Wednesday, April 18, 2012

သံသရာစမ်းရေ (အပိုင်း ၇)

ကမ္ဘာမခြား မ နဲ့ ကျား

သံသရာစမ်းရေကို ဆက်မရေးဖြစ်ဘဲ ချော်တောငေါ့သွားလိုက်တာ တော်တော်ကြာသွားပါပြီ။ သံသရာစမ်းရေရဲ့ ရည်ရွယ်ချက်က ကျွန်တော့်သမီးနဲ့ ပတ်သက်ပြီး ရေးတာပေမဲ့ တကယ်တော့ သားပဲမွေးမွေး သမီးပဲမွေးမွေး တွေးသင့်တယ်၊ စဉ်းစားသင့်တယ်လို့ ထင်ရတာလေးတွေကို စဉ်းစားမိသလောက် လက်လှမ်းမီသလောက် ရေးတာပါ။ တွေးမိသလို ရေးကြည့်တာပါပဲ။ အခုနေ တွေးတဲ့ အတွေးတွေကို မေ့မသွားအောင် တို့ထိမှတ်သားထားတဲ့ သဘောလည်း ပါ ပါတယ်။ အတွေး ဒိုင်ယာယီလေးတစ်ခုပေါ့။

ယောကျင်္ားလေး၊ မိန်းကလေး ကွဲပြားမှုကြောင့် အတွေးအခေါ် အနေအထိုင် သင်ကြားပေးရတဲ့အခါ ကွဲပြားမှုတချို့ ရှိတာလောက်ကလွဲရင် အများကြီးကွာလှတယ်လို့ ကျွန်တော်မထင်ပါ။ သားပဲမွေးမွေး၊ သမီးပဲမွေးမွေး စဉ်းစားဉာဏ်ရှိအောင်၊ လူကောင်းတစ်ယောက် ဖြစ်အောင် မွေးရတာချင်း အတူတူပါပဲ။ ဒီခေတ်က သမီးမွေးတဲ့ မိဘတွေသာ ပူပန်ရတဲ့ခေတ်မဟုတ်ပါ။ သားမွေးထားလည်း ကြောက်ရတာပါပဲ။
အရင်တုန်းကတော့ ယောကျင်္ားလေးပဲ… ထောင်အပြင် တန်းမရှိဘူးလို့ ပြောကြပါတယ်…..။ သူတို့ပြောတဲ့ တန်းဆိုတာ ပြည့်တန်ဆာတန်းကို ဆိုလိုတာပါခင်ဗျ။ ယောကျင်္ားလေးဆိုတာ လွန်ရောကျွံရော ထောင်ကျရုံပေါ့၊ ပြည့်တန်ဆာတော့ မဖြစ်နိုင်ဘူးပေါ့လေ။ အဲဒီစကားကို ခုထိ ကိုးကားနေသူတွေ ခုခေတ်မှာ အဲဒါမှန်သေးရဲ့လားလို့ မေးပါရစေ။ အရင်တုန်းက ယောကျင်္ားလေးနဲ့ မိန်းကလေး ယှဉ်ရင် မိန်းကလေးက နစ်နာတယ်ပေါ့။ နာမည်ပျက်တာ၊ ကိုယ်ဝန်ရှိနိုင်တာ… စသဖြင့်ပေါ့။ ပတ်ဝန်းကျင်ကလည်း ယောကျင်္ားလေး မယားငယ်ယူတာနဲ့ မိန်းကလေး လင်ငယ်နေတာပေါ်မှာ သဘောထားချင်းမှ မတူတာ။ မဟုတ်တာလုပ်ဖို့ ယောကျင်္ားတွေကို အထူးအခွင့်အရေးပေးထားသလို ဖြစ်နေတာကိုး။


Saturday, April 7, 2012

ရင်ခုန်နှစ်ဦး သည်တန်ခူး

နိုင်ငံခြား ရောက်နေသော သူများထဲမှ တော်ရုံသင့်ရုံ မြန်မာစိတ်ပျောက်သူ အချို့ပင် သင်္ကြန်နားနီးလျှင်တော့ မြန်မာစိတ်နည်းနည်း ပြန်ပေါ်လေ့ရှိပါသည်။ သို့သော် ခွက်ကပ်နှင့်မူး ဆိုသလို ပျော်မဲ့သာ ပျော်ရသည်။ ပျော်စရာမကောင်းတော့သော သင်္ကြန်ကို ဘဝင်မကျစွာနှင့် ဖြတ်သန်းခဲ့ရတာ နှစ်ပေါင်း ၂၀ ကျော် ၃၀ နီးပါးရှိရော့မည်ထင်သည်။ အဘယ်ကြောင့်နည်း။
အကြောင်းမှာ တကယ်ပျော်စရာကောင်းသော သင်္ကြန်ကို သိမှီလိုက်သောကြောင့် ဖြစ်ပါလိမ့်မည်။ ကျွန်တော်တို့ ငယ်ငယ်က သင်္ကြန်သည် အလွန်ပျော်ဖို့ကောင်းလှသည်။ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပျော်ကြသည်။ လူတန်းစားအလွှာ မရွေး၊ တောရော မြို့ပါမကျန် ပျော်ရသည့် သင်္ကြန်ပါ။ သင်္ကြန်မရောက်မီကတည်းက သင်္ကြန်ရဲ့ အငွေ့အသက်တွေက နေရာအနှံ့ရနေခဲ့သည်သာ။ ရေပြွတ်တွေ၊ ရေခွက်လှလှလေးတွေ၊ သင်္ကြန်ပန်းကုံးလေးတွေ ရောင်းကြတာကို ဈေးတကာ နေရာတကာမှာ တွေ့နိုင်သည်။ သင်္ကြန်တစ်လလုံး မြန်မာ့ရုပ်မြင်သံကြားမှ သင်္ကြန်အကများ ထုတ်လွှင့်ပေးသည်။ ရန်ကုန်သင်္ကြန်နှင့် မန္တလေးသင်္ကြန် အပြိုင်နွှဲကြသည်။ သို့သော် သင်္ကြန်နှင့် ပါတ်သက်လျှင် မန္တလေးသည် ရန်ကုန်ထက် သာ ပါသည်။ အများအားဖြင့် ရန်ကုန်သင်္ကြန်ထက် စည်ကားသည်သာ ဖြစ်သည်။


Friday, March 30, 2012

Nantong သွား တောလား

Nantong ညရှုခင်း
ကင်းဝန်မင်းကြီးရဲ့ အင်္ဂလန်သွားတောလားကို မဖတ်ဖူးပေမဲ့ ကြားဖူးတယ်။ ကိုတာရဲ့ စိမ်းတဲ့မြေသို့အပြန် ကို ဖတ်တော့ မှတ်မိနေတာ ဘင်္ဂလားသွားတောလား တဲ့ဗျ။ အခြားတောလားတွေလည်း ပါသေးရဲ့။ အဲဒီတော့ ပညာရှိကြီးတွေ စာရေးဆရာကြီးတွေကို မတန်မရာ လိုက်တုတာတော့ မဟုတ်ပေမဲ့ တောလားတစ်ပုဒ်လောက်တော့ ရေးချင်သား။ ခက်တာက ကိုယ်က ကိုယ့်မြန်မာပြည်ထဲတောင် ကျိုက်ထီးရိုးလောက် ချောင်းသာလောက် ရောက်ဖူးတာဆိုတော့ အခက်သားလား။ ဝေးဝေးလံလံဆိုလို့ မူဆယ်၊ နမ့်ခမ်းကနေ တရုတ်ပြည် ဝမ်တိန်လောက်အထိတော့ ၉ တန်းကျောင်းသားအရွယ်လောက်က ရောက်ဖူးပါရဲ့။ ဒါပေမဲ့ ငယ်သေးတာကတစ်ကြောင်း၊ အခုလောက်လည်း ဟိုစပ်စပ်ဒီစပ်စပ် မစပ်စုတတ်သေးတာကလည်းတစ်ကြောင်းမို့ အခုနေပြန်စဉ်းစားတော့ ဘာမှလည်း မမှတ်မိပါဘူး။ လားရှိုးမှာ တစ်ညအိပ်ရတာတော့ မှတ်မိတယ်။ ဒီလောက်ပါပဲ။

အင်းလေးကန်ကြီး ရေတွေခန်းတဲ့သတင်းကြားတော့ စိတ်မကောင်းဘူး။ ငါဖြင့် ရောက်တောင် မရောက်ဖူးသေးဘူး….ခန်းတောင် သွားပြီကိုးလို့ တွေးမိတော့ တစ်ခါမှ မရောက်ဖူးသေးတဲ့ အင်းလေးကန်ကြီးကို အတော်နှမျောမိတယ်။ အခုနေသွားတော့လည်း အရင်လို အလှတွေ ဘယ်ရှိရှာတော့မလဲလေ။ ငယ်ငယ်တုန်းက စိတ်ကူးယဉ်ခဲ့ရတဲ့ ကောင်မလေးကို အသက်ကြီးလို့ ပုံပျက်ပန်းပျက်ကြီးဖြစ်မှ ပြန်တွေ့ရသလို နေမှာပေါ့။ စိတ်မကောင်းစရာကြီး နေမှာပါဗျာ။ သဘာဝပါတ်ဝန်းကျင်ကို နားလည်တန်ဖိုးထားတတ်တဲ့ အချိန်ကျတော့ တော်တော်များများက မသိနားမလည်သူတွေ၊ ကိုယ်ကျိုးရှာ လောဘအိုးတွေ၊ လက်ညှိးထိုး ရောင်းစားသူတွေ လက်ချက်နဲ့ အသက်ငင်နေတဲ့ သဘာဝဝန်းကျင်တွေသာ အများစုဖြစ်နေတော့တာပဲ။

Friday, March 23, 2012

စရိုက်၊ သမိုင်း၊ ခံစားမှု နှင့် The Lady

နေပြည်တော်အဆင့်မြင့်ရုပ်ရှင်ရုံတွင် အသံပိုင်းအင်ဂျင်နီယာအဖြစ် တာဝန်ထမ်းခဲ့စဉ်က အချို့ရုပ်ရှင်များကို တစ်ရက် ၅ ပွဲထိုင်ကြည့်နေတတ်သော ကျွန်တော်သည် ရုပ်ရှင်ကြည့်ရတာတော့ အတော်ကြိုက်ပါသည်။ ဝါသနာပါသည်ဟု ဆိုနိုင်ပါသည်။ အလုပ်ပျက် အကိုင်ပျက် ကြည့်တတ်သည်မဟုတ်၍ အရူးအမူးဟုတော့ ဆိုနိုင်မည်မထင်။ ရုပ်ရှင်လောက တချို့ပုဂ္ဂိုလ်များဆီမှ ရုပ်ရှင်ဗဟုသုတ ကြားဘူးနားဝ နည်းနည်းပါးပါးလည်း ရှိသည်ပေါ့။ Tarzan ကာတွန်းကား ရုံမတင်မီ အစမ်းကြည့်ကြစဉ်က ကလေးနှင့် ကျားသစ်ကို foreground, background ဆွဲ၍ အနီးအဝေးပြသည့်အခါ အံ့အားသင့်ရကောင်းမှန်း သိခဲ့သည်။ ရုပ်ရှင်ရိုက်သည့်အခါ ဇာတ်ကောင်တစ်ကောင်ကို မှုန်ဝါးသွားပြီး အခြားဇာတ်ကောင်ကို အထင်ပြခြင်း၊ တဖြည်းဖြည်း ဇာတ်ကောင်ကို မှုန်ဝါးသွားပြီး ရှုခင်းကို အထင်ပြခြင်းမျိုးများကို ကင်မရာမှန်ဘီလူးကို ကစားခြင်းဖြင့် လုပ်ယူ၍ရပါသည်။ သို့သော် ကာတွန်းရုပ်ရှင်ကို အဘယ်သို့လျှင် မှန်ဘီလူးကစား၍ ရနိုင်အံ့နည်း။ ဤကဲ့သို့ ဆွဲပြခြင်းမှာ ထိုစဉ်က အံ့အားသင့်ဖွယ်ရာ တစ်ခုပါ။ ကျွန်တော့်တွင် Hard Disk နှင့် သိမ်းဆည်းထားသော ရုပ်ရှင် ၁၀၀၀ ခန့် ရှိပါသည်။ အကုန်လုံး ကြည့်နိုင်သည်တော့ မဟုတ်ပါ။ သို့သော် အချိန်ရလျှင်တော့ ရုပ်ရှင်ဖြင့်မူးယစ်ခြင်းသည် ခဏတာအားဖြင့် ဘဝအပူများကို မေ့လျော့ပေါ့ပါးစေသည်ကတော့ အမှန်ပါ။

Sunday, March 11, 2012

လိမ်လိုက်ရမလား (အပိုင်း ၂)

ကျွန်တော့်မှာ အတော်ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက် ရှိခဲ့ဖူးပါတယ်။ စင်ကာပူရောက်မှ မိတ်ဆွေတစ်ယောက်နဲ့ ဆက်စပ်ပြီး သိကျွမ်းကြတာပါ။ ပညာတတ် တစ်ယောက်ပါပဲ။ အပြောကောင်းချက်ကတော့ တွေ့သမျှလူကို ခင်အောင်မင်အောင် ပြောနိုင်ပါတယ်။ တစ်ခါတွေ့ဖူးပြီးရင် သတိရနေအောင် ပြောတတ်သူပါ။ လူငယ်အချင်းချင်းတွေ့ရင် စကားလုံးကောင်းကောင်း ခပ်မိုက်မိုက်လေးတွေ ရွေးချယ်သုံးတတ်သူပါ။ လူကြီးတွေနဲ့တွေ့ရင်လည်း ဆီလျော်အောင် ပြောတတ်နေတတ်သူ ဖြစ်နေပြန်ပါရော။ တစ်ဘက်သားရဲ့ အခြေအနေအလိုက်အထိုက်ကို မှန်မှန်ကန်ကန် အကဲဖြတ်တတ်ပြီး သင့်လျော်အောင် စကားလုံးစီတတ်သူပါ။ ရုပ်ရည်က ချောချောမောမောထဲမှာ မပါပေမဲ့ ခင်မင်စရာ အပြုံးနဲ့ ဆွဲဆောင်တတ်သူပေါ့။ သူ့ထက်ငယ်တဲ့ လူငယ်တွေဆိုရင် သူပြောသမျှကို ပါးစပ်အဟောင်းသားနဲ့ သဘောတွေအကျကြီးကျအောင် ပြောနိုင်သလို ကောင်မလေးတွေဆိုရင်လည်း သူ့နာမည်ကို ပါးစပ်ဖျားကနေ မချအောင် ပြောတတ်သူပါ။ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းတွေကတော့ သူနဲ့ အသက်ချင်း မတိမ်းမယိမ်းတွေပါ။ ကျွန်တော်နဲ့ ပါတ်သက်ပြီး သူနဲ့ ရင်းနှီးကြသူတွေပေါ့။ ကျွန်တော်တို့ ကိုယ်တိုင်လည်း အဲဒီအချိန်က စကားပြောတဲ့အခါ သူ့အကြောင်းမပါရင် မပြီးဖြစ်ခဲ့ကြတာပါပဲ။

Thursday, March 8, 2012

လိမ်လိုက်ရမလား (အပိုင်း ၁)

သူငယ်ချင်းတစ်ယောက်က ဟာသတစ်ခု ပြောသည်။ သူသည် သူတစ်ပါး အသက်ကိုမသတ်ဘူးပါ။ သူတစ်ပါးဥစ္စာကို မခိုးဘူးပါ။ သူတစ်ပါး သားမယားကိုလည်း မပြစ်မှားဘူးပါ။ သေရည်သေရက်လည်း မသောက်ဘူးပါ...ဟု ဆိုသည်။ တယ်ဟုတ်ပါလားဆိုတော့ တစ်ခုလေးပဲ ပြောစရာရှိသည် တဲ့။ အဲဒါကတော့ လိမ်ပြောတတ်တာလေး တစ်ခုတည်းပါ…တဲ့။ ရှေ့ကပြောခဲ့တာတွေ အားလုံး ဤစကားတစ်ခွန်းတည်းဖြင့် အဟောသိကံ ဖြစ်သွားရသည်။

လူလိမ်မြင်ဘူးသလား ဟု သူငယ်ချင်းတွေကို မေးကြည့်တော့ တချို့က တွေတွေဝေဝေစဉ်းစားပြီး လူတိုင်းအနည်းနဲ့ အများလိမ်ပြောတတ်ကြတာပဲ ဟုဖြေသည်။ တချို့က မှန်ထောင်ကြည့်ပေါ့ဟု ရယ်ကာမောကာ ပြောသည်။ တချို့ကတော့ သူတို့အတွေ့အကြုံတချို့အရ အလိမ်ခံရသည်ဟု ထင်မြင်သောကိစ္စများကို ဝေမျှကြသည်။ သို့သော် သေသေချာချာ နားထောင်ကြည့်လိုက်တော့ များသောအားဖြင့် အသေးစား လိမ်လည်ပြောဆိုမိခြင်းများနှင့် အထင်အမြင်လွဲမှားခြင်းက များပါသည်။
လိမ်ညာကြခြင်း အကြောင်းရင်းများကို လက်လှမ်းမီသမျှ ပြောကြည့်ပါမည်။ တချို့က ကိုယ်ကျိုးစီးပွားအတွက် လိမ်သည်။ တချို့က သူတစ်ပါးကို နစ်နာစေလိုကြောင်း ရည်ရွယ်ချက်ရှိရှိ လိမ်သည်။ တချို့က မိမိကိုယ်မိမိ ကာကွယ်ရန် လိမ်သည်။ တချို့က သူတစ်ပါး ဒုက္ခရောက်မည်စိုး၍ လိမ်သည်။ သူတစ်ပါးအတွက် ကူညီ၍ လိမ်ညာပေးသူများလည်း ရှိသည်။

Monday, January 23, 2012

ကြောက်လိမ့်မယ်လို့ မထင်နဲ့

တစ်နေ့သ၌ စင်ကာပူနိုင်ငံရှိ Bonus အလွန်ကောင်းသည်ဟု နာမည်ကြီးသော သင်္ဘောကျင်းတစ်ခုတွင် ထမင်းစားချိန်ဖြစ်လေရကား ဝန်ထမ်းအများစုမှာ နေ့လည်စာကို ကသုတ်ကရက်စားနေကြလေ၏။ ကသုတ်ကရက်စားရခြင်း အကြောင်းမှာ တစ်နာရီမျှသော ထမင်းစားချိန်အတွင်း တစ်ရေးတစ်မော အိပ်ချင်သေးသောကြောင့် ဖြစ်လေ၏။ သူတို့ထဲမှ အချို့ကား အချိန်ကို စီမံခန့်ခွဲရာ၌ မန်နေဂျာထက်ပင် ထူးချွန်သေး၏။ အနှီတစ်နာရီတည်းဟူသော အချိန်အတွင်း ထမင်းစား၏။ ဝန်ထမ်းများအတွက် အပန်းဖြေစရာပေးထားသော နေရာ၌ ဘိလိယက်ထိုး၏။ ပြီးလျှင် ကာရာအိုကေ တစ်ပုဒ်မျှဝင်ဟဲလိုက်သေး၏။ ပြီးလျှင် တစ်ရေးတစ်မော အိပ်လိုက်သေး၏။ အချိန်တစ်နာရီကို အဖိုးတန်အောင် အသုံးချနိုင်သည့်နေရာ၌ သင်္ဘောကျင်း ဝန်ထမ်းများကို မှီသူရှားပေမည်။

ထိုသင်္ဘောကျင်းဝင်းထဲတွင် ကွန်တိန်နာရုံးခန်းကလေးများ အစီအရီရှိနေသော နေရာလေးများလည်း ရှိ၏။ အများအားဖြင့် ကွန်တိန်နာများကို နှစ်လုံးကျစီထပ်တင်ထားပြီး လူဝင်လူထွက်လုပ်ဖို့ရာ တံခါးပေါက်တစ်ခုစီတပ်ဆင်ထား၏။ အောက်ကွန်တိန်နာတွင် နေသူများအဖို့ ဘာမျှမလိုသော်ငြား အပေါ်ကွန်တိန်နာတွင်နေသော ဝန်ထမ်းများအတွက် အပေါ်တက်ရန်လှေကားတစ်ခုစီ တပ်ဆင်ထားလေ၏။ ကွန်တိန်နာရုံးခန်းကလေးများမှာ ရုံးခန်းဟုဆိုသော်ငြား ငါးသေတ္တာအကြီးစားကဲ့သို့ ဖြစ်နေသော အလုံပိတ်သံသေတ္တာကြီးကို အပေါက်ဖေါက်လျက် လူနေနိုင်အောင် လုပ်ထားခြင်းသာဖြစ်လျက် အပူအအေးမျှတစေခြင်းအလို့ငှာ လေအေးပေးစက်များ တပ်ဆင်ထားလေ၏။ အဓိကရည်ရွယ်ချက်မှာ ကွန်တိန်နာရုံးခန်းများသည် ရွေ့ပြောင်းရလွယ်ကူခြင်းကြောင့် နေရာအနေအထားအရ လိုအပ်သလို စီမံနိုင်သောကြာင့် ဖြစ်လေ၏။

Friday, January 6, 2012

သံသရာစမ်းရေ (အပိုင်း ၆)

(အမှန်တော့ သံသရာစမ်းရေသည် သမီးလေးတစ်ယောက်ရပြီးသည့်နောက် သားသမီးနေရာမှ ဖခင်ဖြစ်လာသူတစ်ဦး၏ အတွေးစများကို ဝေမျှခြင်းသာဖြစ်ပါသည်။ ဝေမျှသည်ဆိုသည့်အတိုင်း နှစ်သက်သည်များကို ယူ၍ မနှစ်သက်သည်များ၊ အသုံးမတဲ့သည်များကို လွှင့်ပစ်နိုင်ပါသည်။ အဆိုတော် ဇော်ဝင်းထွဋ္ဋ်၏ သံသရာစမ်းရေသီချင်းလေးကို ယခု ကိုယ်တိုင် ဖခင်နေရာရောက်လာသောအခါမှ ပိုပြီးခံစားတတ်လာသောကြောင့် ဤအခန်းဆက်ဆောင်းပါးရှည်ကို သံသရာစမ်းရေဟု အမည်ပေးလိုက်ပါသည်။ မည်သူ့ကိုမှ ကဲ့ရဲ့လိုသောသဘော မပါသလို ထိခိုက်နစ်နာစေလိုသော သဘောမပါ ပါ။ အချိန်လုပြီးရေးရသဖြင့်လည်းကောင်း၊ ရောက်တတ်ရာရာ မပြတ်သော စိတ်ကူးအလျှင်ကို ပျောက်ပျက်သွားမည် စိုးသောကြောင့်လည်းကောင်း၊ ကြုံသလိုရေးခြင်းဖြစ်သောကြောင့် လည်းကောင်း၊ အကြောင်းအရာ အစီအစဉ်မကျ၊ တောင်ရောက်မြောက်ရောက် ဖြစ်နေခြင်း နှင့် မတော်တဆ တိုက်ဆိုင်မှုများရှိခဲ့လျှင် နားလည်ခွင့်လွှတ်ပေးစေလိုပါသည်။)

ဒုတိယမြန်မာပြည် ခြင်္သေ့တို့ဆီ
 
ခေတ်ကာလ တောင်းဆိုမှုအရ ကျွန်တော်တို့ လူငယ်တွေအများအပြား ပြည်ပနိုင်ငံတွေကို ထွက်ကြတဲ့ထဲမှာ စင်ကာပူကတော့ ဒုတိယမြန်မာပြည်လို့ ဆိုရလောက်အောင် မြန်မာတွေ များပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း စင်ကာပူမြေကို ခြေချခဲ့တာ အခုဆို ၉ နှစ်ကျော် ၁၀ နှစ်နီးပါး ရှိလာခဲ့ပြီကော။ စ စခြင်း Work Permit (WP) ၊ နောက် ၅ နှစ်ကြာတော့ Employeement Pass (EP) ရ ၊ EP နဲ့ တစ်နှစ်မပြည့်ခင် Permanent Resident (PR) ရပါတယ်။

WP ဘဝကနေ လွတ်ဖို့ ကြိုးစားရတာ မလွယ်ပါ။ စင်ကာပူမှာ အခွင့်အလမ်းတွေ ရှိတယ်ဆိုတာ မှန်ပေမဲ့ လွယ်လွယ်နဲ့တော့ ဘယ်ဟာမှ မရပါ။ WP ကနေ S-Pass, EP ဖြစ်အောင် အပြင်းအထန် ရုန်းကန်ပြီးတော့ PR ရဖို့ လုပ်ရပြန်ရော။ PR မတင်ခင်မှာပဲ ကျွန်တော် မြန်မာပြည်ပြန်ပြီး အိမ်ထောင်ပြုပါတယ်။ PR တင်တော့ ဇနီးသည်ကိုပါ တွဲတင်ပါတယ်။ တင်ပြီး (၃) လ ပြည့်ခါနီးမှာပဲ နှစ်ယောက်စလုံး PR ရခဲ့ပါတယ်။ ပျော်လိုက်သည်ဖြစ်ခြင်း။ ပျော်ပေမပေါ့။ ဒီအခြေအနေရောက်ဖို့ ကျွန်တော် (၆) နှစ်နီးပါး ပင်ပန်းဆင်းရဲကြီးစွာ ကြိုးစားခဲ့ရသည်ပဲ။ ထမင်းငတ်ခံ ကြိုးစားရတယ်ဆိုတာ အပြောမဟုတ်။ တကယ်ကြီးကို စားစရာမရှိခဲ့ပါ။ ဒါပေမဲ့ ယုံကြည်ချက်နဲ့ ကြိုးစားခဲ့သလို စင်ကာပူမှာ WP နဲ့ စ လာပြီး PR ရတယ်ဆိုတာ ဘဝရဲ့ သမိုင်းမှတ်တိုင်တစ်ခုဟု ဆိုရလောက်တဲ့ အောင်မြင်မှုမျိုးဆိုတာ စင်ကာပူရောက် ဘဝတူတွေချင်း နားလည်နိုင်ပါလိမ့်မယ်။

Monday, January 2, 2012

HAPPY NEW YEAR နဲ့ ထူးတဲ့ 2012

ပြောင်းလဲခြင်းသည်သာ မပြောင်းမလဲတည်ရှိနေသော အရာဖြစ်ပါသည်။ အချိန်ကာလသည် အမြဲတမ်းရွေ့လျားနေသည်သာ ဖြစ်ရကား သက္ကရာဇ်တွေ တစ်ခုပြီးတစ်ခု၊ နှစ်တွေတစ်နှစ်ပြီး တစ်နှစ်ပြောင်းခြင်းသည် မည်သို့မျှမထူးဆန်းသော ကိစ္စဖြစ်ပါသည်။ သိ့ုသော် ၂၀၁၂ က နည်းနည်းတော့ ထူးခြားသည့် နှစ်ဖြစ်ပါလိမ့်မည်။ အသို့နည်း။ သူ့ဘာသာသူ ပြက္ခဒိန်တစ်ခုကုန်၍ နောက်ပြက္ခဒိန်တစ်ခုပြောင်းတာ ဘာဆန်းသနည်း။ ပြက္ခဒိန်အသစ်ဖြစ်လျှင် ကောင်မလေးပုံအသစ်ကလေးတွေ ပြောင်းရုံပ။ မဟုတ်ပါ။ ရှင်းပါအံ့။

သက္ကရာဇ်တကာ သက္ကရာဇ်၊ နှစ်တကာ နှစ်တို့ဖြင့် မတူသည့် ၂၀၁၂ ပါ။ လွန်ခဲ့သည့် ၁၀ စုနှစ် တစ်ခုကျော်ကတည်းက နာမည်ကြီးနေခဲ့သော ၂၀၁၂ သို့ ယခု ရောက်လာခဲ့ပြီဖြစ်သည်။
၂၀၁၁ သည် မကြုံဘူးမကြားဘူးခဲ့သော သဘာဝဘေးအန္တရာယ်အပေါင်းတို့ကို မိတ်ဆက်ပေး အမြည်းကျွေးလျှက် ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ တကယ်တော့ ၂၀၁၁ သည် မမြဲသော သဘောတရားတို့ကို လက်တွေ့ပြသ သတိပေးသင်ကြားသွားသော ဆရာတစ်ဆူဟု အကောင်းမြင်နိုင်ပါသည်။ ကမ္ဘာကြီး ကျန်းမာခဲ့စဉ်က အစဉ်ကျန်းမာအောင် ထိန်းသိမ်းရကောင်းမှန်းမသိသော လူသားသည် ယခုကမ္ဘာကြီး ချူချာလာသည့်အခါကျမှ အထိတ်တလန့် အပြင်းအထန် ကုသဖို့ကြိုးစားလာရသည်။ ကာကွယ်ရေးမမီတော့သည့်အခါ ကုသရေးကိုသာ တွင်တွင်အော်နေရသည်။ သို့သော် နှစ်ပေါင်းများစွာ ဆိုးခဲ့ပေခဲ့သမျှကို အချိန်တိုဖြင့် အဘယ်မှာလျှင် ကုစား၍ရနိုင်အံ့နည်း။ ဖျက်လိုဖျက်ဆီးအကျင့် တွေကလည်း စွဲနေမင့်ကိုး။

Monday, December 26, 2011

သံသရာစမ်းရေ (အပိုင်း ၅)

(အမှန်တော့ သံသရာစမ်းရေသည် သမီးလေးတစ်ယောက်ရပြီးသည့်နောက် သားသမီးနေရာမှ ဖခင်ဖြစ်လာသူတစ်ဦး၏ အတွေးစများကို ဝေမျှခြင်းသာဖြစ်ပါသည်။ အဆိုတော် ဇော်ဝင်းထွဋ္ဋ်၏ သံသရာစမ်းရေသီချင်းလေးကို ယခု ကိုယ်တိုင် ဖခင်နေရာရောက်လာသောအခါမှ ပိုပြီးခံစားတတ်လာသောကြောင့် ဤအခန်းဆက်ဆောင်းပါးရှည်ကို သံသရာစမ်းရေဟု အမည်ပေးလိုက်ပါသည်။ အချိန်လုပြီးရေးရသဖြင့်လည်းကောင်း၊ ရောက်တတ်ရာရာ မပြတ်သော စိတ်ကူးအလျှင်ကို ပျောက်ပျက်သွားမည် စိုးသောကြောင့်လည်းကောင်း၊ ကြုံသလိုရေးခြင်းဖြစ်သောကြောင့် လည်းကောင်း၊ အကြောင်းအရာ အစီအစဉ်မကျ၊ တောင်ရောက်မြောက်ရောက် ဖြစ်နေခြင်းကို နားလည်ခွင့်လွှတ်ပေးစေလိုပါသည်။)

စိတ်ရင်းမိတ်ဆွေ၊ ရှားသလေ….

အပေါင်းအသင်း…တဲ့။ သူငယ်ချင်း…တဲ့။ မိတ်ဆွေ…တဲ့။ အဆွေခင်ပွန်း…တဲ့။ ဘော်ဒါ….တဲ့။ ဘော်ဒါဘော်ဂျွတ် ဆိုတာတောင်ပါသေး။ အရက်မူးသမားချင်းကျတော့ သယ်ရင်း….တဲ့။ တရားသမားချင်းကျတော့ ကလျာဏမိတ္တ…တဲ့။ ရဲဘော်ရဲဘက်…တဲ့။ ယောက်ဖရေ…ယောင်းမရေ…ဆိုတာလည်းရှိရဲ့။ ဒါတောင် မေ့နေတဲ့ ဝေါဟာရတွေ ရှိသေးတယ်။ အင်္ဂလိပ်စကား Friend ကို မြန်မာလိုပြန်ရင် ရတဲ့ ဝေါဟာရတွေပြောပါတယ်။ မြန်မာတွေ ခင်တတ်မင်တတ်ပုံများ ခင်မင်မှုအတိုင်းအတာပေါ်မူတည်ပြီး ဝေါဟာရတွေ အတော်များပါတယ်။

လူပဲဖြစ်ဖြစ်၊ တိရိစ္ဆာန်ပဲဖြစ်ဖြစ်၊ ဘက်တီးရီးယားပဲဖြစ်ဖြစ် အသိုင်းအဝန်းဆိုတာ ရှိတယ်။ အခြွေအရံဆိုတာရှိတယ်။ အခြွေအရံဆိုတဲ့ စကားလုံးကို နှိမ့်ချပြီးခေါ်တယ်လို့ အထင်ရောက်တာမျိုးလည်း ရှိတတ်ကြတယ်။ ခြွေမှ ရံတယ် လို့လည်း ဆိုကြသေးတယ်။ ဘာပဲဖြစ်ဖြစ် ဝန်းကျင်ဆိုတာရှိတယ်။ ကိုယ့်ထက် ဂုဏ်အားဖြင့်၊ သီလအားဖြင့်၊ ပညာအားဖြင့် ကြီးမြတ်တဲ့ဝန်းကျင်လည်း ရှိတယ်။ ကိုယ်နဲ့တန်းတူရည်တူတွေလည်း ရှိတယ်။ လေးလေးစားစား တန်ဖိုးထားရတယ်။ ကိုယ့်ထက်ငယ်ရွယ်သူတွေ၊ ကိုယ့်ထက်နိမ့်ပါးသူတွေနဲ့ကျတော့လည်း ဖေးမရတယ်။ ဝေမျှရတယ်။


Wednesday, November 30, 2011

သံသရာစမ်းရေ (အပိုင်း ၄)

(အမှန်တော့ သံသရာစမ်းရေသည် သမီးလေးတစ်ယောက်ရပြီးသည့်နောက် သားသမီးနေရာမှ ဖခင်ဖြစ်လာသူတစ်ဦး၏ အတွေးစများကို ဝေမျှခြင်းသာဖြစ်ပါသည်။ အဆိုတော် ဇော်ဝင်းထွဋ္ဋ်၏ သံသရာစမ်းရေသီချင်းလေးကို ယခု ကိုယ်တိုင် ဖခင်နေရာရောက်လာသောအခါမှ ပိုပြီးခံစားတတ်လာသောကြောင့် ဤအခန်းဆက်ဆောင်းပါးရှည်ကို သံသရာစမ်းရေဟု အမည်ပေးလိုက်ပါသည်။ အချိန်လုပြီးရေးရသဖြင့်လည်းကောင်း၊ ရောက်တတ်ရာရာ မပြတ်သော စိတ်ကူးအလျှင်ကို ပျောက်ပျက်သွားမည် စိုးသောကြောင့်လည်းကောင်း၊ ကြုံသလိုရေးခြင်းဖြစ်သောကြောင့် လည်းကောင်း၊ အကြောင်းအရာ အစီအစဉ်မကျ၊ တောင်ရောက်မြောက်ရောက် ဖြစ်နေခြင်းကို နားလည်ခွင့်လွှတ်ပေးစေလိုပါသည်။)


မျဉ်းတစ်ကြောင်း

 ဟိုးရှေးရှေးတုန်းက ပညာရှိတဲ့ ဘုရင်ကြီးတစ်ပါး ရှိသတဲ့။ တစ်နေ့တော့ သူ့ရဲ့ မှုးမတ်တွေကို ပညာစမ်းတဲ့အနေနဲ့ မေးခွန်းတစ်ခုမေးပါသတဲ့။ ပျဉ်တစ်ချပ်ပေါ်မှာ မျဉ်းကြောင်းတစ်ကြောင်းကို ဆွဲလိုက်သတဲ့။ (ဟိုတုန်းက White Board တွေ Marker တွေ မရှိသေးတော့ ပျဉ်ချပ်ပေါ့ဗျာ။) ပြီးတော့မေးတယ်။ အဲဒီ မျဉ်းကို မဖြတ်ဘဲနဲ့ တိုသွားအောင် လုပ်ပြနိုင်ရင် ဆုတော်လာဘ်တော်တွေ ပေးမယ် ဆိုပဲ။ အမတ်တွေလည်း အမျိုးမျိုးစဉ်းစားပေမဲ့ သိဘူးပေါ့ဗျာ။ နောက်ဆုံး အငယ်ဆုံးအမတ်ငယ်တစ်ယောက်က ထ လာပြီး အဲဒီမျဉ်းရဲ့ဘေးမှာ ကပ်လျက် မျဉ်းအရှည်တစ်ချောင်း ဆွဲလိုက်သတဲ့။ အဲဒါနဲ့ မဖြတ်ဘဲတိုသွား သတဲ့ (ဘုရင်ကြီးရဲ့ မျဉ်းကို ပြောတာ။)
ဟုတ်ကဲ့။ ပုံပြင်လေးက ဒီမျှပါပဲ။

ကျွန်တော်တို့ ခင်ဗျားတို့ အားလုံးရဲ့ ရင်ထဲမှာ မျဉ်းတစ်ကြောင်းစီတော့ ရှိကြစမြဲပါ။ ကျွန်တော်ပြောချင်တဲ့ မျဉ်း ဆိုတာ ကျွန်တော်တို့ သိထားတဲ့ အသိတရား၊ ဗဟုသုတ နဲ့ ကျင့်သုံးတဲ့ ကိုယ်ကျင့်သီလ စံ တစ်ခုကို ပြောချင်တာပါ။ တစ်ယောက်နဲ့ တစ်ယောက် ပိုင်ဆိုင်ကြတဲ့ မျဉ်းတွေကလည်း အတိုအရှည် မတူကြပါဘူး။ အဲဒီ မျဉ်းတစ်ကြောင်းကို ကျွန်တော်တို့ ဘယ်လိုသုံးသလဲ သိလား။

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...