Saturday, December 27, 2014
The Day the Earth Stood Still (2008)
Tuesday, December 23, 2014
Shipyard vs Construction (အပိုင်း-၄)
သင်တန်းမှာ ပထမတစ်ရက် Trainer နဲ့ တွဲပြီး အဖွဲ့တွေခွဲလို့ သင်္ဘောကျင်း (yard) ထဲမှာ လိုက်စစ်ရပါတယ်။ Safety မျက်စိနဲ့ ကြည့်တတ်အောင် သင်တာပါပဲ။ Safe မဖြစ်တာတွေ့ရင် ဝန်ထမ်းကတ်ကို ဓါတ်ပုံရိုက်၊ မှတ်သား၊ သတိပေးတန်ပေး အရေးယူတန်ယူ လုပ်ရပါတယ်။ အရေးယူစရာရှိတဲ့အခါ အဖမ်းခံရတဲ့ ဝန်ထမ်းကို နေ့ခင်းထမင်းစားချိန် Safety Office ကို လာဖို့ ခေါ်ရပါတယ်။ ပြီးရင် အရေးယူခံရတဲ့ ဝန်ထမ်းကို သူ့အမှားကိုသူ နားလည်ပြီး အရေးယူတာကို သဘောပေါက် ကျေနပ်သည်အထိ သေသေချာချာ ရှင်းပြရပါတယ်။ Counseling လုပ်တယ်လို့ ခေါ်ပါတယ်။ ငါအရာရှိ၊ ငါဖမ်းချင်လို့ ဖမ်းတယ်…. ပေး ဒဏ်ကြေး ၅၀ ဆိုပြီး အနိုင်ကျင့်လို့ မရပါဘူး။ အရေးယူခံရတဲ့ ဝန်ထမ်းက အရေးသာ အယူခံလိုက်တယ်.... ဘာကြောင့်မှန်းမသိ ဖြစ်လို့ မရပါဘူး။
Monday, December 15, 2014
English Vinglish (2012)
ဒီတစ်ခါတော့ ရုပ်ရှင်ဝါသနာအိုး သူငယ်ချင်းတွေကို ၂၀၁၂ မှာ ရုံတင်ခဲ့တဲ့ English Vinglish ဆိုတဲ့ ထူးထူးခြားခြား အိန္ဒိယ Bollywood ရုပ်ရုပ်တစ်ကားအကြောင်း ပြောပြချင်ပါတယ်။ အိန္ဒိယရုပ်ရှင်တွေကို ပြဇာတ်ဆန်ဆန် Over Act တွေနဲ့ သဘာဝမကျတဲ့ သီချင်းတွေများလွန်းလို့ဆိုပြီး ကြည့်လေ့ကြည့်ထ မရှိတဲ့ ကျနော်တောင် ဒီရုပ်ရှင်ကားလေးကိုတော့ ကြည့်နေရင်း ပါးစပ်က အသံထွက်ပြီး မကြာခဏချီးကျူးမိသလို ကားပြီးသွားတာတောင် စိတ်ကြိုက် အခန်းလေးတွေ ပြန်ကြည့်မိတဲ့အထိ ကောင်းလှပါတယ်လို့ ညွှန်းပါရစေနော်။
ဒါရိုက်တာရဲ့ လူရွေးတော်တာ၊ ဇာတ်ပို့ ဇာတ်ရံ တစ်ယောက်မကျန်ရဲ့ သဘာဝကျပုံ အသေးစိတ်လေးတွေကအစ၊ ဇာတ်အိမ်တည်တာ၊ ဇာတ်လမ်းကောင်းတာ ဘာဆို ဘာမှကို ပြောစရာမရှိတဲ့ ကားလေးပါ။ ဒိုင်ယာလော့ခ် တွေကလည်း မြန်မာဗွီဒီယိုဇာတ်လမ်းတွေလို အတင်း ဖြစ်ညှစ် ရယ်(ရီ) ရတာလည်းမဟုတ်၊ အတင်း ဖြစ်ညှစ် လေးနက်တဲ့ စကားလုံးကြီးတွေလည်း မဟုတ်ဘဲ အဆင့်အတန်းမြင့် သဘာဝကျလှတဲ့ ဖန်တီးချက်တွေလို့ ဆိုပါရစေ။ အထူးသဖြင့် မျက်လုံးသရုပ်ဆောင်မှုတွေ ကောင်းလွန်းလို့ လက်ဖျားခြေဖျား ရှိသမျှအဖျား အကုန်ခါတဲ့ ဇာတ်လမ်းလေးပါခင်ဗျား။ ဇာတ်လမ်း အကျဉ်းလေး နည်းနည်း ပြောပြပါ့မယ်။
Wednesday, December 3, 2014
Shipyard vs Construction (အပိုင်း-၃)
(လုပ်ငန်းနှင့် ပတ်သက်သော ဆောင်းပါးဖြစ်သဖြင့် လုပ်ငန်းအမျိုးအစား မတူသူများအတွက် သဘောပေါက်ရန် အနည်းငယ် ခက်ပါလိမ့်မည်။)
ဝန်ထမ်းတွေကို ကျွမ်းကျင်မှုတိုးအောင် လေ့ကျင့်ပေးခြင်းဟာ အလုပ်ကို ပိုကောင်းစေရုံသာ မကဘဲ အချိန်တိုတိုနဲ့ ပြီးမြောက်စေတဲ့အတွက် Quality effect ရော၊ Time effect ရော ရပါတယ်။ ဒါ့အပြင် အလုပ်သမားတစ်ဦးချင်းစီ အနေနဲ့လည်း သူတို့ကိုယ်သူတို့ ယုံကြည်မှု ရစေပါတယ်။ ဒီနေရာမှာ အလုပ်သမားတွေကို ကြီးကြပ်ရတဲ့ Supervisor တွေ၊ Foreman တွေ၊ Technician တွေ၊ Engineer တွေ၊ Manager တွေရဲ့ အရည်အသွေးက အရမ်းပဲ အရေးကြီးပါတယ်။ ကုမ္ပဏီတစ်ခု အောင်မြင်ဖို့ ဆိုတာ အခြေခံလမ်းကြောင်း (Policy) နဲ့ ရည်ရွယ်ချက် (Target) က ရှင်းရှင်းလင်းလင်း ရှိရပါတယ်။ ခုလို အပြောင်းအလဲတွေနဲ့ ဒင်းကြမ်းဖြစ်နေတဲ့ ခေတ်ကြီးမှာ ကျွန်တော်တို့ဟာ ဘာကိုပဲလုပ်လုပ် အပြောင်းအလဲ အတွက် တစ်ပါတည်း အဆင်သင့် ဖြစ်နေဖို့ လိုပါတယ်။
Wednesday, November 19, 2014
လူယုတ်မာ၊ လူမိုက်၊ လူလိမ်၊ လူရိုး၊ လူအေး နှင့် လူအ
လူမိုက်သည် လူယုတ်မာ၏ နောက်လိုက် (သို့) အောက်ဆွဲ ဖြစ်သည်။
လူအေးသည် လူယုတ်မာအတွက် ကစားစရာအရုပ် ဖြစ်သည်။
လူယုတ်မာသည် ဉာဏ်များသည်။ မာယာများသည်။ အမှန်အမှားကို ဝေဝါးရှုပ်ထွေးအောင် နည်းလမ်းမျိုးစုံဖြင့် လုပ်သည်။ သို့မှသာ သူယုတ်မာသည်များကို ဖုံးကွယ်နိုင်မည်။ လူတွေ မျက်စေ့လည်မည် ဖြစ်သည်။
အဆောက်အဦးတစ်ခုကို တည်ဆောက်ရာ၌ နည်းပညာသုံးရသည်။ စံနစ်ကျရသည်။ နည်းမှန် လမ်းမှန် တည်ဆောက်ရသည်။ လှပအောင် တည်ဆောက်ရသည်။ ကြံ့ခိုင်အောင် တည်ဆောက်ရသည်။ ထို့အတွက် ရက်ပေါင်း လပေါင်းများစွာ ကြာအောင် ဆောက်ရသည်။ သို့သော်….
ဖျက်ဆီးချင်လျှင် ဗုံးတစ်လုံးတည်းနှင့် မိနစ်ပိုင်းအတွင်း ပြားပြားဝပ်သွားအောင် ဖျက်ဆီးပစ်လို့ရသည်။ လေယာဉ်ဖြင့် ဝင်တိုက်ဖျက်ဆီးခံရသော အမေရိကန် World Trade Center သည် ထင်ရှားသော ဥပမာတစ်ခုဖြစ်သည်။
Monday, November 17, 2014
ဓါးလိုလူ
ကျနော့အမေဘက်က ကျနော်နဲ့ အဘေးတော်တဲ့ ဘကြီးတစ်ယောက် ရှိခဲ့ဖူးတယ်ဗျ။ ဘကြီးဦးလုံး တဲ့။ စကားတတ်သလောက် စကားကပ်တယ်။ စကားကပ်သလောက် အငြင်းသန်တယ်ဗျ။ တစ်ခါကျတော့ အိမ်ရှေ့မှာ ထိုင်နေရင်းနဲ့ ရှေ့က ဖြတ်သွားမိတဲ့ သူ့သားမက်ကို လှမ်းခေါ်တယ်။
"ဟဲ့ကောင်… လာဦး…"
ယောက္ခမအကျောကို သိတဲ့ သားမက်ကလည်း စိတ်ထဲမှာ အန္တရာယ်ရဲ့ အငွေ့အသက်ကို ခံစားလိုက်ရတော့ ခပ်လန့်လန့်နဲ့ ပြန်ထူးတယ်။
"ဘာလဲ… အဖေရ…"
"လာစမ်းပါကွာ… တရားအကြောင်း နည်းနည်းဆွေးနွေးချင်လို့….."
သားမက်ကလည်း ကျီးကြည့်ကြောင်ကြည့်နဲ့ ဘယ်လို လစ်ထွက်ရမလဲ ကြံတယ်။ သိနေတယ်လေ။ တစ်ခုခုတော့ ကပ်တီးကပ်ဖဲ့ လုပ်တော့မယ်ဆိုတာ။ ခက်တာက လောလောဆယ်တော့ ဘယ်မှလည်း ပြေးရမဲ့ပုံ မပေါ်။ ဘကြီးဦးလုံးလို လူမျိုးက သူပြောချင်ရာပြောတာ နားထောင်မဲ့လူဆိုလို့ကတော့ လိုအပ်ရင် ရေနွေးကြမ်းတိုက်ပြီး ပြောမှာ။ လွတ်သွားမှာစိုးလို့။ သူ့သားမက်ကတော့ သူ့အတွက် ငယ်နိုင်ကိုး။
Tuesday, November 4, 2014
ပြောရင်းရောင်းရင်း Marketing MLM (အပိုင်း-၆)
နောက်တစ်ခါကျတော့ ပွဲ မဟုတ်တော့ဘဲ Tiong Beru MRT ကို လာခဲ့ပါ…. ဆွေးနွေးစရာ ရှိလို့ လို့ ဆိုလာပါတယ်။ ဒါနဲ့ပဲ MRT နားက KFC ဆိုင်မှာ ကျနော်နဲ့ ကျနော့ သူငယ်ချင်းလင်မယားရယ်၊ သူတို့ရဲ့ topline က ပုဂ္ဂိုလ်ရယ် တွေ့ကြပါတယ်။
"ကဲ…. အခုထိတော့ ကျနော်တို့ business ကို မရှင်းတာ ဘာရှိသေးလဲ… မရှင်းရင် မေးနော်… အားမနာနဲ့…."
"အင်း…. ခုထိတော့ နားလည်ပါတယ်…. တစ်ခုပဲ…. ဈေးရောင်းစရာလည်း မလိုဘူးဆိုတော့ ကျနော် ဘာလုပ်ရမှာလဲ… အဲဒါ မရှင်းသေးဘူး…."
စာရွက်တစ်ရွက်ကို စားပွဲပေါ် တင်လိုက်ရင်း ဘော့ပင်နဲ့ စ ပြီး ခြစ်ရင်း ရှင်းပြပါတယ်။
Tuesday, October 28, 2014
ပြောရင်းရောင်းရင်း Marketing MLM (အပိုင်း-၅)
Cash Flow ကစားနည်းမှာလည်း အံစာတုံးကျတဲ့ နံပါတ်စဉ်အတိုင်း ရွေ့တဲ့အခါ အခွင့်အလမ်းဆိုတဲ့ အကွက်ကို အမြဲမရပါဘူး။ ပေးရမဲ့ အကွက်ကို ရောက်ရင် အိပ်ထဲက မရှိမဲ့ ရှိမဲ့လေးပါ ပါ သွားနိုင်ပါတယ်။
ပြီးတော့ အခွင့်အလမ်းဟာ ကြာကြာမနေပါဘူး။ ဒါဟာ အခွင့်အလမ်းလား၊ ထောင်ချောက်လား ဆိုတာကိုလည်း ဆန်းစစ်ရပါတယ်။ ပြီးရင် မြန်မြန်ဆုံးဖြတ်ရပါတယ်။ တွေဝေနေရင် အခြားလူက စားသွားမှာ ဖြစ်ပါတယ်။ ရင်းနှီးမြုပ်နှံဖို့ အခွင့်အလမ်းပေါ်တဲ့အခါ ပိုက်ဆံမရှိရင် ဘဏ်ကနေ ချေးရမှာပါပဲ။ ကြွေးတင်မှာ ကြောက်နေလို့ မရသလို ကြွေးယူ မရဲဖို့လည်း လိုပါတယ်။
ဒါတွေဟာ Cash Flow Game က ပေးတဲ့ သင်ခန်းစာတချို့ပါ။ ပညာပေးဂိမ်းတွေကို ကစားတဲ့အခါ ဘာကို ပေးချင်သလဲဆိုတာကို ထုတ်နှုတ်ယူတတ်ဖို့ လိုပါတယ်။
Thursday, October 23, 2014
ပြောရင်းရောင်းရင်း Marketing MLM (အပိုင်း-၄)
(Multi Level Marketing တွေရဲ့ ပြဿနာတွေ အခုတလော အတော်လေးစိပ်စိပ် ကြားလာရလို့ အကြောင်းအမျိုးမျိုးနဲ့ မရေးဖြစ်ဘဲ ပစ်ထားခဲ့တဲ့ စာလေးကို ပြန်ဆက်ရေးလိုက်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့ နိုင်ငံက သူများတွေထက် နောက်ကျ အောက်ကျသလောက် ယုံလွယ်သူတွေ၊ ဖြတ်လမ်းနည်းနဲ့ အမြန်ချမ်းသာချင်သူတွေ များလှလေတော့ လိမ်ချင်သူတွေ အတွက် သားရည်ယိုစရာကြီး ဖြစ်နေတယ်လို့ ခံစားရတာက တစ်ကြောင်း၊ နဂိုကမှ စံနစ်တကျ စီမံခန့်ခွဲမှု မရှိလို့ စွမ်းအားရင်းမြစ်တွေ ပြုန်းတီးရတဲ့ကြားထဲ အဓိက ရင်းမြစ်ဖြစ်တဲ့ လူငယ်တွေကို ဒီ မားကက်တင်းစံနစ်က နူရာဝဲစွဲ လုပ်ဦးမယ်ဆိုတာကို မြင်နေရတာက တစ်ကြောင်းကြောင့်ပါ။ ပြီးတော့ အိပ်ပျော်ရင်း အိပ်မက်ထဲမှာ ပျော်ရွှင်ကြည်နူးနေတဲ့ လူငယ်များလည်း အိပ်မက်အတုအယောင်များမှ နိုးထ ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါရဲ့။)
မိတ်ဆွေ…. Passive income ဆိုတာ စိတ်ဝင်စားပါသလား။ ပရော်ဖက်ဆာ Robert T. Kiyosaki ရဲ့ Rich Dad Poor Dad စာအုပ်တွေကို သိပါသလား။ အင်္ဂလိပ်လို သိပ်မသွားလို့ မြန်မာလို ဖတ်ချင်ရင်လည်း ဆင်းရဲဖေဖေ၊ ချမ်းသာဖေဖေ ဆိုတဲ့ နာမည်နဲ့ မြန်မာစာအုပ်တွေထဲမှာ ရှာဖွေဖတ်ရှုနိုင်ပါသဗျာ။ မြန်မာလို တချို့စာအုပ်တွေကတော့ ဘာသာပြန်သူရဲ့ လိုရာဆွဲ ပေါက်ကရ နည်းနည်း ပါပေမဲ့ လိုရင်းတော့ ရနိုင်ပါရဲ့။ ဖြစ်နိုင်ရင်တော့ အင်္ဂလိပ်လို အော်ရီဂျင်နယ်ကတော့ အကောင်းဆုံးပါပဲ။ မဖတ်ရသေးရင် ဖတ်ကြည့်ပါ။ စိတ်ဝင်စားစရာ ကောင်းသလို တကယ်လည်း အင်အားကို ဖြစ်စေတဲ့ စာအုပ်တွေပါပဲ။ ဒါပေမဲ့ အဲဒါတွေ မဖတ်ခင် ကျနော်အခုပြောမဲ့အတွေ့အကြုံလေးကို အရင်နားထောင်ကြည့်ရင် အကျိုးမများသည့်တိုင် အကျိုးမယုတ်နိုင်ဘူးလို့ အာမခံ ပါသဗျာ။
Shine Hope လို ဆေးရောင်းခိုင်းတဲ့ MLM မျိုးတော့ ဇာတ်လမ်းတွေ တော်တော်များနေပြီမို့ နောက်မှ အနည်းအကျဉ်းပဲ ရေးပါတော့မယ်။ အခုတော့ စင်ကာပူနဲ့ မြန်မာပြည်မှာ ခွ ပြီး လုပ်စားသွားလို့ အချီကြီး ဝက်ဝက်ကွဲခဲ့ကြတဲ့ MLM ကြီး တစ်ခုအကြောင်း ကိုယ်တွေ့လေးကို ပြောပြပါမယ်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က ဆိုပါတော့....
Sunday, October 19, 2014
ကလေးငယ်ရဲ့ ချစ်ခြင်းအနုပညာ (သိန်းနိုင်)
ကလေးများအနေဖြင့် “မိမိကိုယ်ကို ယုံကြည်မှုရှိလာအောင် ပြုစုပျိုးထောင်ပေးခြင်း” self-esteem မှာ အကောင်းဆုံးသော နည်းလမ်းဖြစ်သည်ဟု အချို့က ဆိုကြပါသည်။ သို့သော် အချို့ကမူ များစွာ ယုံကြည်မှု မရှိသေး။ နာမည်ကျော် “ကျားမေမေ” tiger mom စာအုပ် ရေးသားပြုစုခဲ့သူ တရုတ်-အမေရိကန် စာရေးဆရာမ အေမီချွာက ယခုကဲ့သို့ တုန့်ပြန်ပြောခဲ့ဖူးသည်။ “ကျွန်မတို့ဟာ ကိုယ့်ကလေးဆို သိပ်ကို အမွှမ်းတင်လွန်းကြတယ်။”
ကလေးဖွံ့ဖြိုးမှု သုတေသန လေ့လာမှုအသစ် တွေ့ရှိချက်အရ ကလေးငယ်၏ မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိလာစေခြင်း အပေါ်တွင် အလွန်အမင်း အာရုံစိုက် ပျိုးထောင်နေခြင်းမှာ ပို၍ အရေးကြီးလှသည့် အခြား ဘဝစွမ်းရည်တစ်ရပ်ကို လျစ်လျူရှုရာ ရောက်နေ တတ်ကြောင်း တင်ပြထားပါသည်။ ထိုအရေးကြီးလှသည့် ဘဝစွမ်းရည်မှာ အခြားအရာမဟုတ်ပါ။ ကျွန်တော်တို့ မြန်မာမှုထဲတွင် နေ့စဉ်ပင် ကျင့်သုံးတတ်သည့် ဘာဝနာ တစ်ရပ်ပင်ဖြစ်ပါသည်။ “မိမိကိုယ်ကို မေတ္တာတရား ထားတတ်ခြင်း” ပင် ဖြစ်သည်ဟု ပညာရေး သုတေသနက ထောက်ပြထားလေသည်။
စိတ်ဖိစီးမှုနှင့်သောကများကြားမှ ကလေးများဘဝ (မောက္ခ အယ်ဒီတာတစ်ဦး)
“တောင်ကိုရီးယားနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများထဲတွင် အကောင်းဆုံးပညာရေးစနစ်ကို ကျင့်သုံးနေသည့် နိုင်ငံတစ်နိုင်ငံဟုဆိုနိုင်သည်။ သို့သော် ကျောင်းသားများ ကိုယ့်ကိုယ်ကိုယ် သတ်သေနှုန်းကား မြင့်မားလျက်ရှိသည်”
“ကိုရီးယားပညာရေးက ကျားကစားနေရသလိုပဲ။ ပြိုင်ဆိုင်မှုတွေ အရမ်းများတယ်။ ကိုယ်က စားရင်စား၊ မစားနိုင်ရင် အစားခံရလိမ့်မယ်” ဆိုသည့်စကားကိုပြောသူမှာ အသက် ၁၇ အရွယ်ကျောင်းသား ဟွမ်ကင်ဆိုသူဖြစ်သည်။ သူက အပြာရင့်ရောင် ကျောင်းယူနီဖောင်းကို ဝတ်ထားပြီး မျက်မှန်တပ်ထားကာ ဤစကားကို ဟန်ပါပါပြောကြားနေခြင်းဖြစ်သည်။
အတ္တကြီးမား၊ မိုက်မိုက်မဲမဲ ကျားမေမေများ (မြတ်ပန်းရှင်)
“ကျားမေမေရဲ့ တိုက်ပွဲတေးသံ” Battle Hymns of the Tiger Mum စာအုပ်ရေးသားပြုစုသူ အေမီချွာအနေနဲ့ မှန်ကန်မှုတစ်ခုတော့ တကယ်ရှိပါတယ်။ အဲဒါကတော့ ကျားမေမေလိုမျိုး ကလေးတွေကို ပြုစုပျိုးထောင်ကြတာဟာ တရုတ်လူမျိုးတွေသာ မဟုတ်တာပါ။
အခြားတိုင်းပြည်များမှာလည်း အဲဒီလိုမျိုး ပြုစုပျိုးထောင် မောင်းနှင်နေကြတယ်။
ပညာရေးမှာ အောင်မြင်စေဖို့ ဖိအား၊ ကျောင်းမှာ၊ တက္ကသိုလ်မှာ ထိပ်ဆုံးနေရာမှာ ရှိနေဖို့၊ “အလုပ်အကိုင်ကောင်း” ရရှိအောင် အားထုတ်ဖို့ - စတာတွေကို အိန္ဒိယလို၊ ပါကစ္စတန်လို၊ ဘင်္ဂလားဒေ့ရှ်လို တောင်အာရှတိုင်းပြည်တွေမှာ နေထိုင်သူတွေကလည်း ပြင်းပြင်းထန်ထန် လုပ်နေကြတာပါ။
ကျားမေမေ၏ ပထမရရှိရေး အယူအဆ မှားကြောင်း သုတေသန ပညာရှင်ပြော (စောပြည့်ညို )
တိုင်းမ်မဂ္ဂဇင်းက ၂၀၁၁ခုနှစ်အတွက် ကမ္ဘာပေါ်တွင် သြဇာတိက္ကမ အကြီးမားဆုံး လူ ၁၀၀ ကို ရွေးချယ် လိုက်သောအခါ အေမီချွာ (Amy Chua) ပါဝင်ခဲ့သည်။
သူမသည် ယေးတက္ကသိုလ်တွင် ပါမောက္ခ တစ်ဦး အဖြစ် တာဝန်ထမ်းဆောင်နေပြီး၊ ၂၀၁၁ ခုနှစ်တွင် Battle Hymn of the Tiger Mother ကျားမေမေ၏ တိုက်ပွဲခေါ်သံ ကိုယ်ရေး အတ္ထုပ္ပတ္တိကို ရေးသားထုတ်ဝေခဲ့သည်။ ၄င်းစာအုပ်သည် အမေရိကား အပါအဝင် အနောက်နိုင်ငံများတွင် မိခင်များအကြား အငြင်းပွားဖွယ်၊ လေ့လာစရာ ကောင်းသော စာအုပ်အဖြစ် ပေါ်ထွက် လာခဲ့ပြီး၊ ကမ္ဘာ့ရောင်း တန်းဝင်စာအုပ်ဖြစ်ခဲ့သည်။
တရုတ်ကျောင်းသားတွေ ဘာကြောင့် ကမ္ဘာ့ထိပ်ဆုံး ရောက်လာသလဲ (ဝင့်ထန်း)
အာရှကို ကမ္ဘာ့ အတော်ဆုံး အထူးချွန်ဆုံး ကျောင်းသားတွေ ထုတ်လုပ်ပေးနေတဲ့ နေရာအဖြစ် အသိအမှတ် ပြုထားကြသည်။ ဒီလို အာရှကျောင်းသားတွေ ထူးချွန်ထက်မြက်တာကို အနောက်နိုင်ငံတွေက လွယ်လွယ် အသိအမှတ်ပြုတာတော့ မဟုတ်။
ဖွ့ံဖြိုးပြီး OECD ၃၄ နိုင်ငံက ကျောင်းသားတွေရဲ့ ပညာရည်စစ်တမ်း (Programme for International Student Assessment –PISA) ပြိုင်ပွဲတိုင်းမှာ အာရှ ကျောင်းသားတွေက အနောက်က ကျောင်းသားတွေကို နောက်ကောက်ချ ထားနိုင်လို့သာ ဖြစ်သည်။ PISA ပြိုင်ပွဲကို ၂၀၀၀ ခုနှစ်ကတည်းက စတင်ခဲ့ပြီး၊ အသက် ၁၅ နှစ်အောက် ကျောင်းသားတွေရဲ့ သင်္ချာ၊ သိပ္ပံနဲ့ စာဖတ်စွမ်းရည် သုံးခုကို အဓိကထား စစ်ဆေးခြင်း ဖြစ်သည်။
ကျားမေမေရဲ့ တိုက်ပွဲတေးသံ၊ တရုတ် မိဘအုပ်ထိန်းနည်း (ဝင့်ထန်း)
ယခုနှစ် အစောပိုင်း ဒီစာအုပ်ထွက်လာကတည်းက အနောက်နိုင်ငံ ပညာရေးသမားများ၊ ကလေး စိတ်ပညာရှင်များနဲ့ မိဘများအကြား ပွဲဆူစေခဲ့ပြီး ကော်ဖီဆိုင်၊ အားကစားကွင်းနဲ့ စူပါမားကက်တွေမှာကို ပြောဆိုငြင်းခုံကြတဲ့ စာအုပ်ဖြစ်သည်။ အွန်လိုင်းဗားရှင်း ကိုပင် လူ ၁ သန်းကျော် ဝင်ဖတ်ကြပြီး၊ ကွန့်မင့် ၇၀၀၀ ကျော်ဖြင့် စွဲဆောင်နိုင်ခဲ့သည်ဟု ဝေါစထရိ ဂျာနယ်က ဖော်ပြခဲ့သည်။
စာအုပ်အမည်က ‘ကျားမေမေရဲ့ တိုက်ပွဲတေးသံ’ (Battle Hymn of the Tiger Mother)။ အဓိက အကြောင်းက တရုတ်မိဘများရဲ့ ကလေးပြုစုပျိုးထောင်နည်း၊ တစ်နည်းအားဖြင့် အေမီချွာ ကိုယ်တိုင် သူ့သမီးနှစ်ယောက်ကို အောင်မြင်အောင် ပြုစုပျိုးထောင်ခဲ့တဲ့ မိခင်တစ်ဦးရဲ့ ကို်ယ်တွေ့ဇာတ်လမ်းကို ပြန်ပြောထားခြင်း ဖြစ်သည်။
Thursday, October 16, 2014
GTI ပုံပြင်များ (အပိုင်း-၄)
သိချင်လို့
ခက်တာက နယ်ကျောင်းတက်ရတဲ့ အရသာဆိုတာ အဲဒါပဲလေ။ ညဘက်တွေဆို သောက်သောက်စားစား ပျော်ပွဲလေးများလည်း မှောင်ထဲမှာ Emergency lamp လေးတွေ၊ ဖယောင်းတိုင်လေးတွေနဲ့ ဆင်နွှဲတတ်ကြသေးတာ။
မီးပျက်တဲ့ ည တစ်ညပေါ့ဗျာ။
Wednesday, October 15, 2014
GTI ပုံပြင်များ (အပိုင်း-၃)
မအူပင်သူ
တစ်နေ့တော့ ကျော်ကြီးနဲ့ ကျနော်တို့တတွေ ထုံးစံအတိုင်း ကမ်းနားဘက် လတ်လျားလတ်လျား ထွက်ကြပါတယ်။ အဲဒီအချိန်မှာပဲ မျက်နှာချင်းဆိုင်ကနေ ကောင်မလေးတွေ ၄ ယောက် မျက်နှာချင်းဆိုင်ကနေ ကျွတ်စီကျွတ်စီနဲ့ ဆူညံပြီး စကားပြောလာကြပါတယ်။
ကောင်မလေးတွေ မြင်ရင် စ ချင်တဲ့ ကျော်ကြီးက ကောင်မလေးတွေ အနားလည်းရောက်ရော ရုတ်တရက် ကောက်ကာငင်ကာ မေးလိုက်တာက…
Tuesday, October 14, 2014
GTI ပုံပြင်များ (အပိုင်း-၂)
ကူညီပါရစေဟိုးရှေးရှေးတုန်းက.....
(ဟုတ်မဟုတ်တော့ မသိ.... မဟုတ်ရင် သိတဲ့လူတွေ ပြန်ပြင်ပေးလိမ့်မယ်...) အရင်က မအူပင်တွေ ပေါလို့ မအူပင်မြို့လို့ နာမည်တွင်တဲ့ ဧရာဝတီတိုင်းက မြို့လေးတစ်မြို့မှာရှိတဲ့ GTI ကျောင်းတော်သာကြီးကို အနယ်အနယ်အရပ်ရပ်က အင်ဂျင်နီယာလောင်းလျာတွေ လာတက်ကြပါတယ်။ ကျောင်းဖွင့်ရက် နီးပြီဆို သင့်လျော်ရာ အဆောင်ငှားဖို့နဲ့ နယ်မြေဒေသ အခြေအနေကို စနည်းနာဖို့ ကျောင်းသားတွေ ကြိုရောက်လာကြစမြဲပါ။
မအူပင်ရဲစခန်းရှေ့က လမ်းဟာ ကျောင်းသားတွေ ဖြတ်သွားဖြတ်လာ လုပ်နေကျ လမ်းလေးပေါ့ခင်ဗျာ။ ရဲစခန်းဝင်းရှေ့မှာလည်း ပြည်သူအများ မယုံကြည်ကြသော်ငြား ကူညီခွင့်ရပါစေကြောင်း အလို့ငှာ ကူညီပါရစေ ဆိုင်းဘုတ်ကြီး ထောင်ထားသပေါ့ခင်ဗျာ။
Friday, October 10, 2014
ဘုရားစူးဘဝတွေထဲက တစ်မျက်နှာ (လွှမ်းရုံ)
နေသာမှာ မသေချာတာကို ထိုးအန်ချင်တော့
ဘီယာချည်း စွတ်ကစ်ရတာပေါ့
တစ်စဆီ ပြုတ်ထွက်မတတ်
ဒီလောက် ခါပြနေတာတောင်
အမဲတစ်ကောင်တလေမှ ရောက်မလာ
ဟိုမှာ၊ မကြာမီ ရုံခါတော့မယ် မဟုတ်လား
ညကြေးလည်းဗလာ ခြေလှမ်းလည်းမမှန်တော့တဲ့
ဖါသယ်မတစ်ယောက်ရဲ့ နိုက်ကလပ်အဆင်းဟာ
လက်ထိပ်တစ်ကွင်းနဲ့ အမေ့အိမ်သီချင်းလည်း ဖြစ်သွားနိုင်တော့
ဒီညအတွက် နောက်ဆုံးစျေးဟာ
ဘီယာဖိုးကျေရုံဆိုလည်း လာထား
နောက်ဆုံးရဲ့ တကယ့်နောက်ဆုံးမှာ
သဒါ္ဓကြေးတောင် မသေချာတဲ့
ဖရီးကစ်တွေရဲ့ နှုတ်ခမ်းကို ပြေးနမ်းရမယ်ဆိုလည်း လာထား
မူးမူးရူးရူးနဲ့ မထူးတော့တဲ့ဘဝမှာ
ကွန်ဒုံမပါဘူးဆိုလည်း လာထား
ရေသာကျမယ်ဆို ဘယ်လိုရက်ရောရမလဲ
လာထားတော့
ဘာမဆို လာထားဆိုပြီး
ရေလို့ပဲ စွတ်အော်နေတဲ့ခေတ်ကြီးမှာ
ကံကောင်းတဲ့သူခိုးတွေက
ဘုရားဒကာ ကျောင်းဒကာ
လူကြီးလူကောင်းပါဆိုပြီး နေ့ချင်းကြီးလို့
ဒီမှာကတော့ မခိုးတတ် မဝှက်တတ်
ကျေးလက်မှာ ဘွဲ့လက်မှတ်နဲ့ ထမင်းကြမ်း ယက်ခတ်ရမှာ ရှက်တော့
ခါးကျိုးမတတ်နဲ့ ထမင်းနပ်မှန်ရုံ အထည်ချုပ်သမဘဝ
ပြီးတော့ စန္ဒယားနှိပ်ရင်း ကြိုက်ကုန်းလည်းဖြစ်
အခုကတော့ ဒုတိယတန်းစားနိုက်ကလပ်ပေါ်က
အချိန်မရွေး ဂျေးထဲအောင်းနိုင်
အချိန်မရွေးလည်း အေကိုက်နိုင်တဲ့
ပညာတတ်ဖါ
ပြုပြင်ပြောင်းလဲရေးခေတ်ကလည်း
လူမသမာတွေကို အရင်အတိုင်း ဦးညွှတ်ပြီး
ဖါဟာ ဖါပဲလို့ နာမည်ပျက်စာရင်းကနေ
မရွေးနုတ်လေတော့
ရင်ဖုံးနဲ့ချိတ်ထမီဝတ်ပြီး
အမျိုးကောင်းသမီးတွေကို ဖါတန်းပို့ခဲ့တဲ့
ဒီခေတ်ကြီးကိုပဲ လက်ညှိုးထိုး ဆန္ဒထုတ်ဖော်ရမလား
ကားမှတ်တိုင်တွေမှာလည်း ဖါ
ကလပ်တွေထဲမှာလည်း ဖါ
ဒီ ဖါထုတ်စက်ကြီးက တဒီးဒီးလည်နေတုန်းဆိုတော့
ဖါစျေးလည်းမတက် အော်ဒါလည်းခက်
ဆင်းရဲမှုလျှော့ချရေးမှာရော ဖါတွေအတွက် အနာဂတ်ဆိုတာ ပါလေသလား
အခုပဲ ဒီမိုကရေစီလိုလို
အခုပဲ စာကလေးကြော်လိုလို
ရွှေပြည်တော်က အခုပဲ နီးမှာလိုလို ဝေးလာသလိုလို
ဖါပေမဲ့လည်း အမှန်အကန် ဒီမိုကရေစီနဲ့ မှ
တိုင်းပြည်လည်း စီးပွားဖြစ်မှ
သွေးဆာနေတဲ့ငနဲတွေလည်း အသုံးတော်စိပ်
ဒါ့ထက် ပိုကံကောင်းရင်
တစ်လက်ကိုင်ကီပင်အဖြစ်နဲ့လည်း ငြိမ့်နိုင်တာလောက် သိတော့
ဖါကလည်း ဖါလိုတွေးပြီး ဒီမိုကရေစီကို မျှော်လင့်
အဲဒီ မျှော်လင့်ခြင်းတွေနဲ့ပဲ ရန်ကုန်ကို ဆုပ်ကိုင်ထားရတာ
လှစ်လှစ်ကလေး ပြေးနေသေးတဲ့ အသစ်ကလေးရဲ့အဖြစ်တောင် မလွယ်လှ
ဒီမှာလေ ဒီညလည်း ဘီယာနဲ့ သက်ပြင်းတွေနဲ့သာ ပြာလို့
စုတ်ပြတ်သတ်နေတဲ့ ဘဝတွေအကြောင်း
သမ္မတဆီကို စာတင်ရကောင်းမလား
မနက်ဖြန်မှာ အော်ဒါတစ်ကြောင်းမိပါစေကြောင်း
မနေ့တွေတုန်းကလို
ဆုတောင်းနေတာပဲ ကောင်းမလား။ ။
လွှမ်းရုံ
သရုပ်ဖေါ်ပုံကို Google မှ ယူသည်။
Tuesday, September 30, 2014
Shipyard vs Construction (အပိုင်း-၂)
ပထမအချက်အနေနဲ့ Shipyard မှာ ဘာအလုပ် လုပ် လုပ်၊ ခွင့်ပြုမိန့် (Permit) လျှောက်ရပါတယ်။ ဒါကို PTW (Permit to Work System) လို့ ခေါ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်္ဘောတစ်စီးမှာ အလုပ် လုပ်နေတဲ့ ကန်ထရိုက်တာတွေ၊ အဖွဲ့တွေက အများကြီး ခင်ဗျ။ တချို့ အလုပ်တွေက အကြောင်းအမျိုးမျိုးကြောင့် သူလုပ်နေရင် ကိုယ်လုပ်လို့ မရ…. ကိုယ်လုပ်နေရင် သူလုပ်လို့ မရတာတွေ ရှိပါတယ်။ ဥပမာအားဖြင့် ဆေးသုတ်တဲ့ လုပ်ငန်းနဲ့ ဝရိန်ဆော်တဲ့ လုပ်ငန်းမျိုးကို တစ်နေရာတည်းမှာ သွားလုပ်ခိုင်းလို့ မရပါဘူး။ မီးလောင်မှု ကျိန်းသေ ဖြစ်မှာ ဖြစ်ပါတယ်။ ပါမစ်ကို လျှောက်တဲ့အခါ ဒီအလုပ်ကို လုပ်ဖို့ တာဝန်ကျတဲ့ အနည်းဆုံး Supervisor/ Technician အဆင့်က VSCC လို့ ခေါ်တဲ့ Vessel Safety Coordination Committee အစည်းအဝေးမှာ လက်မှတ်ထိုး လျှောက်ရပါတယ်။
ကျောင်းပရိဝုဏ်အတွင်း၌ တိုက်စစ်ဆင်ခြင်း ( မောင်သာချို )
ဒီ Blog လေးကို စတင်ဖန်တီးစဉ်က ကိုယ်တိုင်ရေးတွေသာ တင်ဖို့ ရည်ရွယ်သည်။ သူတစ်ပါးစာတွေကို နှစ်သက်လျှင်တောင်မှ ကိုယ်ပိုင်အတွေးနှင့် ပြန်ရေးပြီး ရည်ညွှန်းကိုးကားအနေနှင့် ထည့်ရေးသည်။ အခုတော့ ကျနော့ Blog လေးလည်း ကျနော့ Cloud လေး ဖြစ်မှန်းမသိ ဖြစ်နေပါပြီ။ ဘာကြောင့်လည်းဆိုတော့ တချို့သော Facebook က စာလေးတွေက၊ ဂျာနယ်ဆောင်းပါးတွေက ကောင်းလွန်းလှသည်။ ပြန်ဖတ်လျှင် အသိတိုးသည်။ မမေ့သင့်တဲ့ ဘဝ သင်ခန်းစာတွေ ဖြစ်သည်။ သမီးလေး စာတွေ ဖတ်တတ်လာလျှင် ဖတ်စေချင်သည်။ အဲဒီအချိန်ကျ ဒီစာတွေ ပြန်ရှာလို့ မရမှာ စိုးသည်။ ကွန်ပျူတာထဲမှာ MS Words နှင့် သိမ်းထားတာတွေကလည်း ပြန်လိုချင်လျှင် Facebook လိုပင် တော်တော်ရှာရခက်သည်။ File Management က အမြဲ ပြန်လုပ်နိုင်သည်မဟုတ်။ မှားဖျက်တာ၊ HDD ပျက်တာတွေက ရှိသေးသည်။ ဒီလိုနှင့် ကျနော့ Blog လေးပေါ်တွင် ကောင်းနိုးရာရာလေးများကို Backup အနေနှင့် သိမ်းမိပါသည်။
အခုလည်း ဆရာ မောင်သာချိုရဲ့ 7Days News ဂျာနယ်ပါ ကျောင်းပရိဝုဏ်အတွင်း၌ တိုက်စစ်ဆင်ခြင်း ဆောင်းပါးလေးကို ပျောက်ဆုံးမခံနိုင်သောကြောင့် Backup လိုက်ရပါသည် ခင်ဗျား...။
Friday, September 12, 2014
ဘင်လာဒင်၏ နောက်ဆုံးညများ (ကိုဇော်ဝင်း)
(ဘင်လာဒင်၏ နောက်ဆုံးညများ အပိုင်း ၄ ခုစလုံးကို မျှော်လင့်ခြင်းခရီးသည် တွင် ဖေါ်ပြခွင့်ပြုသော မူရင်းရေးသားသူ ကိုဇော်ဝင်းကို ကျေးဇူးအထူးတင်ပါသည်။ https://www.facebook.com/zaw.win?fref=ts)
၂ဝ၁၁ ခုနှစ် မေလ ၁ ရက် တနင်္ဂနွေနေ့ ညသန်းခေါင်။ တနင်္လာနေ့သို့အကူး။ ထိုနေ့သည် အိုစမာဘင်လာဒင် လူ့ဘဝတွင် အသက်ရှင် နေထိုင်ခဲ့သော နောက်ဆုံးနေ့ ဖြစ်သည်။ အာဖဂန်နစ္စတန် စံတော်ချိန် ည ၁၂နာရီ ။ အာဖဂန်ရှိ ဂျလာလာဘတ် အမေရိကန် စစ်စခန်းမှ ဘလက်ဟော့ခ် MH-60 အမျိုးအစား ရဟတ်ယာဉ် နှစ်စင်း။ ချင်းနွတ် Chinook ရဟတ်ယာဉ် သုံးစင်းတို့ ပျံတက်လာကြသည်။
ဘလက်ဟော့ရဟတ်ယာဉ် နှစ်စင်းပေါ်တွင် ရေတပ် အထူးတပ်ဖွဲ့ဝင် Navy SEAL ၂၄ ဦး၊ စကားပြန်တစ်ဦးနှင့် စစ်ခွေးတစ်ကောင်တို့ လိုက်ပါလာသည်။ ရဟတ်ယာဉ်လေထဲသို့ ရောက်လာသည်အခါတွင်မှ ဦးတည်သွားရမည့် ပစ်မှတ် တည်နေရာ အညွှန်း GPS ကို လက်ခံရရှိသည်။ ရန်သူ့ရေဒါပေါ်တွင် မမြင်နိုင်စေရန် ပြုပြင်တည်ဆောက်ထားသည့် ကိုယ်ပျောက် ရဟတ်ယာဉ်များ ဖြစ်သော်လည်း ရေဒါလှိုင်းကို တတ်နိုင်သမျှ ကွင်းရှောင်သောအားဖြင့် ငါးစင်းစလုံး သစ်ပင်ထိပ်ဖျား အမြင့်ခန့်သာ ခိုင်ဘာ- Khyber တောင်ကြားအတိုင်း ပျံသန်းလာကြသည်။ ချင်းနွတ်ရဟတ်ယာဉ် သုံးစင်းသည် ခရီးသုံးချိုးနှစ်ချိုး အရောက်၌ မြေပြင်တွင် ဆင်းသက်ကာ တောင်ကြားတစ်ခုတွင် အရန်အဖြစ် ခိုနေခဲ့သည်။ ထိုစစ်ဆင်ရေးကို ဂျရောနီမိုဟု အမည်ပေးထားသည်။
Thursday, September 11, 2014
The Siege (1998)
ဒါရိုက်တာ Edward Zwick ရိုက်ကူးပြီး FBI စပါယ်ရှယ် အေးဂျင့် Anthony Hubbard အဖြစ် Denzel Washington၊ သူ့တွဲဘက် ပါတနာ လက်ဘနွန်လူမျိုး အမေရိကန်နိုင်ငံသား Frank Haddad အဖြစ် Tony Shalhoub၊ CIA အေးဂျင့် Elise Kraft အဖြစ် Annette Bening၊ မာရှယ်လောကို တာဝန်ယူကိုင်တွယ်ရသည့် US Army Major General William Devereaux အဖြစ် Bruce Willis တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။
လူအပြည့်ပါတဲ့ ဘတ်စ်ကားကို ဗုံးထောင် အကြမ်းဖက်မှုတစ်ခုနဲ့ ဇာတ်လမ်းကို စ ထားပါတယ်။ ဗုံးက ကွဲသွားတဲ့အခါ paint bomb တစ်လုံးသာ ဖြစ်နေပြီး လူတွေ အန္တရာယ်မဖြစ်ခဲ့ပေမဲ့ ဗုံးထောင်သူကို မမိလိုက်ပါဘူး။ ဒါပေမဲ့ Sheikh Ahmed bin Talal ဆိုသူ အကြမ်းဖက်သမားရဲ့ သတိပေးချက် အသံဖိုင်ကို FBI က ရခဲ့ပါတယ်။ FBI အေးဂျင့် Hubbard ဟာ ဒီအမှုနောက်ကို လိုက်ရင်း CIA အေးဂျင့် Kraft နဲ့ အဆင်မပြေ ဖြစ်ကြပါတယ်။ Hubbard နဲ့ Frank တို့ အကြမ်းဖက်သမားလို့ သံသယရှိသူ တစ်ဦးနောက်ကို လိုက်ရင်း Kraft ကိုပါ မသင်္ကာစရာတွေ့လို့ ဖမ်းခေါ်လာခဲ့ ကြပါတယ်။ အဲဒီအချိန်မှာပဲ တခြားအကြမ်းဖက်သမားတစ်ယောက်က ဘတ်စ်ကားတစ်စီးကို ဗုံးထောင်ပြန်ပါတယ်။
ဗုံးထောင်ထားတဲ့ ဘတ်စ်ကားကို အားလုံး ဝိုင်းထားကြတဲ့ အချိန်မှာ Hubbard က အကြမ်းဖက်သမားကို စကားပြောစက်က တစ်ဆင့် ညှိနှိုင်းဖို့ ကြိုးစားပါတယ်။ အဲဒီနေရာကို ပါလာတဲ့ Kraft က အခြေအနေကို မြင်လိုက်တဲ့ ခဏမှာပဲ သူတို့ ညှိနှိုင်းမှာ မဟုတ်ဘူး… ပစ်စရာရှိရင် ပစ်လိုက်တော့…. လို့ Hubbard ကို သတိပေးပါတယ်။ ဒါပေမဲ့ Hubbard က ညှိနှိုင်းမှုကို ဆက်လုပ်ပါတယ်။ အကြမ်းဖက်သမားတွေဟာ ပထမအဆင့် ကလေးတွေကို ပြန်လွှတ်ပေးလိုက်ပါတယ်။ Hubbard လည်း အားတက်ပြီး ဆက်လက်ညှိနှိုင်းဖို့ ကြိုးစားတုန်းမှာပဲ ဗုံးက ပေါက်ကွဲသွားပါတော့တယ်။
ဒါပေမဲ့ အကြမ်းဖက်မှုတွေက များသထက်များ၊ ကျယ်ပြန့်သထက် ကျယ်ပြန့်လာပါတော့တယ်။ New York City ရဲ့ လူစည်ကားရာ ဇာတ်ရုံတစ်ခုကို ဗုံးခွဲတိုက်ခိုက် ခံရပြီး လူ ၆၀၀ ကျော် သေကျေပျက်စီး ပြီးတဲ့နောက်တော့ အခြေအနေအရ နိုင်ငံတော် သမ္မတကနေ မာရှယ်လော ထုတ်ပြန်ပြီး ကိုင်တွယ်ဖို့ Major General William Devereaux ကို တာဝန်ပေးလိုက်ပါတယ်။ Major ကလည်း ဘရွတ်ကလင်း (Brooklyn) ရပ်ကွက်ကို စစ်အင်အားကိုသုံးပိတ်ဆို့ပြီး ကျန်တဲ့ အကြမ်းဖက်သမားတွေကို ရှာပါတယ်။ အာရပ်နွယ်ဝင် လူငယ်တွေ အားလုံးကို သိမ်းကြုံးဖမ်းဆီးပါတော့တယ်။ ပြီးတော့ Yankee Stadium အားကစားကွင်းကြီးထဲမှာ ထည့်ပြီး တပ်နဲ့ ဝိုင်းထားပါတယ်။ အဖမ်းခံရတဲ့ထဲမှာ Hubbard ရဲ့ ပါတနာ Frank ရဲ့ သားလည်း ပါသွားတာကြောင့် Frank က စိတ်ဆိုးပြီး FBI ကနေ ထွက်လိုက်ပါတော့တယ်။
နောက်ဆုံး Hubbard နဲ့ Kraft ဟာ Samir ကို တွေ့ပြီး နောက်ဆုံးကျန်တဲ့ အကြမ်းဖက်သမားကို သိနိုင်အောင် ကူညီခိုင်းကြပါတယ်။ ဒါပေမဲ့ နောက်ဆုံးကျန်တဲ့ အကြမ်းဖက်သမားဟာ Samir ပဲလို့ သိလိုက်ရတဲ့ အချိန်မှာတော့……
နောက်ဘိတ်ဆုံး ဗိုလ်ချုပ်ကြီးကို ရာဇဝတ်မှုတွေအတွက် ဖမ်းခါနီးတော့
ဗိုလ်ချုပ်ကြီးက “I’m the law….” လို့ ပြောတော့
Hubbard က ……. မင်းမှာ တရားမျှတအောင် လုပ်ဖို့ပဲ တာဝန်ရှိတယ်... မင်းကိုပေးထားတဲ့ လုပ်ပိုင်ခွင့် အာဏာဟာ ရက်စက်ဖို့၊ လူသတ်ဖို့ မဟုတ်ဘူး ဂျင်နရယ်.... (You have the right not to be tortured, not to be murdered...)။ နောက်ပြီး မင်းဒီအာဏာကို ရတာဟာလည်း (State law) ဥပဒေ အရပဲ... တဲ့။
နောက်တစ်ခုကတော့ အရပ်သားအမြင်နဲ့ စစ်သားအမြင် ဘယ်လိုမှ မတူတာကို သတိထားမိပါတယ်။ စစ်သားတစ်ယောက်အတွက်တော့ လုံခြုံရေးသာ အဓိက မို့ ဖမ်းချင်တဲ့ လူတစ်ယောက်မိဖို့အတွက် သံသယရှိသူအားလုံးကို သိမ်းကျုံးဖမ်းဖို့ ဝန်မလေးသလို သေချာတယ် မသေချာဘူး စစ်နေဖို့ထက် အပြတ်ဖြတ် (သတ်ပစ်) လိုက်တာ ရှင်းတယ်လို့ တွေးပါတယ်။ အရပ်ဖက် အုပ်ချုပ်ရေးမှာကျတော့ အပြစ်ရှိသူ လွတ်တာထက် အပြစ်မရှိသူတစ်ယောက်ကို မှားယွင်းမဖမ်းမိဖို့ အဓိက ထားရပါတယ်။ FBI လို အဖွဲ့အစည်းအနေနဲ့ကျတော့ တရားခံအစစ်ကိုမိရေးပဲ ရှေးရှုပါတယ်။ စစ်တပ်လို မသင်္ကာရင် အကုန်ဆွဲထည့်လို့ မရပါဘူး။ မာရှယ်လောလို့ ဆိုလိုက်တာနဲ့ စစ်တပ်ကို အုပ်ချုပ်ရေးအာဏာ ပေးလိုက်တဲ့ သဘောဟာ ဘယ်လောက် အန္တရာယ်များတယ် ဆိုတာကို ဒီဇာတ်ကားမှာ တွေ့နိုင်ပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီနိုင်ငံမို့ ဒီမာရှယ်လောဟာလည်း လုပ်ချင်ရာလုပ် အာဏာသိမ်းတာမျိုး မဟုတ်ဘဲ လိုအပ်လို့ လုပ်ပိုင်ခွင့်ပေးတာကို အလွဲသုံး အလွန်အကျွံလုပ်တဲ့အတွက် ပြန်ပြီး တားဆီးလိုက်နိုင်တာကို တွေ့ရပါတယ်။ သူတို့ဆီမှာ ပြန်ပြီး ထိန်းကွပ်တဲ့ နည်းလမ်းတွေ ရှိနေလို့သာ တော်တော့တယ်။ ကျွန်တော်တို့ ဆီမှာဆိုရင်တော့ ပွဲသိမ်းပါပဲ။
နောက်ပြီး နိုင်ငံရေးမှာ အခြေအနေအားလုံးဟာ တိမ်တောင်သဖွယ်မင်းရေးကျယ် ဆိုတဲ့အတိုင်း policy အပြောင်းအလဲတွေက အချိန်မရွေး ရုတ်တရက် ပြောင်းလဲတတ်သလို အပြောင်းအလဲတိုင်းမှာ ဘေးထွက်ဆိုးကျိုးတွေ ရှိနေတတ်တာကိုလည်း ကြောက်စရာတွေ့ရပါတယ်။ ပြီးတော့ ကိုးကွယ်ရာတူတူ မတူတူ နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးအတွက် နိုင်ငံသားစိတ် အပြည့်နဲ့ အလုပ်လုပ်တဲ့ Frank ရဲ့ သရုပ်ဆောင်ချက်ကလည်း ကျွန်တော်တို့ဆီက အမြင်လေးကျဉ်းကျဉ်း မျက်တောင်မွှေးတစ်ဆုံးလေး ကြည့်တတ်တဲ့ ဟိုဘက်ဒီဘက် အစွန်းရောက်လေးတွေ သတိပြူစရာပါ။ နိုင်ငံသားမှန်ရင် နိုင်ငံအတွက်ပဲ ကြည့်ရမှာပါ။
ပြီးတော့ CIA ရဲ့ ခြေရှုပ်ချက်တွေကလည်း တစ်ခါတစ်ရံ သူ့ဓါးနဲ့ သူ့ပြည်သူကို ပြန်ထိုးသလို ဖြစ်ပုံကလည်း သံဝေဂယူစရာပါ။ ဒါပေမဲ့ သူတို့ဆီက အကြမ်းဖက်မှုတစ်ခုကို ကိုင်တွယ်အရေးယူပုံနဲ့ ကိုယ်တွေဆီမှာ ဆိုရင်လို့ တွေးတော့ မောမိပါတယ်။ အခု ဆိုရင်ပဲ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုရဲ့ တရားဝင်ခြိမ်းခြောက်တာကို ခံနေရပါပြီ။ ဒါဟာလည်း ကိုယ်ဖန်တီးခဲ့တဲ့ အဓိကရုဏ်းတွေရဲ့ အကျိုးဆက်ပဲလေ။ ဒါလည်း ကိုယ့်ဓါးနဲ့ ကိုယ့်ပြည်သူကို ပြန်ထိုးမိတဲ့ ကိစ္စပါပဲ။ အရင်က ဓါးနဲ့ အမွှမ်းခံနေရရာက အခုတော့ အထိုးပါ ခံရတော့မဲ့ အခြေအနေပေါ့။
ဒီလောက် နိုင်ငံတကာမှာ ဒါကို ပေါ့ပေါ့တန်တန် မတွေးဘဲ သတိပေးချက်တွေ ထုတ်လို့ ကာကွယ်မှုတွေ တပ်လှန့်မှုတွေ လုပ်နေချိန်မှာ စိုးရိမ်စရာ မရှိပါလို့ ပြောတော့ သြော်… တို့ဆီက သူများနိုင်ငံတွေထက် လုံခြုံရေး ပိုကောင်းလို့ နေမှာပါလေ လို့ အထင်တော့ ကြီးချင်သား။ ကိုယ့်ပြည်သူကို နိုင်တဲ့နေရာမှာတော့ တို့ဆီကလည်း ရဲရဲတောက်ပဲလေ။ တခြားနဲ့ ဖြစ်ရင်တော့….. ဒါလည်း…. နိုင်မှာပါ။ နေပြည်တော်မှာတော့ လုံခြုံရေးတွေက စိုးရိမ်စရာ မရှိမှာ သေချာပါတယ်လေ။
တို့တွေအတွက်ကတော့…… အင်း…. အိပ်တာပဲ ကောင်းပါတယ်လေ….
(သရုပ်ဖေါ်ပုံများကို Google မှ ယူသည်။)
Tuesday, September 2, 2014
မိုးပေါ်သို့ ချောင်းကြည့်ခြင်း
မေမြတ်မွန်အသံနဲ့ ပြောရရင်.... (ပြောရုံပဲ ပြောမှာ.. သူ့လို ပြစရာတော့ ရှိဘူး..)
သူငယ်ချင်းတို့ရေ...... ကြယ်တွေ၊ နက္ခတ်တာရာတွေ၊ နေတွေ၊ လတွေ၊ ကောင်းကင်က လက်လက်လက်လက်လေးတွေကို စိတ်ဝင်စားသော်ငြား ဘာမှ နားမလည်တဲ့ ငပိန်းလေးတစ်ကောင်ရဲ့ တယ်လီစကုတ်တစ်လုံး ဝယ်တဲ့အကြောင်းကိုနားထောင်ကြမလား။ နားမထောင်ချင်လည်း အတင်းပြောပြမှာပါပဲနော်။
စင်ကာပူက အရုပ်ဆိုင်တွေမှာ ကလေးတွေရဲ့ သိချင်တတ်ချင်စူးစမ်းချင်တဲ့စိတ်ကို နှိုးဆွပေးတဲ့ ကစားစရာလေးတွေ အများကြီး ရောင်းပါတယ်။ Anti-Gravity အကြောင်း စမ်းသပ်တာ၊ မော်တာနဲ့ အရုပ်လေးတွေဆင်တာ၊ ပုရွက်ဆိတ်လေးတွေ အိမ်ဖွဲ့တာ၊ တိမ်အတု ဖန်တီးတာ စသဖြင့် ကစားရင်း ပညာရစေမဲ့ ကစားစရာတွေ အမျိုးမျိုးကို ရနိုင်ပါတယ်။ တချို့ကစားစရာတွေက အဆင့်မြင့် နည်းပညာကို ကလေးဆော့တဲ့အဆင့် ဖြစ်အောင် ဖန်တီးထားတာကို အံ့သြစရာ တွေ့ရမှာပါ။ ပြီးတော့ တယ်လီစကုတ်တွေ၊ မိုက်ခရိုစကုတ်တွေပါ ရောင်းပါတယ်။ ကလေးဆော့တဲ့ဟာရယ်လို့ ပေါ့ပေါ့တော့ မထင်လိုက်ပါနဲ့။ အခြေခံကနေ အလယ်အလတ်အဆင့်လောက်ထိ သုံးလို့ရတဲ့ အဆင့်မီ equipment တွေပါ။
Thursday, August 21, 2014
ခက်ရချည်သေး
အနုပညာဆိုတဲ့ စကားလုံးက စာလုံးလေး ၄ လုံးထဲပေမဲ့ သူ့အကြောင်းပြောရင် အတော်ကျယ်ပြန့်တဲ့ ကိစ္စပါ။ အနုပညာတွေ အမျိုးမျိုး ရှိတဲ့ထဲကမှ စိတ်ထဲမှာ ရှိသမျှနဲ့ ကျွန်တော့ကိုယ်ပိုင် ခံစားမိသမျှ စိတ်ကူးပေါက်ရာ အနုပညာအကြောင်း နည်းနည်းတို့ထိချင်တာနဲ့ ဒီစာကို ရေးပါတယ်။
ကျွန်တော်ငယ်ငယ် ကျောင်းသားဘဝလောက်တုန်းက နွေရာသီကျောင်းပိတ်ရက်တိုင်း သင်တန်းတစ်ခုမဟုတ်တစ်ခု တက်ရပါတယ်။ တစ်ခုသော နွေကျောင်းပိတ်ရက်မှာ ငယ်ငယ်ကတည်းက ပုံဆွဲဝါသနာပါတဲ့ ကျွန်တော့ကို အမေက YMCA မှာဖွင့်တဲ့ ပန်းချီသင်တန်းကို ပို့ပါတယ်။ အခု ပန်းချီဆရာမလေး ချောအိသိမ်းရဲ့ အဖေ ဦးမောင်မောင်သိမ်းက ကျွန်တော်တို့ ဆရာပေါ့။ အဲဒီကတည်းက ဆရာ့ကျေးဇူးနဲ့ အလင်းအမှောင်၊ အနီးအဝေးသဘော၊ မျဉ်းတွေရဲ့ အလှ၊ ကောက်ကြောင်းတွေရဲ့ အလှကို ခံစားတတ်ခဲ့ပါတယ်။
Monday, July 28, 2014
Shipyard vs Construction (အပိုင်း-၁)
ကျွန်တော်က Singapore သင်္ဘောကျင်းမှာ ၁၁ နှစ်ကျော်လောက် Electrician ဘဝကနေ Snr. Engineer အဆင့်အထိ လုပ်ခဲ့ပြီးမှ ဆောက်လုပ်ရေးဘက်ကို အကြောင်းအမျိုးမျိုးနဲ့ ရောက်ပါတယ်။ တစ်နှစ်လောက်တော့ ရှိပြီဆိုပါတော့။ အဲဒီမှာ လုပ်ငန်းသဘောသဘာဝ ကွာခြားမှုလေးတွေကို မှတ်တမ်းတင်တဲ့သဘောနဲ့ရော၊ နောက်များ ကိုယ့်ဖာသာကိုယ်ပြန်ဖတ်တဲ့အခါ ဒီသင်ခန်းစာတွေကို မမေ့ချင်တဲ့သဘောနဲ့ရော၊ လုပ်ငန်းအတွေ့အကြုံ ဗဟုသုတလေးတွေ လိုချင်တဲ့သူ၊ စိတ်ဝင်စားတဲ့သူတွေအတွက်လည်း ဝေမျှတဲ့သဘောနဲ့ ဒီစာကို ရေးပါတယ်။ သင်ခန်းစာတချို့၊ အတွေ့အကြုံတချို့နဲ့ ဒိုင်ယာယီ post လေးတစ်ခုပေါ့။
အရင်ဆုံး ပြောချင်တာက Keppel Shipyard ဆိုတာ ဝန်ထမ်းဦးရေ အကြမ်းဖျင်း ၅၀၀၀ ကျော်ရှိတဲ့ Singapore ရဲ့ အကြီးဆုံးကုမ္ပဏီကြီးတွေထဲမှာ ပါပါတယ်။ ကျွန်တော် နောက်ထပ်ပြောင်းလိုက်တဲ့ ဆောက်လုပ်ရေးကုမ္ပဏီက ၁ နှစ်သားကျော်ကျော် ဝန်ထမ်းအင်အား ၂၀ ကျော်ပဲရှိတဲ့ မြန်မာပိုင် ကုမ္ပဏီသေးသေးလေးပါ။ သင်္ဘောကျင်းနဲ့ ဆောက်လုပ်ရေး လုပ်ငန်းသဘာဝ ကွာဟရုံတင်မဟုတ်ဘဲ ကုမ္ပဏီကြီးနဲ့ ကုမ္ပဏီအသေးရဲ့ ကွာခြားမှုကိုပါ လက်တွေ့ကြုံခဲ့ရတာပါပဲ။
Sunday, February 16, 2014
ရန်ကုန်မှတ်စု
ဆရာ apk နဲ့ ပြောဖြစ်သည်များကို မှတ်မိသ၍ ချရေးသည်။
လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)
(၂) Federalism ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...
-
အင်္ဂလိပ်စကား Debate ကို စကားရည်လုခြင်းလို့ လူသိများပါတယ်။ စကားစစ်ထိုးတယ်လို့လည်း သုံးကြပါတယ်။ အချေအတင်ပြောသည်။ ငြင်းခုံဆွေးနွေးသည်။ ဆင...
-
ငု ပိတောက်လို ဇာမချဲ့ ရိုးသားတဲ့ ငုဝါ။ တစ်ပင်လုံးဖြာ ဆင်ထုံးရှာ၊ ထိန်ဝေလွင်သနဲ့ အိန္ဒြေရှင် ပန်းဆွဲ။ ခုလိုနွေ ခါသမယမှာဖြင့် သူ့က...