာတော့ ဒီပြဿနာက နိုင်ငံတိုးတက်ရေးမှာ အကြီးအကျယ် အနှောက်အယှက် ဖြစ်နေမှာပါ။

ကျွန်တော်တို့ မြန်မာတွေမှာ မြင်နေကျ စိတ်ဓါတ်တစ်ခုက ရာထူးကိုသာ မြင်တယ်။ ရာထူးရဲ့ နောက်က တာဝန်ယူမှု ဆိုတာကို မမြင်တာပါ။ ရာထူးကြီးကြီး ရချင်တယ်။ အဲဒီ ရာထူးကို မှီပြီးတော့ ရမဲ့ အကျိုးခံစားခွင့်ကို မြင်တယ်။ ယူရမဲ့ တာဝန်ကို မမြင်ဘူး။ ဘယ်အခွင့်အရေးမဆို တာဝန်ယူမှု ဒါမှမဟုတ် ပြဿနာ နဲ့ တွဲပြီး လာတာပါပဲ။ နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်သူတွေ ဆိုလည်း ဒီပြဿနာကို ကြုံရပါတယ်။ နိုင်ငံခြားမှာ ရှာတဲ့လူက ဘယ်လိုရှာရတယ် မသိဘူး…. မြန်မာပြည်မှာ ကျန်ခဲ့တဲ့ မိန်းမက ကြွားဖို့ ဝါဖို့ ပိုက်ဆံပဲ တွင်တွင်တောင်းနေတယ် ဆိုတာမျိုးတွေဟာ ဒီသဘောမကင်းပါဘူး။ ဘေးပါတ်ဝန်းကျင်ကလည်း နိုင်ငံခြားသွားနေတယ်ဆို အဆင်ပြေတယ်ချည်း မှတ်တော့တာပါပဲ။ အလွယ်တကူ ရနေတယ်များ ထင်သလား မသိပါ။ မနာလိုတွေဖြစ်ကြ၊ စောင်းကြ၊ မြောင်းကြ၊ ပြိုင်ကြ၊ ဆိုင်ကြတာတွေကလည်း ကျွန်တော်ထင်တာတော့ ကျွန်တော်တို့ လူမျိုးက အဆိုးဆုံးလို့ ထင်တာပါပဲ။ မိသားစုဝင် အချင်းချင်းလည်း အဲဒီလိုပါပဲ။ ချမ်းသာတဲ့သူဆို မဟုတ်တာလုပ်လို့ ချမ်းသာတယ်ချည်း ထင်တာကလည်း ပါ ပါသေးတယ်။ သူဘယ်လို ကြိုးစားခဲ့ရတယ်၊ သူဘယ်လို လုပ်ခဲ့ရတယ် ဆိုတာကို မြင်တတ်တဲ့သူက တကယ့်ကို နည်းနည်းကလေးပါ။

တစ်ခုခု ဖြစ်ရင် ကိုယ်ကိုယ်တိုင်လည်း ဘာမှမလုပ်တတ်ပေမဲ့ လက်တွေ့လုပ်နေရတဲ့ သူတွေအပေါ်     နားလည်မပေးနိုင်ဘဲ ထစ်ကနဲရှိ သူတစ်ပါးကို လွယ်လင့်တကူ အပြစ်ပြောတတ်တဲ့ အကျင့်တွေကလည်း တကယ့်ကို စိတ်ပျက်စရာပါပဲ။ သူ့နေရာမှာ ငါဆိုရင်ရော… ဆိုတဲ့ အတွေးလေး တစ်ချက်လောက်  ဝင်ရင်တောင် အဲဒီလောက် ရုပ်ပျက်ဆင်းပျက် ဖြစ်မယ်မထင်ပါ။ အခုတော့ facebook မှာ ကြည့်လိုက်ပါ။ comment တွေမှာ သူတစ်ပါးကို နစ်နစ်နာနာ ပြစ်ပြစ်နှစ်နှစ် ပြောဆိုနေတဲ့ မိမဆုံးမ ဖမဆုံးမတွေကို အများကြီး တွေ့ရပါလိမ့်မယ်။ ဆဲဆိုနေလိုက်ကြတာလည်း မိုးကိုမွှန်နေတာပါပဲ။ facebook ဟာ အများသူငါ  ကြည့်နေတဲ့ နေရာဆိုတာကို သတိထားရပါမယ်။ မောင်နဲ့ နှမ၊ သားနဲ့ အမိ မကြားဝံ့မနာသာတွေကို အားရပါးရ ပြောဆိုရေးသားနေသူတွေ ဆိုတာ စောစောက ကျွန်တော်ပြောခဲ့တဲ့ တာဝန်ယူမှု ဆိုတာနဲ့ ကင်းဝေးနေတဲ့ မျိုးဆက်တွေပါပဲ။ စာလုံးပေါင်းတွေ မှားချက်ကတော့ မြန်မာစာကို ချစ်တဲ့ မြန်မာတစ်ယောက်အနေနဲ့ ပြောရရင် မြင်ရတာ ရင်ထဲတကယ် မကောင်းပါ။ စုတ်ပြတ်နေတဲ့ စာလုံးပေါင်းတွေကို ကြည့်ပြီး    ငါတို့ဘာသာစကားတော့ သွားပါပြီလို့ကို တွေးမိပါတယ်။ ဒီပုံစံအတိုင်း ဆက်သွားရင်တော့ မြန်မာစာကို အထင်သေးတဲ့ မြန်မာတွေလက်ချက်ရယ်၊ ဖြစ်ချင်ရာဖြစ် ကြုံသလို ဖြစ်သလို ရေးချင်သလို ရေးနေတဲ့ မြန်မာပျက်တွေရယ်ကြောင့် မြန်မာစာဟာ အနှေးနဲ့ အမြန်ပျက်စီးဖို့ သေချာသလောက် ရှိနေပါပြီ။

 


သူများကို အပြစ်ပြောရတာ၊ ဝေဖန်ရတာက လွယ်ပါတယ်။ ကိုယ်တိုင် ရင်ဆိုင်ကြည့်ရင် မလွယ်တာကို သိပါလိမ့်မယ်။ ကျွန်တော်တို့ ပြောတဲ့ စကားဆယ်ခွန်းနဲ့ ခေါင်းဆောင်တစ်ယောက် ပြောတဲ့ စကားတစ်ခွန်း တာသွားပုံချင်း မတူနိုင်ပါဘူး။ အဲဒါကို လူတတ်ကြီးလုပ်ပြီး ပြောဆိုရေးသားနေသူတွေကိုလည်း အင်တာနက်မှာ အများကြီး တွေ့ရပါတယ်။ တစ်တိုင်းပြည်လုံးက လူတွေအားလုံးကို ငတုံးတွေ၊ သနားစရာတွေ၊ သူတို့မှ မပြောရင် မပြရင် ဘာမှ မမြင်နိုင်တော့တဲ့ အကန်းတွေလိုမျိုး ကိုယ့်ကိုယ်ကို အထင်ကြီးပြီး ဘဝင်မြင့်နေတဲ့ နိုင်ငံရေးသမားနာမည်ခံ ပြည်ပရောက် အချို့လည်း သတိထားသင့်နေပါပြီလို့ ပြောချင်လှတယ်။ လူဆိုတာ ကိုယ်ယုံကြည်ရာ ကိုယ်ရေးခွင့်၊ ပြောခွင့် ရှိရမှာပါ။ ဒါတွေကြောင့်လည်း ဒီမိုကရေစီဆိုတာကို တောင်းကြတာပါပဲ။ ဒါပေမဲ့ မင်းကို ငါက ငပေါလို့ ယုံကြည်လို့ ရေးတယ်ကွာ…. ဆိုရင်တော့ ဒါဟာ ယုံကြည်မှု မဟုတ်တော့ဘဲ သူတစ်ပါးကို တိုက်ခိုက်တာပါပဲ။ ယုံကြည်မှု နာမည်တပ်ပြီး ပေါက်လွတ်ပဲစား လျှောက်ပြောနေ၊ ရေးနေလို့တော့ မဖြစ်ပါ။ အပြောခံရသူဖက်က ပြန်လည်ဖြေရှင်းနိုင်တဲ့ အခြေအနေမရှိတဲ့အပေါ်မှာ အခွင့်အရေးယူပြီး မီဒီယာအားကိုး အနိုင်ကျင့်တာမျိုးတွေလည်း ရှောင်ရှားသင့်ကြပါပြီ။

ဒီဘလော့ဂ်မှာ ရွှေရောင်ခြင်္သေ့များဆိုတဲ့  post တစ်ခုကိုလည်း တင်ခဲ့ဖူးပါတယ်။ ခြင်္သေ့မြို့တော်လို့ ခေါ်တဲ့ စင်ကာပူမှာ ရွှေမြန်မာများ တိုးပွားလာတဲ့ အကြောင်းကို ရေးခဲ့တာပါ။ နောက်ဆုံး မြန်မာပြည်ကြီး တကယ်ပြောင်းလဲသွားခဲ့ရင် ခြင်္သေ့ကြီး ရွှေရောင်ပျယ်မှာပဲလို့ ရေးခဲ့ပါတယ်။ အခုတော့ ခြင်္သေ့ကြီး တကယ်ရွှေရောင် ပျယ်လာမဲ့ သဘောကို တွေ့နေရပါပြီ။ ကျွန်တော့် အသိအကျွမ်းတွေထဲမှာတင် PR  အပ်ပြီး မြန်မာပြည် အပြီးပြန်မဲ့သူတွေ တစ်နေ့တစ်ခြား ကြားလာရပါပြီ။ အယူအဆတွေ ယုံကြည်မှုတွေ အမျိုးမျိုးကွဲပြားနေတဲ့ ကြားကပဲ မြန်မာပြည် အပြီးပြန်တဲ့သူတွေ၊ ပြန်မဲ့သူတွေကို တွေ့နေရပါပြီ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ပြင်စရာရှိတဲ့ စိတ်အခြေခံတွေကို အရင် ပြင်ဖို့ လိုလာပါပြီ။ အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစား အကျင့်တွေနဲ့ နိုင်ငံတကာ စီးပွားရေးထဲကို ဝင်တိုးရင်တော့ အရှက်တွေ ဗြန်းဗြန်းကွဲကြရဦးမှာပါ။


ကျွန်တော်မြင်သလို ပြောရရင် ကျွန်တော်တို့တွေ အာဏာရှင်စနစ်ကို ရွံ့မုန်းကြပေမဲ့ ကိုယ့်လက်ထဲ အာဏာလေး၊ လုပ်ပိုင်ခွင့်လေး ၂ ကျပ်ဖိုးလောက် ရောက်လာရင်ကို ၂၀၀ ဖိုးလောက်       အာဏာပြချင်စိတ်တွေ ရှိနေကြတုန်းပဲလို့ ထင်တာပါပဲ။     အာဏာရှင်စနစ်အောက်မှာ ကြီးပြင်းလာရတဲ့ ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ အာဏာရှင်စိတ်ဓါတ်တွေ  ကိန်းနေတုန်းပဲလို့ ခံစားရပါတယ်။ အာဏာရှင်တွေဟာ တွေ့ဆုံဆွေးနွေးရေးတို့၊ ညှိနှိုင်းအဖြေရှာရေးတို့၊ သူတစ်ပါးအမြင် ရှုထောင့်ကနေ ဝင်စဉ်းစားတာတို့ဆိုတဲ့ ယဉ်ကျေးမှုမျိုး မရှိပါဘူး။ ညှိနှိုင်းတယ်ဆိုကတည်းက အပေးအယူ အလျှော့အတင်း ရှိတာ သဘာဝပါ။ ကိုယ့်ဘက်က တစ်ခုလောက် လျှော့ပေးလိုက်ရတာနဲ့ ဒါဟာ အရှုံးပေးတာပဲ၊ ရန်သူကို ဒူးထောက်တာပဲ ဆိုပြီး ဆတ်ဆတ်ခါနေသူတွေက အများစု ဖြစ်နေပါတယ်။  ကျွန်တော်တို့ လူမျိုးအများစု ဆွေးနွေးညှိနှိုင်းတတ်တဲ့အကျင့် ဆင်းရဲနေတာကို   ကြည့်ရင် သိသာပါတယ်။ မြန်မာတွေရဲ့ ပြဿနာဖြေရှင်းနည်းဟာ အမြစ်ပြတ်ချေမှုန်းရေးသာ များပါ     တယ်။ ကျူပင်ခုတ် ကျူငုတ်မကျန်ဆိုတာ အာဏာရှင်ရဲ့ သဘောပါပဲ။ အစိုးရကစလို့ အောက်ခြေလူတန်းစားအထိ စိမ့်ဝင်ထိုးဖေါက် အမြစ်တွယ်နေတာ အာဏာရှင်စိတ်ဓါတ်ပါ။ ခေတ်ကြီး တကယ်ပြောင်းဖို့ဆိုရင် ကိုယ့်ကိုယ်ကို တာဝန်ယူတတ်ဖို့၊ ကိုယ့်အခွင့်အရေးကို ကာကွယ်တတ်ဖို့ လိုသလို သူတစ်ပါးရဲ့   အခွင့်အရေးကို လေးစားတတ်ဖို့၊ ကိုယ့်အမြင် ကိုယ့်အယူအဆကို ဖေါ်ထုတ်တတ်သလို သူတစ်ပါးရဲ့ အမြင်အယူအဆကိုလည်း နားထောင်တတ်ဖို့၊ နားလည်မှုရှိဖို့၊ မတူတာလေးတွေကို ညှိနှိုင်း အဖြေရှာတတ်ဖို့ လိုမယ်ထင်တာပါပဲလို့ တွေးမိတာလေး ရေးကြည့်လိုက်ပါတယ်ခင်ဗျာ…..။ ဘယ်သူ့ကိုမှ ဆရာလုပ်တာ မဟုတ်ရပဲ ကိုယ့်ကိုယ်ကို သတိပေးခြင်းက အဓိက ဖြစ်ပါကြောင်းနဲ့ လွန်တာရှိ ဝန္တာမိပါ………….

(ကျွန်တော့်စာ ကျွန်တော် တာဝန်ယူပါတယ်….။ အမြင်မတော်ရင် ဆုံးမနိုင်ပါတယ်ခင်ည။)



(သရုပ်ဖေါ်ပုံများကို Google မှ ယူသည်။)


Sunday, October 21, 2012

ပင်လယ်ပြာနဲ့ဘဲငန်း



ဘဝင်မြင့်နေတဲ့ ဘဲငန်းတစ်ကောင် လမ်းလျှောက်လာရင်း မြင်းတစ်ကောင် မြက်စားနေတာကို တွေ့တယ်။

ဘဲငန်းက မြင်းကို "မင်းရဲ့အစွမ်းအစ ဘယ်လိုရှိသလဲ" လို့ မေးတယ်။

 မြင်းက "ငါမြန်မြန်ပြေးနိုင်တယ်" လို့ ပြန်ဖြေလိုက်တယ်။

ဘဲငန်းက လှောင်သလိုလို ပြောင်သလိုလိုနဲ့ ဂျိန်းစ်ဘွန်းပြုံးပြုံးရင်း "ဒါပဲလား…." တဲ့။

 မြင်းက နည်းနည်းတော့ ဘု သွားတယ်။ ဘာသဘောလဲဆိုတဲ့အထာနဲ့ မြက်စားနေရာက မော့ကြည့်လိုက်တယ်။

ဘဲငန်းက ဆက်ပြောတယ်။ "ငါဆို ကုန်းပေါ်မှာလည်း သွားနိုင်တယ်၊ ရေထဲမှာလည်း ကူးနိုင်တယ်၊ လေထဲမှာလည်း ပျံနိုင်တယ်ကွ … " လို့ ဗလာချီ ခွပ်ထည့်လိုက်တယ်။ စိတ်ထဲကလည်း တယ်ဟုတ်တဲ့ ငါပါလားဆိုပြီး ကိုယ့်ကိုယ်ကို တော်တော် ကြည်ညိုသွားတယ်။

မြင်းက နည်းနည်းတော့ တင်းသွားတယ်။ ဒါပေမဲ့ ဒီမြင်းက ဂျန်းတဲလ်မန်းမြင်း၊ စိတ်ထဲကတင်းတာကို မျက်နှာမှာ မပေါ်အောင် ထိန်းလိုက်တယ်။ ပြီးတော့မှ ပြုံးပြုံးလေးနဲ့ ပြောတယ်။


Monday, October 15, 2012

Red Bull



အလုပ်ဖယ်ရီပေါ်မှ လေးကန်သော ခြေလှမ်းများနှင့် ဆင်းလာခဲ့သည်။ မြန်မာပြည်မှာတုန်းက မနက် ၈ နာရီလောက် ထ ဖို့ကိုပင် စောသေးသည်ဟုဆိုကာ အီ နေတတ်သော ကျွန်တော်သည် စင်ကာပူရောက်၍ အလုပ် စ ဝင်တော့ မနက် ၅း၃၀ ဖယ်ရီပေါ် အရောက်တက်ရသည့်အခါ တော်တော်စိတ်လေပါသည်။ ရး၃၀ မှ စ သော အလုပ်ကို ၅း၃၀ ကတည်းက ဖယ်ရီပေါ် အရောက်တက်ရသည်။ ၆းဝ၀ ထိုးလျှင် အလုပ်ထဲ ရောက်နေကြပြီ။ သို့သော် အလုပ် စ ဖို့ တစ်နာရီခွဲမျှ လိုသေးရကား ကြုံသလို ရသမျှ အိပ်တတ်အောင် လေ့ကျင့်ထားခြင်းသည်သာ ကျွန်တော်တို့အတွက် လုပ်သင့်သော အလုပ်ဖြစ်သည်။ အလုပ်နှင့် အဆောင်ကို မိနစ် ၂၀ ကျော်မျှသာ မောင်းရသော ခရီးစဉ်အတွက် အစောကြီး ထ ခိုင်းသော စင်ကာပူ အလုပ်ရှင်များသည် အတော်အမြင်ကတ်စရာ ကောင်းလှသည်။ စင်ကာပူမှာ အလုပ် လုပ်လာတာ ၁၀ နှစ်သာ ကျော်လာသည်၊ မနက်စောစောထဖို့ အကျင့်ဖြစ်မလာ…။

အဓိက ပြဿနာမှာ ညဘက် အိပ်ချိန်နောက်ကျခြင်းကြောင့် ဖြစ်သည်။ စောစောအိပ်၊ စောစောထခြင်းသည် ကျန်းမာရေးနှင့် ညီညွတ်ကြောင်း ကျွန်တော်လည်း သိပါသည်။ သို့သော် မနက် ၅း၃၀ လောက်က ထပြီး အလုပ်သွားဖို့ ပြင်ဆင်ကာ၊ ပုံမှန်အားဖြင့် ညနေ ရး၃၀၊ တခါတရံ ၁၀ နာရီလောက်မှ အိမ်ပြန်ရောက်သော စင်ကာပူတွင် လူစင်စစ်မှ ပုရွက်ဆိတ်လို ကျင့်နေရသော ကျွန်တော်တို့လို ဝန်ထမ်းများမှာ ကိုယ်ပိုင်အချိန်၊ မိသားစုအချိန်ရယ်လို့ မယ်မယ်ရရမရှိလေရကား ကိုယ်စိတ်ဝင်စားရာလေး ဖတ်ဖို့ရှုဖို့၊ ကိုယ့်မိသားစုနှင့် စကားစမြည်ပြောဖို့ အချိန်မှာ အိပ်ချိန်မှသာ ဖဲ့ယူနိုင်ပေသည်တကား။ ထို့ကြောင့် အမြဲလို အိပ်ယာဝင် နောက်ကျသော ကျွန်တော့်မှာ မနက်တိုင်း အိပ်ယာမှ ကြိုးစားပမ်းစား ထ ရသည်ချည်း ဖြစ်သည်။ ဖုန်းထဲမှ မနက်ခင်း နှိုးစက်သံကို အမျိုးမျိုးပြောင်းရသည်။ ယခင်က ကျွန်တော်အလွန် နှစ်သက်သော Once in a life time သီချင်းကို နှိုးစက်သံအဖြစ် ပေးထားလိုက်ရာ နောက်ပိုင်း Once in a life time သီချင်းကို မကြားချင်လောက်အောင် ဖြစ်သွားသည်။ အကြောင်းကား ဤသီချင်းကိုကြားတိုင်း အလုပ်သွားခါနီး အိပ်ချင်မူးတူးထရသော ဖီလင်ကြီးက ဖြစ်ဖြစ်လာသောကြောင့် ဖြစ်လေသည်။ စိတ်နာတယ်…အဟုတ်..။


Sunday, September 9, 2012

အချိန်ခရီးသွားခြင်း


ကြားဖူးနားဝလေးတစ်ခုကို ပုံကြီးနည်းနည်းချဲ့ကြောင်း ကြိုတင်ဝန်ခံပါရစေ။ အခြားသော အကြောင်းအရာများ၊ ရေးလက်စများ ရှိသော်လည်း ယခုအတောအတွင်း အားလပ်ချိန် ဆင်းရဲနေသောကြောင့် တစ်ခုမှ လက်စမသတ်နိုင်ပါ။ အချို့သော အကြောင်းအရာတို့မှာ အလွတ်သဘောလျှောက်ရေး၍ မရသဖြင့် အထောက်အထားရှာရပါသည်။ စာများများ ဖတ်ရပါသည်။ အေးအေးလူလူ စာထိုင်ဖတ်နိုင်သော ဘဝမဟုတ်သဖြင့် ကြုံသလို ဖတ်ရပါသည်။ အထောက်အထား မရှိပါဘဲ ရေးလိုက်မိ၍ စာဖတ်သူတစ်ယောက်ယောက် အမှတ်မှား အသိမှား ဖြစ်သွားနိုင်သည်ကိုလည်း စိုးရိမ်သဖြင့် post တစ်ခုတင်ဖို့ အတော်အားထုတ်ရပါသည်။

သို့သော် ယခုဤ post သည် ထင်ရာမြင်ရာ ရေးသော post အမျိုးအစား ဖြစ်ခြင်းကြောင့် စကားပလ္လင်ခံနေခြင်း ဖြစ်ကြောင်း၊ ဖတ်မိမှတ်မိသမျှထဲမှ တောင်တစ်စ မြောက်တစ်စ ဆွဲယူဆက်စပ် တွေးတောမိသည်များကို ချရေးမိခြင်းဖြစ်ကြောင်း၊ တချို့သော အကြောင်းအရာများမှာ အထောက်အထားမယ်မယ်ရရ မပြနိုင်သည့်အတွက် မရေမရာအချက်အလက် တချို့အပေါ် မနှစ်သက်ပါက အပြစ်တော်မယူဘဲ ဝေဖန်သုံးသပ်ပေးမည်ဆိုလျှင်လည်း ဝမ်းမြောက်စွာ ကြိုဆိုပါကြောင်း ပြောလိုရင်း ဖြစ်ပါသည်။

Friday, August 3, 2012

Philadelphia စမ်းသပ်ချက် (အပိုင်း ၇ မှ ၁၂) - (ခင်မမမျိုး)


 (မျှော်လင့်ခြင်းခရီးသည်ကို စတင်ဖန်တီးစဉ်က ကိုယ်တိုင်ရေးစာစုများကိုသာ ဖေါ်ပြမည်ဟု ရည်ရွယ်ရင်းရှိခဲ့ပါသည်။ အခြားသူများရေးသားသော စာများကိုမူ နှစ်သက်လျှင် နှစ်သက်သလို credit ပေး၍ facebook တွင်သာ ဝေမျှခဲ့ပါသည်။ ယခု မခင်မမမျိုး၏ Philadelphia စမ်းသပ်ချက် ဘာသာပြန်ဝတ္ထုကိုမူ နှစ်သက်လွန်း၍သော်လည်းကောင်း၊ ကျွန်တော်ငယ်စဉ်ကတည်းက အလွန်စိတ်ဝင်စားခဲ့သော အကြောင်းအရာဖြစ်သောကြောင့် လည်းကောင်း၊ နောင်ပြန်လည်ဖတ်ရှုချင်သည့်အခါ ရှာမရမည်စိုးသောကြောင့် လည်းကောင်း၊ ကျွန်တော့်ဘလော့လေးသို့ အလည်လာတတ်သော သူငယ်ချင်းများကိုလည်း ဖတ်စေချင်သောကြောင့် လည်းကောင်း၊ အချိန်ကုန်လွန်းသဖြင့် facebook ကို Deactivate လုပ်ကာ အဆက်အသွယ်ဖြတ်ထားသဖြင့် လည်းကောင်း ကျွန်တော်ဘလော့တွင် ကူးယူဖေါ်ပြပါသည်။ မခင်မမမျိုးဘာသာပြန်ဆိုရေးသားသော်လည်း နေ့သစ် Website မှ ကူးယူရရှိသည် ဖြစ်ခြင်းကြောင့် မခင်မမမျိုးနှင့် နေ့သစ် ကို အထူးကျေးဇူးတင်စွာဖြင့် ကူးယူဖေါ်ပြခြင်း ဖြစ်ပါသည်ခင်ဗျား။

တစ်ပိုင်းစီ တစ်ပိုင်းစီ စောင့်ဆိုင်း၍ ဖတ်ရှုရသော ဤဘာသာပြန်ဝတ္ထုကို တစ်ဆက်တစ်စပ်တည်း ဖတ်လိုခြင်းကြောင့် အစမှ အဆုံး အပိုင်း ၁ မှ ၁၂ အထိကို ဆီလျှော်သလို တွဲ၍ တတ်နိုင်သမျှ တစ်ဆက်တည်း တင်လိုက်ပါသည်။)

Philadelphia စမ်းသပ်ချက် (အပိုင်း ၁ မှ ၆) - (ခင်မမမျိုး)


 (မျှော်လင့်ခြင်းခရီးသည်ကို စတင်ဖန်တီးစဉ်က ကိုယ်တိုင်ရေးစာစုများကိုသာ ဖေါ်ပြမည်ဟု ရည်ရွယ်ရင်းရှိခဲ့ပါသည်။ အခြားသူများရေးသားသော စာများကိုမူ နှစ်သက်လျှင် နှစ်သက်သလို credit ပေး၍ facebook တွင်သာ ဝေမျှခဲ့ပါသည်။ ယခု မခင်မမမျိုး၏ Philadelphia စမ်းသပ်ချက် ဘာသာပြန်ဝတ္ထုကိုမူ နှစ်သက်လွန်း၍သော်လည်းကောင်း၊ ကျွန်တော်ငယ်စဉ်ကတည်းက အလွန်စိတ်ဝင်စားခဲ့သော အကြောင်းအရာဖြစ်သောကြောင့် လည်းကောင်း၊ နောင်ပြန်လည်ဖတ်ရှုချင်သည့်အခါ ရှာမရမည်စိုးသောကြောင့် လည်းကောင်း၊ ယခုတလော အလုပ်တာဝန်များ များပြားလွန်းသောကြောင့် post အသစ်မရေးနိုင်သေးခင် ကျွန်တော့်ဘလော့လေးသို့ အလည်လာတတ်သော သူငယ်ချင်းများကိုလည်း ဗဟုသုတအဖြစ် ဖတ်စေချင်သောကြောင့် လည်းကောင်း၊ အချိန်ကုန်လွန်းသဖြင့် facebook ကို Deactivate လုပ်ကာ အားလုံးနှင့် အဆက်အသွယ်ဖြတ်ထားသောကြောင့် facebook တွင် share ၍ မရသဖြင့် လည်းကောင်း ကျွန်တော်ဘလော့တွင် ကူးယူဖေါ်ပြပါသည်။ မခင်မမမျိုးဘာသာပြန်ဆိုရေးသားသော်လည်း နေ့သစ် Website မှ ကူးယူရရှိသည် ဖြစ်ခြင်းကြောင့် မခင်မမမျိုးနှင့် နေ့သစ် ကို အထူးကျေးဇူးတင်စွာဖြင့် ကူးယူဖေါ်ပြခြင်း ဖြစ်ပါသည်ခင်ဗျား။

တစ်ပိုင်းစီ တစ်ပိုင်းစီ စောင့်ဆိုင်း၍ ဖတ်ရှုရသော ဤဘာသာပြန်ဝတ္ထုကို တစ်ဆက်တစ်စပ်တည်း ဖတ်လိုခြင်းကြောင့် ယခုအထိ ရရှိသမျှ အပိုင်း ၁ မှ ၁၂ အထိကို ဆီလျှော်သလို တွဲ၍ တတ်နိုင်သမျှ တစ်ဆက်တည်း တင်လိုက်ပါသည်။)

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...