ဇာတ်လမ်းအရ ရောမနန်းတွင်းအရှုပ်တော်ပုံကြောင့် ရောမ စစ်သူကြီး Lucius (John Cusack) နဲ့ အသက်အရွယ်ငယ်ရွယ်လွန်းသေးတဲ့ အပြင် အစ်ကိုဖြစ်သူရဲ့ လုပ်ကြံမှုကြောင့် မျက်စိ ၂ လုံးစလုံး ကွယ်နေရှာတဲ့ မင်းသားလေးဟာ သူတို့မြို့ကနေ ထွက်ပြေးလာကြရင်း စားနပ်ရိက္ခာနဲ့ ဆေးဝါး လိုအပ်ချက်တွေကြောင့် ခပ်ညံ့ညံ့အရာရှိတစ်ယောက် ဦးဆောင်တဲ့ တရုတ်နယ်စပ်မြို့သစ်ကို သိမ်းယူဖို့ ကြိုးစားကြပါတယ်။ တရုတ်အရာရှိဟာ ရောမတွေ လက်ထဲကို အလွယ်တကူနဲ့ ကျသွားပေမဲ့ အဲဒီမြို့သစ်တည်ဆေက်ရေးကို ရဲဘက်အဖြစ် အပို့ခံရတဲ့ Huo An (ဂျက်ကီချမ်း) က ဦးဆောင်ပြီး ရောမစစ်သူကြီးနဲ့ တစ်ယောက်ချင်း တိုက်ကြပါတယ်။ တိုက်နေကြတုန်း သဲမုန်တိုင်းကျလာတာမို့ Huo An က မတိုက်ကြဘဲ ငြိမ်းငြိမ်းချမ်းချမ်း လက်နက်ချပြီး မြို့ထဲဝင်လိုက်ခဲ့ရင် လိုအပ်တဲ့အကူအညီတွေ ပေးမယ်လို့ ကမ်းလှမ်းပါတယ်။
Friday, February 20, 2015
Dragon Blade၊ ဂျက်ကီချမ်း၊ ဟစ်တလာနဲ့ အမျိုးသားရေး
ဇာတ်လမ်းအရ ရောမနန်းတွင်းအရှုပ်တော်ပုံကြောင့် ရောမ စစ်သူကြီး Lucius (John Cusack) နဲ့ အသက်အရွယ်ငယ်ရွယ်လွန်းသေးတဲ့ အပြင် အစ်ကိုဖြစ်သူရဲ့ လုပ်ကြံမှုကြောင့် မျက်စိ ၂ လုံးစလုံး ကွယ်နေရှာတဲ့ မင်းသားလေးဟာ သူတို့မြို့ကနေ ထွက်ပြေးလာကြရင်း စားနပ်ရိက္ခာနဲ့ ဆေးဝါး လိုအပ်ချက်တွေကြောင့် ခပ်ညံ့ညံ့အရာရှိတစ်ယောက် ဦးဆောင်တဲ့ တရုတ်နယ်စပ်မြို့သစ်ကို သိမ်းယူဖို့ ကြိုးစားကြပါတယ်။ တရုတ်အရာရှိဟာ ရောမတွေ လက်ထဲကို အလွယ်တကူနဲ့ ကျသွားပေမဲ့ အဲဒီမြို့သစ်တည်ဆေက်ရေးကို ရဲဘက်အဖြစ် အပို့ခံရတဲ့ Huo An (ဂျက်ကီချမ်း) က ဦးဆောင်ပြီး ရောမစစ်သူကြီးနဲ့ တစ်ယောက်ချင်း တိုက်ကြပါတယ်။ တိုက်နေကြတုန်း သဲမုန်တိုင်းကျလာတာမို့ Huo An က မတိုက်ကြဘဲ ငြိမ်းငြိမ်းချမ်းချမ်း လက်နက်ချပြီး မြို့ထဲဝင်လိုက်ခဲ့ရင် လိုအပ်တဲ့အကူအညီတွေ ပေးမယ်လို့ ကမ်းလှမ်းပါတယ်။
Tuesday, January 20, 2015
ဇဝေဇဝါ နှစ်ခွအတွေး ရေးဖို့ရယ်ခက်ပါ့
ပြောရရင်တော့ ဒီကောင်နဲ့ သူငယ်ချင်း ဖြစ်ကတည်းက စ တာ။ ဒီကောင်ဆိုတာ ကျနော့ မိတ်ရင်း၊ ဆွေရင်း၊ သူငယ်ချင်း အရင်းကြီးပေါ့ဗျာ။ ရင်းနှီးလို့လည်း ဒင်းကို ဒီကောင်လို့ ပြောတာပေါ့။ ဒီအတွက် အားနာစရာ မရှိပေါင်ဗျာ။
ဒီကောင်ပြောပုံကို စဉ်းစားကြည့်ပါဗျ။ ငယ်ငယ်က လူကြီးတွေက ပြောတယ်။ မြေကြီးအောက်မှာ ငရဲပြည် ရှိသတဲ့။ ကျောင်းရောက်တော့ သိပ္ပံမှာ သင်ပြန်ရော။ ကမ္ဘာကြီးထဲမှာ ကျောက်ရည်ပူတွေ ရှိသတဲ့။ ဘယ်ဟာ အမှန်တုန်းလို့ မစဉ်းစား၊ ဒါမှမဟုတ် ဒီလို အဆီအငေါ်မတည့်တဲ့ ကိစ္စနှစ်ခုကို ဆီလျှော်တဲ့ အဖြေရှာဖို့ မစဉ်းစား၊ ၂ ခု စလုံးကို ဒီအတိုင်း ကျနော်တို့ လက်ခံခဲ့ကြသတဲ့။
သူပြောတော့မှ ကျနော့မှာ ငရဲပြည်အကြောင်း စာတွေ ရှာဖတ်ရတယ်။
Monday, January 5, 2015
Instrument Earth
ဒီ post ကတော့ (လုံးဝ) လုပ်ငန်းခွင်နဲ့ ပါတ်သက်ပြီး ကြုံရသမျှ၊၊ ဖတ်ရမှတ်ရသမျှ ထဲမှ တချို့အပိုင်းလေးတွေကို သဘောပေါက်သလို အတိုချုပ် အကြမ်းဖျင်း ပြန်လည် ရေးသား ဝေမျှခြင်းသာ ဖြစ်ပါတယ်။ အမှားအယွင်းများ ပါခဲ့ရင် ကြီးသူငယ်သူမဟူ ခွင့်လွှတ်တော် မမူဘဲ Comment Box ကနေဖြစ်ဖြစ် ဝင်ရောက်ပြင်ဆင် ထောက်ပြကြပါလို့ ဖိတ်ခေါ်ပါရစေ။
Saturday, December 27, 2014
The Day the Earth Stood Still (2008)
Tuesday, December 23, 2014
Shipyard vs Construction (အပိုင်း-၄)
သင်တန်းမှာ ပထမတစ်ရက် Trainer နဲ့ တွဲပြီး အဖွဲ့တွေခွဲလို့ သင်္ဘောကျင်း (yard) ထဲမှာ လိုက်စစ်ရပါတယ်။ Safety မျက်စိနဲ့ ကြည့်တတ်အောင် သင်တာပါပဲ။ Safe မဖြစ်တာတွေ့ရင် ဝန်ထမ်းကတ်ကို ဓါတ်ပုံရိုက်၊ မှတ်သား၊ သတိပေးတန်ပေး အရေးယူတန်ယူ လုပ်ရပါတယ်။ အရေးယူစရာရှိတဲ့အခါ အဖမ်းခံရတဲ့ ဝန်ထမ်းကို နေ့ခင်းထမင်းစားချိန် Safety Office ကို လာဖို့ ခေါ်ရပါတယ်။ ပြီးရင် အရေးယူခံရတဲ့ ဝန်ထမ်းကို သူ့အမှားကိုသူ နားလည်ပြီး အရေးယူတာကို သဘောပေါက် ကျေနပ်သည်အထိ သေသေချာချာ ရှင်းပြရပါတယ်။ Counseling လုပ်တယ်လို့ ခေါ်ပါတယ်။ ငါအရာရှိ၊ ငါဖမ်းချင်လို့ ဖမ်းတယ်…. ပေး ဒဏ်ကြေး ၅၀ ဆိုပြီး အနိုင်ကျင့်လို့ မရပါဘူး။ အရေးယူခံရတဲ့ ဝန်ထမ်းက အရေးသာ အယူခံလိုက်တယ်.... ဘာကြောင့်မှန်းမသိ ဖြစ်လို့ မရပါဘူး။
Monday, December 15, 2014
English Vinglish (2012)
ဒီတစ်ခါတော့ ရုပ်ရှင်ဝါသနာအိုး သူငယ်ချင်းတွေကို ၂၀၁၂ မှာ ရုံတင်ခဲ့တဲ့ English Vinglish ဆိုတဲ့ ထူးထူးခြားခြား အိန္ဒိယ Bollywood ရုပ်ရုပ်တစ်ကားအကြောင်း ပြောပြချင်ပါတယ်။ အိန္ဒိယရုပ်ရှင်တွေကို ပြဇာတ်ဆန်ဆန် Over Act တွေနဲ့ သဘာဝမကျတဲ့ သီချင်းတွေများလွန်းလို့ဆိုပြီး ကြည့်လေ့ကြည့်ထ မရှိတဲ့ ကျနော်တောင် ဒီရုပ်ရှင်ကားလေးကိုတော့ ကြည့်နေရင်း ပါးစပ်က အသံထွက်ပြီး မကြာခဏချီးကျူးမိသလို ကားပြီးသွားတာတောင် စိတ်ကြိုက် အခန်းလေးတွေ ပြန်ကြည့်မိတဲ့အထိ ကောင်းလှပါတယ်လို့ ညွှန်းပါရစေနော်။
ဒါရိုက်တာရဲ့ လူရွေးတော်တာ၊ ဇာတ်ပို့ ဇာတ်ရံ တစ်ယောက်မကျန်ရဲ့ သဘာဝကျပုံ အသေးစိတ်လေးတွေကအစ၊ ဇာတ်အိမ်တည်တာ၊ ဇာတ်လမ်းကောင်းတာ ဘာဆို ဘာမှကို ပြောစရာမရှိတဲ့ ကားလေးပါ။ ဒိုင်ယာလော့ခ် တွေကလည်း မြန်မာဗွီဒီယိုဇာတ်လမ်းတွေလို အတင်း ဖြစ်ညှစ် ရယ်(ရီ) ရတာလည်းမဟုတ်၊ အတင်း ဖြစ်ညှစ် လေးနက်တဲ့ စကားလုံးကြီးတွေလည်း မဟုတ်ဘဲ အဆင့်အတန်းမြင့် သဘာဝကျလှတဲ့ ဖန်တီးချက်တွေလို့ ဆိုပါရစေ။ အထူးသဖြင့် မျက်လုံးသရုပ်ဆောင်မှုတွေ ကောင်းလွန်းလို့ လက်ဖျားခြေဖျား ရှိသမျှအဖျား အကုန်ခါတဲ့ ဇာတ်လမ်းလေးပါခင်ဗျား။ ဇာတ်လမ်း အကျဉ်းလေး နည်းနည်း ပြောပြပါ့မယ်။
Wednesday, December 3, 2014
Shipyard vs Construction (အပိုင်း-၃)
(လုပ်ငန်းနှင့် ပတ်သက်သော ဆောင်းပါးဖြစ်သဖြင့် လုပ်ငန်းအမျိုးအစား မတူသူများအတွက် သဘောပေါက်ရန် အနည်းငယ် ခက်ပါလိမ့်မည်။)
ဝန်ထမ်းတွေကို ကျွမ်းကျင်မှုတိုးအောင် လေ့ကျင့်ပေးခြင်းဟာ အလုပ်ကို ပိုကောင်းစေရုံသာ မကဘဲ အချိန်တိုတိုနဲ့ ပြီးမြောက်စေတဲ့အတွက် Quality effect ရော၊ Time effect ရော ရပါတယ်။ ဒါ့အပြင် အလုပ်သမားတစ်ဦးချင်းစီ အနေနဲ့လည်း သူတို့ကိုယ်သူတို့ ယုံကြည်မှု ရစေပါတယ်။ ဒီနေရာမှာ အလုပ်သမားတွေကို ကြီးကြပ်ရတဲ့ Supervisor တွေ၊ Foreman တွေ၊ Technician တွေ၊ Engineer တွေ၊ Manager တွေရဲ့ အရည်အသွေးက အရမ်းပဲ အရေးကြီးပါတယ်။ ကုမ္ပဏီတစ်ခု အောင်မြင်ဖို့ ဆိုတာ အခြေခံလမ်းကြောင်း (Policy) နဲ့ ရည်ရွယ်ချက် (Target) က ရှင်းရှင်းလင်းလင်း ရှိရပါတယ်။ ခုလို အပြောင်းအလဲတွေနဲ့ ဒင်းကြမ်းဖြစ်နေတဲ့ ခေတ်ကြီးမှာ ကျွန်တော်တို့ဟာ ဘာကိုပဲလုပ်လုပ် အပြောင်းအလဲ အတွက် တစ်ပါတည်း အဆင်သင့် ဖြစ်နေဖို့ လိုပါတယ်။
Wednesday, November 19, 2014
လူယုတ်မာ၊ လူမိုက်၊ လူလိမ်၊ လူရိုး၊ လူအေး နှင့် လူအ
လူမိုက်သည် လူယုတ်မာ၏ နောက်လိုက် (သို့) အောက်ဆွဲ ဖြစ်သည်။
လူအေးသည် လူယုတ်မာအတွက် ကစားစရာအရုပ် ဖြစ်သည်။
လူယုတ်မာသည် ဉာဏ်များသည်။ မာယာများသည်။ အမှန်အမှားကို ဝေဝါးရှုပ်ထွေးအောင် နည်းလမ်းမျိုးစုံဖြင့် လုပ်သည်။ သို့မှသာ သူယုတ်မာသည်များကို ဖုံးကွယ်နိုင်မည်။ လူတွေ မျက်စေ့လည်မည် ဖြစ်သည်။
အဆောက်အဦးတစ်ခုကို တည်ဆောက်ရာ၌ နည်းပညာသုံးရသည်။ စံနစ်ကျရသည်။ နည်းမှန် လမ်းမှန် တည်ဆောက်ရသည်။ လှပအောင် တည်ဆောက်ရသည်။ ကြံ့ခိုင်အောင် တည်ဆောက်ရသည်။ ထို့အတွက် ရက်ပေါင်း လပေါင်းများစွာ ကြာအောင် ဆောက်ရသည်။ သို့သော်….
ဖျက်ဆီးချင်လျှင် ဗုံးတစ်လုံးတည်းနှင့် မိနစ်ပိုင်းအတွင်း ပြားပြားဝပ်သွားအောင် ဖျက်ဆီးပစ်လို့ရသည်။ လေယာဉ်ဖြင့် ဝင်တိုက်ဖျက်ဆီးခံရသော အမေရိကန် World Trade Center သည် ထင်ရှားသော ဥပမာတစ်ခုဖြစ်သည်။
Monday, November 17, 2014
ဓါးလိုလူ
ကျနော့အမေဘက်က ကျနော်နဲ့ အဘေးတော်တဲ့ ဘကြီးတစ်ယောက် ရှိခဲ့ဖူးတယ်ဗျ။ ဘကြီးဦးလုံး တဲ့။ စကားတတ်သလောက် စကားကပ်တယ်။ စကားကပ်သလောက် အငြင်းသန်တယ်ဗျ။ တစ်ခါကျတော့ အိမ်ရှေ့မှာ ထိုင်နေရင်းနဲ့ ရှေ့က ဖြတ်သွားမိတဲ့ သူ့သားမက်ကို လှမ်းခေါ်တယ်။
"ဟဲ့ကောင်… လာဦး…"
ယောက္ခမအကျောကို သိတဲ့ သားမက်ကလည်း စိတ်ထဲမှာ အန္တရာယ်ရဲ့ အငွေ့အသက်ကို ခံစားလိုက်ရတော့ ခပ်လန့်လန့်နဲ့ ပြန်ထူးတယ်။
"ဘာလဲ… အဖေရ…"
"လာစမ်းပါကွာ… တရားအကြောင်း နည်းနည်းဆွေးနွေးချင်လို့….."
သားမက်ကလည်း ကျီးကြည့်ကြောင်ကြည့်နဲ့ ဘယ်လို လစ်ထွက်ရမလဲ ကြံတယ်။ သိနေတယ်လေ။ တစ်ခုခုတော့ ကပ်တီးကပ်ဖဲ့ လုပ်တော့မယ်ဆိုတာ။ ခက်တာက လောလောဆယ်တော့ ဘယ်မှလည်း ပြေးရမဲ့ပုံ မပေါ်။ ဘကြီးဦးလုံးလို လူမျိုးက သူပြောချင်ရာပြောတာ နားထောင်မဲ့လူဆိုလို့ကတော့ လိုအပ်ရင် ရေနွေးကြမ်းတိုက်ပြီး ပြောမှာ။ လွတ်သွားမှာစိုးလို့။ သူ့သားမက်ကတော့ သူ့အတွက် ငယ်နိုင်ကိုး။
Tuesday, November 4, 2014
ပြောရင်းရောင်းရင်း Marketing MLM (အပိုင်း-၆)
နောက်တစ်ခါကျတော့ ပွဲ မဟုတ်တော့ဘဲ Tiong Beru MRT ကို လာခဲ့ပါ…. ဆွေးနွေးစရာ ရှိလို့ လို့ ဆိုလာပါတယ်။ ဒါနဲ့ပဲ MRT နားက KFC ဆိုင်မှာ ကျနော်နဲ့ ကျနော့ သူငယ်ချင်းလင်မယားရယ်၊ သူတို့ရဲ့ topline က ပုဂ္ဂိုလ်ရယ် တွေ့ကြပါတယ်။
"ကဲ…. အခုထိတော့ ကျနော်တို့ business ကို မရှင်းတာ ဘာရှိသေးလဲ… မရှင်းရင် မေးနော်… အားမနာနဲ့…."
"အင်း…. ခုထိတော့ နားလည်ပါတယ်…. တစ်ခုပဲ…. ဈေးရောင်းစရာလည်း မလိုဘူးဆိုတော့ ကျနော် ဘာလုပ်ရမှာလဲ… အဲဒါ မရှင်းသေးဘူး…."
စာရွက်တစ်ရွက်ကို စားပွဲပေါ် တင်လိုက်ရင်း ဘော့ပင်နဲ့ စ ပြီး ခြစ်ရင်း ရှင်းပြပါတယ်။
Tuesday, October 28, 2014
ပြောရင်းရောင်းရင်း Marketing MLM (အပိုင်း-၅)
Cash Flow ကစားနည်းမှာလည်း အံစာတုံးကျတဲ့ နံပါတ်စဉ်အတိုင်း ရွေ့တဲ့အခါ အခွင့်အလမ်းဆိုတဲ့ အကွက်ကို အမြဲမရပါဘူး။ ပေးရမဲ့ အကွက်ကို ရောက်ရင် အိပ်ထဲက မရှိမဲ့ ရှိမဲ့လေးပါ ပါ သွားနိုင်ပါတယ်။
ပြီးတော့ အခွင့်အလမ်းဟာ ကြာကြာမနေပါဘူး။ ဒါဟာ အခွင့်အလမ်းလား၊ ထောင်ချောက်လား ဆိုတာကိုလည်း ဆန်းစစ်ရပါတယ်။ ပြီးရင် မြန်မြန်ဆုံးဖြတ်ရပါတယ်။ တွေဝေနေရင် အခြားလူက စားသွားမှာ ဖြစ်ပါတယ်။ ရင်းနှီးမြုပ်နှံဖို့ အခွင့်အလမ်းပေါ်တဲ့အခါ ပိုက်ဆံမရှိရင် ဘဏ်ကနေ ချေးရမှာပါပဲ။ ကြွေးတင်မှာ ကြောက်နေလို့ မရသလို ကြွေးယူ မရဲဖို့လည်း လိုပါတယ်။
ဒါတွေဟာ Cash Flow Game က ပေးတဲ့ သင်ခန်းစာတချို့ပါ။ ပညာပေးဂိမ်းတွေကို ကစားတဲ့အခါ ဘာကို ပေးချင်သလဲဆိုတာကို ထုတ်နှုတ်ယူတတ်ဖို့ လိုပါတယ်။
လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)
(၂) Federalism ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...
-
(၂) Federalism ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...
-
ဘိုဘိုဟန်ရဲ့ ပီကေသီချင်းတွေ ရေးပေးတဲ့ တေးရေး ပုဏ္ဏက ကို ပြောချင်တာမဟုတ်။ အခုပြောမဲ့ ပုဏ္ဏက က လိုင်းတစ်မျိုး။ အခြားဘီလူးတွေက ဒါမျိုးတွေနဲ့...








