Thursday, September 22, 2011

ရွှေရောင်ခြင်္သေ့များ

ခြင်္သေ့မြို့တော်သည် တဖြည်းဖြည်း ရွှေရောင်လွှမ်းလာနေသည်ကို တွေ့နေရသည်။ ရှေးယခင်ကတည်းက အာရှတိုက်ရှိ အရောင်အသွေးစုံနှင့် ကျော်ကြားသော ဤမြို့နိုင်ငံငယ်တွင် ယခင်ရှိနှင့်ပြီးသား အရောင်များထဲမှပင် ထူးထူးခြားခြား ပိုမိုလင်းလက်လာသည့် ရွှေရောင်ကို သတိမထား၍မရတော့။

စင်္ဂ ဆိုသည်က ပါဠိလို ခြင်္သေ့ဟု အဓိပ္ပါယ်ရသည်။ ပူရ ဆိုသည်ကမြို့။ ဒီလိုနည်းနှင့် ခြင်္သေ့မြို့တော်ဟု အဓိပ္ပါယ်ရသည့် စင်ကာပူနိုင်ငံဖြစ်လာသည်ဟု ဆိုသည်။ အနှီ စင်ကာပူသို့ ရေကြည်ရာ မြက်နုရာ ရွေ့ပြောင်းလာသည့် လူမျိုးများ များစွာရှိပါသည်။ ထိုအထဲတွင်မှ ဖြတ်ထိုးဉာဏ်အလွန်ကောင်းသော၊ စိတ်ညစ်စရာများကို ပျော်စရာ ဟာသများအဖြစ် ပြောင်းတတ်သော၊ ငွေရှာသော်လည်း ငွေမမက်တတ်သော၊ လူမျိုးခြားနှင့်ဆက်ဆံသည့်အခါ မကျေနပ်သည့်တိုင် အောင့်ခံတတ်သော၊ ကိုယ့်အချင်းချင်းဆိုလျှင် နည်းနည်းလေးမှ သေးသေးတင်မခံတတ်သော လူမျိုးတစ်မျိုးလည်း ပါလာလေသည်။



Wednesday, September 14, 2011

တီထွင်ဖန်ဆင်း ကြုံသလိုရှင်း

 “မင်းက Electronic နဲ့ ကျောင်းတက်နေတာဆိုတော့ TV ပြင်တတ်ပလားကွ……”

ကျွန်တော့်လို AGTI (EC) ကျောင်းသား အတော်များများ ဒီမေးခွန်းမျိုး အမေးခံရလေ့ ရှိပါတယ်။ တော်တော်ဂွကျတဲ့ မေးခွန်းမျိုးပါပဲ။ ပြန်ရှင်းပြဖို့ဆိုရင်လည်း တော်တော်ရှည်ရှည်ဝေးဝေး ရှင်းရမဲ့ကိန်းဗျ။ ကျွန်တော် TV ပြင်တတ်ပါတယ်။ ဒါပေမဲ့ ဒီမေးခွန်းက Yes or No ပြင်တတ်တယ် မပြင်တတ်ဘူး ဖြေရုံနဲ့ ပြီးမဲ့ မေးခွန်းမျိုးမဟုတ်။ ပြင်တတ်ပါတယ်လို့ ပြောပြန်ရင်လည်း ကျွန်တော့် ဒီပလိုမာကြီးက TV ပြင်တဲ့ ဒီပလိုမာကြီး ဖြစ်သွားဖို့ရှိနေပါတယ်။ အီလက်ထရွန်းနစ် အင်ဂျင်နီယာဆိုတာ TV, Video, အသံချဲ့စက်ပြင်တာကိုး…လို့ အဓိပ္ပါယ်ပေါက်သွားမှာပေါ့ဗျာ။ မပြင်တတ်ဘူး ပြောပြန်တော့ “ဟင်…မင်းတို့ ၃ နှစ်တောင် သင်ရပြီး ဒါလေးတောင် မလုပ်တတ်ဘူးလား……” လို့ အပြောခံရပြန်ရော။

“ကျွန်တော်တို့တက်နေတာ TV ပြင်တဲ့ သင်တန်း မဟုတ်ဘူးဗျ… TV, Video ပြင်ချင်ရင် TV, Video ပြင်တဲ့ သင်တန်းတွေသွားတက်…၆ လ သင်ရင် ပြင်တတ်တယ်…” လို့ ဘုတောတော့ ကြီးကျယ်ရန်ကောဆိုတဲ့ မျက်လုံးနဲ့ ကြည့်တဲ့အပြင်
ကျောင်းသားတွေ အလကား…ဘာမှလည်းမတတ်ဘူး…TV လေးတောင် မပြင်တတ်ဘူး… ဆိုတဲ့ နောက်ဆက်တွဲလေးနဲ့ပါ ချီးမွမ်းသွားသေးတာ။ တယ်လေ……….

Saturday, September 3, 2011

မွေးနေ့

မွေးတဲ့ အချိန်ကနေ သေတဲ့အချိန်အထိ ကြားကာလကို ဘဝလို့ ခေါ်သတဲ့ဗျ။ အချိန်တစ်ခုတည်းမှာပဲ မွေးတဲ့လူတွေမွေး သေတဲ့လူတွေသေနေကြတာ အတိအကျမပြောတတ်ပေမဲ့ နည်းမှာမဟုတ်ဘူး ဆိုတာလောက်တော့ မှန်းမိပါရဲ့။ သာမန်အားဖြင့်တော့ မွေးနေ့ကို ပျော်ရွှင်စရာဖြစ်ကြစေကြောင်း ဝိုင်းဝန်းဆုတောင်းပေးကြတာ ချစ်စရာကောင်းတဲ့ အလေ့တစ်ခုပါ။

တစ်ချို့ ပိုက်ဆံရှိတဲ့လူတွေကျတော့ ပွဲတွေလမ်းတွေကျင်းပပြီး ပျော်ကြပါတယ်။ မွေးနေ့ကိတ်တွေလှီး၊ သီချင်းတွေဆိုကြ၊ သောက်ကြစားကြ၊ ပျော်ကြပါးကြ။ တစ်ချို့က ဘုရားသွား၊ ဘုန်းကြီးကျောင်းသွား၊ အလှုအတန်းလုပ် ကုသိုလ်ယူကြ။ တစ်ချို့က မိဘတွေကို ကန်တော့၊ အလေးအမြတ်ပြုလို့။ မွေးနေ့ဆိုတာ ကိုယ့်ကို မွေးခဲ့တဲ့မိဘတွေရဲ့ ကျေးဇူးကို သတိရအောက်မေ့လို့ အကောင်းဆုံး အချိန်လို့ ပြောရင်ရနိုင်ရဲ့။ သာမန်အချိန်မှာရော မအောက်မေ့ရဘူးလားဆိုတော့.. ဒီလိုတော့မဟုတ်ဘူးပေါ့။ ကျွန်တော်တို့မှာ ပုံမှန်အားဖြင့်တော့ ပူပင်သောကတွေ၊ ပြဿနာတွေနဲ့ ဖုန်းလွှမ်းရုန်းကန်နေရတာ။ ဘဝရဲ့ အနှစ်သာရတွေက ငွေအောက်မှာ စုံးစုံးမြုပ်လို့။ တရားအသိရှိသူတွေရဲ့ မွေးနေ့ကတော့ မရဏာနုဿတိခေါ်တဲ့ သေခြင်းနဲ့ တစ်နှစ်ပိုနီးလာခြင်းပေါ်မှာ တရားသတိနဲ့ ရှုလို့ ပျော်စရာရှာတွေ့မယ်မထင်။ ပိုပြီးအားထုတ်ကြိုးစားဖို့ မှတ်တိုင်တစ်ခုလောက်တော့ ဖြစ်နိုင်ရဲ့။

Friday, August 26, 2011

ချစ်သောဘောစိ

(ဒီ post ကို AGTI Society အတွက်ရည်စူးပြီး ရေးတာပါ။ AGTI Society မှာတော့ စာသိပ်ရှည်မှာစိုးလို့ နှစ်ပိုင်း ခွဲတင်ပါတယ်။ ကျွန်တော့် “မျှော်လင့်ခြင်းခရီးသည်” Blog မှာတော့ တစ်ဆက်တည်းပဲ တင်လိုက်ပါတယ်။)

အလုပ်ရှင်နဲ့ အလုပ်သမားဆိုတာ အပြန်အလှန် အမှီသဟဲ ပြုပြီးနေကြရတာပေမဲ့ တစ်ယောက်ကိုတစ်ယောက် အကောင်းပြောခဲတယ်ဗျ။ ကိုယ်က သူများဆီမှာ ဝန်ထမ်းလုပ်ပြီဆိုကတည်းက ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် နေရာတိုင်းမှာ မဖြစ်နိုင်တော့ဘူးပေါ့။ လိုက်နာရမဲ့ ဝန်ထမ်းစည်းကမ်းတွေ ရှိမယ်။ ဝန်ထမ်းစည်းကမ်း ဆိုတာမျိုးကလည်း အားလုံးအတွက် ခြုံပြီးထုတ်ရတာမျိုးဆိုတော့ တစ်ခါတစ်ရံ ကိုယ်နဲ့ ကီးမကိုက်တာတွေကလည်း အများကြီးရှိတတ်တာမျိုးကိုး။ အဲဒီအခါကျရင် စည်းကမ်းထုတ်တဲ့ လူကိုပါကြည့်မရတော့တာ။ အဲဒီတော့ စိတ်တိုင်းမကျ ဖြစ်တာတွေရှိလာတာ ဘာဆန်းမလဲလေ။

အလုပ်ရှင်ဆိုတာမျိုးကလည်း စီးပွားတွက် တွက်တတ် မြင်တတ်လို့ အလုပ်ရှင်ဖြစ်လာတာ။ ဒါပေမဲ့ လောဘကြီးတဲ့ အလုပ်ရှင်မျိုး၊ စနစ်မရှိတဲ့ အလုပ်ရှင်မျိုးနဲ့တွေ့ရင် အလုပ်သမားတော့ ဘုရားတရားသာ တ ပေတော့ပဲ။ ပိုဆိုးတာက Rich man, No standard ဆိုတဲ့ ပိုက်ဆံရှိပြီး အဆင့်မရှိတဲ့ အလုပ်ရှင်မျိုး။ အမြန်ဆုံးသာ အလုပ်က ထွက်ပေတော့ပဲ။ စိတ်ပျက်စရာ အကောင်းဆုံး အမျိုးအစားပေါ့ဗျာ။
အခုကျွန်တော် ပြောပြချင်တာက ကျွန်တော့်ဘဝနဲ့ ချီပြီးတော့ကို လေးစားရတဲ့ အလုပ်ရှင်တစ်ယောက်အကြောင်းပါ။ အလုပ်ရှင် Boss ကို ကျွန်တော်တို့ မြန်မာတွေက ချစ်စနိုးနဲ့ ဘောစိလို့ ခေါ်တယ် မဟုတ်လား။ ဒါကြောင့် ချစ်သောဘောစိ လို့ ခေါင်းစဉ်တပ်လိုက်တာ။

Saturday, August 20, 2011

ကျောက်ခဲစွပ်ပြုတ်

ပုံပြင်တစ်ပုဒ် ပြောပြပါမည်။ ဟိုးရှေးရှေးတုန်းကပေါ့ဗျာ…..ကပ်စေးနဲသော အဖွားကြီးတစ်ဦး ရှိခဲ့သည်..တဲ့။ တစ်နေ့ သူ့ဆီကို လူတစ်ယောက် ရောက်လာပြီး ပြောသည်။

"စားစရာ တစ်ခုခုလေးများ ရနိုင်မလား ခင်ဗျာ.."

အဖွားကြီးက "ဘာမှမရှိဘူး" ဟု တိုတိုပြတ်ပြတ်ပြောသည်။

ထိုလူက အဖွားကြီးရဲ့ ပန်းခြံထဲမှ ကျောက်ခဲတစ်လုံးကို လက်ညှိးထိုးပြရင်း

"အဲဒီကျောက်ခဲလေး ကျွန်တော့်ကို ပေးပါလား အဖွားရယ်...." ဟု တောင်းသည်။
အဖွားကြီးက
"ဘာလုပ်ဖို့လဲ..." ဟု မေးသည်။
"ကျောက်ခဲစွပ်ပြုတ် လုပ်သောက်ဖို့ပါ...." ဟု ပြောသည်။

အဖွားကြီး အံ့သြစိတ်ဝင်စားသွားသည်။ ကျောက်ခဲစွပ်ပြုတ်ဆိုတာ သူမကြားဖူးပေ။ 
 
 
"ဘယ်လိုလုပ်ရသလဲ...."ဟု မေးသည်။
 "အရမ်းကောင်းတာ အဖွားရဲ့။ အဖွားမသောက်ဖူးဘူးလား…" ဟု ပြန်မေးသည်။
ဒါနဲ့ အဖွားကြီးလည်း ကျောက်ခဲစွပ်ပြုတ် သောက်ချင်လာသည်။ ထိုလူကို အိမ်ထဲခေါ်သည်။
 "ကဲ…ပြော ဘယ်က စ လုပ်ရမလဲ…" အဖွားကြီးကမေးသည်။

Thursday, August 18, 2011

ထူးထွေဆန်းပြား Blue Stars (သို့) တစ်လနို့တစ် (အပိုင်း-၃)

ကျွန်တော့ရဲ့ တစ်လနို့တစ် (အပိုင်း-၂) က Jurong Island အဆောင်အကြောင်းကို ဆန့်ကျင်ဘက်ပြောရင် Blue Stars ဖြစ်နိုင်ရာတယ်လို့ ဆိုရမယ်။ Blue Stars ရဲ့ တည်နေရာက အဆောင်ပတ်လည် သာယာတယ်ဗျ။ ကျွန်တော်တို့ ရောက်စ က အဆောင်ကအသစ်ကြီးရယ်။ ချက်စားလို့လည်း ရတယ်။ ဝင်တာထွက်တာ ကဒ်ရိုက်ပြီး ဝင်ရထွက်ရပေမဲ့ လုံခြုံရေးက အတော်နားလည်မှု ရှိတယ်ဗျ။

 အနောက်ဘက်မှာ Kian Teck အဆောင်ရှိတယ်။ အဲဒီအဆောင်ကနေ ဘယ်ဘက်ကို ချိုးပြီး မနေ္တလးတစ်ပြလောက် လျှောက်သွားရင် ကျွန်တော်တို့အခေါ် တရုပ်မကန်းတက် (Kian Teck) လို့ခေါ်တဲ့ တရုပ်မတွေနေတဲ့ အဆောင်တစ်ခုရှိတယ်။ တရုပ်မတွေချည်း နေတာတော့ ဟုတ်ဘူးလေဗျာ။ ကျန်တဲ့ဟာတွေလည်း ရှိသပေါ့။ ထူးခြားမှုကတော့ ယောင်္ကျားလေးဆောင်နဲ့ မိန်းကလေးဆောင် ခြံစည်းရိုးလေးခြားပြီး အတူထားတာဗျ။ ဝင်ပေါက် ထွက်ပေါက်က တစ်ခုတည်းပဲ။ အထဲကျမှ ခွဲသွားတာ။ ကျွန်တော်တို့ဆီက ဆရာတွေပျင်းပျင်းရှိရင် ကိုယ့်အဆောင်က ကင်တင်းမှာမထိုင်ဘဲ တကူးတက သွားထိုင်ရတဲ့ ကင်တင်းတစ်ခုလည်းရှိတယ်။

အစားအသောက် စားတဲ့အခါ စားနည်း ၃ နည်းရှိတယ်ဗျ။



Monday, August 15, 2011

GTI ပုံပြင်များ (အပိုင်း-၁)

(AGTI SOCIETY အတွက်ရေးသော post ကို အမှတ်တရအဖြစ် တင်ဆက်ပါသည်။)

ဇီးရိုးပဲ

 တစ်ခါက GTI တွင် ဖြစ်သည်။ ကျွန်တော်တို့ ဆရာနှင့် ကျွန်တော်တို့အုပ်စု ကျောင်းထိပ်မှ လက်ဖက်ရည်ဆိုင်တွင်ထိုင်ရင်း စကားပြောနေကြသည်။ စကားပြောနေကြသည် ဆိုသော်လည်း ဆရာ့စကားမှာ မျောနေကြခြင်းဖြစ်သည်။ ဆရာက လူပျိုကြီးဖြစ်သလို အလွန်အပြောကောင်းသည်။ ထိုစဉ် ဆရာမလေးတစ်ယောက် အနားမှ ဖြတ်လျှောက်လာသည်ကိုတွေ့ရာ…
ဆရာ   ။ ။ “ ဆရာမ၊ ဆရာမကို ကျွန်တော် လက်ဖက်ရည်တိုက်ချင်တဲ့ ဆန္ဒတွေ အရမ်းဖြစ်ပေါ်နေတယ်။”
ဆရာမ ။ ။ “ ကျွန်မကလည်း သောက်ချင်တဲ့ ဆန္ဒလုံးဝ မရှိဘူး။”

ထိုအခါ ဆရာပြန်ပြောပုံက လွန်စွာကျောင်းဆရာ ပီသလှသည်။

Sunday, August 14, 2011

ဟဲဟဲ..ဟီးဟီး..ဟားဟား…..

ကလေးဘဝကတည်းက ငိုတဲ့ကိစ္စပြီးရင် ဒုတိယမြောက် အလိုလိုတတ်တာ (ရီ)ရယ်တဲ့ကိစ္စပဲ။ ကလေးတွေ အိပ်နေရင်း အလိုလိုပြုံးနေတတ်တယ်။ သူငယ်နတ် ဖမ်းစားတယ် ခေါ်တာပေါ့။ တစ်ခုခုကို သဘောကျရင်၊ တစ်ခုခုကို လှောင်ချင်ပြောင်ချင်ရင် လူတွေ(ရီ)ရယ်ကြပါတယ်။ ဟင်း…ဟင်း…ဟင်း….လို့ မြည်တယ်။ တချို့က လောကဝတ်အရ (ရီ)ရယ်တယ်။ စိတ်ညစ်တဲ့လူလည်း (ရီ)ရယ်တာပဲ။ မချိသွားဖြဲလို့ ခေါ်တယ်။ ကြောက်လို့ (ရီ)ရယ်တဲ့လူလည်း ရှိတယ်။ တချို့ ဘာမှန်းမသိဘဲ သူများ(ရီ)ရယ်လို့ လိုက်(ရီ) ရယ်တာ။ (တော်ပြီဗျာ… ညောင်းတယ်။ ကျွန်တော် “ရယ်” လို့ပဲ စာလုံးပေါင်းအမှန်အတိုင်း ရေးမယ်။ အားလုံး “ရီ”လို့ ဖတ်ကြဗျာ..နော်။)
သူများကို ကြောက်အောင် ခြောက်ချင်ရင်လည်း ရယ် သေးတယ်။ သမိန်ပေါသွပ်နဲ့ အာတာလွတ်မြို့စားကြီး ရယ်သလို ဝူး…ထွား…ဟား…ဟား… ပေါ့ဗျာ။ ကြားဖူးလား….အဲလေ….ဖတ်ဖူးလား။ မဖတ်ဖူးသေးတဲ့မျိုးဆက်သစ်တွေကို ဖတ်ဖူးတဲ့ မျိုးဆက်ဟောင်းကြီးတွေက ပြောပြပေါ့ဗျာ။ သူများဒုက္ခရောက်တာကို ရယ်တဲ့လူတွေလည်း ရှိတယ်။ အားရလွန်းရင် အံကြိတ်ပြီး ဟီး..ဟီး..ဟီး.. နဲ့ အသံထွက်အောင်ကို ရယ်တာ။ ရှက်ရင်လည်း ရယ်သဗျ။ သေချာတာကတော့ ရယ်ရင်ပါးစပ်ပြဲတယ်။ သိပ်ရယ်လွန်းရင် တချို့သေးပါထွက်သတဲ့။ ဘာပဲဖြစ်ဖြစ် ရယ်တာ အသက်ရှည်တယ်တဲ့ဗျ။

Thursday, August 11, 2011

တစ်ကျွန်းအတွေ့အကြုံ (သို့) တစ်လနို့တစ် (အပိုင်း -၂)

တစ်ကျွန်းဆိုလို့ ကြီးကြီးကျယ်ကျယ် မထင်ပါနဲ့ဗျာ။ ရေပတ်လည် ဝိုင်းလျှက်ရှိတဲ့ ကုန်းမြေကို ကျွန်းဟုခေါ်သည်ဆိုတဲ့ သီအိုရီကိုတည်ပြီး ပြောမယ်ဆိုရင် ကမ္ဘာပေါ်မှာ ရှိတဲ့လူတွေ အားလုံးကျွန်းသူ ကျွန်းသားတွေပါပဲ။ ရေမဝိုင်းတဲ့ ကုန်းမြေဆိုတာ ကမ္ဘာပေါ်မှာ ရှိလို့လားဗျာ။ ကျွန်းကြီးရင် တိုက် လို့ခေါ်တာပေါ့။ စင်ကာပူကတော့ နဂိုကတည်းက ကျွန်းနိုင်ငံငယ်လေး မဟုတ်လား။ Jurong Island က ကျွန်းကြီးပေါ်က ကျွန်းကလေးဗျ။ Singapore က ကျွန်းကြီး၊ ကျွန်းကလေး၊ ကျွန်းသားလေး၊ ကျွန်းပိစိကွေးလေးတွေနဲ့ တည်ထားရတဲ့ နိုင်ငံပါ။ ထားပါတော့။

 

Monday, August 8, 2011

SAFETY STARTS WITH ME........

SAFETY နဲ့ ပါတ်သက်ရင် စင်ကာပူဟာ အတော်တင်းကြပ်တဲ့ နိုင်ငံပါ။ SAFETY နမူနာ စံပြပုံလေးတွေပါ။

သင့်မျက်လုံးကို ကာကွယ်ပါ (Eye Protection)

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...