သိချင်လို့
ခက်တာက နယ်ကျောင်းတက်ရတဲ့ အရသာဆိုတာ အဲဒါပဲလေ။ ညဘက်တွေဆို သောက်သောက်စားစား ပျော်ပွဲလေးများလည်း မှောင်ထဲမှာ Emergency lamp လေးတွေ၊ ဖယောင်းတိုင်လေးတွေနဲ့ ဆင်နွှဲတတ်ကြသေးတာ။
မီးပျက်တဲ့ ည တစ်ညပေါ့ဗျာ။
ဒါကို သကောင့်သားက ထပ်ထည့်ဦးလို့ လုပ်ပြန်တယ်။ ဒါနဲ့ ထပ်ထည့်တော့ အပြည့်ထည့်…တဲ့။
ကျနော်တို့အားလုံး နည်းနည်းတော့ ဖြုံသွားတယ်။ ရေထည့်လေ ဆိုတော့ ဟင့်အင်း…တဲ့။ ပြောမရဘူးလေ… ကရင်တွေက သောက်နိုင်တယ် ဘာတယ်လည်း ကြားဖူးနားဝရှိတော့ ခပ်လန့်လန့်နဲ့ပဲ အပြည့်ထည့်ပေးလိုက်ရော ဆိုပါတော့။ ကျနော်ကတော့ ထုံးစံအတိုင်း မသောက်တဲ့သူဆိုတော့ သောက်တဲ့သူတွေကို ထိန်းဖို့ တာဝန်က အလိုအလျောက် သမိုင်းပေးတာဝန် ဖြစ်နေတာကိုးခင်ဗျ။ ကရင်က ဗလကလည်း ခပ်ကောင်းကောင်းဆိုတော့ စိတ်ထဲ ခပ်လန့်လန့်ရယ်။ ဒီသတ္တဝါ ထ ရစ်ရင် နားရင်းတီးပြီး ထိန်းလို့လည်း ရမဲ့ပုံမပေါ်။ ကျနော့ဗလနဲ့က ဆင်နဲ့ ဆိတ် လောက်ကွာနေတာရယ်။
ကရင်ကလည်း အရက်အပြည့်ထည့်ထားတဲ့ ခွက်ကြီးကို မဆိုင်းမတွ ဂွပ်ကနဲ…ဂွပ်ကနဲ…. သောက်ချလိုက်ပါရောဗျို့။ ကြည့်နေတဲ့ ရှပ်ကီဆရာကြီးတွေလည်း ပါးစပ်အဟောင်းသားပေါ့ ခင်ဗျာ။ ပြီးတော့ကျန်တဲ့သူတွေလည်း သောက်ကြတာပေါ့လေ။ သောက်နေရင်းနဲ့ ချစ်သူငယ်ချင်းတစ်ယောက်က သူကြိုက်နေတဲ့ မအူပင်သူလေးအိမ်ရှေ့မှာ ဂစ်တာသွားတီးမယ်ဆိုပြီး ဖေါက်လာပါရော။
ဒါနဲ့ အုပ်စုလိုက်ကြီး အဆောင်ကထွက်လို့ မအူပင်မြို့ရဲ့ ရေစည်လှည်း ၆ လမ်းသွား လမ်းမကြီးအတိုင်း ခပ်ထွေထွေလေးနဲ့ ဒိုးကြရော ဆိုပါတော့။ သွားရတဲ့ ရပ်ကွက်က ကျောင်းနဲ့ရော၊ အဆောင်တွေနဲ့ရော အတော်လေး လှမ်းတယ်ဗျ။ ကောင်မလေး အိမ်ရှေ့ရောက်တော့ မောင်မင်းကြီးသား ချစ်သူငယ်ချင်းက ကဗျာရွတ်တော်မူသဗျ။ အံမာ… ကဗျာရွတ်တယ်ဆိုလို့ အချဉ်တော့ မထင်နဲ့။ Performance က အလန်းကြီး။ ကဗျာတစ်ပိုဒ်ရွတ်လိုက် ဂစ်တာနဲ့ တီးလုံးဝင်လိုက်၊ တစ်ပိုဒ်ရွတ်လိုက်၊ တီးလုံးဝင်လိုက်… သူ့ဟာနဲ့ သူတော့ ဟုတ်နေရော။ ကျနော် အမှတ်မမှားရင် နောက်ခံသီချင်းက ကိုငှက်ကြီးရဲ့ သီချင်းတစ်ပုဒ်ပဲဗျ။ ကျနော့်မှာတော့ ခွက်အပြည့်အားပေးထားတဲ့ ရွှေကရင်က ခွက်အပြည့်အရှိန်က စ တက်လာနေပြီဆိုတော့ သူ့ကို စ ထိန်းနေရပြီ။ တစ်ဖက်ကလည်း လမ်းဘေးက အုတ်ခဲကျိုးပုံကြီးကို မျက်စ ပစ်ထားရတယ်။
ဟုတ်တယ်…. ခင်ဗျားတို့က မသိလို့။ ကျောင်းသားဆိုတဲ့ အမျိုးကလည်း နယ်ခံဘဲတွေ ကိုယ့်ကျောင်းသူ လာရှိုးရင်သာ လယ်ကွင်းထဲရောက်တဲ့အထိ မောင်းထုတ်တာ။ ကိုယ်တွေကတော့ နယ်ခံကောင်မလေးတွေကို သွားကြူချင်ကြူနေတာဆိုတော့ အခန့်မသင့်ရင် နယ်ခံဘဲတွေနဲ့ ဆော်တာ တီးတာတွေ ဖြစ်တတ်တယ်ဗျ။
ကိုယ်က အုပ်စုမသိပ်မတောင့်ရင် မစားသာဘူးလေ။ အခုလည်း ပြောလို့ ရတာမဟုတ်ဘူး။ ပြီးတော့ မိုးချုပ်နေပြီ။ ကိုယ့်ကျောင်းသူပေမဲ့ မအူပင်သူဆိုတော့ သူနေတဲ့အိမ်ကလည်း မအူပင်မြို့ထဲမှာကိုး။ အဲဒါကို သူ့အိမ်ရှေ့ သွားပြီး ကဗျာရွတ်လိုက်၊ ဂစ်တာတီးလိုက် လုပ်နေတာဆိုတော့ ဇာတာမှိန်ရင် ထိပ်ပေါက်ခေါင်းကွဲ ဖြစ်နိုင်တာကို သိထားတော့ မပေါ့ရဲဘူးခင်ဗျ။
နောက်ပြီး GTI လို ကျောင်းရှိတဲ့မြို့အတွက် တစ်မျိုးကောင်း တစ်မျိုးမကောင်းဘူးဗျ။ သူက အထက်တန်းကျောင်းလို မဟုတ်ဘဲ လာတက်တဲ့ကျောင်းသားတွေက လူကြီးစာရင်းဝင်ခါနီး အပေါက်ဝမှာ တစ်နေတဲ့အရွယ်တွေကိုး။ အဲဒီတော့ ဟုတ်တာရော၊ မဟုတ်တာရော အကုန်လုပ်ကြတယ်။ ကောင်းတာက နယ်ခံတွေအတွက် ကျောင်းကိုမှီပြီး အဆောင်ဖွင့်လို့ရတယ်။ ထမင်းဆိုင် အဆင်ပြေတယ်။ အရက်ဆိုင်၊ လက်ဖက်ရည်ဆိုင် လူစည်တယ်။ စက်ဘီးအငှားဆိုင် လက်မလည်ဘူး… စသဖြင့်ပေါ့ဗျာ။ စီးပွားဖြစ်တာပေါ့။ အလုပ်အဖြစ်ဆုံးက အပေါင်ဆိုင်ခင်ဗျ။ GTI ကျောင်းသား ဆိုတာမျိုးက ကိုယ်ပိုင်ဝင်ငွေ သာမရှိသေးတာ။ အသုံးအစွဲက လူကြီးသုံး သုံးတတ်နေပြီဆိုတော့ အိမ်ကပေးတဲ့ ပိုက်ဆံဘယ်လောက်မှာတုန်း။ လက်အငြိမ်မနေ၊ ခြေအငြိမ်မနေ၊ ပါးစပ်အငြိမ်မနေတော့ အမြဲလိုလို ပိုက်ဆံက ပြတ်နေတတ်တာ။ မကောင်းတာက မူးပြီး သောင်းကျန်းတာတို့၊ ရန်ဖြစ်တာတို့၊ နယ်ခံ ချောချောလေးတွေနဲ့ အကြောင်းပါတာတို့ ပေါ့ဗျာ။ နောက်ဆုံးအချက်ကတော့ နယ်ခံလူငယ်တွေနဲ့ တိုက်ရိုက်ပတ်သက်လေတော့ ရန်များခြင်း အကြောင်းတစ်ခုပေါ့လေ။

ကျောင်းပြီးသွားတဲ့ ကျောင်းသားခင်မျာလည်း စာမေးပွဲကြီးပြီးပေမဲ့ ချက်ချင်းမပြန်နိုင်ကြရှာပါဘူး။ အကြွေးတွေ ဆပ်ဖို့ အိမ်ကမိဘတွေ ပိုက်ဆံထုပ်ပိုက်ပြီး လာအရွေးကို စောင့်ကြရပါတယ်။ အဲဒါကြောင့်လည်း နယ်မှာ ကျောင်းတက်လာတဲ့ကောင်တွေ ဘယ်သွားသွား မငတ်ဘူး... သူ့ဟာသူတော့ ရှာဖွေစားတတ်တယ်လို့ ပြောကြတာနေမှာ။ ထားပါတော့။ ပြောရင်းနဲ့ ငိုတောင် ငိုချင်လာပြီး…. ဟင့်…
ကရင်အကြောင်း ပြောနေတာ ချော်တောငေါ့ပြီး ဘယ်ရောက်သွားပါလိမ့်။
သြော်….သိပြီ။ ကရင်ကလည်း အေးမြတဲ့ မအူပင်ရဲ့ လေပြေထဲမှာ တဖြည်းဖြည်း မူးသထက်မူးပြီး ဒေါင်ချာစိုင်း၊ ဥသြတွေ ဆွဲပါလေရော။ ကျနော့မှာ ဒင်းရဲ့ ခန္ဓာကိုယ်အလေးကြီးကို တွဲထားရ၊ ဥသြဆွဲရင် ကျောနှိပ်ပေးရနဲ့ ချာလပတ်ရမ်းပြီး ချွေးပါပြန်ရော။
အဲဒါနဲ့ ကျနော်က ကရင်ကို ပြောတယ်။
မင်းကွာ… ဟုတ်တိ ပတ်တိနဲ့ ဘာလို့ အဲဒီလောက် သောက်ရတာတုန်း... ဆိုတော့ ဘာပြောတယ်မှတ်လဲ။
သိဘူးလေ…အေ..အေ... တဲ့။
ငင်… ဘာမသိတာတုန်း…ဆိုတော့
အဲလို မူးမယ်မှန်းမှ မသိတာ…တဲ့။ သိတဲ့သူတွေက တားပါလား…ဂေ့့..အေ့...အေ့... တဲ့
နင့်ဘကြီး အရက်ကို အဲလိုသောက်ရင် အဲလို မူးမှာပေါ့ မသာရဲ့…. ဆိုတော့
ကျနော်တို့ရွာက ကရင်တွေဆို အရက်သောက်လာပြီးရင် လမ်းဘေးမြောင်းထဲတွေ ဘာတွေမှာ ဝင်အိပ်နေကြရော.... အဲဒါ ဘာဖြစ်လို့လည်းလို့ သိချင်လို့ စမ်းကြည့်တာဗျ.... ဝေါ့....အော့..အော့... တဲ့...
ဟမ်… ငါသေပျစေတော့ ကရင်ရယ်…
ပြောလို့မှ မဆုံးသေးဘူး။ လမ်းဘေးက မီးသွေးလှည်းပေါ် တက်အိပ်ပါ့မယ် လုပ်နေလို့ မနည်းဆွဲခေါ်လာခဲ့ရတယ်။ အဲဒီအချိန်မှာပဲ ကဗျာဆရာနဲ့ ဂစ်တာဆရာလည်း ရွတ်လို့ တီးလို့ ဝ သွားကြတာနဲ့ ပြန်လာခဲ့ကြပါတော့တယ်။ အပြန်လမ်းမှာ ကဗျာဆရာက ဘာမပြောညာမပြောနဲ့ ဝတ်ထားတဲ့ ဂျာကင်ကြီး ချွတ်ပြီး လမ်းပေါ်လွှင့်ပစ်လို့ လိုက်ကောက်ရသေးဗျ။
ဟဲ့ကောင်… ဘာလို့ အကျီလွှင့်ပစ်ရတာတုန်း... ဆိုတော့ အချစ်ကဗျာဆရာကြီးရဲ့ ကြွေးကြော်ချက်က…
ဂျာကင်မလိုဘူး… အချစ်ပဲ လိုတယ်………………….
…………… ဆိုပဲ။
No comments:
Post a Comment