Monday, January 2, 2012

HAPPY NEW YEAR နဲ့ ထူးတဲ့ 2012

ပြောင်းလဲခြင်းသည်သာ မပြောင်းမလဲတည်ရှိနေသော အရာဖြစ်ပါသည်။ အချိန်ကာလသည် အမြဲတမ်းရွေ့လျားနေသည်သာ ဖြစ်ရကား သက္ကရာဇ်တွေ တစ်ခုပြီးတစ်ခု၊ နှစ်တွေတစ်နှစ်ပြီး တစ်နှစ်ပြောင်းခြင်းသည် မည်သို့မျှမထူးဆန်းသော ကိစ္စဖြစ်ပါသည်။ သိ့ုသော် ၂၀၁၂ က နည်းနည်းတော့ ထူးခြားသည့် နှစ်ဖြစ်ပါလိမ့်မည်။ အသို့နည်း။ သူ့ဘာသာသူ ပြက္ခဒိန်တစ်ခုကုန်၍ နောက်ပြက္ခဒိန်တစ်ခုပြောင်းတာ ဘာဆန်းသနည်း။ ပြက္ခဒိန်အသစ်ဖြစ်လျှင် ကောင်မလေးပုံအသစ်ကလေးတွေ ပြောင်းရုံပ။ မဟုတ်ပါ။ ရှင်းပါအံ့။

သက္ကရာဇ်တကာ သက္ကရာဇ်၊ နှစ်တကာ နှစ်တို့ဖြင့် မတူသည့် ၂၀၁၂ ပါ။ လွန်ခဲ့သည့် ၁၀ စုနှစ် တစ်ခုကျော်ကတည်းက နာမည်ကြီးနေခဲ့သော ၂၀၁၂ သို့ ယခု ရောက်လာခဲ့ပြီဖြစ်သည်။
၂၀၁၁ သည် မကြုံဘူးမကြားဘူးခဲ့သော သဘာဝဘေးအန္တရာယ်အပေါင်းတို့ကို မိတ်ဆက်ပေး အမြည်းကျွေးလျှက် ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ တကယ်တော့ ၂၀၁၁ သည် မမြဲသော သဘောတရားတို့ကို လက်တွေ့ပြသ သတိပေးသင်ကြားသွားသော ဆရာတစ်ဆူဟု အကောင်းမြင်နိုင်ပါသည်။ ကမ္ဘာကြီး ကျန်းမာခဲ့စဉ်က အစဉ်ကျန်းမာအောင် ထိန်းသိမ်းရကောင်းမှန်းမသိသော လူသားသည် ယခုကမ္ဘာကြီး ချူချာလာသည့်အခါကျမှ အထိတ်တလန့် အပြင်းအထန် ကုသဖို့ကြိုးစားလာရသည်။ ကာကွယ်ရေးမမီတော့သည့်အခါ ကုသရေးကိုသာ တွင်တွင်အော်နေရသည်။ သို့သော် နှစ်ပေါင်းများစွာ ဆိုးခဲ့ပေခဲ့သမျှကို အချိန်တိုဖြင့် အဘယ်မှာလျှင် ကုစား၍ရနိုင်အံ့နည်း။ ဖျက်လိုဖျက်ဆီးအကျင့် တွေကလည်း စွဲနေမင့်ကိုး။

Monday, December 26, 2011

သံသရာစမ်းရေ (အပိုင်း ၅)

(အမှန်တော့ သံသရာစမ်းရေသည် သမီးလေးတစ်ယောက်ရပြီးသည့်နောက် သားသမီးနေရာမှ ဖခင်ဖြစ်လာသူတစ်ဦး၏ အတွေးစများကို ဝေမျှခြင်းသာဖြစ်ပါသည်။ အဆိုတော် ဇော်ဝင်းထွဋ္ဋ်၏ သံသရာစမ်းရေသီချင်းလေးကို ယခု ကိုယ်တိုင် ဖခင်နေရာရောက်လာသောအခါမှ ပိုပြီးခံစားတတ်လာသောကြောင့် ဤအခန်းဆက်ဆောင်းပါးရှည်ကို သံသရာစမ်းရေဟု အမည်ပေးလိုက်ပါသည်။ အချိန်လုပြီးရေးရသဖြင့်လည်းကောင်း၊ ရောက်တတ်ရာရာ မပြတ်သော စိတ်ကူးအလျှင်ကို ပျောက်ပျက်သွားမည် စိုးသောကြောင့်လည်းကောင်း၊ ကြုံသလိုရေးခြင်းဖြစ်သောကြောင့် လည်းကောင်း၊ အကြောင်းအရာ အစီအစဉ်မကျ၊ တောင်ရောက်မြောက်ရောက် ဖြစ်နေခြင်းကို နားလည်ခွင့်လွှတ်ပေးစေလိုပါသည်။)

စိတ်ရင်းမိတ်ဆွေ၊ ရှားသလေ….

အပေါင်းအသင်း…တဲ့။ သူငယ်ချင်း…တဲ့။ မိတ်ဆွေ…တဲ့။ အဆွေခင်ပွန်း…တဲ့။ ဘော်ဒါ….တဲ့။ ဘော်ဒါဘော်ဂျွတ် ဆိုတာတောင်ပါသေး။ အရက်မူးသမားချင်းကျတော့ သယ်ရင်း….တဲ့။ တရားသမားချင်းကျတော့ ကလျာဏမိတ္တ…တဲ့။ ရဲဘော်ရဲဘက်…တဲ့။ ယောက်ဖရေ…ယောင်းမရေ…ဆိုတာလည်းရှိရဲ့။ ဒါတောင် မေ့နေတဲ့ ဝေါဟာရတွေ ရှိသေးတယ်။ အင်္ဂလိပ်စကား Friend ကို မြန်မာလိုပြန်ရင် ရတဲ့ ဝေါဟာရတွေပြောပါတယ်။ မြန်မာတွေ ခင်တတ်မင်တတ်ပုံများ ခင်မင်မှုအတိုင်းအတာပေါ်မူတည်ပြီး ဝေါဟာရတွေ အတော်များပါတယ်။

လူပဲဖြစ်ဖြစ်၊ တိရိစ္ဆာန်ပဲဖြစ်ဖြစ်၊ ဘက်တီးရီးယားပဲဖြစ်ဖြစ် အသိုင်းအဝန်းဆိုတာ ရှိတယ်။ အခြွေအရံဆိုတာရှိတယ်။ အခြွေအရံဆိုတဲ့ စကားလုံးကို နှိမ့်ချပြီးခေါ်တယ်လို့ အထင်ရောက်တာမျိုးလည်း ရှိတတ်ကြတယ်။ ခြွေမှ ရံတယ် လို့လည်း ဆိုကြသေးတယ်။ ဘာပဲဖြစ်ဖြစ် ဝန်းကျင်ဆိုတာရှိတယ်။ ကိုယ့်ထက် ဂုဏ်အားဖြင့်၊ သီလအားဖြင့်၊ ပညာအားဖြင့် ကြီးမြတ်တဲ့ဝန်းကျင်လည်း ရှိတယ်။ ကိုယ်နဲ့တန်းတူရည်တူတွေလည်း ရှိတယ်။ လေးလေးစားစား တန်ဖိုးထားရတယ်။ ကိုယ့်ထက်ငယ်ရွယ်သူတွေ၊ ကိုယ့်ထက်နိမ့်ပါးသူတွေနဲ့ကျတော့လည်း ဖေးမရတယ်။ ဝေမျှရတယ်။


Wednesday, November 30, 2011

သံသရာစမ်းရေ (အပိုင်း ၄)

(အမှန်တော့ သံသရာစမ်းရေသည် သမီးလေးတစ်ယောက်ရပြီးသည့်နောက် သားသမီးနေရာမှ ဖခင်ဖြစ်လာသူတစ်ဦး၏ အတွေးစများကို ဝေမျှခြင်းသာဖြစ်ပါသည်။ အဆိုတော် ဇော်ဝင်းထွဋ္ဋ်၏ သံသရာစမ်းရေသီချင်းလေးကို ယခု ကိုယ်တိုင် ဖခင်နေရာရောက်လာသောအခါမှ ပိုပြီးခံစားတတ်လာသောကြောင့် ဤအခန်းဆက်ဆောင်းပါးရှည်ကို သံသရာစမ်းရေဟု အမည်ပေးလိုက်ပါသည်။ အချိန်လုပြီးရေးရသဖြင့်လည်းကောင်း၊ ရောက်တတ်ရာရာ မပြတ်သော စိတ်ကူးအလျှင်ကို ပျောက်ပျက်သွားမည် စိုးသောကြောင့်လည်းကောင်း၊ ကြုံသလိုရေးခြင်းဖြစ်သောကြောင့် လည်းကောင်း၊ အကြောင်းအရာ အစီအစဉ်မကျ၊ တောင်ရောက်မြောက်ရောက် ဖြစ်နေခြင်းကို နားလည်ခွင့်လွှတ်ပေးစေလိုပါသည်။)


မျဉ်းတစ်ကြောင်း

 ဟိုးရှေးရှေးတုန်းက ပညာရှိတဲ့ ဘုရင်ကြီးတစ်ပါး ရှိသတဲ့။ တစ်နေ့တော့ သူ့ရဲ့ မှုးမတ်တွေကို ပညာစမ်းတဲ့အနေနဲ့ မေးခွန်းတစ်ခုမေးပါသတဲ့။ ပျဉ်တစ်ချပ်ပေါ်မှာ မျဉ်းကြောင်းတစ်ကြောင်းကို ဆွဲလိုက်သတဲ့။ (ဟိုတုန်းက White Board တွေ Marker တွေ မရှိသေးတော့ ပျဉ်ချပ်ပေါ့ဗျာ။) ပြီးတော့မေးတယ်။ အဲဒီ မျဉ်းကို မဖြတ်ဘဲနဲ့ တိုသွားအောင် လုပ်ပြနိုင်ရင် ဆုတော်လာဘ်တော်တွေ ပေးမယ် ဆိုပဲ။ အမတ်တွေလည်း အမျိုးမျိုးစဉ်းစားပေမဲ့ သိဘူးပေါ့ဗျာ။ နောက်ဆုံး အငယ်ဆုံးအမတ်ငယ်တစ်ယောက်က ထ လာပြီး အဲဒီမျဉ်းရဲ့ဘေးမှာ ကပ်လျက် မျဉ်းအရှည်တစ်ချောင်း ဆွဲလိုက်သတဲ့။ အဲဒါနဲ့ မဖြတ်ဘဲတိုသွား သတဲ့ (ဘုရင်ကြီးရဲ့ မျဉ်းကို ပြောတာ။)
ဟုတ်ကဲ့။ ပုံပြင်လေးက ဒီမျှပါပဲ။

ကျွန်တော်တို့ ခင်ဗျားတို့ အားလုံးရဲ့ ရင်ထဲမှာ မျဉ်းတစ်ကြောင်းစီတော့ ရှိကြစမြဲပါ။ ကျွန်တော်ပြောချင်တဲ့ မျဉ်း ဆိုတာ ကျွန်တော်တို့ သိထားတဲ့ အသိတရား၊ ဗဟုသုတ နဲ့ ကျင့်သုံးတဲ့ ကိုယ်ကျင့်သီလ စံ တစ်ခုကို ပြောချင်တာပါ။ တစ်ယောက်နဲ့ တစ်ယောက် ပိုင်ဆိုင်ကြတဲ့ မျဉ်းတွေကလည်း အတိုအရှည် မတူကြပါဘူး။ အဲဒီ မျဉ်းတစ်ကြောင်းကို ကျွန်တော်တို့ ဘယ်လိုသုံးသလဲ သိလား။

Sunday, November 20, 2011

သံသရာစမ်းရေ (အပိုင်း ၃)

(အမှန်တော့ သံသရာစမ်းရေသည် သမီးလေးတစ်ယောက်ရပြီးသည့်နောက် သားသမီးနေရာမှ ဖခင်ဖြစ်လာသူတစ်ဦး၏ အတွေးစများကို ဝေမျှခြင်းသာဖြစ်ပါသည်။ အဆိုတော် ဇော်ဝင်းထွဋ္ဋ်၏ သံသရာစမ်းရေသီချင်းလေးကို ယခု ကိုယ်တိုင် ဖခင်နေရာရောက်လာသောအခါမှ ပိုပြီးခံစားတတ်လာသောကြောင့် ဤအခန်းဆက်ဆောင်းပါးရှည်ကို သံသရာစမ်းရေဟု အမည်ပေးလိုက်ပါသည်။ အချိန်လုပြီးရေးရသဖြင့်လည်းကောင်း၊ ရောက်တတ်ရာရာ မပြတ်သော စိတ်ကူးအလျှင်ကို ပျောက်ပျက်သွားမည် စိုးသောကြောင့်လည်းကောင်း၊ ကြုံသလိုရေးခြင်းဖြစ်သောကြောင့် လည်းကောင်း၊ အကြောင်းအရာ အစီအစဉ်မကျ၊ တောင်ရောက်မြောက်ရောက် ဖြစ်နေခြင်းကို နားလည်ခွင့်လွှတ်ပေးစေလိုပါသည်။)



  လွန်ခဲ့တဲ့ (၁၀) စုနှစ် နှစ်ခုလောက်အထိက ကမ္ဘာ့တစ်နေရာရာမှာ တစ်ခုခုဖြစ်ခဲ့တယ်ဆိုတာကို ကျွန်တော်တို့က အချိန်တစ်ခုကြာပြီးမှ သိရတာပါ။ ဆုံးဖြတ်ချက်တစ်ခုချဖို့ဆိုတာ အချက်အလက်တွေ လိုပါတယ်။ ဟိုတုန်းကတော့ အချက်အလက်တစ်ခုရဖို့ တော်တော်အားထုတ်ရပါတယ်။ အချက်အလက် စုံနိုင်သမျှ စုံအောင် စုဆောင်းရတာ အဲဒီတုန်းက ပြဿနာပါ။ ကျွန်တော်တို့ရဲ့ လေ့လာမှုအတွက် အချိန်တစ်ခု ပေးရပါတယ်။ ဒါကြောင့် အဲဒီခေတ်ကို ဗဟုသုတခေတ် လို့ ပြောတာပါ။ အခုချက်ချင်းဖြစ် အခုသိတာမျိုးကျတော့ ဗဟုသုတမဟုတ်တော့ဘဲ သတင်းဖြစ်လာပါတယ်။ အခုတော့ ကမ္ဘာ့ ဘယ်နေရာမှာ ဘာလေးပဲဖြစ်ဖြစ် အချိန်မရွေး၊ နေရာမရွေး သိချင်ရင် သိနိုင်တဲ့ခေတ်ပါ။ ဖြစ်သရွေ့၊ ပျက်သရွေ့ အချိန်မရွေး သိနိုင်နေပါပြီ။ ဖြစ်ပျက်ပြောင်းလဲတာတွေ မြန်ဆန်သလောက် သိနိုင်တဲ့ နည်းပညာကလည်း မယုံနိုင်စရာ ကောင်းလောက်အောင် တိုးတက်နေတာပါ။ ဒါကြောင့် သတင်းနည်းပညာခေတ်လို့ ဆိုတာပါပဲ။ ဒီနေ့ ဟော့ (Hot) နေတဲ့ သတင်းတစ်ပုဒ်ဟာ နောက်နေ့မှာ တန်ဖိုးရှိချင်မှ ရှိတော့မှာပါ။

Sunday, November 13, 2011

သံသရာစမ်းရေ (အပိုင်း ၂)

(အမှန်တော့ သံသရာစမ်းရေသည် သမီးလေးတစ်ယောက်ရပြီးသည့်နောက် သားသမီးနေရာမှ ဖခင်ဖြစ်လာသူတစ်ဦး၏ အတွေးစများကို ဝေမျှခြင်းသာဖြစ်ပါသည်။ အဆိုတော် ဇော်ဝင်းထွဋ္ဋ်၏ သံသရာစမ်းရေသီချင်းလေးကို ယခု ကိုယ်တိုင် ဖခင်နေရာရောက်လာသောအခါမှ ပိုပြီးခံစားတတ်လာသောကြောင့် ဤအခန်းဆက်ဆောင်းပါးရှည်ကို သံသရာစမ်းရေဟု အမည်ပေးလိုက်ပါသည်။ အချိန်လုပြီးရေးရသဖြင့်လည်းကောင်း၊ ရောက်တတ်ရာရာ မပြတ်သော စိတ်ကူးအလျှင်ကို ပျောက်ပျက်သွားမည် စိုးသောကြောင့်လည်းကောင်း၊ ကြုံသလိုရေးခြင်းဖြစ်သောကြောင့် လည်းကောင်း၊ အကြောင်းအရာ အစီအစဉ်မကျ၊ တောင်ရောက်မြောက်ရောက် ဖြစ်နေခြင်းကို နားလည်ခွင့်လွှတ်ပေးစေလိုပါသည်။)
  

အကျင့်၊ ဝါသနာ၊ စရိုက် နဲ့ ပါရမီ

ဗီဇနဲ့ ဝန်းကျင် အညမညဖြစ်ကြောင်း ဆက်ပြောပါရစေဦး။ ကလေးတစ်ယောက်ရဲ့ မွေးရာပါဗီဇဆိုတာက ကျွန်တော်တို့ စီမံခန့်ခွဲနိုင်တဲ့ ဘောင်ထဲမှာ မရှိတာမို့ ကျွန်တော်တို့ လုပ်နိုင်တဲ့ကိစ္စဖြစ်တဲ့ ဝန်းကျင်ကိုပဲ အဓိက focus ထားတာ ပိုမှန်မှာပါ။ ကလေးရဲ့ ကောင်းခြင်း ဆိုးခြင်းကို ကိုယ်မတတ်နိုင်တဲ့ ဗီဇဆိုတာချည်းပဲ ပုံချပြီး ကိုယ့်ကိုယ်ကို ညာဖို့မသင့်ပါဘူး။ မကောင်းတဲ့ဗီဇကို ကောင်းတဲ့ဝန်းကျင်နဲ့ ထိန်းသိမ်းရမှာ ဖြစ်ပြီး ကောင်းတဲ့ဗီဇကို ကောင်းတဲ့ဝန်းကျင်နဲ့ပဲ မြေတောင်မြှောက်ပေးရမှာ ဖြစ်ပါတယ်။ ကောင်းတဲ့ ဗီဇပါလာပေမဲ့ မကောင်းတဲ့ ဝန်းကျင်ကြောင့်လည်း ဗီဇကောင်းလေး တိမ်မြှပ်သွားမှာပါပဲ။ ဒါကြောင့် ကလေးတစ်ယောက်အတွက် ဝန်းကျင်ကောင်းဆိုတာ အရမ်းအရေးကြီးပါတယ်။
ဒီနေရာမှာ အကျင့်၊ ဝါသနာ၊ စရိုက် နဲ့ ဗီဇပါရမီ ဆိုတာကို ပြောပြပါရစေ။

Wednesday, November 2, 2011

သံသရာစမ်းရေ (အပိုင်း ၁)

(အမှန်ကတော့ ဒီအကြောင်းအရာကို တစ်ပုဒ်တစ်ပုဒ်နဲ့ ရေးထားတာ အတော်များနေပါပြီ။ ဒါပေမဲ့ တစ်ပိုင်းချင်းစီပဲ တင်သွားပါ့မယ်။ အမှားအယွင်း နည်းနိုင်သမျှ နည်းဖို့ရယ်၊ စာအများကြီး တစ်ခါတည်းဖတ်ရတာထက် တစ်ခါတစ်ရံ အပိုင်းလိုက် အကန့်လိုက် ဖတ်ရတာ ပိုကောင်းလို့ပါပဲ။)

အသင်စာရှုသူ

စာရှုသူဟာ စင်ကာပူမှာ အလုပ်လုပ်ရင်း အခြေကျနေသူလား။

ဇနီးသည်ကရော သင်နဲ့အတူ စင်ကာပူမှာပဲလား။

လူမမယ် သားလေး သို့မဟုတ် သမီးလေး တစ်ယောက်လောက်များ မရှိဘူးလား။

တကယ်လို့များ အခြေအနေတူမယ်ဆိုရင် ဒီစာစုလေးကို ပိုပြီးစိတ်ဝင်စားနိုင်မယ်ထင်တာပါပဲ။ မရှိသေး၊ မသိသေးသူတွေနဲ့ စိတ်ကူးလေး တယဉ်ယဉ် အစီအစဉ်လေး တပြင်ပြင် ဖြစ်နေသူတွေအတွက်တော့ တွေးစရာလေးတစ်ခုပေါ့။ တကယ်တော့ စင်ကာပူမှ မဟုတ်ပါဘူး။ မြန်မာနိုင်ငံ အပြင်ရောက်နေသူတွေ အများစု ကြုံနေရတဲ့ ပြဿနာပါ။ နိုင်ငံရပ်ခြားမှာ အနေကျ၊ အခြေချ၊ လုံးဝသဟဇာတ ဖြစ်နေသူများအတွက် မရည်ရွယ်ပါခင်ဗျာ။ ဒီအကြောင်းအရာဟာ လူတွေအများကြီး ရေးကြပြောကြပြီးသားပါပဲ။ ဒါပေမဲ့ လူအမျိုးမျိုး ရှုထောင့်အမျိုးမျိုးပါပဲ။ ဒီစာစုလေးကလည်း ကျွန်တော်ကြုံရတာလေးတွေ ပေါ်မူတည်လို့ ဉာဏ်မီသလောက် တွေးမိသလောက် နောက်ဆုံးနားက ရှုထောင့်လေးတစ်ခုပါပဲ။ မှန်တဲ့အတိုင်း ပြောရရင် ကျွန်တော့်ဖာသာ ကျွန်တော် လက်လှမ်းမှီတဲ့ အချက်လေးတွေ စုဆောင်းဖတ်ရှုရင်း စဉ်းစားဖို့ ရည်ရွယ်တာပါ။ ဒါပေမဲ့ သူငယ်ချင်း မိတ်ဆွေတွေကိုလည်း ဝေမျှလိုက်ခြင်းအားဖြင့် အကျိုးမယုတ်တန်ရာလို့ တွေးမိတာနဲ့ ဘလော့ဂ်ပေါ် တင်လိုက်တာပါ။ ဝေမျှခြင်းသာ ဖြစ်ပါတယ်ခင်ဗျား။ ကြိုက်တာယူ၊ မကြိုက်တာ မယူနဲ့ပေါ့ဗျာ…နော်။ အမြင်ကတ်ပြီး comment နဲ့ ဆော်ပလော်တီးမသွားရင်ပဲ ကျေးဇူးတင်ပါကြောင်း။

Saturday, October 15, 2011

သာမာန်ကွန်ပျူတာ၊ ပုံမှန်ဆော့ဖ်ဝဲ (Security System)

ကွန်ပျူတာတစ်လုံးကို ဝယ်လာပြီးရင် ပထမဆုံး Recovery Disc တွေ အရင်ကူးရပါမယ်။ ဒုတိယအဆင့် လုပ်ရမှာက Internet Security ဒါမှမဟုတ် Anti-Virus Software တစ်ခုခုကို Install လုပ်သင့်ပါတယ်။ အင်တာနက် သုံးမယ် ဆိုရင်ပေါ့။ တကယ်ကတော့ ဒီခေတ်ကြီးမှာ အင်တာနက်မသုံးရင်လည်း အဲဒီကွန်ပျူတာ ဘာလုပ်ဖို့လဲလို့ မေးရမှာပါ။ အဲဒီတော့ လူတိုင်းတွင် ကွန်ပျူတာရှိ၍ ကွန်ပျူတာမှန်လျှင် အင်တာနက်ရှိသည် လို့ ယူဆပြီး ရေးရ၊ ပြောရမှာပါပဲ။ Free ရတဲ့ Software တွေ၊ Pirate Software တွေ အများကြီး ရှိပေမဲ့ ကျွန်တော့်သဘောပြောရရင် Security Software တွေကိုတော့ တတ်နိုင်ရင် အမှန်အကန် သုံးတာအကောင်းဆုံးပါ။ ကိုယ့်အတွက် လုံခြုံချင်လို့ ထည့်ထားတဲ့ လုံခြုံရေး Software ကိုယ်၌က မမှန်မကန်ဆိုရင် ကိုယ့်အတွက် လုံခြုံပါ့မယ်လို့ ဘယ်လိုယုံရမှန်း မသိပါဘူး။ ကိုယ်က အရမ်းကျွမ်းကျင်ပြီး ဆရာကြီးဆိုရင်တော့ တစ်မျိုးပေါ့လေ။ အခုကျွန်တော်ရည်ရွယ်တာက ဆရာကြီးတွေ အတွက်မဟုတ်ကြောင်း ထပ်လောင်း ပြောပါရစေ။


Monday, October 10, 2011

သာမာန်ကွန်ပျူတာ၊ ပုံမှန်ဆော့ဖ်ဝဲ (Recovery System)

ကျွန်တော့်ကို ကွန်ပျူတာဝယ်ချင်တဲ့ သူငယ်ချင်းတွေကလည်း လိုက်ဝယ်ပေးဖို့ ခေါ်တတ်သလို ကွန်ပျူတာတစ်ခုခု ဖြစ်ရင်လည်း လှမ်းမေးကြ၊ ကျွန်တော့်အိမ်ထိ အဝေးကြီးကလာပြီး အကူအညီတောင်းကြပါတယ်။ တကယ်တော့ ကျွန်တော်တတ်တာ သာမာန် User အဆင့်ပါ။ ဘာမှမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်သူငယ်ချင်းတွေထဲမှာ တချို့က အကြောင်းအမျိုးမျိုးကြောင့် လေ့လာအားနည်းတာရယ်၊ စာဖတ်ပျင်းတာရယ်ကြောင့် ကျွန်တော့်ဆီလာပြီး ခဏခဏအပူကပ်တတ်ကြပါတယ်။ ညနေစာကောင်းကောင်းတော့ မကြာခဏ တီးရတာပေါ့ခင်ဗျာ။ အဲဒါနဲ့ ကျွန်တော်မအားတဲ့အခါ သူငယ်ချင်းတွေလည်း အဆင်ပြေအောင်၊ တကယ်လို့များ ကိုယ့်ဘာသာကိုယ် ကလိချင်ရင်လည်း ကလိကြစေ ဆိုပြီးဒီစာလေးကို ရေးတာပါပဲ။ စာဖတ်ပျင်းတဲ့ ဆရာတွေကတော့ ဒီစာကိုလည်း ဖတ်မှာ မဟုတ်တဲ့အတွက် ကျွန်တော့်အတွက် ညနေစာ ကောင်းကောင်းတွေကတော့ မတိမ်ကောနိုင်သေးပါဘူးဗျ… ဟီး…ဟီး….



Thursday, September 22, 2011

ရွှေရောင်ခြင်္သေ့များ

ခြင်္သေ့မြို့တော်သည် တဖြည်းဖြည်း ရွှေရောင်လွှမ်းလာနေသည်ကို တွေ့နေရသည်။ ရှေးယခင်ကတည်းက အာရှတိုက်ရှိ အရောင်အသွေးစုံနှင့် ကျော်ကြားသော ဤမြို့နိုင်ငံငယ်တွင် ယခင်ရှိနှင့်ပြီးသား အရောင်များထဲမှပင် ထူးထူးခြားခြား ပိုမိုလင်းလက်လာသည့် ရွှေရောင်ကို သတိမထား၍မရတော့။

စင်္ဂ ဆိုသည်က ပါဠိလို ခြင်္သေ့ဟု အဓိပ္ပါယ်ရသည်။ ပူရ ဆိုသည်ကမြို့။ ဒီလိုနည်းနှင့် ခြင်္သေ့မြို့တော်ဟု အဓိပ္ပါယ်ရသည့် စင်ကာပူနိုင်ငံဖြစ်လာသည်ဟု ဆိုသည်။ အနှီ စင်ကာပူသို့ ရေကြည်ရာ မြက်နုရာ ရွေ့ပြောင်းလာသည့် လူမျိုးများ များစွာရှိပါသည်။ ထိုအထဲတွင်မှ ဖြတ်ထိုးဉာဏ်အလွန်ကောင်းသော၊ စိတ်ညစ်စရာများကို ပျော်စရာ ဟာသများအဖြစ် ပြောင်းတတ်သော၊ ငွေရှာသော်လည်း ငွေမမက်တတ်သော၊ လူမျိုးခြားနှင့်ဆက်ဆံသည့်အခါ မကျေနပ်သည့်တိုင် အောင့်ခံတတ်သော၊ ကိုယ့်အချင်းချင်းဆိုလျှင် နည်းနည်းလေးမှ သေးသေးတင်မခံတတ်သော လူမျိုးတစ်မျိုးလည်း ပါလာလေသည်။



Wednesday, September 14, 2011

တီထွင်ဖန်ဆင်း ကြုံသလိုရှင်း

 “မင်းက Electronic နဲ့ ကျောင်းတက်နေတာဆိုတော့ TV ပြင်တတ်ပလားကွ……”

ကျွန်တော့်လို AGTI (EC) ကျောင်းသား အတော်များများ ဒီမေးခွန်းမျိုး အမေးခံရလေ့ ရှိပါတယ်။ တော်တော်ဂွကျတဲ့ မေးခွန်းမျိုးပါပဲ။ ပြန်ရှင်းပြဖို့ဆိုရင်လည်း တော်တော်ရှည်ရှည်ဝေးဝေး ရှင်းရမဲ့ကိန်းဗျ။ ကျွန်တော် TV ပြင်တတ်ပါတယ်။ ဒါပေမဲ့ ဒီမေးခွန်းက Yes or No ပြင်တတ်တယ် မပြင်တတ်ဘူး ဖြေရုံနဲ့ ပြီးမဲ့ မေးခွန်းမျိုးမဟုတ်။ ပြင်တတ်ပါတယ်လို့ ပြောပြန်ရင်လည်း ကျွန်တော့် ဒီပလိုမာကြီးက TV ပြင်တဲ့ ဒီပလိုမာကြီး ဖြစ်သွားဖို့ရှိနေပါတယ်။ အီလက်ထရွန်းနစ် အင်ဂျင်နီယာဆိုတာ TV, Video, အသံချဲ့စက်ပြင်တာကိုး…လို့ အဓိပ္ပါယ်ပေါက်သွားမှာပေါ့ဗျာ။ မပြင်တတ်ဘူး ပြောပြန်တော့ “ဟင်…မင်းတို့ ၃ နှစ်တောင် သင်ရပြီး ဒါလေးတောင် မလုပ်တတ်ဘူးလား……” လို့ အပြောခံရပြန်ရော။

“ကျွန်တော်တို့တက်နေတာ TV ပြင်တဲ့ သင်တန်း မဟုတ်ဘူးဗျ… TV, Video ပြင်ချင်ရင် TV, Video ပြင်တဲ့ သင်တန်းတွေသွားတက်…၆ လ သင်ရင် ပြင်တတ်တယ်…” လို့ ဘုတောတော့ ကြီးကျယ်ရန်ကောဆိုတဲ့ မျက်လုံးနဲ့ ကြည့်တဲ့အပြင်
ကျောင်းသားတွေ အလကား…ဘာမှလည်းမတတ်ဘူး…TV လေးတောင် မပြင်တတ်ဘူး… ဆိုတဲ့ နောက်ဆက်တွဲလေးနဲ့ပါ ချီးမွမ်းသွားသေးတာ။ တယ်လေ……….

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...