Sunday, October 19, 2014

ကျားမေမေ၏ ပထမရရှိရေး အယူအဆ မှားကြောင်း သုတေသန ပညာရှင်ပြော (စောပြည့်ညို )

(2011 July လတွင် မောက္ခမဂ္ဂဇင်းတွင် ဖေါ်ပြခဲ့သော ဆရာဝင့်ထန်း၏ ဆောင်းပါးကို ပြန်လည် ဝေဖန်ထားသော သတင်း ဆောင်းပါးတစ်ပုဒ် ဖြစ်ပါသည်။ တစ်ဆက်တည်း ပြန်လည် ဖတ်ရှုနိုင်ရန်နှင့် အခြားသော ဘဝတူ မိဘများ ဖတ်ရှုစဉ်းစားနိုင်ရန် ကူးယူဖေါ်ပြပါသည်။)

 တိုင်းမ်မဂ္ဂဇင်းက ၂၀၁၁ခုနှစ်အတွက် ကမ္ဘာပေါ်တွင် သြဇာတိက္ကမ အကြီးမားဆုံး လူ ၁၀၀ ကို ရွေးချယ် လိုက်သောအခါ အေမီချွာ (Amy Chua) ပါဝင်ခဲ့သည်။

သူမသည် ယေးတက္ကသိုလ်တွင် ပါမောက္ခ တစ်ဦး အဖြစ် တာဝန်ထမ်းဆောင်နေပြီး၊ ၂၀၁၁ ခုနှစ်တွင် Battle Hymn of the Tiger Mother ကျားမေမေ၏ တိုက်ပွဲခေါ်သံ ကိုယ်ရေး အတ္ထုပ္ပတ္တိကို ရေးသားထုတ်ဝေခဲ့သည်။ ၄င်းစာအုပ်သည် အမေရိကား အပါအဝင် အနောက်နိုင်ငံများတွင် မိခင်များအကြား အငြင်းပွားဖွယ်၊ လေ့လာစရာ ကောင်းသော စာအုပ်အဖြစ် ပေါ်ထွက် လာခဲ့ပြီး၊ ကမ္ဘာ့ရောင်း တန်းဝင်စာအုပ်ဖြစ်ခဲ့သည်။

 အေမီချွာ ရေးသားသော အချို့သောအချက်အလက်များနှင့် သီအိုရီများသည် မှားယွင်းနိုင်ကြောင်း သုတေသန ပညာရှင် ပါမောက္ခ Desiree Qin မှပြောဆိုခဲ့သည်။
“အောင်မြင်မှုဆိုသည်မှာ ပျော်ရွှင်မှုမှ ပေါက်ဖွားလာကြောင်း” သုတေသနပြု ထောက်ပြခဲ့သည်။ ပါမောက္ခ Qin သည် နယူးယောက် အထက်တန်းကျောင်းများတွင် သုတေသန လုပ်ခဲ့ရာ အောင်မြင်သော ကျောင်းသား အများစုသည် စိတ်ဖိစီးမှုနည်းသော ကျောင်းသားများ ဖြစ်ကြောင်း တွေ့ရှိရသည်။ မိဘများမှ မိမိကလေး အောင်မြင်လိုသော စိတ်ဆန္ဒကြောင့် ဖိအားပေးကာ လေ့လာစေခြင်းသည် မိမိကိုယ်ကို ယုံကြည်မှု နည်းပါးစေကာ စိတ်ဖိစီးမှု ပိုမိုများပြားကြောင်းတွေ့ရှိခဲ့သည်။

အေမီချွာ၏ စာအုပ်တွင် သူမ၏ သမီးနှစ်ဦးအား အနောက်တိုင်းယဉ် ကကျေးမှုနှင့် ဆန့်ကျင်စွာ ပြင်းထန်သော စည်းကမ်းများဖြင့် ပြုစုပျိုးထောင် ပုံကို ရေးသားထားသည့် အတွက် အမေရိကန် လူ့အသိုင်းအဝိုင်းထဲတွင် ဆွေးနွေးစရာ များဖြစ်လာခဲ့သည်။ ပါမောက္ခ၏ တွေ့ရှိချက်များကို ဆေးသိပ္ပံဂျာနယ် တွင်ဖေါ်ပြရန်စီစဉ် ထားသည်။

 စောပြည့်ညို

 http://www.maukkha.org/index.php/news-menu/international-news-maukkha/1757-maukkha-tiger-mother

No comments:

Post a Comment

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...